Soe Moe Myint Khittayar

Soe Moe Myint Khittayar Sharing is caring.

မမျှော်လင့်နိုင်တဲ့ သဘာဝဘေးအန္တရာယ်၊ မတော်တဆမှုနဲ့ မရေရာမှုတွေက ဘယ်အချိန်မဆို ဖြစ်လာနိုင်ပါတယ်။ သင့်ကိုယ်သင်၊ သင့်မိသားစ...
14/11/2025

မမျှော်လင့်နိုင်တဲ့ သဘာဝဘေးအန္တရာယ်၊ မတော်တဆမှုနဲ့ မရေရာမှုတွေက ဘယ်အချိန်မဆို ဖြစ်လာနိုင်ပါတယ်။
သင့်ကိုယ်သင်၊ သင့်မိသားစုနဲ့ သင့်ပိုင်ဆိုင်မှုတွေကို မှန်ကန်တဲ့ အာမခံနဲ့ ကာကွယ်ခြင်းဟာ အရေးကြီးဆုံး လုံခြုံရေးပဲ ဖြစ်ပါတယ်။

🛡️ Soe Moe Myint: Expert Insurance Services & Solutions သည် စိန်ခေါ်မှုကြီးမားသော ကိစ္စရပ်များအတွက်ပါ ကျွမ်းကျင်မှုအပြည့်ဖြင့် အာမခံ (Insurance) နှင့် တဆင့်အာမခံ (Reinsurance) solutions များကို ပေးအပ်ဖို့ အသင့်ရှိပါတယ်။

✅ ဘာကြောင့် Soe Moe Myint ကို ရွေးချယ်သင့်သလဲ?

ကျွမ်းကျင်မှု (Proven Expertise):
ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (Oil & Gas Insurance) လိုမျိုး ရှုပ်ထွေးတဲ့ နယ်ပယ်တွေအပါအဝင်၊ ကြီးမားသော လုပ်ငန်းမျိုးစုံကို အောင်မြင်စွာ ဝန်ဆောင်မှုပေးထားခြင်း။ (ကျွန်ုပ်တို့၏ ဖောက်သည်များကို ပုံတွင် ကြည့်ရှုနိုင်ပါသည်!) 😊

🛡️ပြည့်စုံသော ကာကွယ်မှု (Comprehensive Coverage):
ကျန်းမာရေး၊ အသက်အာမခံ၊ မော်တော်ယာဉ်၊ လုပ်ငန်းအာမခံ၊ စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ အာမခံ (Political Violence) အပါအဝင် ပေါင်းစပ်ထုတ်ကုန် (20+) ကျော်ကို တစ်နေရာတည်းတွင် ရရှိနိုင်ခြင်း။

သင့်အတွက် ကတိကဝတ် (Commitment): ကျွန်ုပ်တို့ဟာ ပေါ်လစီ ရောင်းချရုံသာမက၊ ဖောက်သည်များရဲ့ စိတ်အေးချမ်းသာမှု (Peace of Mind) ကို ရင်းနှီးမြှုပ်နှံပေးပါတယ်။

"အာမခံသည် ကုန်ကျစရိတ်မဟုတ်၊ စိတ်အေးချမ်းသာမှုအတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်တယ်။
ယနေ့မှစ၍ သင့်အနာဂတ်ကို ကာကွယ်ပါ!"

စိတ်ချရတဲ့ အနာဂတ်အတွက် အဆင်သင့်ဖြစ်ပြီလား?
သင့်လိုအပ်ချက်အတွက် အသင့်တော်ဆုံး အာမခံအစီအစဉ်ကို တိုင်ပင်ဆွေးနွေးရန် ကျွန်တော့်ကို ဆက်သွယ်ပါ။

📞 ဆက်သွယ်ရန် ဖုန်းနံပါတ်: +959-504-1726

Natural disasters, accidents, and uncertainties can happen anytime. Protecting yourself, your family, and your assets with the right insurance is essential.
🛡️ Soe Moe Myint: Expert Insurance Services & Solutions is ready to serve, offering professional and comprehensive Insurance and Reinsurance Solutions, even for the most challenging sectors.
✅ Why Partner with Soe Moe Myint?
• Proven Expertise: We manage complex risk profiles, ranging from large commercial fleets to specialized areas like Oil & Gas Insurance (see our valued clients in the image!).
• Comprehensive Coverage: Get over 20+ specialized products in one place—including Health, Life, Vehicle, Contractor All Risk, Business Interruption, and Political Violence Insurance.
• Commitment to You: We don't just sell policies; we invest in your Peace of Mind. Our service is built on integrity and professional guidance.
"Insurance is not a cost. It's an investment in Peace of Mind. Start Protecting Your Future - Today."
Ready to secure your future? Click Send Message or Call Now to consult with our experts for the perfect insurance plan tailored to your needs.
📞 Contact: +959-504-1726


#အာမခံ #စိတ်အေးချမ်းသာမှု

🔴ခရီးသွားရင်း မတော်တဆ ကား Accident နဲ့သေဆုံးခဲ့ရင် အာမခံလျော်ကြေးငွေ ဘယ်လောက်ရမလဲ ❓❓❓ခရီးသွားအာမခံနဲ့ပတ်သက်ရင် ကျွန်တော်...
16/08/2025

🔴ခရီးသွားရင်း မတော်တဆ ကား Accident နဲ့သေဆုံးခဲ့ရင် အာမခံလျော်ကြေးငွေ ဘယ်လောက်ရမလဲ ❓❓❓

ခရီးသွားအာမခံနဲ့ပတ်သက်ရင် ကျွန်တော့်ဘော်ဒါကြီးဖြစ်တဲ့ Myanmar Professional Driving Academy က Founder ကိုထွန်းထွန်းဇော် အမြဲပြောလေ့ရှိတဲ့ ဟာသတခုရှိတယ်။

“သူများတွေသေလို့ မုန့်ဟင်းခါးကျွေးရင် ကျွန်တော်သေရင် ဒန်ပေါက်ကျွေးနိုင်တယ်ဗျ” 😀

ဘာလို့ဆို ခရီးသွားတိုင်းသူက အာမခံတွေအစုံဝယ်ယူလေ့ရှိတယ်။✅

တစုံတယောက်ဟာ Express ကားနဲ့ ခရီးသွားရင်း မတော်တဆ ကား Accident ဖြစ်လို့သေဆုံးခဲ့ရင်

➡️၁။ ယဉ်မှတ်ပုံတင်စဉ် ၊ သက်တမ်းတိုးစဉ်မှာ မဝယ်မဖြစ်ဝယ်ရတဲ့ Third Party Liabilities အာမခံကနေ သိန်း ၃၀ ကျပ်ရရှိပါမယ်

➡️၂။ ကားလက်မှတ်မှာပါတဲ့ ခရီးသွားအာမခံ (သို့) သီးခြားဖြတ်ပိုင်းနဲ့ရောင်းတဲ့ ခရီးသွားအာမခံအတွက် ၃၀၀ ကျပ်တန် ဝယ်ထားရင် သိန်း ၃၀ ကျပ်ရရှိပါမယ် ( မဝယ်ထားရင်မရပါ)

➡️၃။ Express ကားကိုအလုံးစုံအာမခံဝယ်ယူထားရတဲ့အတွက် အလုံးစုံအာမခံထဲမှာပါတဲ့ Third Party Insurance အတွက် သိန်း ၃၀ ကျပ်ရရှိပါမယ်

