Myanmar41media

Myanmar41media 41media သတင်းစာ

02/09/2026

KIA-PDF တိုက်ခိုက်မှုကြောင့် စစ်ရေယာဉ် ၃ စီး ပျက်စီး၊ စစ်သားနှင့် မိသားစုဝင် ၁၀၀ ကျော် အလံဖြူထောင်
#ရွှေကူ #အလံထောင် #ကချင်

၁၉၈၈ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို “မြေပေါ်မြေအောက် အဖျက်သမားတွေရဲ့ တိ...
01/09/2026

၁၉၈၈ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို “မြေပေါ်မြေအောက် အဖျက်သမားတွေရဲ့ တိုင်းပြည်ဆူပူအုံကြွစေမှု” နဲ့ “မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်တွေ” လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောဆိုလိုက်ပါတယ်။

ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်မှာ နည်းပြတွေ၊ ဗိုလ်လောင်းတွေ၊ ဘွဲ့လွန်သင်တန်းသားတွေ၊ အရာရှိနဲ့ စစ်သည်တွေကို တွေ့ဆုံချိန်အတွင်း အခုလို ပြောဆိုခဲ့တာဖြစ်ပြီး စစ်အုပ်စု ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

၁၉၈၈ နဲ့ ၂၀၂၁ ခုနှစ် ဖြစ်ရပ်တွေကြောင့် တိုင်းပြည်ပြိုကွဲမယ့် အခြေအနေအထိ ရောက်ရှိခဲ့ပြီး စစ်တပ်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အချိန်မီ ယူခဲ့ရတာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောပါတယ်။

ဒါပေမယ့် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ စစ်ခေါင်းဆောင်တွေရဲ့ အခုလိုပြောဆိုမှုတွေဟာ လက်တွေ့ဖြစ်ရပ်တွေနဲ့ ဆန့်ကျင်နေတယ်လို့ 41media ကို ပြောပါတယ်။

“မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်တွေလို့ သူတို့က ပြောပေမယ့် သူတို့ကိုယ်တိုင်က ဥပဒေမဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာပါ။ လေယာဉ်နဲ့ ဗုံးကြဲတာ၊ မြေပြင်မှာ စစ်ကြောင်းထိုးပြီး ရွာစဉ်ရွာဆက် မီးရှို့တာ၊ ပြည်သူတွေကို သတ်ဖြတ်တာတွေ လုပ်နေတာကလည်း သူတို့စစ်တပ်ပဲလေ” ဟု ၎င်းက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး စစ်တပ်ရဲ့ ဖြိုခွင်းမှုတွေကြောင့် ဆန္ဒပြသူတွေ သေဆုံးတာနဲ့ ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကတော့ အဲဒီလှုပ်ရှားမှုတွေကို လူထုဆန္ဒပြလှုပ်ရှားမှုတွေလို့ မသုံးနှုန်းဘဲ “အဖျက်သမား”၊ “ဆူပူအုံကြွမှု” နဲ့ “မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်တွေ” လို့ သုံးနှုန်းခဲ့တာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဩဂုတ် ၂၅ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ပိုမိုဆိုးရွားလာပြီး စစ်ပွဲ၊ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေနဲ့ တရားမဝင်စီးပွားရေးလုပ်ငန်းတွေကြောင့် အရပ်သားပြည်သူတွေရဲ့ ဒုက္ခတွေ ပိုမိုနက်ရှိုင်းလာတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုနဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ကန့်သတ်တာတွေ ဆက်လုပ်နေပြီး စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် အနည်းဆုံး အရပ်သား ၈,၀၇၅ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဆိုပါတယ်။ တကယ့်သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

အသက် ၆၀ အရွယ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို လွှဲပြောင်းရယူခဲ့သူ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့တဲ့ စစ်တပ်အဖွဲ့ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဦးဆောင်ခဲ့တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
#ရဲဝင်းဦး #မြန်မာသတင်း #သတင်းစာ

