Thar Gyi Football Channel.

Thar Gyi Football Channel. Page Messenger မသုံးပါခင်ဗျာ။

ယူနစ် အသွင်း ၊ ထုတ်များအတွက် Telegram ကို
လာခဲ့ပေးပါ။

Telegram :

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ ပရိသတ်တွေကို အံ့အားသင့်စရာရလဒ်တွေ၊ မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ ဖျော်ဖြေပေးနေသလ...
30/06/2026

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ ပရိသတ်တွေကို အံ့အားသင့်စရာရလဒ်တွေ၊ မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ ဖျော်ဖြေပေးနေသလို တစ်ဖက်မှာလည်း သမိုင်းဝင်အသင်းကြီးတွေ စောစောစီးစီး အိမ်ပြန်လိုက်ရတဲ့ ဖြစ်ရပ်တွေက ပြိုင်ပွဲရဲ့ အဓိကရေပန်းစားဆုံး အကြောင်းအရာ ဖြစ်လာပါတယ်။ အထူးသဖြင့် ဂျာမနီ၊ နယ်သာလန်တို့လို ဥရောပထိပ်သီးအသင်းတွေ မျှော်လင့်ထားသလောက် ကစားအားမပြနိုင်ဘဲ ရုန်းကန်ခဲ့ရတာဟာ ဘောလုံးလောကသားတွေကြားထဲမှာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

ဒီတစ်ကြိမ် ကမ္ဘာ့ဖလားရဲ့ အိမ်ရှင်ဖြစ်တဲ့ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေထဲမှာ အမေရိကန်ရဲ့ နွေရာသီ အပူချိန်နဲ့ စိုထိုင်းဆ (Humidity) ဟာ ပြိုင်ပွဲရဲ့ ကစားကွက်အရှိန်အဟုန်ကို သိသိသာသာ ပြောင်းလဲပစ်ခဲ့ပါတယ်။

ဥရောပရဲ့ အေးမြပြီး မျှတတဲ့ ရာသီဥတုမှာ အသားကျနေတဲ့ ဂျာမနီနဲ့ နယ်သာလန်လို အသင်းက ကစားသမားတွေအတွက် အမေရိကန်ရဲ့ ပူပြင်းလွန်းတဲ့ ရာသီဥတုက အဓိက စိန်ခေါ်မှုကြီး ဖြစ်လာခဲ့ပါတယ်။ ပြင်းထန်တဲ့ အပူဒဏ်ကြောင့် ကစားသမားတွေရဲ့ ခန္ဓာကိုယ်တွင်း ရေဓာတ်ခန်းခြောက်မှု မြန်ဆန်ပြီး ပွဲချိန် မိနစ် ၆၀ ကျော်လာတာနဲ့ အမောမခံနိုင်ဘဲ ကစားအား သိသိသာသာ လျော့ကျသွားတာကို တွေ့ရပါတယ်။
ဂျာမနီတို့လို အားကောင်းတဲ့ နေရာစုံ ပိတ်ဆို့ဖြတ်တောက် (Gegenpressing) ကစားတဲ့ နည်းစနစ်တွေဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ အပြေးနှုန်းအပေါ် အပြည့်အဝ မှီခိုနေရတာပါ။ အပူဒဏ်ကြောင့် ပွဲချိန်ပြည့် အားသွန်ခွန်စိုက် မပြေးနိုင်တဲ့အခါ ကစားကွက်ဟာ လိုအပ်ချက်တွေ ရှိလာပြီး ပြိုင်ဘက်တွေရဲ့ တန်ပြန်တိုက်စစ်ကို ခံလိုက်ရပါတယ်။

ဂျာမနီနဲ့ နယ်သာလန်အသင်းတွေရဲ့ လူစာရင်းကို ကြည့်ရင် အများစုဟာ ဥရောပရဲ့ ထိပ်သီးကလပ်တွေဖြစ်တဲ့ Premier League, Bundesliga နဲ့ La Liga တို့မှာ တစ်ရာသီလုံး ပွဲပန်းလာခဲ့တဲ့ ကစားသမားတွေ ဖြစ်ပါတယ်။
ကလပ်အသင်းပြိုင်ပွဲတွေ ပြီးဆုံးတာနဲ့ နားရက် သိပ်မရဘဲ ကမ္ဘာ့ဖလားကို ဆက်တိုက် ကစားရတဲ့အပြင်၊ အမေရိကန်ရဲ့ မြို့တစ်ခုနဲ့တစ်ခုကြား ခရီးဝေး သွားလာရတဲ့ Time Zone အပြောင်းအလဲတွေက ကစားသမားတွေကို ပိုမို ပင်ပန်းနွမ်းနယ် စေခဲ့ပါတယ်။ ရလဒ်အနေနဲ့ ပုံမှန်ကလပ်အသင်းတွေမှာ မြင်တွေ့ရတဲ့ သွက်လက်မြန်ဆန်တဲ့ ကစားဟန်တွေ ပျောက်ဆုံးပြီး ကစားအားလျော့ကာ ထင်သလောက် မကောင်းဖြစ်ခဲ့ရတာပါ။

ရာသီဥတုအပြင် အသင်းကြီးတွေရဲ့ ပြင်ဆင်မှုအပိုင်းမှာလည်း လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။
ဂျာမနီအသင်းက တိုက်စစ်ပိုင်းမှာ အခွင့်အရေးတွေကို အဆုံးသတ်နိုင်မယ့် အထိုင် ဂိုးသွင်းဧရိယာ တိုက်စစ်မှူး စစ်စစ် ပျောက်ဆုံးနေမှုနဲ့ ခံစစ်ပိုင်းရဲ့ အနှေးလှုပ်ရှားမှုတွေက ပြိုင်ဘက်တွေအတွက် အခွင့်အရေး ဖြစ်သွားခဲ့ပါတယ်။ ရာသီဥတုပူပြင်းချိန်မှာ ကစားကွက်ကို ထိန်းချုပ်ဖို့ ကြိုးစားပေမယ့် ထိရောက်တဲ့ ဂိုးတွေအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။
နယ်သာလန်အသင်းက‌တော့ကွင်းလယ်နဲ့ တိုက်စစ် ချိတ်ဆက်မှု အပိုင်းမှာ ဖန်တီးနိုင်စွမ်း အားနည်းခဲ့ပြီး၊ ပွဲကို လွှမ်းမိုးထားနိုင်ပေမယ့် ပြိုင်ဘက်ရဲ့ ကျစ်လျစ်တဲ့ ခံစစ်တံတိုင်းတွေကို ဖောက်ထွက်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ကစားအားကျဆင်းလာတဲ့ အချိန်မှာ ပြိုင်ဘက်ရဲ့Man-marking အောက်ကနေ မရုန်းထွက်နိုင်ခဲ့တာက သူတို့အတွက် သေတွင်းဖြစ်ခဲ့ပါတယ်။

ခေတ်သစ်ဘောလုံးလောကမှာ နည်းစနစ်နဲ့ လူစာရင်း အင်အားသာလွန်ရုံနဲ့ ပွဲတစ်ပွဲကို မနိုင်နိုင်တော့ဘူးဆိုတာ ဒီကမ္ဘာ့ဖလားက သက်သေပြနေပါတယ်။ ကစားကွင်းရဲ့ ပတ်ဝန်းကျင် အခြေအနေ၊ အပူချိန်နဲ့ ရာသီဥတု ဒဏ်တွေကို လျင်လျင်မြန်မြန် အသားကျအောင် မပြင်ဆင်နိုင်ခဲ့တဲ့ ဥရောပထိပ်သီး အသင်းကြီးတွေဟာ "အပူဒဏ်" နဲ့ "ပွဲပန်းဒဏ်" တွေအောက်မှာ ဒူးထောက်ခဲ့ရပြီး အိမ်ပြန်လမ်းကို စောစောစီးစီး ရွေးချယ်ခဲ့ရခြင်း ဖြစ်ပါတယ်။