➡️၄။ တကယ်လို့ သင်ဟာ ပြည်တွင်းလှည့်လှည် ခရီးသွားအာမခံဝယ်ထားရင် ထပ်ရပါမယ်။ ဒီအာမခံမှာတော့ ၁ ရက်၊ ၃ ရက်၊ ၁ ပတ်၊ ၂ ပတ်၊ ၁ လ၊ ၁ လခွဲ၊ ၃ လ၊ စသဖြင့်ကာလ များဝယ်ယူနိုင်ပြီး ယူနစ် ၂၀ ထိ အများဆုံးဝယ်ယူနိုင် မှာဖြစ်ပါတယ်။ သူကတော့ ၅ သိန်းကနေ သိန်း ၁၀၀ ထိ ရရှိနိုင်ပါတယ်။ သူကတော့ အာမခံဝယ်စဉ်ကတည်းက ခရီးစဉ်နဲ့ ကားနံပါတ်ပြောပေးဖို့လိုပါတယ်။ မြန်မာ့အာမခံမှာရောင်းချပါတယ်။

🚌ဥပမာ ရန်ကုန် နေပြည်တော် ခရီးအမြဲသွားတဲ့သူတယောက်ဟာ Express ကားနဲ့ ခရီးသွားရင်း Accident ကြောင့်သေဆုံးခဲ့ပါက နံပါတ် ၄ လှည့်လည်ခရီးသွား ယူနစ် ၂၀ ဝယ်ယူထားရင် အပေါ်အာမခံ ၃ ခုက သိန်း ၉၀ နဲ့ လှည့်လည်ခရီးသွားက သိန်း ၁၀၀ စုစုပေါင်း သိန်း ၁၉၀ ရရှိမှာဖြစ်ပါတယ်။💰💰💰💰

အောက်ပါပုံနဲ့ အာမခံဇယားမှာ ဗဟုသုတအနေနဲ့ ကြည့်ရှုနိုင်ပါတယ်။ ကုမ္ပဏီနဲ့ လုပ်ငန်းများလဲ ဝန်ထမ်းများ ခရီးသွားရင် ဒီလိုအာမခံမျိုးတွေဝယ်ပေးလို့ရပါတယ်။

နိုင်ငံခြားသွားမည့်သူများအတွက် USD နဲ့ထားလို့ရတဲ့ခရီးသွားအာမခံများလဲ ရှိပါသေးတယ်။ ဒီနေရာမှာတော့ မဖေါ်ပြတော့ပါ။

အာမခံလျော်ကြေးရပိုင်ခွင့်တွေကိုလဲ မသိမရှိစေပဲ အပြည့်အဝ တောင်းဆိုနိုင်ကြပါစေ။


#ခရီးသွားအာမခံ


🔴အာမခံ မဝယ်ထားလဲလျော်ကြေးရတဲ့အာမခံ😀✅မြန်မာနိုင်ငံအတွင်း စက်တပ်ယဉ်နဲ့ ထိခိုက်မိလို့ သေဆုံးဒါဏ်ရာရရင် ထိခိုက်မိသူက အာမခံဝယ...
14/08/2025

🔴အာမခံ မဝယ်ထားလဲလျော်ကြေးရတဲ့အာမခံ😀

✅မြန်မာနိုင်ငံအတွင်း စက်တပ်ယဉ်နဲ့ ထိခိုက်မိလို့ သေဆုံးဒါဏ်ရာရရင် ထိခိုက်မိသူက အာမခံဝယ်ယူမထားလဲ အာမခံလျော်ကြေးလျှောက်ထားရယူနိုင်ပါတယ်။

✅ဘာကြောင့်ရလဲဆိုတော့ မြန်မာနိုင်ငံအတွင်းစက်တပ်ယာဉ်အားလုံးဟာ ယာဉ်မှတ်ပုံတင်စဉ်က complementary အနေနဲ့ သူတပါးထိခိုက်မှုအာမခံမဖြစ်မနေဝယ်ထားရလို့ပါပဲ။
အဲ့ဒါကြောင့် တိုက်သွားတဲ့ကားမသိရင်တောင် ဆေးရုံနဲ့ ရဲစခန်းထောက်ခံစာပါတာနဲ့ လျော်ကြေးတောင်းခံလွှာလေးဖြည့်ပြီး မြန်မာ့အာမခံမှာ လျောက်ထား တောင်းခံနိုင်ပါတယ်။

✅စက်တပ်ယာဉ်နဲ့ထိခိုက်သေဆုံးမှုအတွက် သိန်း ၃၀ နဲ့ ထိခိုက်ဒါဏ်ရာ ရရှိမှု့အတွက် အများဆုံး ၂၄ သိန်းထိ ရရှိနိုင်ပါတယ်။ 💰

🪷အားလုံးသိထားသင့်ပြီး ပတ်ဝန်းကျင်မှာ ယာဉ်မတော်တဆမှုကြောင့် ထိခိုက် ဒါဏ်ရာရ သေဆုံးမှုများအတွက် ကူညီပေးနိုင်မှာဖြစ်ပါတယ်။

🏦လုပ်ငန်းရှင်များနဲ့ HR များလဲသိထားသင့်ပါတယ်။ ကိုယ့် Driver က တိုက်မိလို့ တစုံတယောက် သေဆုံး ဒါဏ်ရာ ရခဲ့ရင် မြန်မာ့အာမခံကနေ လျှော်ကြေးတောင်းခံနိုင်ပါတယ်။

💸ကုမ္ပဏီကနေလျော်ကြေးပေးရမှု Expense သက်သာစေမှာဖြစ်ပြီး Financial Impact နဲစေမှာဖြစ်ပါတယ်။

မိတ်ဆွေများ အိမ်ဂေဟာနှင့် စီးပွါးရေး အဆောက်အဦများအတွက် ✅ မီးအာမခံနှင့်အတူ ✅မြေကျွံ့ မြေပြိုခြင်း ( Subsidence & Landslid...
25/06/2025

မိတ်ဆွေများ အိမ်ဂေဟာနှင့် စီးပွါးရေး အဆောက်အဦများအတွက်
✅ မီးအာမခံနှင့်အတူ
✅မြေကျွံ့ မြေပြိုခြင်း ( Subsidence & Landslide) အာမခံ ထားခြင်းဖြင့်
Financial အကာအကွယ် ပြုလုပ်ထားနိုင်ပါတယ်
လိုအပ်ရင် Hello လုပ်လိုက်နော်

📱095041726

https://www.facebook.com/share/r/16UK1nXcZf/?mibextid=wwXIfr

မြန်မာ့အာမခံရဲ့ Panel Discussion မှာ Panelist တယောက်အနေနဲ့ ပါဝင်ပြီး တတ်နိုင်သလောက်မျှဝေခဲ့ပါတယ်MD တီချယ်ကြီး ၊ ဆရာဦးလွင...
27/05/2025

မြန်မာ့အာမခံရဲ့ Panel Discussion မှာ Panelist တယောက်အနေနဲ့ ပါဝင်ပြီး တတ်နိုင်သလောက်မျှဝေခဲ့ပါတယ်

MD တီချယ်ကြီး ၊ ဆရာဦးလွင်ဦးနဲ့တကွ မြန်မာ့အာမခံမှ ဆရာ ဆရာမများ
တက်ရောက် နားထောင်ကြတဲ့ Agent များ
ကူညီဆောင်ရွက်ပေးကြတဲ့ ဝန်ထမ်းများ

တစ်ဦးတစ်ယောက်ချင်းစီကို အထူးပဲ ကျေးဇူးတင်ပါတယ်

စစ်ကိုင်း ငလျင်ဘေးတလပြည့်ခဲ့ပြီ တချို့ အခုထိ DB တွေ မထုတ်နိုင်သေးတဲ့နေရာတွေတောင်ရှိသေးတယ် ဆုံးရှုံးမှုတွေ ကြီးစွာဖြစ်ခဲ့...
28/04/2025

