19/08/2026
Content Calendar ဆိုတာ ဘာလဲ?
Content Calendar ကိုContent Writer တွေတွက်ဘဲအသုံးဝင်တာမဟုက်ပါဘူး၊ Content Marketing နယ်ပယ်ထဲကသူတွေတွက်လည်း အသုံးပြုလို့ရပြီ အကျိုးရှိတဲ့တွက် Calendarတစ်ခုတော့ဖန်တီးထားပါလို့ Sharingလုပ်ပြီအသိပေးပါရစေ။
Content ဖန်တီး ရတဲ့သူတိုင်း ကြုံဖူးကြမှာပါ၊ တစ်ချို့နေ့တွေဆိုရင် Idea တွေက ထွက်လာလိုက်တာတသီတတန်းကြီးပဲ။ တစ်ချို့ရက်ကျတော့ ထိုင်ကြည့် ရင်း ဘာတင်ရမှန်းမသိဘဲ စဉ်းစားမရဖြစ်တာနဲ့တင် အချိန်တွေကုန်သွားရော။ တစ်ပတ်လောက် အားလို့ဆိုပြီး Content တွေပုံစံအမျိုးမျိုးနဲ့ အများကြီးတင်မိတယ်။ နောက် တစ်ပတ်လောက်ကျတော့ ပင်ပန်းသွားတာနဲ့ ဘာမှကို မတင်ဖြစ်တော့ဘူး။
ဒီပြဿနာကို ဖြေရှင်းပေးမယ့် တစ်ခုတည်းသော နည်းလမ်ကတော့Content Calendar ပါပဲ။လွယ်လွယ်ပြောရရင် Calendar ဆိုတာက “ဘယ်နေ့မှာ, ဘယ် Platform မှာ, ဘာ Content တင်မလဲ” ဆိုတာကို ကြိုတင်စီစဉ်ထားတဲ့ကိုယ်ပိုင်အချိန်ဇယားပါပဲလို့အလွယ်မှတ်ထားပါ။ Date တွေချည်းထည့်ထားတဲ့စာရင်းဇယားသက်သက်တော့ မဟုတ်ဘူးပေါ့။အထူးဆန်းမြင်နေမှာစိုးလို့ပါ။
Beginner တွေအတွက် Content Calendar ဘာကြောင့် လိုအပ်ပြီး ဘာကြောင့် အရေးကြီးတာလဲဆိုရင် ခုမှစ လုပ်မယ့်Creator တွေနဲ့ Content Writerတွေအတွက်Content Calendar တစ်ခုရှိနေတာက ဘာတွက်အသူံးဝင်လဲဆိုတော့ ဦးနှောက်ကို အလုပ် ပေးလုပ်ရတာသက်သာစေတယ်၊ဒီနေ့ ဘာတင်ရမလဲ ဆိုပြီး နေ့တိုင်း ခေါင်းစားနေရတဲ့ ဒုက္ခကနေ သက်သာသွားမယ်။ ကြိုစဉ်းစားထားပြီးသားဖြစ်လို့ စိတ်အေးလက်အေးနဲ့ Ideaအပြည့်ဝထုတ်နိုင်ပြီး Contentဖန်တီးနိုင်တယ်။Consistency (ပုံမှန်တင်နိုင်ခြင်း) ရှိပြီပုံမှန်လုပ်သွားနိုင်အောင်လွယ်ကူစေနိုင်တယ်၊ တစ်ပတ်ကို၃ ပုဒ်ပဲဖြစ်ဖြစ်၊ ပုံမှန်အချိန်မှန်တင်နိုင်မှ Audience တွေက ကိုယ့်ကို ယုံကြည်လာပြီး အမြင်စိမ်းမနေတော့ဘဲမှတ်မိလာနိုင်တယ် ။ Calendarတစ်ခုကအလုပ်တစ်ဝက်လောက်ကိုလွယ်လွယ်ကူကူပြီးစေနိုင်တဲ့ထိကို စွမ်းတယ်။
Direction (လမ်းကြောင်း)ဘာလုပ်လို့လုပ်ရမလဲဆိုပြီးဖြစ်မနေတော့ဘဲ ကိုယ်သွားချင်တဲ့လမ်းကြောင်းကိုလည်း မပျောက်တော့ဘူး၊ ဘာရည်ရွယ်ချက်နဲ့ ရေးနေလဲဆိုတာကိုလည်း မျက်ခြေမပြတ်စေဘဲ Goal ဆီကိုတန်းတန်းမတ်မတ် သွားနိုင်တယ်။ဟုက်ပြီး။ဒါဆိုရင်Calendarတစ်ခုကိုဘယ်ကနေစပြီးလုပ်ရမလဲမေးရင်
ခက်ခက်ခဲခဲကြီးတွေ လုပ်စရာမလိုပါဘူး။ ဒီ အဆင့် (၅) ဆင့်နဲ့ စလို့ရပါတယ်—ပထမဆုံးCalendarတစ်ခုမလုပ်ခင်
Goal ကို သတ်မှတ်ပါ၊ ဒီ Content တွေကို ဘာအတွက် တင်နေတာလဲဆိုတာကိုယ်တိုင်သိရမယ်၊ Awareness လား၊ Engagement လား၊ ရောင်းအားတက်ချင်တာလား စသဖြင့် သေချာသိဖို့အရေးကြီး ပါတယ်။
Topic တွေ အုပ်စုခွဲပါ (Content Pillars) ကိုယ်ရေးမယ့်အကြောင်းအရာတွေကို အဓိက ခေါင်းစဉ်ကြီး (၃-၄) ခုလောက် ခွဲထားပါ။ ဒါဆိုရင် နေ့တိုင်း အစကနေ စဉ်းစားနေစရာ မလိုတော့ဘူး။
Format နဲ့ Platform ရွေးပါ Facebook မှာ တင်မှာလား၊ TikTok မှာလား။ စာနဲ့တင်မလား၊ ပုံနဲ့လား၊ ဗီဒီယိုနဲ့လားဆိုတာ ကြိုတင်စဉ်းစားထားပါ။ရိုးရိုးရှင်းရှင်းနဲ့ စလုပ်ပါ၊ Notionလိုမျိုး အကြီးစားToolတွေနဲ့ ရှုပ်ရှုပ်ထွေးထွေးအရင်လုပ်ဖို့မလိုသေးပါဘူး၊ပထမဦးဆုံးအနေနဲ့၊Google Sheets လေး တစ်ခုဖွင့်ပြီး Date, Platform, Topic, Status လောက်နဲ့ တစ်ပတ်စာ စရေးကြည့်ပါ။ပုံမှန်လုပ်ပေးသွားဖို့တော့လိုပါ တယ်၊ များများလုပ်ဖို့ထက် ကိုယ်ချထားတဲ့ Schedule အတိုင်း ဆက်တိုက်လုပ်နိုင်ဖို့က ပိုအရေးကြီးပါတယ်။စစချင်းမှာ Google Sheets လေးနဲ့ တစ်ပတ်စာလေး စရေးကြည့်လိုက်ပါ။ ခက်ခက်ခဲခဲကြီး မဟုတ်ဘဲ ကိုယ့်အတွက်အဆင်ပြေမယ့် ပုံစံမျိုးနဲ့ဘဲလွယ်လွယ်ကူကူ နဲ့ စတင်လိုက်ပါ။