2026 ကမ္ဘာ့ဖလားပြိုင်ပွဲက ပိုမိုစိတ်လှုပ်ရှားစရာကောင်းလာနေသလို ဂိုးသွင်းဘုရင်ဆု (Golden Boot) အတွက် တိုက်ပွဲကလည်း ပြင်းထ...
22/06/2026

2026 ကမ္ဘာ့ဖလားပြိုင်ပွဲက ပိုမိုစိတ်လှုပ်ရှားစရာကောင်းလာနေသလို ဂိုးသွင်းဘုရင်ဆု (Golden Boot) အတွက် တိုက်ပွဲကလည်း ပြင်းထန်လာနေပါတယ်။ လက်ရှိအချိန်မှာ လီယွန်နယ် မက်ဆီက ၃ ဂိုးနဲ့ ဦးဆောင်နေပြီး ကီလီယန် ဘာပေး၊ အာလင်း ဟာလန်းနဲ့ ဟယ်ရီကိန်းတို့က ၂ ဂိုးစီ သွင်းယူထားကြပါတယ်။

ပြိုင်ပွဲက ဆက်လက်ရှည်လျားနေသေးတာကြောင့် Golden Boot ဆုရှင် ဘယ်သူဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။
မက်ဆီကတော့ လက်ရှိဂိုးသွင်းဇယားကို ဦးဆောင်နေသူဖြစ်ပြီး အာဂျင်တီးနားအသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်နေပါတယ်။ ဂိုးသွင်းနိုင်စွမ်းအပြင် အသင်းဖော်တွေကို အခွင့်အရေးဖန်တီးပေးနိုင်စွမ်းကလည်း ထူးခြားနေဆဲဖြစ်ပါတယ်။ အတွေ့အကြုံရင့်ကျက်မှုနဲ့ ပွဲကြီးတွေမှာ အကောင်းဆုံး စွမ်းဆောင်ပြနိုင်မှုတွေကြောင့် Golden Boot ဆုအတွက် ရေပန်းအစားဆုံး ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပါတယ်။

ဘာပေးကတော့ အရှိန်အဟုန်၊ လှုပ်ရှားမှုနဲ့ ဂိုးရှေ့အဆုံးသတ်နိုင်စွမ်းတို့ကြောင့် ပြိုင်ဘက်နောက်တန်းတွေကို အမြဲဒုက္ခပေးနိုင်သူ ဖြစ်နေပါတယ်။ ဟာလန်းကလည်း ဂိုးရှေ့မှာ အခွင့်အရေးတစ်ကြိမ်ရရင် အမှားနည်းနည်းသာ လုပ်လေ့ရှိတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး ဂိုးတွေ ဆက်တိုက်သွင်းနိုင်တဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားပါတယ်။ နှစ်ယောက်စလုံးက ဂိုး ၂ ဂိုးစီနဲ့ မက်ဆီကို အနီးကပ်ဖိအားပေးနေကြပါတယ်။

ဟယ်ရီကိန်းကိုလည်း ချန်ထားလို့မရပါဘူး။ အင်္ဂလန်အသင်းခေါင်းဆောင်က ပင်နယ်တီ၊ ဖရီးကစ်နဲ့ ပွဲဖွင့်ဂိုးတွေ သွင်းယူနိုင်တဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားပါတယ်။ အင်္ဂလန်အသင်းက ပြိုင်ပွဲအတွင်း ခရီးရှည်လျှောက်နိုင်မယ်ဆိုရင် ကိန်းရဲ့ ဂိုးအရေအတွက်ကလည်း လျင်မြန်စွာ မြင့်တက်လာနိုင်ပါတယ်။

လက်ရှိအခြေအနေအရ မက်ဆီက ၃ ဂိုးနဲ့ ရှေ့ဆုံးမှာရှိနေပေမယ့် ဘာပေး၊ ဟာလန်းနဲ့ ကိန်းတို့က တစ်ဂိုးသာ ကွာဟနေပါတယ်။ ပြိုင်ပွဲက အဆုံးမသတ်သေးတာကြောင့် Golden Boot ဆုအတွက် အနိုင်ရသူကို အတိအကျခန့်မှန်းဖို့ စောနေသေးပေမယ့် မက်ဆီ၊ ဘာပေး၊ ဟာလန်းနဲ့ ကိန်းတို့ကြားက ပြိုင်ဆိုင်မှုကတော့ ပြိုင်ပွဲပြီးဆုံးချိန်အထိ စိတ်လှုပ်ရှားဖွယ် ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် ဂျာမနီ တိုက်စစ်မှူးဟောင်း Miroslav Kloseတင်ရှိထားသည့် ၁၆ ဂိုး စံချိန်သ...
16/06/2026

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် ဂျာမနီ တိုက်စစ်မှူးဟောင်း Miroslav Kloseတင်ရှိထားသည့် ၁၆ ဂိုး စံချိန်သည် မည်သူမျှ မချိုးဖျက်နိုင်သည့် မှတ်တိုင်တစ်ခုအဖြစ် ရေရှည်တည်ရှိနေခဲ့ပါတယ်။ သို့သော် ယခုအခါ ပြင်သစ်အသင်း၏ အသင်းခေါင်းဆောင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေသည် အသက် ၂၇ နှစ်အရွယ်သာ ရှိသေးသော်လည်း ထိုစံချိန်ကို ကျော်ဖြတ်ကာ သမိုင်းသစ်ရေးထိုးရန် အနီးစပ်ဆုံး အနေအထားသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။

အမ်ဘာပေသည် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး နှစ်ကြိမ်သာ ယှဉ်ပြိုင်ရသေးသော်လည်း ဂန္ထဝင်ကစားသမားကြီးများ၏ စံချိန်များကို လိုက်မှီနေပါပြီ။

၂၀၁၈ ရုရှား ကမ္ဘာ့ဖလားမှာ အသက် ၁၉ နှစ်အရွယ်ဖြင့် ၄ ဂိုး သွင်းယူကာ ပြင်သစ်အသင်းကို ချန်ပီယံဖြစ်စေခဲ့ပါတယ်။ ဗိုလ်လုပွဲတွင် ဂိုးသွင်းနိုင်ခဲ့သဖြင့် Pelé ပြီးနောက် ဗိုလ်လုပွဲတွင် ဂိုးသွင်းသည့် အသက်အငယ်ဆုံး ဆယ်ကျော်သက် ဖြစ်လာခဲ့ပါတယ်။

၂၀၂၂ ကာတာ ကမ္ဘာ့ဖလာ ပြိုင်ပွဲအတွင်း ၈ ဂိုးအထိ သွင်းယူကာ ရွှေဖိနပ်ဆု (Golden Boot) ကို ဆွတ်ခူးခဲ့ပါတယ်။ အထူးသဖြင့် အာဂျင်တီးနားနှင့် ဗိုလ်လုပွဲတွင် ဟတ်ထရစ် သွင်းယူနိုင်ခဲ့သည့် မှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့ပါတယ်။

လက်ရှိ ကမ္ဘာ့ဖလား သမိုင်းတွင် ဂိုးအများဆုံး သွင်းထားသည့် ထိပ်တန်းကစားသမားများနှင့် အမ်ဘာပေ၏ အနေအထားမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Miroslav Klose(ဂျာမနီ)- ၁၆ ဂိုး
Ronaldo Nazário( ဘရာဇီး )- ၁၅ ဂိုး
Gerd Müller ( ဂျာမနီ ) - ၁၄ ဂိုး
Lionel Messi (အာဂျင်တီးနား)- ၁၃ ဂိုး
Kylian Mbappé(ပြင်သစ်)- ၁၂ ဂိုး