စစ်ကိုင်း ငလျင်ဘေးတလပြည့်ခဲ့ပြီ

တချို့ အခုထိ DB တွေ မထုတ်နိုင်သေးတဲ့နေရာတွေတောင်ရှိသေးတယ်
ဆုံးရှုံးမှုတွေ ကြီးစွာဖြစ်ခဲ့တယ်
ငလျင်ဖြစ်ခဲ့ရာ စစ်ကိုင်း၊ မန္တလေး၊ အင်းလေး၊ သာစည်၊ နေပြည်တော် နဲ့ ပျဉ်းမနား ဒေသခံတချို့ရဲ့ မိဘတွေ ကလေးတွေ ဆွေးမျိုးသားချင်းတွေ မိသားစုဝင်တွေ လျှပ်တပြက်အတွင်းမှာ သေဆုံး ပျောက်ဆုံးသွားကြတာ အကြီးဆုံး ဆုံးရှုံးမှုပါပဲ
ဒီလို အနိဌာရုံတွေကြောင့်ဖြစ်တဲ့ စိတ်ဒဏ်ရာတွေဟာ ပျောက်ဖို့ အတော်ခက်ခဲမှာပါ
ရုပ်ဝတ္ထုအားဖြင့်လဲ အများနဲ့ သက်ဆိုင်သော Infrastructure တွေ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်တွေ အိုးအိမ် တိုက်တာ များနဲ့ စီးပွါးရေး လုပ်ငန်းတွေ များစွာပျက်စီး ဆုံးရှုံးကြရတယ်
တန်ဖိုးအားဖြင် အသေအချာမထွက်သေးပေမဲ့ အိုးအိမ်တိုက်တာနဲ့ စီးပွါးရေးလုပ်ငန်းတင် ကျပ်ငွေ ဘီလီယံ သောင်းကျော်မက ပျက်စီးခဲ့မယ်လို့ မှန်းဆကြည့်နိုင်တယ် ( မိမိတွေးဆချက်သာ)
နောက်ဆက်တွဲ ထိခိုက်မှုတွေနဲ့ ပြသနာတွေ အများကြီးရှိသေးတယ်
ဘယ်လို ကောင်းကျိုး ဆိုးကျိုးတွေဖြစ်လာမလဲဆိုတာကလဲ စိတ်ဝင်စားစရာ ကောင်းလှပါတယ်

၁။ ပျက်စီးဆုံးရှုံးမှုကို ပြန်လည်တည်ဆောက်ရာမှာ နိုင်ငံတော်နဲ့ ပြည်တွင်းပြည်ပ အလှူရှင်များရဲ့ငွေတွေ၊ အာမခံမှပေးလျော်ထားသောငွေများ၊ ပိုင်ရှင်များရဲ့ ကိုယ်ပိုင် ပိုက်ဆံများနဲ့ ပြန်တည်ဆောက်ကြရမှာပါ
တချို့လဲ ပြန်လည်တည်ဆောက်ဖို့ အချိန်အတော်ယူရမှာပါ
ပမာဏ များပြားလွန်းတဲ့ငွေများ Market ထဲမှာစီးဆင်းပြီး ဆင့်ကဲလုပ်ငန်းတွေကို ကောင်းမွန်တဲ့အခြေအနေဖြစ်ပေါ်စေနိုင်သလို Inflation ဘယ်လောက်ထိဖြစ်လာမလဲဆိုတာ မသိနိုင်သေးပါဘူး

၂။ ဘဏ်များမှာ ချေးငွေ Loan ယူထားသူများက အပေါင်ပစ္စည်း Collateral အနေနဲ့တင်ထားတဲ့ အဆောက်အဦနဲ့မြေဟာ ငလျင်ဖြစ်ပေါ်မှု Catastrophic Risk ကြောင့် အဆောက်အဦ ပြိုကျပျက်စီးခဲ့ရင် ကျန်ခဲ့တဲ့မြေတန်ဖိုးဟာ ချေးငွေပမာဏထက် နည်းခဲ့ရင် ၊ တိုးရင်းပေါင်းတွေဟာ မြေတန်ဖိုးထက်များခဲ့ရင် ဘဏ်တွေမှာ NPL တွေဖြစ်လာနိုင်ပြီး ခေါင်းခဲရမဲ့ ပြသနာပါ။ ပြိုကျခဲ့တဲ့ အဆောက်အဦက ငလျင်အာမခံထားခဲ့ရင် ဘဏ်များအတွက် သက်သာစေပြီး များသောအားဖြင့် မီးအာမခံသာယူပြီး ငလျင်အာမခံ ထည့်ယူကြတာမတွေ့ရပါ။

၃။ ကန်ထရိုက်တိုက်များ ကွန်ဒိုများ ငလျင်ကြောင့် ပြိုပျက်ခဲ့ရင် အခန်းရှင်နဲ့ မြေရှင်ကြား ပြန်လည်တည်ဆောက်ဖို့ကိစ္စအတော် ညှိနှိုင်းကြရမှာပါ

၄။ ကန်ထရိုက်တိုက်နဲ့ ကွန်ဒိုများ ဆောက်လက်စအခြေအနေမှာ
ငလျင်ကြောင့် ပြိုကျခဲ့ရင် မြေရှင်နှင့် ကန်ထရိုက်ကြား
ကန်ထရိုက်နှင့် ကြို့ပွိုင့်ဝယ်သူကြား ရှင်းရခက်တဲ့ပြသနာပါ။ မူလစာချုပ်ချုပ်စဉ်က သဘောတူညီချက်တွေနဲ့ ရှေ့နေ ရှေ့ရပ်တွေနဲ့ ပြောရမဲ့အခြေအနေတွေပါ

၅။ဒီလိုပဲ ဌါနဆိုင်ရာမြေပေါ်မှာ အခန်းတွေ ခွဲဝေမှုနဲ့ ဆောက်တဲ့စီမံကိန်းများမှာလဲ ဌါနဆိုင်ရာများနဲ့ ကန်ထရိုက်များကြား အတော်စကားပြောရမဲ့အခြေအနေပါ

၆။ တင်ဒါများရလို့ စာချုပ်ချုပ်ဆိုပြီးဆောက်တဲ့ ကျောင်း၊ ရုံး၊ ဝန်ထမ်းအိမ်ယာနဲ့ စီမံကိန်းများစွာဟာလဲ မပြီးခင် ငွေမချေခင် ငလျင်ကြောင့်ပြိုခဲ့ရင် အတော် ညှိနှိုင်းရခက်မဲ့ကိစ္စပါ

ဖေါ်ပြခဲ့တဲ့ ပြသနာများဟာ အချို့သာဖြစ်ပြီး ငလျင်ကြောင့် လူမှုစီးပွါး အကျိုးများစွာ ပျက်စီးခဲ့ရပါတယ်
အဆိုးဆုံးကတော့ မိသားစုဝင်တွေ ဆုံးပါးပျောက်ဆုံးကုန်ကြလို့ ဖြစ်တဲ့စိတ်ဒါဏ်ရာတွေပါပဲ
ပြန်လည်တည်ဆောက်တဲ့ကာလမှာလဲ
ဘယ်လိုတွေ အခက်အခဲတွေ တွေ့ကြရမယ်မသိသေးပါဘူး
ပြန်လည်တည်ဆောက်မှုကနေ စီးပွါးရေးအတွက်အထောက်အကူဖြစ်စေမလား
အိမ်ခြံမြေလောက၊ Inflation နဲ့ Exchange Rate တွေအပေါ် ဘယ်လိုတွေ အကျိုးသက်ရောက်နိုင်မယ် မသိနိုင်သေးပါဘူး

အဆောက်အဦများပြန်လည်တည်ဆောက်တဲ့အခါ လိုအပ်တဲ့ သံချောင်းလုံးနဲ့ ဘိလပ်မြေ များ နိုင်ငံခြားကသွင်းရမှာဖြစ်တဲ့အတွက် နိုင်ငံခြားငွေများစွာ လိုအပ်ချက်ဖြစ်စေနိုင်သလို
ကိုယ့်တိုင်းပြည်ကငွေများ တခြားနိုင်ငံကိုစီးဆင်းသွားမှာဖြစ်ပါတယ်။

