15/10/2025
“ရီးရဲလ်မက်ဒရစ်နဲ့ ကျနော် စာချုပ်ချုပ်ခဲ့တာက ထူးဆန်းပါတယ်။ ကျနော့်အေးဂျင့်က ကျနော့်ဆီကို လာပြီး မင်း ရီးရဲလ်အတွက် ကစားချင်လားမေးတော့ ကျနော်လည်း ကစားချင်တာပေါ့လို ပြန်ပြောခဲ့ပါတယ်”
“ပြီးတော့ သူက ကျနော့်ကို ရည်းစားရှိလား၊ အိမ်ထောင်ရှိလား၊ ကလေးရှိလား၊ ဒါတွေမေးတော့ ကျနော်လည်း မရှိဘူးပဲ ပြောခဲ့တာ။ ကျနော်က သူ့ကို မင်းဘာလို ငါ့ကို ဒါတွေ လာမေးနေတာလဲဆိုတော့ သူက ငါတို ပြီးမှ စကားပြောမယ်ဆိုပြီး လစ်သွားရော”
“နောက်ထပ်ရက်အနည်းငယ်ကြာတော့ သူက ကျနော့်ကို ရီယိုဒီဂျနေးရိုးကနေ ခေါ်ထုတ်သွားပါတယ်။ ဘာမှကို မပြောဘဲ မက်ဒရစ်ကို သွားမယ့် လေယာဉ်ပေါ်တင်ပေးလိုက်တာ။ သူပြောခဲ့တာဆိုလို ငါတိုအသင်းရဲ့ အသုံးအဆောင်ပစ္စည်းတွေကို သွားကြည့်မယ်ဆိုတာပဲ ရှိတယ်”
“ကျနော်လည်း မက်ဒရစ်ကို ရောက်ရော၊ အသင်းဥက္ကဌလည်း စောင့်နေပြီ၊ စားပွဲပေါ်မှာလည်း စာချုပ်က ရောက်နေပြီ၊ နေရာတိုင်းမှာလည်း သတင်းထောက်တွေနဲ့”
“ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျနော် နားမလည်ခဲ့ပါဘူး။ ကျနော် အဲ့ဒီမှာပဲ စာချုပ်ချုပ်ပြီး ရီးရဲလ်မက်ဒရစ် ကစားသမားဖြစ်သွားခဲ့တာပါ”
-မာဆယ်လို