08/08/2026
🌻 ✨
𝐈𝐬 𝐢𝐭 𝐚 𝐋𝐨𝐬𝐬 𝐨𝐫 𝐈𝐬 𝐢𝐭 𝐚 𝐑𝐞𝐝𝐢𝐫𝐞𝐜𝐭𝐢𝐨𝐧? 🧭 ✨
"ငါ နောက်ကျကျန်ခဲ့ပြီ" လို့ခံစားဘူးပါသလား?
👟 ခြေလှမ်းပေါင်း၉၉ လှမ်းအထိ မနည်းအားတင်းပြီး ရောက်အောင် သွားခဲ့ရတာ သာမန် ခြေလှမ်းတွေ မဟုတ်ခဲ့ဘူး။ ပါသမျှ ငွေကြေးအင်အား၊ သုံးလိုက်ရတဲ့ လူအင်အား၊ Energy စိုက်ထုတ်ထားတာ နှစ်ပေါင်းများစွာ စုဆောင်းခဲ့ရတဲ့ သွေး၊ ချွေး၊ စွမ်းအင်တွေ အကုန်လုံးကို ပုံအောပြီးမှ ၁၀၀ ပြည့်ဖို့ လက်တစ်ကမ်း အလိုမှာ ဦးတည်ရာ 𝐃𝐢𝐫𝐞𝐜𝐭𝐢𝐨𝐧 တစ်ခုလုံး ကတ်သီးကတ်သတ် ပျက်စီးပြိုကျသွားခဲ့ရတဲ့ နေရာမျိူးမှာ အားယုတ်ပင်ပန်းရတာ။
😵💫 အဲဒီအခါ မျက်စိရှေ့မှာတင် ကမ္ဘာကြီး ၃၆၀ ဒီဂရီ ပတ်ချာလည်ပြီး မူးဝေသွားတော့တာပဲ။
ခေါင်းတစ်ခုလုံး ရိုက်ခွဲခံလိုက်ရသလို မူးဝေလွန်းလို့ ဘာမှ မစဉ်းစားနိုင်တော့ဘူး။ ဘာလုပ်ရမှန်း မသိ၊ ဘယ်သွားရမှန်း မသိနဲ့ အရာရာ အာရုံနောက်ပြီး စိတ်တွေ ရှုပ်ထွေးနောက်ကျိသွားတာ။ အရှေ့ကို သွားရမယ့် လမ်းကြောင်း ပျက်ကျသွားရုံတင် မဟုတ်ဘဲ၊ အနောက်ကို ပြန်ကြည့်တော့လည်း ရှိသမျှ ရင်းထားရသမျှ အကုန် ကုန်သွားခဲ့ပြီမို့ ဘာမှ ပြန်ဆုပ်ကိုင်စရာ မကျန်တော့ဘူး။ အဲဒီမှာ "ငါ နောက်ကျကျန်ခဲ့ပြီ" ဆိုတဲ့ အကြောက်တရားက အနောက်ကနေ ဂုတ်ကို ဆောင့်ဆွဲချလိုက်သလို စိတ်ကို 🌑 အမှောင်ထုထဲ ဗုန်းခနဲ ပြုတ်ကျသွားစေတာပါ။
🤢 လူလည်း အတိုင်းအဆမရှိ ပင်ပန်းလိုက်တာ။
စိတ်ရော၊ ခန္ဓာပါ ပြိုလဲတော့မတတ် ပင်ပန်းလွန်းလို့ မျက်ရည်တောင် ထွက်မလာနိုင်တော့ဘဲ ခေါင်းထဲ မူးဝေပြီး "ဗလာနတ္ထိ" ဖြစ်သွားရတာပါ။
ဒီလို ၃၆၀ ဒီဂရီ ပတ်ချာလည် မူးနေ၊ ပင်ပန်းနေ၊ စိတ်တွေ အာရုံနောက် လွန်နေတဲ့အခါ ချက်ချင်း အထိတ်တလန့် လမ်းကြောင်းအသစ် ပြန်ရှာဖို့ မကြိုးစားပါနဲ့ဦး။ ခေါင်းမကြည်နေတုန်း၊ စိတ်ရှုပ်နေတုန်း အတင်း "ထ"လျှောက်သွားရင် ပိုပြီး လဲကျဖို့ပဲ ရှိလို့ပါ။
🤍🌿 လောလောဆယ် ဘာမျှမတတ်နိုင်မှန်း သိသိနဲ့ အဲဒီ အပျက်အစီးတွေကြားမှာတင် ခဏ ထိုင်ချလိုက်ပါ။ ယိမ်းယိုင်ပြီး ပင်ပန်းလွန်းနေရင် ခဏ လဲလျောင်းလိုက်ပါ။ ဘာမှ ချက်ချင်း ပြန်မတွေးပါနဲ့ဦး၊ ဘာ အစီအစဉ်မှ ချက်ချင်း ပြန်မဆွဲပါနဲ့ဦး။ ရင်ဘတ်ထဲက အရှိန်လွန်နေတဲ့ သက်ပြင်းတွေ၊ စိုးရိမ်စိတ်တွေရယ် ကို ဖြည်းဖြည်းချင်း ရှူထုတ်ရင်း၊ မျက်ရည်ကျခွင့်ပေးရင်း၊ အရာရာ ပြိုကျသွားတဲ့ အဲဒီ မြေပြင်ပေါ်မှာတင် ခဏ ငြိမ်ငြိမ်လေး ထိုင်နေပေးဖို့ပဲ လိုအပ်ပါတယ်။ အဲဒီလို ခဏ ရပ်တန့် ထိုင်နေပေးခြင်းဟာ ရှုံးနိမ့်တာ မဟုတ်ဘဲ စိတ်ကို ပထမဦးဆုံး ကာကွယ်ပေးလိုက်တာပါ။