ဘိလပ်မြေက ကိုယ့်နိုင်ငံမှာ တချို့တဝက်ထွက်သော်လည်း Gas နဲ့ ကျောက်မီးသွေး လိုအပ်ချက်ကြောင့် ပြည့်ပြည့်ဝဝ မထုတ်နိုင်ပါဘူး ။

ဒါ့ကြောင့် နိုင်ငံခြားငွေ ပမာဏ အတော်များများ ငလျင်ကြောင့် သုံးရမှာဖြစ်ပါတယ်။ ဒီပမာဏဟာ လျှပ်စစ်မရလို့ Solar နဲ့ ဆက်စပ်ပစ္စည်းတွေ တင်သွင်းရတဲ့ ပမာဏထက် အဆ ဘယ်လောက်များလဲဆိုတာ စီပွါးကူးသန်းလို ဌာနမျိုးမှ သိနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ငလျင်ဒါဏ်သာမက ၊ ရောဂါဘေး ၊ ရေဘေး ၊ စစ်ဘေးတွေ ခံထားရတဲ့နိုင်ငံပါ
ဖြစ်ခဲ့တဲ့ Disaster တွေနဲ့ လိုအပ်ချက်တွေပေါ် သင်ခန်းစာယူပြီး နောင်အကြိမ်တွေများဖြစ်ခဲ့ရင် အကောင်းဆုံးတုံ့ပြန်နိုင်ဖို့ ကြိုတင်ပြင်ဆင်နိုင်ပါစေ
အားလုံးကြိုးစား ကျော်ဖြတ်နိုင်ပြီး ကောင်းမွန်တဲ့နိုင်ငံအဖြစ် ပြန်လည်တည်ဆောက်နိုင်ပါစေ
နောက်မျိုးဆက်တွေကို ကောင်းမွန်တဲ့ အမွေတွေပေးနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်

၂၈.၃.၂၀၂၅ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ကြီးမားတဲ့ ငလျှင်ကြောင့် သေဆုံးပျောက်ဆုံးမှုတွေ ပျက်စီးမှုတွေ အများကြီးနဲ့ လူတွေဒုက္ခ...
12/04/2025

၂၈.၃.၂၀၂၅ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ကြီးမားတဲ့ ငလျှင်ကြောင့် သေဆုံးပျောက်ဆုံးမှုတွေ ပျက်စီးမှုတွေ အများကြီးနဲ့ လူတွေဒုက္ခရောက်ကြ ပူလောင်ကြရတာ တကယ့်ကို စိတ်မကောင်း ဝမ်းနည်းစရာအတိပါပဲ
မိမိမိတ်ဆွေတချို့အပါအဝင် ငလျင်ဒါဏ်ခံရသူတွေရဲ့ သေဆုံး ထိခိုက် ပျက်စီးမှုတွေ တွေ့ရတဲ့အခါ အရမ်းကို စိတ်ထိခိုက်ကြေကွဲရပါတယ်

ကိုယ်တွေ တတ်နိုင်သလောက် လှူဒါန်း ချိတ်ဆက် ကူညီနေမှုဟာလဲ တကယ်တော့ ဆင့်ပါးစပ် နှမ်းပက်သလောက်ပါပဲ
ထူထောင်မှုအတွက်အများကြီးလုပ်ကြရအုံးမယ်
အခုလို နိုင်ငံက နိမ့်ပါးစီးပွါးရေးတွေမကောင်းတဲ့အချိန်မှာ နိုင်ငံတကာအကူအညီမပါပဲ ပြန်ထူထောင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး အချိန်အများကြီးယူရမဲ့အခြေအနေပါ

အခုဖြစ်ပေါ်ခဲ့တဲ့ ငလျှင်ဟာ Catastrophic Risk ထဲမှာအကျုံးဝင်ပါတယ်။
Impact ကြီးကြီးမားမားဖြစ်စေတဲ့ ဘေးအန္တရယ်တွေကို Catastrophic Risk အနေနဲ့ သတ်မှတ်လေ့ရှိပြီး
သဘာဝဘေးအန္တရယ်တွေဖြစ်တဲ့
✅ငလျင်ကြီးတွေ၊
✅ဆူနာမီတွေ၊
✅မုန်တိုင်းကြီးတွေနဲ့
✅ကိုဗစ် ၁၉ လိုမျိုး Pandemic တွေ၊
✅Financial Crisis တွေ
✅Large Scale Technology Failure တွေပါဝင်ပါတယ်။

ဒါတွေက မဖြစ်ပါနဲ့လို့ပြောလို့မရသလို ဖြစ်လာရင်လဲ ပျက်စီးဆုံးရှုံးမှုကြီးမားတတ်ကြပါတယ်။
ဘယ်အချိန်မှာ ဘယ်လို Risk တွေ ဖြစ်မလဲမသိတဲ့အခါ အာမခံက အကောင်းဆုံးအကာအကွယ်တခုဖြစ်ပါတယ်။
လူသေဆုံး ထိခိုက်ဒါဏ်ရာတွေ အတွက် ပြန်ရှင်အောင် အကောင်းပကတိဖြစ်အောင် မလုပ်ပေးနိုင်ပေမယ့် အသက်အာမခံတွေ ထိခိုက်ဒါဏ်ရာအာမခံတွေဝယ်ထားရင် ဆေးကုသမှုနဲ့ ကျန်ခဲ့တဲ့မိသားစုအတွက် ကျိန်းသေ အထောက်အကူရမှာပါ။
အဆောက်အဦနဲ့ ပစ္စည်းပျက်စီးဆုံးရှုံးမှုအတွက် ပြန်လည်ထူထောင်ဖို့ဆိုရင်လဲ အာမခံက အကောင်းဆုံး ပြန်လည်ကုစားမှုဖြစ်ပါတယ်။

ငလျင်အာမခံဟာ General Insurance ထဲမှာ အကျုံးဝင်ပြီး Fire & Allied Perils အောက်မှာပါဝင်ပါတယ်
မြန်မာပြည်မှာတော့ မီးအာမခံဝယ်ပြီးနောက် အပိုအကာအကွယ်အနေနဲ့ အောက်ပါ ငလျှင်ဘေး၊ မုန်တိုင်းဘေး အပါအဝင် အောက်ပါ အာမခံ (၁၁) မျိုးကို ဝယ်ယူလို့ရပါတယ်

🪷Riot Damage
🪷 Aircraft Damage
🪷 Impact Damage
🪷 Subsidence and Landslide
🪷 Earth-quake Fire, Fire and Shock damage caused by Earth-quake
🪷 Explosion
🪷 Spontaneous Combustion
🪷 Various Storms
🪷 Flood and Inundation
🪷 Burglary
🪷 War Risk

နိုင်ငံခြားတိုင်းပြည်တွေမှာတော့
Catastrophic Risk ကို Impact ကြီးတဲ့အတွက် သီးခြားခွဲထုတ်ပြီး ရောင်းလေ့ရောင်းထရှိတယ်လို့ သိရပြီး မြင့်မားတဲ့ ပရီမီယံနဲ့ ရောင်းချလေ့ရှိကြတယ်။

အာမခံနဲ့ပတ်သက်လို့ ဝယ်ထားပြီး အလျော်မရဘူးဆိုတာ ဝယ်ထားတဲ့ Product ရဲ့အကြောင်းကို ရောင်းသူမှ သေချာ မရှင်းပြတာကြောင့် ဝယ်သူက သေချာမသိတာ ၊ လျှော်ကြေးအကျုံးမဝင်တာကို လျော်ကြေးမရဘူးလို့ ပြောတာများပါတယ်
တခါတလေ စည်းကမ်းဥပဒေတွေနဲ့ မညီညွတ်လို့ အကျုံးမဝင်တာ သိသိနဲ့ ရလိုမှုနဲ့ ပြောတာလဲ ရှိတတ်ပါတယ်