အမ်ဘာပေသည် လက်ရှိတွင် ကမ္ဘာ့ဖလား ၁၄ ပွဲ ကစားပြီး ၁၂ ဂိုး သွင်းယူထားပါတယ်။ စံချိန်ရှင် ကလိုဆေးနှင့် ၄ ဂိုးသာ ကွာဟတော့သည့်အပြင်၊ ၎င်းထက် အဆင့်တစ်ဆင့်မြင့်သော အာဂျင်တီးနား ဂန္ထဝင် လီယွန်နယ် မက်ဆီ၏ ၁၃ ဂိုး စံချိန်ကိုလည်း ကျော်ဖြတ်ရန် ၁ ဂိုးသာ လိုအပ်ပါတော့တယ်။

လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးများသို့ ရောက်ရှိလာချိန်တွင် အမ်ဘာပေသည် ကစားသမားဘဝ၏ အကောင်းဆုံး အသက်အရွယ်နှင့် အရှိန်အဟုန်ကို ပိုင်ဆိုင်ထား‌ နေပြီလို့ပြောရမှာပါ။ ပြင်သစ်အသင်း၏ လူအင်အား တောင့်တင်းမှု၊ တိုက်စစ်ဆင်မှု အားကောင်းမှုတို့နှင့်အတူ အမ်ဘာပေသာ ၎င်း၏ ပုံမှန်ခြေစွမ်းအတိုင်း ဂိုးများ ဆက်လက် သွင်းယူနိုင်မည်ဆိုပါက ကလိုဆေး၏ ၁၆ ဂိုးစံချိန်ကို ကျော်ဖြတ်ပြီး "ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူသူ" အဖြစ် မကြာမီ သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်မည်မှာ ဧကန်မလွဲ ဖြစ်ပါတော့တယ်။

ဆာဂျီယို အဂွေရို  ဆိုတဲ့ အမည်က အင်္ဂလိပ်ပရီးမီးယားလိဂ် သမိုင်းကြောင်းမှာ ရွှေစာလုံးနဲ့ ထွင်းထုထားရမယ့် အမည်တစ်ခုပါ။ သူဟာ...
10/06/2026

ဆာဂျီယို အဂွေရို ဆိုတဲ့ အမည်က အင်္ဂလိပ်ပရီးမီးယားလိဂ် သမိုင်းကြောင်းမှာ ရွှေစာလုံးနဲ့ ထွင်းထုထားရမယ့် အမည်တစ်ခုပါ။ သူဟာ မန်ချက်စတာစီးတီးအသင်းကို အင်အားကြီးကလပ်တစ်ခုအဖြစ် အသွင်ပြောင်းလဲပေးခဲ့တဲ့ ကစားသမားထဲကတစ်ဦးဖြစ်သလို၊ EPL ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

အဂွေရိုကို ပြောလိုက်တာနဲ့ အားလုံးရဲ့ ခေါင်းထဲမှာ ပထမဆုံး မြင်ယောင်လာမှာက "Agüeroooooooo!" ဆိုတဲ့ မာတင်တိုင်လာရဲ့ သမိုင်းဝင် အာမေဍိတ်သံနဲ့အတူ ၂၀၁၁-၁၂ ရာသီ၊ ပွဲပြီးခါနီး မိနစ် ၉၃:၂၀ မှာ သွင်းယူခဲ့တဲ့ ကျုပီအာရ် နဲ့ ပွဲက အနိုင်ဂိုးပဲ ဖြစ်ပါတယ်။ အဲဒီဂိုးက မန်စီးတီးအတွက် ၄၄ နှစ်ကြာမှ ပထမဆုံးအကြိမ် ရရှိတဲ့ ပရီးမီးယားလိဂ်ဖလားကို ယူဆောင်ပေးခဲ့ပြီး လိဂ်ရဲ့ သမိုင်းတစ်လျှောက် အလှည့်အပြောင်း အဖြစ်ဆုံး အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။

အဂွေရိုဟာ ပရီးမီးယားလိဂ်သမိုင်းမှာ နိုင်ငံခြားသားကစားသမားတစ်ဦးအဖြစ် ဂိုးအများဆုံး (၁၈၄ ဂိုး) သွင်းယူထားသူပါ ။ဒါ့အပြင့် EPL သမိုင်းမှာ ဟက်ထရစ် အများဆုံး (၁၂ ကြိမ်) သွင်းယူထားတဲ့ စံချိန်ရှင် ဖြစ်ပါတယ်။

ပွဲကစားမိနစ်နဲ့ ဂိုးသွင်းနှုန်း အချိုးချကြည့်ရင် EPL သမိုင်းမှာ မိနစ် ၁၀၈ မိနစ်တိုင်း ၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး အထိရောက်ဆုံး တိုက်စစ်မှူးအဖြစ် ရပ်တည်နေဆဲပါ။

အဂွေရိုဟာ အရပ်အမောင်း မမြင့်မားပေမယ့် သူ့ရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံ ကောင်းမွန်မှု၊ အောက်ပိုင်းသန်မာမှုနဲ့ ဗဟိုချက်ထိန်းနိုင်မှုတို့ကြောင့် နောက်ခံလူတွေကို အကောင်းဆုံး ယှဉ်ကစားနိုင်ခဲ့ပါတယ်။

ဒဏ်ရာပြဿနာတွေ ကြုံတွေ့ရတတ်ပေမယ့် ပင်နယ်တီဧရိယာထဲ ရောက်သွားရင်တော့ အဂွေရိုဟာ သွေးအေးအေးနဲ့ အဆုံးသတ်တတ်သူပါ။ ဘယ်ခြေ၊ ညာခြေ မရွေး သွင်းယူနိုင်သလို၊ ခန္ဓာကိုယ်အနေအထား မမှန်ရင်တောင် ဂိုးဝင်အောင် ကန်သွင်းနိုင်တဲ့ ဗီဇရှိပါတယ်။
ထို့အပြင် ဘောလုံးဘယ်ကို ကျလာမလဲဆိုတာ ကြိုတင်တွက်ဆနိုင်တဲ့ ကမ္ဘာ့အဆင့် Space Awareness ရှိပါတယ်။ နေရာလွတ် အနည်းငယ်ရတာနဲ့ ခန္ဓာကိုယ်ကို လျင်မြန်စွာ လှည့်ပြီး ကန်သွင်းတတ်တဲ့ ကစားဟန်က သူ့ရဲ့ အမှတ်သံပတ်တစ်ခုပါ။

ပက်ဂွာဒီယိုလာ မန်စီးတီးကို ရောက်လာတဲ့အခါ ဂိုးသွင်းရုံတင်မကဘဲ အသင်းရဲ့ Build-upမှာပါ ပါဝင်ဖို့၊ High Pressing လုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ အဂွေရိုဟာ သူ့ရဲ့ ကစားဟန်ကို ပက်ရဲ့ လိုအပ်ချက်အတိုင်း ပြောင်းလဲပြီး ပိုမိုပြည့်စုံတဲ့ ခေတ်သစ်တိုက်စစ်မှူး တစ်ဦးအဖြစ် သက်သေပြခဲ့ပါတယ်။

အဂွေရိုဟာ ကွင်းထဲမှာ အော်ဟစ်အမိန့်ပေးတတ်တဲ့ ပုံစံမျိုးနဲ့ ခေါင်းဆောင်တဲ့အမျိုးအစား မဟုတ်ပါဘူး။ သူဟာ "Action Speaks Louder Than Words" ဆိုသလို သူ့ရဲ့ ခြေစွမ်း၊ သူ့ရဲ့ အရေးပါတဲ့ သွင်းဂိုးတွေနဲ့ အသင်းဖော်တွေကို လမ်းပြပေးခဲ့တဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။

