07/05/2026
The King's Warden (Korea)
ဂျိုဆွန်းဘုရင်လေး Dan-jong (Yi Hong-wi) ဟာ သူ့ရဲ့ဦးလေးဖြစ်သူ ဆူယန်းမင်းသားရဲ့ အာဏာသိမ်းမှုကို ခံရပြီး ရာထူးကနေ နုတ်ထွက်ကာ နယ်နှင်ဒဏ် ပေးခံခဲ့ရပါတယ်။ ရွာသူကြီး Eom Heung-do ကတော့ သူ့ရွာလေး ချမ်းသာလာနိုးနဲ့ နယ်နှင်ခံအရာရှိကို လက်ခံခဲ့ရာကနေ တကယ်တမ်း ရောက်လာတာဟာ ဘုရင်ဟောင်းဖြစ်နေတာကို သိလိုက်ရတဲ့အခါ ဇာတ်လမ်းက စိတ်လှုပ်ရှားစရာ ဖြစ်လာပါတော့တယ်။
နန်းတွင်းရေးရာ ပရိယာယ်တွေကြားမှာ မျှော်လင့်ချက်မဲ့နေတဲ့ မင်းသားလေးနဲ့ ရိုးသားတဲ့ ရွာသူကြီးတို့ကြားက သံယောဇဉ်ဟာ ဇာတ်ကားရဲ့ အသက်ဝိညာဉ်ပါ။ အာဏာသိမ်းခံရပြီး နယ်နှင်ဒဏ်ပေးခံရတဲ့ မင်းသားလေးဟာ အစပိုင်းမှာတော့ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ ကြိုးစားခဲ့ပေမဲ့ ရိုးသားတဲ့ ရွာသူကြီးနဲ့ ရွာသားတွေရဲ့ မေတ္တာကြောင့် ဘဝကို အသစ်ကပြန်စဖို့ ခွန်အားတွေ ရရှိလာခဲ့ပါတယ်။
ဒါပေမဲ့ နန်းတွင်းရေးရာ ပရိယာယ်တွေနဲ့ အာဏာလိုချင်တဲ့ အရာရှိကြီး ဟန်မြောင်ဟွယ် (Han Myŏnghoe)ရဲ့ ကြားဝင်နှောင့်ယှက်မှုတွေကြောင့် မင်းသားလေးရဲ့ အေးချမ်းတဲ့ဘဝဟာ ကြာရှည်မခံခဲ့ပါဘူး။ ထီးနန်းပြန်ရဖို့ ကြိုးပမ်းတဲ့ တော်လှန်ရေး အစီအစဉ်ပျက်စီးသွားတဲ့အခါမှာ မင်းသားလေးဟာ သူ့အပေါ် ကောင်းခဲ့တဲ့ ရွာသူကြီးနဲ့ ရွာသားတွေကို ဘေးမသင့်စေဖို့အတွက် သူကိုယ်တိုင်ပဲ အဖမ်းခံခဲ့ပြီး စွန့်လွှတ်အနစ်နာခံမှုတွေကို ပြုလုပ်ခဲ့ပါတယ်။
ဒီဇာတ်ကားဟာ သမိုင်းဝင် ဘုရင်တစ်ပါးရဲ့အကြောင်းကို နန်းတော်ထဲမှာတင်မဟုတ်ဘဲ "ပြည်သူတွေနဲ့ ဘုရင်ကြားက ဆက်ဆံရေး" ကို ပိုမိုအသားပေးထားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ အာဏာလုပွဲတွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဘဝကို ပီပြင်စွာ ရိုက်ကူးထားပြီး၊ သစ္စာရှိမှုနဲ့ တာဝန်သိတတ်မှုတို့ရဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်ပေးထားတဲ့ ရုပ်ရှင်ကောင်းတစ်ကားလည်း ဖြစ်ပါတယ်။
Castingအနေနဲ့ ဆိုရင်လည်း မင်းသားကြီး Yoo Hae-jin က ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ထားပြီး အဓိကသမိုင်းဝင်ပုဂ္ဂိုလ်ဖြစ်တဲ့ ဘုရင်ကလေး Danjong အဖြစ် Weak Hero Classမင်းသားလေး Park Ji-hoon က သရုပ်ဆောင်ထားပါတယ်။
ဒါ့အပြင်ကိုမှ မင်းသားကြီး Yoo Ji-tae, မင်းသား Lee Joon-hyuk, Hospital Playlist ထဲက မင်းသမီး Jeon Mi-do ကလည်း သူမရဲ့ ပထမဆုံး သမိုင်းနောက်ခံဇာတ်ကားအဖြစ် ပါဝင်အားဖြည့်ထားတာမို့ Historical dramaကြိုက်နှစ်သက်တဲ့ရုပ်ရှင်ချစ်သူတို့အတွက် လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေးပါပဲနော်။
Reviewed by Aurora
Translated by GC K-Team
Encoded by Wobushi