အဓိက Insurance Agent တွေက နားလည်အောင်ရှင်းပြဖို့တာဝန်ရှိပါတယ်
သိထားသင့်တာတွေ မသိတဲ့အခါ client ဘက်က နစ်နာပါတယ်
Client က တော့ အာမခံဝယ်ထားတာပဲ Claim ရမှာပဲလို့ပဲထင်မှာပါပဲ
စည်ကမ်းဥပဒေနဲ့ မညီညွတ်တဲ့အခါ အာမခံဝယ်ထားတယ် Claim မရဘူးတို့ ဘာတို့ဖြစ်ပြီး Bad Experience ရကုန်တာ
တကယ်က ကိုယ်စားလှယ်လုပ်သူကိုယ်တိုင် သေချာနားလည်ဖို့လိုသလို ရောင်းရပြီးရော ငွေရပြီးရော လုပ်လို့မရပါဘူး
အဲ့လို လုပ်ခဲ့ရင် client တွေဟာ Bad Experience ရပြီး အာမခံဆို ခါးခါးသီးသီးဖြစ်သွားတတ်ပါတယ်။ အဲလိုဖြစ်တဲ့အခါ အာမခံ Industry အတွက်လဲမကောင်းပါဘူး
နဂိုထဲကမှ Insurance Awareness နဲတဲ့တိုင်းပြည်မှာ Insurance နဲ့ လူတွေကို ပိုဝေးကွာစေပြီး အာမခံရဲ့အကျိုးကျေးဇူးကို ခံစားရတော့မှာ မဟုတ်ပါဘူး
Product တွေရဲ့ အားနည်းချက် အားသာချက်တွေသိဖို့လိုပြီး client လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Product ကိုသာ ရောင်းချသင့်ပါတယ်
အာမခံဟာ သတ်မှတ်ထားတဲ့စည်းကမ်းချက်များနဲ့အညီ လက်ခံပေးလျော်ခြင်းဖြစ်ပြီးအကျုံးဝင်လျက် ပေးလျော်ခြင်း မပြုပါက အာမခံအသင်းမှာ တိုင်ကြားလို့ရပါတယ်

အာမခံရဲ့သဘောတရားမှာ အာမခံကုမ္ပဏီရော အာမခံထားသူပါ ဖြစ် (သို့မဟုတ်) မဖြစ် မသိနိုင်သေးတဲ့ Risk အပေါ်မှာသာ အာမခံလက်ခံပါတယ်

ဥပမာ >>> မုန်တိုင်းအာမခံကို မုန်တိုင်းဖြစ်မဖြစ်မသိခင်မှာ ဝယ်ယူနိုင်ပြီး မိုးလေဝသ တိုင်းထွာချက်များအရ မုန်တိုင်းဖြစ်မှာ ရာခိုင်းနှုန်းများတဲ့အချိန်ကျမှ ဝယ်လို့မရနိုင်ပါဘူး

ကျန်းမာရေးအာမခံမှာဆိုရင်လဲ ရောဂါမဖြစ်ခင်မှာဝယ်ယူသင့်ပါတယ်
ရောဂါဖြစ်ပြီးမှ အဲ့ရောဂါကိုကုဖို့ဆိုပြီး အာမခံ ဝယ်လို့မရပါဘူး။

မြန်မာပြည်မှာ Insurance awareness အရမ်းနဲနေသေးတာ တွေ့ရပြီး အာမခံ ကုမ္ပဏီကြီးတွေနဲ့ ကိုယ်စားလှယ်များ အများကြီးပိုကြိုးစားရအုံးမှာဖြစ်ပါတယ်

အာမခံ ဝယ်ယူတဲ့သူအနေနဲ့လဲ ကျွမ်းကျင်တဲ့ အာမခံကိုယ်စားလှယ်ကတဆင့်ဝယ်ယူတာ အကောင်းဆုံးဖြစ်ပါတယ်
ကိုယ်စားလှယ် က တဆင့်ဝယ်လဲ ပိုပေးရတာမျိုးမရှိပါဘူး
နောက်ထပ် အာမခံနဲ့ပတ်သက်လို့ သတိထားစရာ တခုရှိပါသေးတယ်
ဒါကတော့ လုပ်ငန်းရှင်များ လုပ်ငန်းအတွက် ဘဏ်ကနေ Loan ယူတဲ့အခါ Collateral အနေနဲ့တင်ပြတဲ့ အဆောက်အဦများကို အာမခံတင်ပေးရပါတယ်။ ဘဏ်များက နှစ်သီးစားအနေနဲ့ သူတို့ရဲ့ အာမခံကုမဏီကနေ အာမခံဝယ်ခိုင်းတတ်ပါတယ်
ဒါမှမဟုတ် ချိတ်ဆက်ထားတဲ့ အာမခံကုမ္ပဏီကနေ အာမခံဝယ်ယူပေးရတာများပါတယ်။ အဲ့လိုဝယ်ယူတဲ့အခါ များသောအားဖြင့် အခြေခံ မီးအာမခံသာ ဝယ်ယူလေ့ရှိကြပြီး ငလျင် ၊ မုန်တိုင်း ကဲ့သို့သော အာမခံများ မပါပါက ငလျင် သို့မဟုတ် မုန်တိုင်းကြောင့် ပျက်စီး ဆုံးရှုံးမှုဖြစ်ခဲ့ရင် ပိုင်ရှင်က ဆုံးရှုံးမှုဖြစ်မှာဖြစ်ပါတယ်။ တကယ်က အပေါင်ပစ္စည်းရှိတဲ့နေရာဒေသရဲ့ Risk လုပ်ငန်း Nature ရဲ့ Risk ကို ကြည့်ပြီးမှအာမခံထားရမှာဖြစ်ပါတယ်။ ဒီနေရာမှာ နောက်ဆက်တွဲဘဏ်နဲ့ပတ်သက်တဲ့ Risk တွေကို စာရှည်မှာစိုးလို့ ချန်လှပ်ထားခဲ့ပါတယ် ။

အာမခံရဲ့အနှစ်သာရကို ပြည်သူတွေ ခံစားရပြီး အာမခံ Industry ကြီးလဲ တိုးတက်ပါစေကြောင်း ဆုတောင်းပါတယ် ။
အဓိက ကတော့ အာမခံကိုအသုံးချပြီး Risk ကိုလျော့ချနိုင်ကြပါစေ။

🔥 LA တောမီး Insurance Cover ရမှာလား ❓ပုံမှန်အားဖြင့် တောမီး Wildfire or Forest Fire ကို တမ္ဘာလုံးမှာ အာမခံပေးတာ သိပ်မရှိ...
16/01/2025

🔥 LA တောမီး Insurance Cover ရမှာလား ❓

ပုံမှန်အားဖြင့် တောမီး Wildfire or Forest Fire ကို တမ္ဘာလုံးမှာ အာမခံပေးတာ သိပ်မရှိပါ။

Bushfire လောက်သာ အချို့နိုင်ငံ အနည်းငယ်မှာပေးတယ်လို့ သိရပါတယ်။

LA မီးလောင်မှုကြောင့် နေအိမ်အများအပြား ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့ကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို အာမခံက လျော်ကြေးပေးမှာလားဆိုတာကတော့ အာမခံချုပ်စာတွေနဲ့ ပျက်စီးဆုံးရှုံးမှု ပမာဏပေါ်မူတည်ပါတယ်။ တောမီးဟာ ပုံမှန်အားဖြင် Excluded ပါ။ Cover မရပါ။