လူငယ်တွေ နိုင်ငံခြားကို သွားရောက်အလုပ်လုပ်ကိုင်နေကြတာဟာ နိုင်ငံအတွက် အလွန်နစ်နာပြီး နိုင်ငံ့အရင်းအမြစ်တွေ အများအပြား ဆုံ...
01/09/2026

လူငယ်တွေ နိုင်ငံခြားကို သွားရောက်အလုပ်လုပ်ကိုင်နေကြတာဟာ နိုင်ငံအတွက် အလွန်နစ်နာပြီး နိုင်ငံ့အရင်းအမြစ်တွေ အများအပြား ဆုံးရှုံးရတယ်လို့ မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ဒီနေ့ ဩဂုတ် ၃၁ ရက် နေပြည်တော်ရှိ Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပတဲ့ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနဲ့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွေမှာ ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဂုဏ်ပြုဆုချီးမြှင့်တဲ့ အခမ်းအနားမှာ မင်းအောင်လှိုင်က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

၎င်းက နိုင်ငံအနေနဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို အာရုံစိုက်ပြီး အဘက်ဘက်က ဖြည့်ဆည်းပံ့ပိုးပေးသွားမယ်လို့ ပြောပါတယ်။ဒါ့အပြင် အစိုးရသစ်ကာလမှာ လူငယ်ရေးရာဝန်ကြီးဌာနကို အသစ်ဖွဲ့စည်းပြီး လူငယ်ရေးရာမူဝါဒတွေ ချမှတ်ကာ လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

လူငယ်တွေ နိုင်ငံခြားနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်နေကြတာဟာ နိုင်ငံအတွက် အလွန်နစ်နာပြီး နိုင်ငံ့အရင်းအမြစ်တွေ အများအပြား ဆုံးရှုံးရတယ်လို့ မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် လူငယ်တွေအနေနဲ့ မြန်မာနိုင်ငံက သင်ကြားပေးလိုက်တဲ့ ပညာရပ်တွေနဲ့ မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် အပြည့်အဝ အကျိုးပြုကာ ပြန်လည်ကျေးဇူးဆပ်နိုင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ လူငယ်တွေအနေနဲ့ ဘဝရပ်တည်ရေးအတွက် အတတ်ပညာတစ်ရပ်ရပ်ကို ကျွမ်းကျင်ဖို့လိုသလို ကိုယ်၊ နှုတ်၊ နှလုံး ယဉ်ကျေးသိမ်မွေ့သူတွေ ဖြစ်လာစေရန်လည်း လေ့လာသင်ယူကြဖို့ ပြောဆိုပါတယ်။

အခြေခံပညာကျောင်းတွေမှာလည်း စိတ်ဓာတ်၊ စည်းကမ်းနဲ့ ပညာဆိုတဲ့ ဦးတည်ချက်တွေနဲ့ သင်ကြားလေ့ကျင့်ပေးနေတယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို တန်ဖိုးထားထိန်းသိမ်းဖို့နဲ့ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့လည်း လူငယ်တွေကို တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံသားကျင့်ဝတ်နဲ့အညီ တန်ဖိုးရှိစွာ နေထိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူရည်ချွန်လူရည်မွန်တွေ ဖြစ်လာအောင် ကြိုးပမ်းကြဖို့၊ နိုင်ငံနဲ့ လူမျိုးအကျိုးကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့နဲ့ သယ်ပိုးထမ်းရွက်ကြဖို့လည်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံ့အနာဂတ်ကို ပညာနဲ့ ပုံဖော်နိုင်မယ့် ရှေ့ဆောင်လမ်းပြကောင်းတွေ ဖြစ်လာရေး ကြိုးပမ်းကြဖို့နဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ ကျရာကဏ္ဍကနေ ပူးပေါင်းပါဝင်ကြဖို့ မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

31/08/2026

KIA၊ AA နဲ့ PDF ခေါင်းဆောင်တွေကို ဖမ်းဆီးနိုင်ရေး ဆုကြေးထုတ်မယ်လို့ စစ်အုပ်စုလော်ဘီ ကျော်စိုးဦး ပြော
#ကျော်စိုးဦး #မြန်မာသတင်း