ပွဲကြီးပွဲကောင်းတွေမှာ အမြဲတမ်း ခြေစွမ်းပြလေ့ရှိပြီး အာဆင်နယ်၊ ချဲလ်ဆီး၊ မန်ယူ၊ လီဗာပူး စတဲ့ Big Six အသင်းတွေနဲ့ ကစားတဲ့ပွဲတိုင်းမှာ မန်စီးတီးအတွက် အဖိုးတန်အနိုင်ဂိုးတွေကို သွင်းယူပေးလေ့ရှိပါတယ်။

ကွန်ပနီ၊ ဆေးလ်ဗားတို့နဲ့အတူ မန်စီးတီးရဲ့ ကျောရိုး သုံးယောက်ထဲက တစ်ယောက်ဖြစ်ပြီး၊ အသင်းမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ သမိုင်းတစ်လျှောက် မန်စီးတီးရဲ့ ဂိုးအများဆုံး ကစားသမား အဖြစ် သတ်မှတ်ခံရပြီး ကလပ်ရဲ့ ယဉ်ကျေးမှုကို အနိုင်ရလိုစိတ် ရှိတဲ့ ယဉ်ကျေးမှုအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။

အင်္ဂလိပ်ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ်မှူးစာရင်းကို ကောက်ယူရင် တီယာရီ အွန်နရီ၊ အလန် ရှီးယားတို့နဲ့အတူ ဆာဂျီယို အဂွေရိုဟာ မလွဲမသွေ ထိပ်ဆုံးက ပါဝင်နေမှာပါ။

သူဟာ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်အပါအဝင် မန်စီးတီးနဲ့အတူ ဆုဖလားပေါင်းများစွာ ရယူခဲ့ပြီး၊ အသင်းငယ်လေးတစ်ခုကို ကမ္ဘာ့အဆင့် Elite Club တစ်ခုဖြစ်အောင် အုတ်မြစ်ချပေးခဲ့တဲ့ "မန်စီးတီးရဲ့ ဂန္ဓဝင်" အဖြစ် ပရီးမီးယားလိဂ်သမိုင်းမှာ ထာဝရ ရှင်သန်နေမယ့် အမွေအနှစ်တွေကို ချန်ထားရစ်ခဲ့တာ ဖြစ်ပါတယ်။

Lamine Yamal ၏ လက်ရှိလားရာသည် "ကမ္ဘာ့အကောင်းဆုံး " လမ်းကြောင်းပေါ်သို့ တည့်တည့်မတ်မတ် ဦးတည်နေပါတယ်။ ယူရို ၂၀၂၄ ချန်ပီယံဖ...
10/06/2026

Lamine Yamal ၏ လက်ရှိလားရာသည် "ကမ္ဘာ့အကောင်းဆုံး " လမ်းကြောင်းပေါ်သို့ တည့်တည့်မတ်မတ် ဦးတည်နေပါတယ်။ ယူရို ၂၀၂၄ ချန်ပီယံဖြစ်ပြီးနောက် သူသည် အသင်းတစ်သင်းလုံးကို ကျောပိုးထားနိုင်သည့် "Iconic Player" အဆင့်သို့ တက်လှမ်းနေပြီလို့လည်း ပြောနိုင်ပါတယ်။

ဒါပေမယ့် ဘော်လွန်းဒီအော ဆွတ်ခူးဖို့ဆို လိုအပ်ချက်တစ်ချို့ ဖြည့်တင်းရပါဦးမယ်။

Yamal ဟာ တစ်ရာသီလျှင် အနည်းဆုံး ဂိုး ၂၀ မှ ၂၅ ဂိုးအထက် သွင်းယူနိုင်သည့် တိုက်စစ်ကစားသမားတစ်ဦးဖြစ်လာရန် လိုအပ်ပါတယ်။ ဥရောပ၏ လူကပ်ကြမ်းသော ခံစစ်များကို ရင်ဆိုင်နိုင်ရန်နှင့် ဒဏ်ရာအန္တရာယ်မှ ကင်းဝေးရန် ခန္ဓာကိုယ်ကြံ့ခိုင်မှု ကို မြှင့်တင်ရပါမယ်။ဘာစီလိုနာအသင်းနှင့်အတူ Champions League ဖလား သို့မဟုတ် လာလီဂါဖလားကြီးများကို အဓိကမောင်းနှင်အားအဖြစ် ပါဝင်ဆွတ်ခူးပြရပါမယ်။

လာမယ့် ကမ္ဘာ့ဖလားမှာသာ စပိန်ကို ဗိုလ်ဆွဲအောင်ကူညီပေးနိုင်ရင် ဘောလွန်းဒီအောကို မှန်းလို့ရပါတယ်။

မက်ဆီနှင့် ရော်နယ်ဒိုတို့ဟာ ၁၅ နှစ်ကျော်တိုင်အောင် တစ်ရာသီလျှင် ဂိုး ၅၀ နီးပါး သွင်းကာ Peak Form ထိန်းခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ Lvl ရောက်ဖို့
ယာမားလ်ကတော့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

ငယ်ငယ်ရွယ်ရွယ်နှင့် ကျော်ကြားမှု၊ ငွေကြေးနောက်သို့ စိတ်မပါဘဲ ဘောလုံးအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်နိုင်မည့် Elite Mentality ရှိဖို့ လိုအပ်ပါတယ်။

နောက်တစ်ခုက ခေတ်သစ်ဘောလုံးလောကဟာ
တစ်ဦးချင်းထက် အသင်းလိုက်စနစ်ကို ပိုဦးစားပေးလာသဖြင့် မက်ဆီ၊ ရော်နယ်ဒိုတို့လို ပွဲကို စိတ်ကြိုက်ခြယ်လှယ်ရန် ပိုမိုခက်ခဲသွားခြင်း ဖြစ်ပါတယ်။

လာမင်း ယာမားလ်သည် မိမိကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်းနေသည့် ပါရမီရှင် ဖြစ်ပါတယ်။ ဒဏ်ရာအန္တရာယ်မှ ကင်းဝေးကာ စိတ်ဓာတ်ပိုင်း တည်ငြိမ်မှု ရှိနေမည်ဆိုပါက ဘော်လွန်းဒီအောဆုသည် သူ့လက်ထဲသို့ မလွဲမသွေ ရောက်ရှိလာမည်ဖြစ်ပြီး၊ မက်ဆီနှင့် ရော်နယ်ဒိုတို့၏ Level ကို အမီလိုက်နိုင်မည့် မျိုးဆက်သစ်ကစားသမား ဖြစ်လာမှာ သေချာပါတယ်။

ပေါ်တူဂီနှင့် ချီလီအသင်းတို့၏ ခြေစမ်းပွဲစဉ်သည် ဘောလုံးဝါသနာရှင်များနှင့် သုံးသပ်သူများအကြား အကြီးအကျယ် ဆွေးနွေးစရာ ကိစ္စ...
07/06/2026

ပေါ်တူဂီနှင့် ချီလီအသင်းတို့၏ ခြေစမ်းပွဲစဉ်သည် ဘောလုံးဝါသနာရှင်များနှင့် သုံးသပ်သူများအကြား အကြီးအကျယ် ဆွေးနွေးစရာ ကိစ္စရပ်တစ်ခုကို မီးမွှေးပေးလိုက်ပြန်သည်။ ရလဒ်ပိုင်းအရ ပေါ်တူဂီက ချီလီကို 2−1 ဖြင့် အနိုင်ရရှိခဲ့သော်လည်း ထိုနိုင်ပွဲနောက်ကွယ်မှ အသင်း၏ ကစားဟန်နှင့် ကစားသမားတစ်ဦးချင်းစီ၏ သက်ရောက်မှုက ပိုမိုစိတ်ဝင်စားစရာ ကောင်းနေပါတယ်။