သို့သော် LA မီးလောင်လွယ်တဲ့ ဒေသတွေမှာနေထိုင်တဲ့ အိမ်ပိုင်ရှင်တွေဟာ Private Insurance Company မပေးနိုင်တဲ့ cover အတွက် CA FAIR Plan လို့ခေါ်တဲ့ ပြည်နယ်ရဲ့ အခြေခံအာမခံကိုဝယ်ယူထားလေ့ရှိကြပြီး ဒီအစီအစဉ်က အိမ်ပိုင်ဆိုင်မှုပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးပေးပေမယ့် ပုံမှန်အိမ်အာမခံထက် ပိုက်ဆံပိုပေးရပြီး လျော်ကြေးပမာဏလည်း နည်းပါတယ်။ ဆိုလိုတာက ပျက်စီးမှုတန်ဖိုးအပြည့်မရပဲ နဲနဲပဲပြန်ရမှာဖြစ်ပါတယ်။

အဲ့တော့ မီးလောင်တဲ့ထဲမိမိအိမ်နဲ့ Property ပါသူတွေအနေနဲ့ ဆုံးရှုံးမှုကြီးကြမှာပါ။

မြန်မာပြည်က မီးအာမခံမှာတော့ အခြေခံအားဖြင့်

🔥ဝါယာရှော့ဖြစ်လို့လောင်တဲ့မီး
🔥Gas အိုးပေါက်လို့လောင်တဲ့မီး
🔥 မိုးကြိုးပစ်လို့လောင်တဲ့မီး နဲ့ပေါ့ဆမီးတွေ

အတွက် အကာအကွယ်ဖြစ်ပြီး

Additional Cover တွေအနေနဲ့

🪷Riot Damage
🪷 Aircraft Damage
🪷 Impact Damage
🪷 Subsidence and Landslide
🪷 Earth-quake Fire, Fire and Shock damage caused by Earth-quake
🪷 Explosion
🪷 Spontaneous Combustion
🪷 Various Storms
🪷 Flood and Inundation
🪷 Burglary
🪷 War Risk

အကာအကွယ်တွေဝယ်လို့ရပါတယ်။

အသေးစိတ်သိချင်ရင်ပဲဖြစ်ဖြစ်
လူကြီးမင်းတို့အိမ် ၊ ရုံး၊ စက်ရုံ အလုပ်ရုံတွေအတွက် စိတ်အေးချမ်းသာဖို့ အာမခံအကာအကွယ်ထားချင်တယ်ဆိုရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ 😊

မီးဆိုတာ ကိုယ့်နေရာမလောင်လဲ တခြားလောင်တဲ့ဆီကနေ ကိုယ့်ဆီကူးနိုင်တယ်လေ နော် 😀

အားလုံးမီးဘေးကင်းဝေးကြပါစေ 🙏

☎️095041726

Photo Ref: Internet

Photo Credit

🔴   🔵ကျွန်တော်တို့ဆီမှာ Risk Management နဲ့ပတ်သက်ပြီး သိတဲ့သူနည်းတယ်ပြောရမလားပဲ။ သိတဲ့သူကလဲ ကျင့်သုံးသလားဆိုတော့ ကျင့်သု...
16/01/2025

🔴 🔵

ကျွန်တော်တို့ဆီမှာ Risk Management နဲ့ပတ်သက်ပြီး သိတဲ့သူနည်းတယ်ပြောရမလားပဲ။
သိတဲ့သူကလဲ ကျင့်သုံးသလားဆိုတော့ ကျင့်သုံးတဲ့သူနဲသေးတာတွေ့ရတယ်။
ကိုယ်တိုင်သော်လည်း အပြည့်အဝ မကျင့်သုံးနိုင်သေးဘူးဖြစ်နေတယ်။
ဒီမှာတော့ ကုမ္ပဏီကြီးတွေလဲ အနည်းအကျဉ်းပဲ လုပ်နိုင်ကြသေးတာတွေ့ရတယ်။
ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာက Risk Management အရေးကြီးကြောင်းသိရှိတဲ့အတွက် အသေအချာ လုပ်ကြတယ်။
အရင်ကုမ္ပဏီမှာ လုပ်စဉ်အခါက တရုတ်က အကြီးဆုံး ရထားစက်ခေါင်းတွဲထုတ်တဲ့ စက်ရုံနှစ်ရုံထဲက တစ်ရုံကို အလုပ်ကိစ္စနဲ့ရောက်ခဲ့ဘူးပြီး သူတို့နဲ့ စာချုပ်ညှိရာမှာ သူတို့ဘက်က နောက်ဆုံး Risk ဌါနကိုတင်ရတယ်။ Risk ဌါနကိုမဖြတ်ရင် ဘာမှလုပ်မရဘူး။ Management ကလဲ Risk ဌါနမဖြတ်လာရင် လက်မှတ်မထိုးပါဘူး။ ဒီမှာတော့ Risk ဌါန သီးခြားထားတဲ့ကုမ္ပဏီက ခပ်ရှားရှားပါ။ ဘဏ်တွေလောက်ပဲ အဓိကရှိမယ်ထင်ပါတယ်။
ဘဏ်တွေကတော့ အများရဲ့ Deposit တွေနဲ့ အဓိက အလုပ်လုပ်နေရတာဖြစ်တဲ့အတွက် Risk & Compliance တွေ ပိုလိုက်နာဖို့လိုပါတယ်။
ပညာရှင်တွေအနေနဲ့လဲ Risk Management နဲ့ပတ်သက်လို့ သူတို့သိသော်လည်းပဲ အများသိအောင်ရေးတာ နည်းနေသေးတာ တွေ့ရတယ်။
အခုလို Risk တွေများတဲ့ ကာလမှာ တပိုင်တနိုင်လုပ်ငန်းလေးဖြစ်ဖြစ် SME တွေဖြစ်ဖြစ် Risk Management သိပြီးစီမံထားနိုင်သူဟာ ဆရာပဲ လို့ပြောရမှာပါ။
Risk နဲ့ပတ်သက်လို့ No Risk No Return, High Risk High Return လို့ပြောကြလေ့ရှိပါတယ်။ မှန်ပါတယ် Risk မယူရင်လဲ အလုပ်လုပ်လို့မရပါဘူး။ ဒါပေမယ့် ဘလိုင်းမယူပဲ Calculated Risk ကိုသာ ချင့်ချိန်ပြီးယူသင့်ပါတယ်။
ဘာဖြစ်နေနေ Risk ယူတယ်ကွာဆိုရင်တော့ အခန့်မသင့်ရင် ဆုံးရှုံးမှုတွေ ကြီးမားတတ်ပါတယ်။
ပြန်တည်ဆောက်ရတာ အချိန် ငွေကြေး နဲ့ အခြား resource တွေ ပြန်သုံးရတာဖြစ်လို့ Risk Management ကြိုတင်လုပ်ထားခြင်းကသာ ပိုသင့်တော်တယ်လို့မြင်မိပါတယ်။
အဲ့တော့ မသိသေးသူများအတွက် Risk Management နဲ့ပတ်သက်တဲ့ Knowledge Sharing သေးသေးလေး လုပ်ချင်ပါတယ်။ ဒီမှာဖေါ်ပြမှာကတော့ Knowledge Sharing ဖြစ်သည်နှင့်အညီ အရမ်းအသေးစိတ်ကြီး မသွားပါဘူး။ တွက်ချက်မှု့ပုံစံတွေလဲထည့်မထားပါဘူး။

အရင်ဆုံး Risk ဆိုတာ ဘာလဲ သိဖို့လိုပါတယ်။ တကယ်တော့ Risk ဆိုတာ “Uncertainty လို့ခေါ်တဲ့ မသေချာမှုတခုခုကြောင့် မျှော်မှန်းထားသည်မှသွေဖီကာဖြစ်ပေါ်လာသော မလိုလားအပ်တဲ့ဖြစ်စဉ်ကြောင့် ဆုံးရှုံးနစ်နာနိုင်ချေ”
လို့ အကြမ်းဖျင်းဆိုရမှာပါ။
Risk ဟာ နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။
Financial Risk
Operation Risk
Production Risk
Market Risk
Inflation Risk
Political Risk
Property Risk
catastrophic risk
War Risk
Political Violence
စသဖြင့် Risk မျိုးစုံရှိပါတယ်။
မီးလောင်တာ ၊ ရေကြီးတာ ၊ ငလျှင် စတဲ့ သဘာဝဘေးအန္တရယ်တွေ
ငွေတန်ဖိုးတက်တာ ကျတာ၊ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွါးရေးထိခိုက်တာ၊ စစ်နှင့် စစ်အသွင် စသည်တို့ဟာလဲ Risk ပါပဲ။