23/08/2026

စစ်ရှုံးနယ်မြေများတွင် ၂၀၂၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည်ဟု မင်းအောင်လှိုင်ပြော၊ မဲဆန္ဒနယ် ၁၇၂ နေရာအထိ ကျန်ရှိနေ

22/08/2026

ဆရာမ ပါးရိုက်ခံရပြီး စက္ကန့်ပိုင်းအတွင်း လဲကျသွားတဲ့ ၆ နှစ်အရွယ်ကလေး သေဆုံး

တရားပွဲကျင်းပနေတဲ့ ဘုန်းကြီးကျောင်းထဲမှာ လူတွေ စုဝေးနေချိန် စစ်အုပ်စုရဲ့ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခ...
21/08/2026

တရားပွဲကျင်းပနေတဲ့ ဘုန်းကြီးကျောင်းထဲမှာ လူတွေ စုဝေးနေချိန် စစ်အုပ်စုရဲ့ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး သံဃာတော်တချို့အပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖြစ်စဉ်ဟာ ဒီနေ့ ဩဂုတ် ၂၁ ရက် မနက် ၉ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာ ရွာဦးဘုန်းကြီးကျောင်းမှာ ဖြစ်ပွားခဲ့တာပါ။အဲဒီအချိန်မှာ ဘုန်းကြီးကျောင်းဓမ္မာရုံအတွင်း ဒေသခံပြည်သူတွေ ဥပုသ်စောင့်ပြီး တရားပွဲပြုလုပ်နေကြတာဖြစ်ပြီး စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတစ်ဦးရဲ့ ပြောဆိုချက်အရ သီလပေးနေတဲ့ သံဃာတော်ရှိရာနေရာအနီးကို ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဓမ္မာရုံအတွင်းရှိသူတွေ အစုလိုက်အပြုံလိုက် ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုအပြီး ကနဦးသတင်းမှာ သေဆုံးသူ ၇ ဦးရှိတယ်လို့ သိရပေမယ့် နောက်ပိုင်း ဒေသခံသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သေဆုံးသူ ၁၀ ဦးခန့်အထိ ရှိလာပြီး အရေအတွက် ထပ်မံတိုးလာနိုင်တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိပြီး အချို့မှာ ပြင်းထန်ဒဏ်ရာတွေ ရရှိထားတာကြောင့် ဆေးကုသမှု အမြန်ရရှိနိုင်ရေး ဒေသခံတွေက ကယ်ဆယ်ပို့ဆောင်နေကြပါတယ်။ “မနက် ၉ နာရီခွဲလောက်မှာ ရွာဦးဓမ္မာရုံမှာ ဥပုသ်စောင့်နေကြတုန်း အပေါ်ကနေ ဖိုက်တာနဲ့ ဗုံးလာကျဲတာပါ။ သီလပေးနေတဲ့ ဘုန်းကြီးရဲ့ ခေါင်းပေါ်တည့်တည့်ကို ဗုံးကျတာလို့ သိရတယ်” လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ကယ်ဆယ်ရေးနဲ့ ဆေးကုသရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေသော်လည်း ထပ်မံလေကြောင်းတိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ်ကြောင့် ကယ်ဆယ်ရေးလုပ်သားတွေနဲ့ ဒေသခံတွေ သတိထားနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
#စစ်ကိုင်း #မြောင် #မြန်မာသတင်း #သတင်း

တပ်ဖွဲ့ဝင်တွေ တစ်စုတစ်စည်းတည်း နယ်စပ်ဖြတ်ကျော်ပြီး နိုင်ငံခြားဘက် ထွက်ပြေးလာတဲ့ ဖြစ်စဉ်တစ်ခုအဖြစ် စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၄...
20/08/2026