ပွဲအစတွင် အသင်းခေါင်းဆောင် စီရော်နယ်ဒိုနှင့်အတူ ပွဲထွက်လာခဲ့သော်လည်း ပေါ်တူဂီ၏ တိုက်စစ်က ထင်သလောက် ခရီးမတွင်ခဲ့ဘဲ ပိတ်မိနေတာ တွေ့ရပါတယ်။။ သို့သော် ဒုတိယပိုင်းတွင် ရော်နယ်ဒိုကို လူစားလဲပြီးနောက်ပိုင်းမှသာ ပေါ်တူဂီ၏ ကစားကွက်က ပိုမိုမြန်ဆန်သွက်လက်လာပြီး လိုချင်သော သွင်းဂိုးများကို ဖော်ဆောင်ကာ 2−1 ဖြင့် ပွဲကို အနိုင်ရလဒ်ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဤအချက်ကပင် လက်ရှိ ပေါ်တူဂီအသင်းတွင် ရော်နယ်ဒို၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။

အသက်အရွယ်အရ ရုပ်ပိုင်းဆိုင်ရာ ကျဆင်းလာမှုကို မည်သည့်ကစားသမားမှ မလွန်ဆန်နိုင်သကဲ့သို့ ရော်နယ်ဒိုသည်လည်း ထိုဒဏ်ကို သိသိသာသာ ခံနေရပါပြီ။ ချီလီနှင့်ပွဲတွင် ၎င်း၏ ကစားဟန်က ယခင်ကကဲ့သို့ ထက်မြက်မှုမရှိတော့ဘဲ နှေးကွေးနေသည့်အပြင်၊ ကွင်းတွင်း သက်လုံပိုင်း ကျဆင်းလာမှုကလည်း ကွက်ကွက်ကွင်းကွင်း မြင်သာခဲ့ပါတယ်။

ထို့အပြင် ၎င်း၏ အကောင်းဆုံး လက်နက်တစ်ခုဖြစ်သည့် ဧရိယာအတွင်း နေရာမှန်၊ အချိန်မှန် ရှိနေတတ်သော Tap-in အခွင့်အရေးများ ဖန်တီးနိုင်စွမ်းနှင့် ပိတ်သွင်းနိုင်စွမ်း မှာလည်း ယခင်ကဲ့သို့ အလုပ်မဖြစ်တော့ဘဲ လွဲချော်မှုအချို့ ရှိနေခဲ့ပါတယ်။ တိုက်စစ်အသားပေး ပေါ်တူဂီအသင်း၏ ကစားကွက် မြန်နှုန်းကို ရော်နယ်ဒို၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက လိုက်မမှီတော့သည့် သဘောမျိုး သက်ရောက်နေပါတယ်။

ရော်နယ်ဒို၏ ကစားသမားသက်တမ်း နေဝင်ချိန်ကို ရောက်ရှိနေပြီဟု ဆိုရမည့်အချိန်တွင် ပေါ်တူဂီတိုက်စစ်ကို ကျောပိုးပြီး ကမ္ဘာ့ဖလားအိမ်မက်ကို အသက်သွင်းပေးနိုင်မည့်သူမှာ ဘရူနို ဖာနန်ဒက်ဇ် နဲ့ကွင်းလယ်အစုအဖွဲ့သာ ဖြစ်ပါတော့တယ်။

ကွင်းလယ်တွင် တီထွင်ဖန်တီးနိုင်စွမ်း၊ ပွဲဖတ်နိုင်စွမ်းနှင့် အသင်းကို ဦးဆောင်နိုင်စွမ်းတို့တွင် ဘရူနိုသည် ကမ္ဘာ့အဆင့်ရှိကြောင်း အကြိမ်ကြိမ် သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ တိကျသော ပေးပို့မှုများ၊ အသင်းဖော်များကို နေရာလွတ် ရှာဖွေပေးနိုင်မှုနှင့် လိုအပ်လျှင် လိုအပ်သလို ကိုယ်တိုင် ဂိုးသွင်းယူနိုင်သည့် အရည်အချင်းများက ပေါ်တူဂီအသင်း၏ တိုက်စစ်အင်ဂျင်ကို မောင်းနှင်ပေးနေတာကိုတွေ့ရပါတယ်။

"ပေါ်တူဂီအနေဖြင့် လာမည့် နောက်ဆုံး ကမ္ဘာ့ဖလားတွင် အောင်မြင်မှု အမှန်တကယ် လိုချင်ပါက ရော်နယ်ဒို၏ အရှိန်အဝါထက် ဘရူနို ဖာနန်ဒက်ဇ်၏ ကွင်းလယ်ဦးဆောင်မှုနှင့် ပုံဖော်မှုကို အခြေခံသည့် ခေတ်သစ်ကစားဟန်ကို ပြောင်းလဲအသုံးပြုမှသာ မျှော်လင့်ချက် ရှိပေလိမ့်မည်။

ချီလီနှင့်ပွဲသည် ပေါ်တူဂီအတွက် သာမန်ခြေစမ်းပွဲတစ်ခုထက်မကဘဲ အနာဂတ်အတွက် ပြတ်သားသော ဆုံးဖြတ်ချက်ချရန် သတိပေးခေါင်းလောင်းသံ တစ်ချက် ဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုသည် အသင်း၏ ဂန္ထဝင်တစ်ဦးဖြစ်သည်မှာ ငြင်းမရသော်လည်း၊ လက်ရှိအခြေအနေတွင်မူ ပေါ်တူဂီကို အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်တင်ပေးနိုင်မည့် စွမ်းအားအစစ်အမှန်မှာ မျိုးဆက်သစ်များသာ ဖြစ်ကြောင်း ဤပွဲက သက်သေပြလိုက်ပြီ ဆိုချင်ပါတယ်။

လက်ရှိ Newcastle United မှာ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် Lewis Hall ကို မန်ယူက မျက်စိကျနေတယ်ဆိုတာ ဖြစ်နိုင်ခြေရှိတဲ့ အပြော...
05/06/2026

လက်ရှိ Newcastle United မှာ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် Lewis Hall ကို မန်ယူက မျက်စိကျနေတယ်ဆိုတာ ဖြစ်နိုင်ခြေရှိတဲ့ အပြောင်းအရွှေ့တစ်ခုလို့ ပြောလို့ရပါတယ်။

Lewis Hall ဟာ Chelsea အကယ်ဒမီထွက်ဖြစ်ပြီး လက်ရှိ Newcastle မှာ အဓိက ဘယ်နောက်ခံလူ အဖြစ် ကစားနေတဲ့ အင်္ဂလန်လူငယ်ကြယ်ပွင့်တစ်ဦး ဖြစ်ပါတယ်။

သူ့ရဲ့ အဓိက အားသာချက်တွေကတော့ မူလက ကွင်းလယ်လူတစ်ဦး ဖြစ်ခဲ့တာကြောင့် ဘယ်နောက်ခံလူအဖြစ် ကစားတဲ့အခါမှာလည်း ကွင်းလယ်ထဲအထိ ဝင်ရောက်ပြီး Inverted Full-back ပုံစံမျိုး ကစားနိုင်စွမ်း ရှိပါတယ်။

ဘောလုံးထိန်းသိမ်းမှု၊ ပေးပို့မှု နဲ့ ဖြတ်တင်ဘော တွေမှာ တိကျပြီး တိုက်စစ်လိုက်ပါမှုအပိုင်းမှာ အလွန်ထက်မြက်ပါတယ်။ကွင်းအတွင်း နေရာအနှံ့ အပြေးအလွှား ကောင်းမွန်ပြီး Dynamic ဖြစ်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။

ဒီရာသီ (2025/2026) မှာ Lewis Hall ဟာ နယူးကာဆယ်နည်းပြ Eddie Howe ရဲ့ စနစ်အောက်မှာ မရှိမဖြစ် အမာခံကစားသမားတစ်ဦးအဖြစ် ရင့်ကျက်လာခဲ့ပါတယ်။