နောက်တခုက Risk ကိုပြန်ခွဲရင်
🔴 Systematic Risk နဲ့
🔴 Unsystematic Risk ဆိုပြီးခွဲလို့ရတယ်။
Systematic Risk ဆိုတာက market တခုလုံး၊ ကုမ္ပဏီအားလုံး၊ ဒေသတခုလုံး၊တနိုင်ငံလုံး စသဖြင့် အများနှင့်ဆိုင်တဲ့ Risk ဖြစ်ပြီး
Unsystematic Risk ဆိုတာက Systematic Risk လို မကျယ်ပြန့်ဘူး အများနဲ့မဆိုင်ပဲ individual or organisation တခု ကုမ္ပဏီတခုနှင့်သာ သက်ဆိုင်သော Risk ဖြစ်တယ်။
Systematic Risk တွေဟာ အကာအကွယ်ပြုသော်လည်း Impact အနဲနဲ့အများ ထိခိုက်မှုရှိနိုင်ပါတယ်။

ဟုတ်ပြီ ဒါဆိုရင် Risk Management ဘယ်လိုလုပ်ကြလဲဆိုရင် အရင်ကတော့ အဆင့် ၅ ဆင့်ပြောကြပေမယ့် အခုတော့ အဆင့် ၇ ဆင့်နဲ့ လုပ်ကြတယ်။

Risk Management Process
1. Identify Risk
2. Assess Risks
3. Evaluate Risks
4. Risk Mitigation Techniques
5. Implement Controls
6. Monitor and Review
7. Communicate

🪷Identify Risk
Identify Risk ဟာ Risk Management ရဲ့ ပထမဆုံး process ဖြစ်ပြီး စီမံကိန်းတခု ဒါမှမဟုတ် ကိုယ့် Organizations အတွက်ဖြစ်လာနိုင်တဲ့ Potential Risk တွေကို ဖေါ်ထုတ်ပြီး စာရင်းပြုစုခြင်းပဲဖြစ်ပါတယ်။ သက်ဆိုင်တဲ့အချက်အလက်အားလုံးစုဆောင်းပြီး ဘယ်နေရာမှာတော့ Internal Risk ဖြစ်နိုင်တယ် ၊ External Risk ဖြစ်နိုင်တယ်၊ ဘယ်နေရာတော့ Operational Risk ဖြစ်နိုင်တယ်၊ Legal Risk ဖြစ်နိုင်တယ်၊ Financial Risk ဖြစ်နိုင်တယ်၊ Reputational Risk ဖြစ်နိုင်တယ် စသဖြင့် စာရင်းပြုစုရမှာဖြစ်ပါတယ်။

🪷 Assess Risks
နောက်တချက်က Risk Assessment ဖြစ်ပါတယ်။ ပြုစုထားတဲ့ Risk တွေ တခုချင်းစီရဲ့ Probability နဲ့ Impacts ကိုတွက်ချက်နေရာချထားခြင်းဖြစ်တယ်။
Risk တစ်ခုချင်းဆီမှာ ဖြစ်နိုင်ခြေဘယ်လောက်ရှိသလဲ ဖြစ်ခဲ့လို့ရှိရင် Impact ဘယ်လောက်ပြင်းလဲ ဘာတွေဖြစ်နိုင်လဲ စသဖြင့်တွက်ချက်ပြီး Risk Assessment Matrix မှာ နေရာချရပါတယ်။ နမူနာကို ပုံမှာ ကြည့်လို့ရပါတယ်။ Risk တခုချင်းစီဟာ Financial Impact ဘယ်လောက်ဖြစ်နိုင်လဲ Numerical Impact ဘယ်လောက်ဖြစ်နိုင်လဲပေါ်မှာ ကြည့်ရှု့ပြီး Priorityစီရပါတယ်။

🪷Risk Evaluation
Risk တခုချင်းဆီပေါ်မှာ Organization ရဲ့ Risk ခံနိုင်ရည်ရှိမှု ဒါမှမဟုတ် စံသတ်မှတ်ချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးပြီး လက်ခံနိုင်တဲ့ Risk လား ၊ လက်မခံနိုင်တဲ့ Risk လား ၊ လက်ရှိစီမံထားတဲ့ Risk အစီအမံဟာ လုံလောက်လား ပြောင်းလဲဖို့လိုလား ထပ်မံဖြည့်စွက်ဖို့လိုလား Risk Mitigation ဘယ်လိုလုပ်ဖို့လိုမလဲဆိုပြီး သုံးသပ်ခြင်းဖြစ်ပါတယ်။

🪷 Risk Mitigation Techniques
ခုနသုံးသပ်ထားတဲ့ Risk တွေတခုချင်းစီကို အောက်ဖေါ်ပြပါ နည်းလမ်းတခုခုနဲ့ စီမံရပါတယ်။
1. Avoidance : Avoidance ကတော့ Risk ဖြစ်မဲ့ လုပ်ငန်းကိုရှောင်ကျဉ်ခြင်း ဒါမှမဟုတ် လုပ်ငန်း Plan ကို ပြောင်းလဲခြင်းဖြင့် လုံးဝရှောင်ကျဉ်လိုက်တဲ့နည်းလမ်း eg: ဥပမာ ဒီလမ်းကတိုပေမယ့် အန္တရယ်ရှိတဲ့ဆိုရင် တခြားလမ်းကနေ ပစ္စည်းများပို့ခြင်း
2. Retention or Accept : Risk ကို လက်ခံနိုင်တဲ့အတိုင်းအတာ သို့မဟုတ် Risk ကိုလျော့ချရမဲ့ အကာအကွယ်လုပ်ရမဲ့ စရိတ်သည် Risk ကြောင့်ဖြစ်လာမဲ့ Impact စားရိတ်ထက်ကြီးမယ်ဆိုရင် Risk ကို လက်ခံပြီး အလုပ်လုပ်တဲ့နည်းလမ်း
3. Spreading : Risk ဖြစ်နိုင်ချေကို ခွဲထုတ်လိုက်တဲ့နည်း။ ဥပမာ ဘောလုံးအသင်းတခုလုံးကို လေယဉ်တစီးထဲပေးမစီးပဲ လေယဉ် နှစ်စီးခွဲစီးခိုင်းတာမျိုး၊ Google က သူ့ရဲ့Data Center ကို နေရာတစ်ခုထဲမထားပဲ မတူညီတဲ့ နေရာတွေမှာ ခွဲထားတာမျိုး
4. Loss Prevention and Reduction: ဒါကတော့ Risk နဲအောင် လျော့ကျအောင်စီမံထားရှိခြင်း နည်းလမ်း eg: Fire Alarm တွေတပ်ထားတာ၊ CCTV တပ်တာ၊ လုံခြုံရေးအစောင့်ထားတာ ၊ Fire Fighting System တပ်ထားတာ စသဖြင့်နည်းလမ်း
5. Transfer : Transfer နည်းလမ်းက ကိုယ့် Risk ကို တခြားသူကိုပေးလိုက်တာ ။ ဥပမာ တချို့လုပ်ငန်းကို ကိုယ်တိုင်မလုပ်ပဲ Outsourcing လုပ်တာ၊ Insurance အာမခံဝယ်ယူပြီးအကာအကွယ်လုပ်ထားတာ၊ Finance မှာဆိုရင် Forward Contract လိုမျိုးတွေ Hedge တွေလုပ်တဲ့နည်းလမ်း။ ဒီနေရာမှာ ပြောချင်တာက တခြားနည်းလမ်းတွေက Risk ကိုလျော့ချနိုင်ပေမယ့် ဖြစ်ခဲ့ရင် ငွေကြေးဆုံးရှုံနိုင်ခြေရှိတဲ့အတွက် နိုင်ငံတကာမှာတော့ အာမခံထားခြင်းဖြင့် အဓိက ကာကွယ်ကြတာတွေ့ရတယ်။ ကိုယ့်ဆုံးရှုံးနိုင်ချေနဲ့ဆို အာမခံထားတဲ့စားရိတ်က ဆင်နဲ့ ဆင်ချေးတုံးလောက်ကွာတယ်ပြောရမယ်။

