27/08/2026
ကျွန်မတို့ ZinMay's Home Shop ရဲ့ Quotation & Proposal ကို အလေးထား စိတ်ဝင်စားစွာဖြင့် တောင်းခံပေးခဲ့တဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်။
ကျွန်မတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုနှင့် ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာဖြင့် အလုပ်အပ်နှံဖို့အတွက် စဉ်းစားပေးထားသည့်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လက်ရှိမှာ အတူတကွ မလုပ်ဆောင်ဖြစ်သေးသော်လည်း Proposal တင်ပြခွင့် ရရှိခဲ့ခြင်းကပင် ကျွန်မတို့ရဲ့ ZinMay's Home Shop အတွက် အဖိုးတန်တဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။
ဒီနှစ်သစ်မှာ လူကြီးမင်းတို့ လုပ်ငန်းရဲ့ စိန်ခေါ်မှုမှန်သမျှကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပြီး သာလွန်ကောင်းမွန်တဲ့ အောင်မြင်မှု သီးပွင့်များ ရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ အနာဂတ်မှာလည်း အတူတကွ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင့်။"
゚viralシfypシ゚viralシalシfollowerfypシviral