တပ်ဖွဲ့ဝင်တွေ တစ်စုတစ်စည်းတည်း နယ်စပ်ဖြတ်ကျော်ပြီး နိုင်ငံခြားဘက် ထွက်ပြေးလာတဲ့ ဖြစ်စဉ်တစ်ခုအဖြစ် စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၄ ဦးဟာ အရပ်ဝတ်နဲ့ လက်နက်မဲ့အခြေအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဝင်ရောက်လာပြီး ဖမ်းဆီးခံထားရတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အဆိုပါ ၁၄ ဦးဟာ မြန်မာစစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bandarban ခရိုင်၊ Alikadam နယ်စပ်ကနေ ဩဂုတ် ၁၈ ရက်မှာ ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ရဲ့ ပြောကြားချက်အရ ၎င်းတို့ဟာ နယ်စပ်ဖြတ်ကျော်ချိန်မှာ လက်နက်တစ်စုံတစ်ရာ မပါရှိဘဲ အရပ်ဝတ်များ ဝတ်ဆင်ထားကြပြီး Alikadam အခြေစိုက် 57 BGB တပ်ရင်းရဲ့ Kurukpata Killaipara စစ်ဆေးရေးဂိတ်ကို ကိုယ်တိုင်လာရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

BGB တပ်ဖွဲ့ဝင်တွေက ၎င်းတို့ကို ထိန်းသိမ်းပြီးနောက် တပ်ရင်းဌာနချုပ်ကို ခေါ်ဆောင်သွားကာ ဘာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်ရောက်လာခဲ့တာလဲဆိုတဲ့ အကြောင်းရင်းနဲ့ ဖြစ်စဉ်အသေးစိတ်တွေကို ကနဦး စစ်ဆေးမေးမြန်းခဲ့ပါတယ်။

Alikadam 57 BGB တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး Abdullah Al Mehedi က အဆိုပါ ၁၄ ဦးဟာ မြန်မာနိုင်ငံက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း ကနဦးစိစစ်ချက်တွေအရ သိရှိရပြီး ၎င်းတို့ဟာ မိမိတို့ဆန္ဒအလျောက် လာရောက်လက်နက်ချခဲ့တာလို့ ပြောပါတယ်။

ကနဦး စစ်ဆေးမှုတွေ ပြီးဆုံးပြီးနောက် ၁၄ ဦးကို ဩဂုတ် ၁၉ ရက် ညပိုင်းမှာ Alikadam ရဲစခန်းထံ လွှဲပြောင်းပေးခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်း ဝင်ရောက်လာမှုအတွက် Foreigners Act နဲ့ သက်ဆိုင်ရာ နယ်စပ်ထိန်းချုပ်ရေးဥပဒေတွေကို အသုံးပြုပြီး ဥပဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။

Alikadam ရဲစခန်းမှူး Md Alamgir Hossain ကလည်း BGB ထံကနေ မြန်မာနိုင်ငံသား လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄ ဦးကို လက်ခံရရှိထားပြီး ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်နေတယ်လို့ အတည်ပြုထားပါတယ်။ဖြစ်စဉ်နောက်ပိုင်းမှာ BGB က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကျပ်ပြီး စောင့်ကြည့်မှုတွေ တိုးမြှင့်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က သတင်းရင်းမြစ်တွေက ပြောပါတယ်။
#ဘင်္ဂလားဒေ့ရှ် #ရခိုင် #မြန်မာသတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-နမ့်ခမ်းလမ်းပေါ်က KIA စစ်ဆေးရေးဂိတ်မှာ ယာဉ်တစ်စီးကို ပစ်ခတ်ရာက ယာဉ်မောင်းတစ်ဦး ထိခိုက်ဒဏ်...
19/08/2026