ဘယ်ခြမ်းတိုက်စစ် လိုက်ပါမှုတွေမှာ အရင်ကထက် ပိုမိုရဲရင့်လာပြီး Chance Creation မြင့်မားလာပါတယ်။ သူ့ရဲ့ ဖြတ်တင်ဘောတွေက နယူးကာဆယ်တိုက်စစ်အတွက် အဓိက လက်နက်တစ်ခု ဖြစ်နေပါတယ်။

အရင်က ခံစစ်အဖျက်ပိုင်းမှာ အားနည်းချက် အနည်းငယ်ရှိခဲ့ပေမယ့် ဒီရာသီမှာတော့ Speed နဲ့ Positioning ပိုင်း ပိုမိုကောင်းမွန်လာတာကြောင့် Left-wing တိုက်စစ်ဆင်သူတွေကို ကောင်းကောင်း ထိန်းချုပ်နိုင်လာတာ တွေ့ရပါတယ်။

Hall ဟာမန်ယူနဲ့အလွန် ကိုက်ညီပါတယ်။
မန်ယူအသင်းမှာ Luke Shaw နဲ့ Dorgu တို့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ဘယ်နောက်ခံလူနေရာဟာ အမြဲတမ်း ဟာကွက်ဖြစ်နေခဲ့ပါတယ်။ Lewis Hall သာ ရောက်လာရင် မန်ယူရဲ့ ဘယ်ခြမ်းခံစစ်နဲ့ တိုက်စစ်ကို တည်ငြိမ်သွားစေမှာ သေချာပါတယ်။

မန်ယူရဲ့ ကစားကွက်ဗျူဟာမှာ Full-back တွေကို ကွင်းလယ်အထိ တက်ကစားစေတဲ့ (Inverted) စနစ်ကို သုံးမယ်ဆိုရင် ကွင်းလယ်လူအတွေ့အကြုံရှိတဲ့ Lewis Hall က အသင့်တော်ဆုံး ဖြစ်နေပါလိမ့်မယ်။

အသက်ငယ်ရွယ်သေးတဲ့ အင်္ဂလန်ကစားသမားဖြစ်လို့ မန်ယူရဲ့ ရေရှည် Project အတွက် အနာဂတ်ရင်းနှီးမြှုပ်နှံမှုအဖြစ် အလွန်တန်ဖိုးရှိပါတယ်။

Lewis Hall ဟာ မန်ယူအသင်းအတွက် ကွက်တိဖြစ်မယ့် Profile မျိုး ရှိတဲ့ ကစားသမားပါ။ ဒါပေမယ့် နယူးကာဆယ်ဘက်ကလည်း သူတို့ရဲ့ အဓိက လူငယ်ကြယ်ပွင့်ကို အလွယ်တကူ လက်လွှတ်မှာ မဟုတ်သလို၊ မန်ယူအနေနဲ့ ခေါ်ယူချင်တယ်ဆိုရင် ပြောင်းရွှေ့ကြေး အတော်အတန် ပေးချေရဖို့ ရှိနေပါတယ်။ တကယ်လို့သာ ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ရင် မန်ယူရဲ့ ဘယ်ခြမ်းတိုက်စစ်ဟာ အရင်ကထက် ပိုမိုမြန်ဆန်လာမှာ အသေအချာပါပဲ။

လီဗာဘူးအသင်းဟာ Arne Slot နေရာမှာ အစားထိုးဖို့ Bournemouth နည်းပြ Andoni Iraolaကို ၂ နှစ်စာချုပ်နဲ့ နည်းပြသစ်အဖြစ် တရားဝင...
05/06/2026

လီဗာဘူးအသင်းဟာ Arne Slot နေရာမှာ အစားထိုးဖို့ Bournemouth နည်းပြ Andoni Iraolaကို ၂ နှစ်စာချုပ်နဲ့ နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်လိုက်တာပဲ ဖြစ်ပါတယ်။

ဒါဟာ လီဗာပူးပရိသတ်တွေ မျှော်လင့်နေတဲ့ အားရစရာ ကစားဟန်ဆီ ပြန်လည်ဦးတည်မယ့် ခြေလှမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

အသက် ၄၃ နှစ်အရွယ် စပိန်လူမျိုးနည်းပြ Iraola ရဲ့ ဘောလုံးဒဿနကို စကားလုံးတစ်လုံးတည်းနဲ့ အဓိပ္ပာယ်ဖွင့်ရရင် "Chaos" လို့ ပြောလို့ရပါတယ်။
သူဟာ Marcelo Bielsa နဲ့ Jürgen Klopp တို့ရဲ့ လွှမ်းမိုးမှုပါဝင်တဲ့ Gegenpressing ကို အကြွင်းမဲ့ယုံကြည်သူပါ။

ဘောလုံးကို ပိုင်ဆိုင်မှုအကြာကြီးယူပြီး ကစားတာထက်၊ ပြိုင်ဘက်ထံက ဘောလုံးရတာနဲ့ အချိန်မဆိုင်းဘဲ ရှေ့က နံပါတ် (၉) တိုက်စစ်မှူးဆီ မျဉ်းဖြောင့်အတိုင်း တိုက်ရိုက် ပေးပို့တိုက်စစ်ဆင်တာကို နှစ်သက်ပါတယ်။

ပြိုင်ဘက်အသင်း နောက်တန်းကနေBuild-up မလုပ်နိုင်အောင် ကွင်းအနှံ့ အသက်ရှူရကျပ်မယ့် ဖိအားပေးမှုမျိုး လုပ်လေ့ရှိပါတယ်။ ပြိုင်ဘက်ဆီက ဘောလုံးကို ပြန်လုပြီး ကစားကွက် ပျက်ပြားသွားအောင် ဖန်တီးတတ်ပါတယ်။
ခံစစ်ကို ပိတ်ဆို့ကစားတာထက် စွန့်စားရတာကို သဘောကျပြီး ကွင်းအတွင်း ပရိသတ်တွေ သွေးကြွစေမယ့် "တိုက်စစ်အသားပေး ပုံစံ" ကို အသုံးပြုပါတယ်။

ပြီးခဲ့တဲ့ရာသီက နှေးကွေးပြီး ဘေးတိုက်ပေးပို့မှုတွေ များခဲ့တဲ့ ကစားဟန်ကနေ ပြိုင်ဘက်တွေအကြောက်ရဆုံးဖြစ်ခဲ့တဲ့ "အရှိန်အဟုန်ပြင်းတဲ့ အမြန်နှုန်း" ကို ပြန်မြင်ရတော့မှာပါ။

Iraola ဟာ Bournemouth အသင်းကို ပရီးမီးယားလိဂ်ရဲ့ ကန်ချက် အများဆုံးနဲ့ ဂိုးပေါက်တည့်မှု အများဆုံးအသင်းတွေထဲက တစ်သင်းဖြစ်အောင် လုပ်ပြခဲ့ပါတယ်။ လီဗာပူးရဲ့ တိုက်စစ်ဟာ ပိုပြီး တိုက်ရိုက်ကျကျနဲ့ ဆွဲဆောင်မှုရှိရှိ ပြောင်းလဲလာပါလိမ့်မယ်။

သူ့ရဲ့ ပုံမှန်ကစားကွက်ဖြစ်တဲ့ 4-2-1-3 သို့မဟုတ် 4-4-2 ပုံစံတွေဟာ ကွင်းလယ်ခံစစ်သမား (Holding Midfielders) နှစ်ဦးကို အထိုင်ချပြီး Full-back တွေကို ဘေးတိုက် တိုက်စစ်ဆင်ခွင့် ပိုပေးတတ်တာကြောင့် ကွင်းလယ်အဖျက်ပိုင်း ပိုမိုကျစ်လျစ်လာဖို့ ရှိပါတယ်။

Iraola ရဲ့ Dynamic ဖြစ်ပြီး တိုက်ရိုက်ကျတဲ့ စနစ်ဟာ လက်ရှိ လီဗာပူးလူစာရင်းထဲက တချို့ကစားသမားတွေအတွက် ပါရမီပြခွင့်ရမယ့် အခွင့်အရေးပါပဲ။