ဘဝရဲ့ ပန်းချီကားကြီးကို အထက်စီးကနေ ငြိမ်ငြိမ်လေး ကြည့်လိုက်ရင် အရာရာ ပြိုကျသွားခြင်းဆိုတာ လမ်းဆုံးသွားတာ မဟုတ်ဘဲ၊ လမ်းကြောင်း ပြောင်းလဲခံလိုက်ရခြင်း (Redirection) ဖြစ်တတ်ပါတယ်။
၁၀၀ ပြည့်ဖို့ ၁လှမ်း အလိုမှာ ရိုက်ချခံလိုက်ရခြင်းရဲ့ ဟာ အမှန်တကယ် သွားရမယ့် နေရာ မဟုတ် သေးခဲ့လို့လဲဖြစ်နိုင်ပါတယ်။ ကိုယ် မမြင်နိုင်သေးတဲ့ အန္တရာယ်တစ်ခု သို့မဟုတ် မအပ်စပ်တော့တဲ့ လမ်းကြောင်းဟောင်းထဲကနေ ဘဝက ကိုယ့်ကို အတင်းအဓမ္မ ဆွဲထုတ်လိုက်ရင်း ကာကွယ်လိုက်တာမျိူးပါ။
ဒီလို ၃၆၀ ဒီဂရီ မူးဝေသွားပြီး အရာရာ သုည (Zero State) ပြန်ဖြစ်သွားတဲ့ အပျက်အစီးတွေကြားမှာ ခဏ ငြိမ်ထိုင်နေရင်းမှ ဟောင်းနွမ်းနေတဲ့ အစွဲအလမ်းတွေ၊ မလိုအပ်တော့တဲ့ အထုပ်အပိုးတွေ အကုန် ကျန်ရစ်ခဲ့တာကို မြင်လာရပါလိမ့်မယ်။ ကိုယ် ရင်းနှီးခဲ့ရတဲ့ ဆုံးရှုံးမှုတွေဟာ ခါးသီးလှပေမယ့်၊ အဲဒီ ဆုံးရှုံးမှုတွေကပဲ ကိုယ့်ကို ပိုမို နက်ရှိုင်းတဲ့ ပိုမို ခိုင်မာတဲ့ အုတ်မြစ်အသစ်ဆီကို ဦးတည်ပေးသွားမှာပါ။
🪫 🔋 ကျွန်မတို့ဟာ ဘဝမှာ တစ်ခါမဟုတ်တစ်ခါတော့ အဲဒီလို အရာရာ ပြိုကျပြီး ၃၆၀ ဒီဂရီ မူးဝေသွားတဲ့ နေရာဆီ ရောက်ဘူးကြတာချည်းပါပဲ။ အဲဒီလို ဖြစ်နေချိန်မှာ ကိုယ်တိုင် ဘာမှ မတတ်နိုင်ဘဲ မူးဝေ၊ ပင်ပန်း၊ ဓါတ်ခဲဖြုတ်ထားသလို အားကုန် နေမိတာဟာ ရှက်စရာ မဟုတ်သလို၊ ကိုယ် တစ်ယောက်တည်း ဖြစ်နေတာလည်း မဟုတ်ပါဘူး။
🫂 💗 ခဏလောက်တော့ စိတ်ရော၊ ခန္ဓာပါ ပင်ပန်းတာကို နားခွင့် ပေးလိုက်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ကြင်နာခြင်းနဲ့ ထွေးပွေ့လိုက်ပါနော်။ ဒီ ခက်ထန်မှူတွေ၊ ပင်ပန်းမှုတွေ ကိုလက်ခံကြည်ဖြူရင်း ကျွန်မတို့အားလုံးဟာ ပိုပြီး ခိုင်မာတဲ့ မြေပြင်ပေါ်မှာ Direction အသစ်တစ်ခုနဲ့ ခြေလှမ်းတွေကို ပြန်စနိုင်ကြမှာပါ။ ကျေးဇူးပါရှင်။ 🌿🤍✨
Rohma (Wounds to Wisdom) 🌻 ✨ 🙏
7th August, 26