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-နမ့်ခမ်းလမ်းပေါ်က KIA စစ်ဆေးရေးဂိတ်မှာ ယာဉ်တစ်စီးကို ပစ်ခတ်ရာက ယာဉ်မောင်းတစ်ဦး ထိခိုက်ဒဏ်ရာရပြီးနောက် ဒေသခံတွေရဲ့ မကျေနပ်မှုဟာ ဆန္ဒပြမှုအထိ ဖြစ်လာခဲ့ပြီး စစ်ဆေးရေးဂိတ်ရှိ တဲအချို့လည်း ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဟာ ဩဂုတ် ၁၈ ရက် မနက်ပိုင်းမှာ မူဆယ်-နမ့်ခမ်းလမ်းပိုင်းရှိ KIA စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ KIA ရဲဘော်တစ်ဦးက ဖြတ်သန်းလာတဲ့ ကားတစ်စီးကို ရပ်တန့်ဖို့ အချက်ပြခဲ့ပေမယ့် ကားမရပ်ဘဲ ဆက်လက်မောင်းနှင်သွားတာကြောင့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အခြေအနေအရ တရုတ်နိုင်ငံဘက်ခြမ်းကို ပို့ဆောင်ကာ ဆေးကုသမှုခံယူစေခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ယာဉ်မောင်း ထိခိုက်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ဒေသခံတွေက မကျေနပ်ကြောင်း ထုတ်ဖော်ပြသခဲ့ကြပြီး KIA စစ်ဆေးရေးဂိတ်ဘက်ကို သွားရောက်ကာ ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။အဲဒီနောက် စစ်ဆေးရေးဂိတ်မှာ အသုံးပြုထားတဲ့ တဲအချို့ကိုလည်း ဒေသခံတွေက ဖျက်ဆီးခဲ့ကြောင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

ဒေသတွင်း ကချင်သတင်းရင်းမြစ်တစ်ဦးကတော့ ပစ်ခတ်မှုဟာ ကားကို ရပ်တန့်စေဖို့ သတိပေးပစ်ခတ်ရာကနေ မတော်တဆ ထိမှန်ခဲ့တာလို့ သိရကြောင်း ပြောပါတယ်။“မရပ်ဘဲ ဖြတ်မောင်းသွားတာကို ရပ်တန့်ပေးဖို့ သတိပေးပစ်ရာကနေ မတော်တဆ ထိမှန်သွားတာလို့ ကြားသိရပါတယ်။”

ရုရှားနိုင်ငံ မော်စကိုမြို့အထိ ရောက်ရှိနေတဲ့ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံရာ...
18/08/2026

ရုရှားနိုင်ငံ မော်စကိုမြို့အထိ ရောက်ရှိနေတဲ့ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံရာမှာ ရုရှားအတွက် မြန်မာနိုင်ငံက အဆင်သင့်ရှိနေမယ် ဆိုတဲ့ သဘောထားကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မင်းအောင်လှိုင်နဲ့ ပူတင်တို့ဟာ ဒီနေ့ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနဲ့ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။တွေ့ဆုံမှုအတွင်း မင်းအောင်လှိုင်က မြန်မာနိုင်ငံအနေနဲ့ ရုရှားအတွက် အရှေ့တောင်အာရှဒေသမှာ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြောဆိုခဲ့ပါတယ်။

“မြန်မာဟာ ရုရှားအတွက် အရှေ့တောင်အာရှမှာ ယုံကြည်စိတ်ချရမယ့် မိတ်ဆွေအဖြစ် တည်ရှိနေပါမယ်။ မြန်မာနိုင်ငံအနေနဲ့ အသင့်ရှိကြောင်း ပြောလိုပါတယ်” လို့ မင်းအောင်လှိုင်က စကားပြန်ကတစ်ဆင့် ပြောဆိုခဲ့တာပါ။

မင်းအောင်လှိုင်က ရုရှားသမ္မတ ပူတင်ရဲ့ အားပေးထောက်ခံမှုတွေကြောင့် လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးမှာ တိုးတက်မှုတွေ ရှိလာခဲ့တယ်လို့လည်း ပြောပါတယ်။

ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးဟာလည်း ဆက်လက်တိုးတက်နေတယ်လို့ ဆိုပြီး လက်ရှိ မော်စကိုခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကဏ္ဍတွေကို ဆက်လက်ဆွေးနွေးသွားဖို့ မျှော်လင့်ထားတယ်လို့ မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar41media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category