Alexis Mac Allister & Ryan Gravenberchတို့လို
ကွင်းလယ်မှာ Double Pivot ပုံစံ ကစားရမယ်ဆိုရင် ဒီကစားသမားတွေရဲ့ ဘောလုံးလုယူနိုင်စွမ်းနဲ့ တိုက်စစ်ဆီ ချိတ်ဆက်ပေးနိုင်မှု ခြေစွမ်းတွေက ပိုမိုထင်ရှားလာမှာပါ။Iraola အကြိုက်ဆုံးဖြစ်တဲ့ မမောမပန်း အပြေးအလွှား ဖိအားပေးနိုင်တဲ့ (Work-rate) မြင့်မားမှုနဲ့ အဝေးကန်ချက် ကောင်းမွန်မှုတွေကြောင့် Szoboszlai ဟာ နည်းပြသစ်ရဲ့ တိုက်စစ်ကွင်းလယ်နေရာမှာ "အချက်အချာ" ဖြစ်လာနိုင်ပါတယ်။

လီဗာပူးအသင်းရဲ့ အားကစားဒါရိုက်တာ Richard Hughes က Iraola ကို Bournemouth မှာတုန်းကလည်း ခေါ်ယူခဲ့ဖူးတာကြောင့် သူတို့ကြားမှာ နားလည်မှု ရှိပြီးသားပါ။ မိုဟာမက် ဆာလာ က "ပြိုင်ဘက်တွေ ကြောက်ရတဲ့ heavy metal တိုက်စစ်အသင်းအဖြစ် ပြန်ပြောင်းလဲဖို့" တောင်းဆိုခဲ့သလိုပဲ၊ Iraola ဟာ Anfield ကွင်းကြီးကို တစ်ဖန်ပြန်လည် သွေးကြွဆူပွက်စေမယ့် နည်းပြမျိုး ဖြစ်လာမှာ အသေအချာပါပဲ။

မန်ယူအနေနဲ့ Casemiro နေရာမှာ ဘယ်သူကို အစားထိုးဖို့ ရွေးသင့်သလဲ Casemiro ထွက်ခွာသွားတာကြောင့် Manchester United အတွက် ကွင...
02/06/2026

မန်ယူအနေနဲ့ Casemiro နေရာမှာ ဘယ်သူကို အစားထိုးဖို့ ရွေးသင့်သလဲ

Casemiro ထွက်ခွာသွားတာကြောင့် Manchester United အတွက် ကွင်းလယ်ကို ပြန်တည်ဆောက်ဖို့ အရေးကြီးလာပါတယ်။ လက်ရှိ သတင်းတွေအရ Sandro Tonali နဲ့ Adam Wharton တို့က အဓိက ပစ်မှတ်တွေထဲ ပါဝင်နေကြပါတယ်။

Sandro Tonali

Sandro Tonali ဟာ အတွေ့အကြုံပိုရှိပြီး Premier League ရဲ့ အရှိန်အဟုန်ကို အပြည့်အဝ ရင်းနှီးပြီးသား ဖြစ်ပါတယ်။ သူရဲ့ အားသာချက်တွေကတော့

Ball-winning ကောင်းတယ်
Press resistance ကောင်းတယ်
Long passing နဲ့ build-up play ကောင်းတယ်
Work rate မြင့်တယ်
Leadership ပိုင်းမှာလည်း အတွေ့အကြုံရှိတယ်

Newcastle ကွင်းလယ်ရဲ့ အဓိက အင်ဂျင်တစ်ယောက်ဖြစ်လာခဲ့ပြီး အသင်းရဲ့ ကစားပုံကို ထိန်းညှိပေးနိုင်တဲ့ ကစားသမားအမျိုးအစား ဖြစ်ပါတယ်။

Casemiro ကို အနီးစပ်ဆုံး ချက်ချင်းအစားထိုးနိုင်မယ့် ကစားသမားဟာ Tonali လို့ပဲပြောရပါမယ်။

Adam Wharton

Adam Wharton ကတော့ အသက်ငယ်သေးပြီး Passing Vision နဲ့ Game Intelligence က အထူးကောင်းမွန်ပါတယ်။

သူ့ရဲ့ အားသာချက်တွေက

Progressive passing အရမ်းကောင်း
Tempo control ကောင်း
Football IQ မြင့်
အသက် 22 ဝန်းကျင်သာရှိသေးလို့ 8-10 နှစ်လောက် အသုံးချနိုင်

Crystal Palace မှာ ကွင်းလယ်ကို ထိန်းချုပ်တဲ့ ပုံစံကြောင့် အင်္ဂလန်ရဲ့ အနာဂတ်ကွင်းလယ်ကြယ်ပွင့်တစ်ယောက်အဖြစ် သတ်မှတ်ခံနေရပါတယ်။

Wharton ဟာMichael Carrick ပုံစံ playmaker တစ်ယောက် ဖြစ်တဲ့အတွက် တည်ငြိမ်မှုကိုလိုချင်ရင်
သူ့ကို ခေါ်သင့်ပါတယ်။

မန်ယူအတွက် ဘယ်သူ ပိုသင့်တော်လဲ?

အသင်းက Top 4 ပြန်ဝင်ဖို့၊ Champions League အတွက် ချက်ချင်း ယှဉ်ပြိုင်ဖို့ ရည်ရွယ်နေတယ်ဆိုရင် Tonali က ပိုသင့်တော်ပါတယ်။

အသင်းကို အစကနေ ပြန်တည်ဆောက်မယ်ဆိုရင် Wharton က ပိုတန်ဖိုးရှိတဲ့ ခေါ်ယူမှု ဖြစ်နိုင်ပါတယ်။

Tonali က အတွေ့အကြုံ၊ တိုက်စစ်-ခံစစ် နှစ်ဖက်လုံး အလုပ်လုပ်နိုင်မှု၊ Premier League အတွေ့အကြုံတွေကြောင့် မန်ယူရဲ့ လက်ရှိလိုအပ်ချက်နဲ့ ပိုကိုက်ညီပါတယ်။ Wharton ကတော့ အလွန်ကောင်းတဲ့ Talent ဖြစ်ပေမယ့် နောက်ထပ် ၁-၂ ရာသီ ဖွံ့ဖြိုးဖို့ အချိန်လိုသေးတဲ့ ကစားသမားမျိုးပါ။

ကျွန်တော့်အမြင်အရ Casemiro နေရာကို တိုက်ရိုက်အစားထိုးဖို့ဆိုရင် Tonali ကို သာ ရွေးသင့်ပါတယ်။

လူးဝစ် အင်းနရစ်  ရဲ့ လက်အောက်မှာ PSG အသင်းဟာ ကမ္ဘာ့အကောင်းဆုံး၊ အတောက်ပဆုံး အသင်းတစ်သင်းအဖြစ် ပြန်လည်ဦးမော့လာရုံတင်မကဘဲ ...
31/05/2026

လူးဝစ် အင်းနရစ် ရဲ့ လက်အောက်မှာ PSG အသင်းဟာ ကမ္ဘာ့အကောင်းဆုံး၊ အတောက်ပဆုံး အသင်းတစ်သင်းအဖြစ် ပြန်လည်ဦးမော့လာရုံတင်မကဘဲ ဥရောပချန်ပီယံလိဂ် ကိုပါ ၂ ရာသီဆက်တိုက် သိမ်းပိုက်နိုင်ခဲ့တဲ့အထိ (၂၀၂၄-၂၅ နှင့် ၂၀၂၅-၂၆ ရာသီများ) အထွတ်အထိပ် ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အရင်က ကမ္ဘာ့အဆင့် Superstars တွေကိုပဲ အမှီပြုပြီး ပုဂ္ဂလိကစွမ်းဆောင်ရည်နဲ့ ကစားခဲ့တဲ့ PSG ဟာ အခုဆိုရင် အင်းနရစ်ရဲ့ ကျစ်လျစ်ပြီး စနစ်ကျတဲ့ အသင်းလိုက်ဦးစားပေး စနစ်အောက်မှာ အသားကျသွားပြီး ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်လို့နေပါတယ်။