🪷Implementation of Risk Control: Risk တခုချင်းစီပေါ်မှာ Risk Mitigation Plan အတိုင်း အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်းဖြစ်ပြီး ဘယ်သူက ဘယ်တာဝန်ယူ စသဖြင့် Assign ချ တာဝန်ယူဆောင်ရွက်စေခြင်းဖြစ်ပါတယ်။ Risk ကို ဘယ်လိုပုံစံ ရှောင်မယ်၊ ဘယ်လိုတွေလျော့ချမယ် ၊ ဘယ်အာမခံကိုယ်စားလှယ်နဲ့ ဘယ်အာမခံကုမ္ပဏီမှာ ဘယ်လို အာမခံ Product ဝယ်ပြီး အာမခံကုမ္ပဏီကို Risk Transfer လုပ်မယ်ဆိုတာတွေ ကိုဆက်လက်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

🪷Monitoring & Review:
Risk Management Process တခုလုံးကို သက်ဆိုင်ရာ တာဝန်ခံက စဉ်ဆက်မပြတ် စောင့်ကြည့်ပြီး အောင်မြင်စွာပြီးဆုံးသည်ထိ သေချာစေခြင်းဖြစ်ပါတယ်။ Risk Mitigation တိုးတက်မှုနဲ့ သူ့ရဲ့ effectiveness ကို သေချာစွာစောင့်ကြည့် Control လုပ်ပေးရန်လိုပါတယ်။
ပုံမှန် Review လုပ်ရန်လိုပြီး လိုအပ်ပါက Risk Mitigation Plan ကို update ပြောင်းလဲပေးရန်လိုပါတယ်။ နောက်တကြိမ်အတွက် Prevention & Correction Action တွေဆောင်ရွက်နိုင်မှာဖြစ်တယ်။

🪷 Communication & Consultation: Risk Management Process တခုလုံးမှာ Internal နဲ့ External မှ သက်ဆိုင်သူအားလုံး မှ နားလည်သဘောပေါက်ပြီး အဆင့်တိုင်းမှာ ပါဝင်နိုင်ဖို့ဖြစ်ပါတယ်။ ပါဝင်သူအားလုံးရဲ့ feedback ကိုရယူပြီး လိုအပ်တဲ့ ပြင်ဆင်မှုများနဲ့ အတူ Risk Management တခုလုံးကို သေချာစေခြင်းဖြစ်ပါတယ်။

ဒီလောက်ဆိုရင် Risk Management နဲ့ပတ်သက်ပြီး အတန်အသင့်သဘောပေါက်လောက်ကြမယ်ထင်ပါတယ်။ ဒီနေရာမှာ စာလေးမှာစိုးတဲ့အတွက် Probability & Impact တွက်ချက်ပုံတွေ နဲ့ အသေးစိတ်တွေ မထည့်ထားပါဘူး။ Risk Management ဟာ ကျယ်ပြန့်ပြီး ယခု Post တခုထဲဖြင့် Cover မဖြစ်ပါ။ စိတ်ဝင်စားသူများ စာဖတ်ခြင်း သင်တန်းတက်ခြင်းဖြင့်ဆက်လက်လေ့လာနိုင်ကြပါတယ်။
Knowledge Sharing ဖြစ်တဲ့အတွက် မသိသေးသူများ သိရှိပြီး တတ်နိုင်သလောက် အသုံးချနိုင်ကြပါစေ။
လိုအပ်ပါက ပညာရှင်ဆရာများ ဖြည့်စွက်ပေးသွားကြပါ။

အားလုံးကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ 😊

  ဆိုတာ ဘာလဲကျွန်တော်တို့ငယ်ငယ်ကတည်းက ကြားဖူးနေကျ စကားတစ်ခု Professional ဆိုတဲ့စကားငယ်ငယ်က နားလည်တာတော့ Professional ဆို...
16/01/2025

ဆိုတာ ဘာလဲ

ကျွန်တော်တို့ငယ်ငယ်ကတည်းက ကြားဖူးနေကျ စကားတစ်ခု Professional ဆိုတဲ့စကား
ငယ်ငယ်က နားလည်တာတော့ Professional ဆိုတာ ဘာသာရပ်တခုခုကိုအရမ်းကျွမ်းကျင်သူ
အဲ့ဒီကျွမ်းကျင်မှုနဲ့ သက်မွေးဝမ်းကျောင်းပြုသူ ငွေရှာသူ စသဖြင့် နားလည်ခဲ့တယ်။

နောက်ပိုင်းမှာ လေ့လာမိသလောက် Professional ဆိုတာ အနည်းဆုံး အောက်ပါ အချက် ၃ ချက်နဲ့ ပြည့်စုံမှ Professional လို့ခေါ်ဆိုတာ သိလာရတယ်။

1. Continuous Learning
ကိုယ်သက်မွေးဝမ်းကျောင်းပြုတဲ့ သက်ဆိုင်ရာ ဘာသာရပ် (သို့) နယ်ပယ် တခုခုမှာ တကယ် Qualified ဖြစ်ပြီး အတွေ့အကြုံများသူ။ အဲ့ဒီပညာရပ်အပေါ်မှာ စဉ်ဆက်မပြတ်လေ့လာနေသူ။
ဘာလို့လဲဆိုရင် ပညာရပ်တွေဟာ အမြဲ update ဖြစ်နေတယ်။ အဲ့ update တွေကိုအမြဲလေ့လာနေတဲ့သူ

2. Knowing Updated Laws, Rules & Regulation သက်ဆိုင်ရာအလုပ်နယ်ပယ်နဲ့ ပတ်သက်သော ဥပဒေများ ၊ အမိန့် များ၊ ညွှန်ကြားချက်များ ၊ လုပ်ထုံးလုပ်နည်းများကိုသိသူ၊ update ထွက်သော ဥပဒေ အမိန့် ညွှန်ကြားချက်များကို မျက်ခြေမပြတ်သူ။

3. Ethics
Ethics ကို လိုက်နာသူ ၊ ကိုယ်ကျိုးစီးပွါးအတွက် ဖြစ်စေ တခြားအကြောင်းအတွက်ဖြစ်စေ Ethicsကို မချိုးဖောက်ပဲ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိသူ

ကဲ Professional ဖြစ်ဖို့ လွယ်သလား
တချို့က Professional ယောင်ဆောင်ကြတယ်
တချို့ကျ Professional ဖြစ်အောင်ကြိုးစားတယ်
တချို့ကျ Professional တွေကို Hire လုပ်ကြတယ်

မင်းသားမဖြစ်လဲ ဒါရိုက်တာ ဖြစ်အောင်လုပ်ကြပေါ့နော်
ဘာရယ်မဟုတ်ပါဘူး မသိသေးသူတွေအတွက် Knowledge Sharing လုပ်တာပါပဲ

Picture: Credit

16/01/2025

Hello
မင်္ဂလာပါ 😊

Address

Yangon
11052

Website

Alerts

Be the first to know and let us send you an email when Soe Moe Myint Khittayar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share