အင်းနရစ်ဟာ PSG ဆီကို ဘာစီလိုနာစတိုင် Positional Play နဲ့ ခေတ်သစ်တိုက်စစ်ဘောလုံးကို အကောင်းဆုံး ပေါင်းစပ်ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။

အင်းနရစ် PSG ရဲ့ အဓိက အသက်ရှူလမ်းကြောင်းကတော့ "ဘောလုံးဆုံးရှုံးသွားတာနဲ့ စက္ကန့်ပိုင်းအတွင်း ပြန်လုဖို့" ဖြစ်ပါတယ်။ ကွင်းလယ်နဲ့ တိုက်စစ်ကစားသမားတွေဟာ ပြိုင်ဘက်ကွင်းဝက်ထဲအထိ အသက်ရှူကျပ်အောင် လိုက်လံ ဖိအားပေးကြပါတယ်။ ဒါကြောင့် ပြိုင်ဘက်တွေဟာ ခံစစ်ကနေ တိုက်စစ်ဆင်ဖို့ လမ်းကြောင်းရှာမရဘဲ အမှားများလာကြပါတယ်။

ပွဲစဉ်တိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၆၅% ကနေ ၇၀% ဝန်းကျင်အထိ ရှိအောင် ထိန်းချုပ်ကစားတတ်တာ အင်းနရစ်ရဲ့ အမှတ်အသားပါ။ ဒါပေမဲ့ ဒါဟာ ပျင်းစရာကောင်းတဲ့ ဘေးတိုက်ပေးစနစ် မဟုတ်ဘဲ၊ ကွင်းလယ်လူတွေဖြစ်တဲ့ ဗီတင်ညာ နဲ့ နားဗက်စ် တို့ရဲ့ လျင်မြန်တဲ့ ဘောလုံးဖြန့်ဝေမှုတွေနဲ့ ပြိုင်ဘက်ခံစစ်ကြားထဲကို ချိုးဖောက်ဝင်ရောက်တဲ့ ဒေါင်လိုက်ပေးပို့မှု တွေ ဖြစ်ပါတယ်။

ကီလီယံ ဘာပေ ထွက်ခွာသွားပြီးနောက်ပိုင်း PSG ရဲ့ တိုက်စစ်ဟာ တစ်ဦးတစ်ယောက်တည်းအပေါ် မှီခိုခြင်း မရှိတော့ပါဘူး။ ဘာကိုလာ ၊ ဒမ်ဘီလီ နဲ့ ဒိုရေးတို့လို့ တိုက်စစ်မှူးတွေဟာ ပုံသေနေရာမယူဘဲ ဘယ်၊ ညာ၊ အလယ် နေရာချင်း အမြဲလဲလှယ်ပြီး ကစားကြတဲ့အတွက် ပြိုင်ဘက်နောက်ခံလူတွေ လူကပ်ကစားရ အလွန်ခက်ခဲစေပါတယ်။

အရင်တုန်းက PSG ဟာ နေမာ၊ မက်ဆီ၊ ဘာပေ တို့လို အမည်ကျော်တွေ ရှိခဲ့ပေမဲ့ ခံစစ်မလိုက်ခြင်း၊ အတ္တကြီးခြင်း ပြဿနာတွေ ရှိခဲ့ပါတယ်။ အင်းနရစ်ဟာ ဒါကို အပြတ်အသတ် ရှင်းလင်းခဲ့ပြီး "အသင်းထက် မည်သူမျှ မကြီးမြတ်စေရ" ဆိုတဲ့ မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။ အခု PSG အသင်းမှာ ကစားသမား ၁၁ ယောက်စလုံးဟာ အသင်းအတွက် ပြေးလွှား ကာကွယ်ကြပြီး ကွင်းထဲမှာ စည်းလုံးမှု အပြည့် ရှိနေတာဟာ အကြီးမားဆုံး အားသာချက်ပါ။

ဗီတင်ညာရဲ့ နည်းဗျူဟာပိုင်း ရင့်ကျက်မှု၊ နာဗက်စ်ရဲ့ ကြံ့ခိုင်မှုနဲ့ ဖန်တီးနိုင်စွမ်းတို့ ပေါင်းစပ်ထားတဲ့ ကွင်းလယ်ဟာ ဥရောပမှာ အကောင်းဆုံးဖြစ်နေပါတယ်။ ဒါ့အပြင် အင်းနရစ်ဟာ လူငယ်တွေကို ယုံယုံကြည်ကြည် မြေတောင်မြှောက်ပေးတတ်တာကြောင့် အသင်းဟာ တစ်ရာသီလုံး ပွဲပန်းခြင်းမရှိဘဲ စွမ်းအင်အပြည့်နဲ့ ပုံမှန်ခြေစွမ်းရနေတာ ဖြစ်ပါတယ်။

အင်းနရစ်ဟာ ပွဲတွင်းအခြေအနေအရ ကစားကွက်ကို 4-3-3 ကနေ ခံစစ်ပိတ်တဲ့အသင်းတွေကို ဖြိုခွဲဖို့ 3-2-4-1 ပုံစံမျိုးအထိ ပွဲအတွင်းတင် အလွယ်တကူ ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ သူ့ရဲ့ အရန်ခုံကစားသမား အင်အားကလည်း တောင့်တင်းတဲ့အတွက် လူစားလဲမှုတိုင်းဟာ ပွဲကို အမြဲအလှည့်အပြောင်း ဖြစ်စေပါတယ်။

ကာတာအုပ်စု (QSI) က PSG ကို လွှဲပြောင်းယူကတည်းက အိမ်မက်မက်ခဲ့ရတဲ့ UCL ဖလားကို အင်းနရစ်က ၂ ရာသီဆက်တိုက် (Back-to-Back) ရယူပေးနိုင်ခဲ့တာဟာ မတော်တဆ မဟုတ်ပါဘူး။ ရှုံးထွက်ပွဲစဉ်တွေရဲ့ ဖိအားကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ
အင်းနရစ် ကောင်းကောင်းသိပါတယ်။ အဝေးကွင်းပွဲစဉ်တွေမှာပါ ပွဲကို စိုးမိုးကစားနိုင်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို သူက ကစားသမားတွေထဲ ထည့်သွင်းပေးနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ခြုံငုံပြောရရင် လက်ရှိ Luis Enrique ရဲ့ PSG ဟာ ငွေကြေးတတ်နိုင်ရုံနဲ့ ဖလားရတာမျိုး မဟုတ်ဘဲ၊ "ခေတ်မီဘောလုံးဗျူဟာ + နည်းပြ၏ စည်းကမ်းစနစ် + လူငယ်များ၏ စွမ်းအင်" တို့ စုစည်းသွားတဲ့အခါ ဘယ်လောက်အထိ ကြောက်စရာကောင်းလဲဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။

သူတို့ဟာ ပြိုင်ဘက်ကို ဘောလုံးမပေးဘဲ ကစားကွက်ကို စိတ်ကြိုက်ခြယ်လှယ်နိုင်သလို၊ ဆုံးရှုံးသွားရင်လည်း ချက်ချင်း ပြန်လုနိုင်တဲ့ ကမ္ဘာ့အဆင့် Counter-pressing စက်ဝန်းကြီးတစ်ခုလို လည်ပတ်နေတာကြောင့် ဥရောပချန်ပီယံလိဂ်ကို ၂ ရာသီဆက်တိုက် သိမ်းပိုက်ပြီး ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံနေရခြင်း ဖြစ်ပါတော့တယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when Thar Gyi Football Channel. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share