Treasure Publishing HOUSE

Treasure Publishing HOUSE ဆေးပညာစာအုပ်ကောင်းများနှင့် အခြားစာပေများအား အစဉ်တစိုက် ထုတ်ဝေလျက်ရှိပါကြောင်း

ကျန်းမာခြင်းဆိုတာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များအားလုံး ပြည့်စုံကောင်းမွန်နေသော အခြေ...
15/02/2026

ကျန်းမာခြင်းဆိုတာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များအားလုံး ပြည့်စုံကောင်းမွန်နေသော အခြေအနေကို ရည်ညွှန်းလိုခြင်းပါပဲ။ဒီတော့ ပြီးပြည့်စုံတဲ့ကျန်းမာရေးကိုဖန်တီးဖို့အဆင်သင့်ဖြစ်ပြီလား . . . . .

စာအုပ်မှာယူလိုပါက 09 550 6198 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်။


#ဆရာဝန်မရှိတဲ့နေရာ
#ဒေါက်တာမိုးဇော်အောင်

ဒီစာအုပ်လေးက သင်္ဘောသားအသိုင်းအဝိုင်းမှရယ် မဟုတ်ပါဘူး၊ ရသနဲ့ သုတ၊ ရယ်မောစရာ၊ Drama ဆန်ဆန်ဇာတ်လမ်း ကြိုက်သူတွေအတွက်လည်း တ...
15/02/2026

ဒီစာအုပ်လေးက သင်္ဘောသားအသိုင်းအဝိုင်းမှရယ် မဟုတ်ပါဘူး၊ ရသနဲ့ သုတ၊ ရယ်မောစရာ၊ Drama ဆန်ဆန်ဇာတ်လမ်း ကြိုက်သူတွေအတွက်လည်း တကယ်ကို ဖတ်လို့ကောင်းမယ့်စာအုပ်ကောင်းတစ်အုပ်လို့ ညွှန်းပါရစေ..
"ကျွန်တော်တို့ သင်္ဘောသားတွေဘဝက ရန်ကုန်လေဆိပ်ကနေ လေယာဉ်ပေါ် စတက်ကတည်းက အိမ်ရှိလူစာရင်းကနေ ပျောက်ကွယ်သွားနိုင်သူတွေ... အိမ်ထောင်စုစာရင်းမှာ ပျောက်ကွယ်ပြီး သင်္ဘောလူစာရင်းမှာ အမည်ပေါ်လာသူတွေပါပဲ..."
အဝေးကကြည့်ရင် ငွေကြေးချမ်းသာပြီး စမတ်ကျလှတဲ့ သင်္ဘောသားဘဝ... ဒါပေမဲ့ အနီးကပ်ကြည့်ရင်တော့ မိသားစုရဲ့ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ အခိုက်အတန့်တိုင်းမှာ အတူမရှိနိုင်ဘဲ အခန်းငယ်လေးထဲမှာ အိမ်ပြန်ရမယ့်ရက်ကို လက်ချိုးရေတွက်နေရတဲ့ လူသားတွေသာ ဖြစ်ပါတယ်။
စာရေးသူ လေပြည် (The Mariner) က သင်္ဘောသားတစ်ယောက်ရဲ့ ရင်တွင်းခံစားချက်တွေကို အနုပညာဆန်ဆန် ပေါင်းစပ်ပုံဖော်ထားပါတယ်။
ဒီစာအုပ်ဟာ သင်္ဘောသားတွေအတွက်တော့ မိမိတို့ဘဝကို ကိုယ်စားပြုတဲ့ မှတ်တမ်းတစ်ခုဖြစ်သလို၊ သင်္ဘောသားမိသားစုဝင်တွေအတွက်တော့ မိမိတို့ချစ်ရသူရဲ့ ရင်တွင်းစကားသံတွေကို နားလည်စေမယ့် တံတားတစ်စင်း ဖြစ်ပါလိမ့်မယ်။
⚓ ဘယ်သူတွေ ဖတ်သင့်သလဲ?
ပင်လယ်ပြင်ကို ချစ်မြတ်နိုးသူတွေ။
သင်္ဘောသားဘဝကို စိတ်ဝင်စားတဲ့ လူငယ်တွေ။
မိသားစုနဲ့ ဝေးကွာနေရတဲ့ သင်္ဘောသား မိသားစုဝင်တွေ။
ဘဝရဲ့ အချိုအခါး လောကဓံကို ခွန်အားယူချင်သူတွေ။
📘 စာအုပ်အမည် - ဘဝချိုခါးသင်္ဘောသား
📘 စာရေးသူ: လေပြည် (The Mariner)
📘 စာမျက်နှာ: ၂၅၀ မျက်နှာ
📘 တန်ဖိုး: ၁၅,၀၀၀ ကျပ်
🛒 မှာယူလိုပါက 09456900060 ကို ဆက်ပြီး မှာလို့ရသလို Page Messenger ကနေလည်း မှာယူနိုင်ပါတယ်ရှင်။

#ဘ၀ချိုခါးသင်္ဘောသား
#လေပြည်

"မိခင်တစ်ဦးက သူမရဲ့ကလေးငိုသံကို အမြဲပဲ ကြားနေနိုင်တယ်တဲ့..." ✨ဘော့စဖိုရဲ့ လှပတဲ့ နောက်ခံရှုခင်းတွေနဲ့အတူ မိခင်တစ်ဦးရဲ့ န...
20/01/2026

"မိခင်တစ်ဦးက သူမရဲ့ကလေးငိုသံကို အမြဲပဲ ကြားနေနိုင်တယ်တဲ့..." ✨

ဘော့စဖိုရဲ့ လှပတဲ့ နောက်ခံရှုခင်းတွေနဲ့အတူ မိခင်တစ်ဦးရဲ့ နက်ရှိုင်းလှတဲ့ သံယောဇဉ်အကြောင်းကို ရေးဖွဲ့ထားတဲ့ "ဘော့စဖိုရက် ကလေးငယ်" (L'enfant du Bosphore) စာအုပ်လေး အခုပဲ ထွက်ရှိလို့ လာပါပြီ။

ပြင်သစ်စာပေဆုရ စာရေးဆရာမ Caroline Bongrand ရေးသားပြီး ဆရာမ နီနီဦး (ပါရီ-ဆိုဘွန်းတက္ကသိုလ်) က မြန်မာဘာသာသို့ အနုပညာမြောက်စွာ ပြန်ဆိုထားတာ ဖြစ်ပါတယ်။ ရင်ဘတ်ချင်း နီးစပ်စေမယ့် နိုင်ငံတကာရသစာပေကောင်း တစ်အုပ်မို့ စာချစ်သူတို့လက်မလွှတ်လိုက်လိုက်ပါနဲ့လို့...

မိခင်မေတ္တာရဲ့ အနက်အဓိပ္ပာယ်ကို တစ်မျိုးတစ်ဖုံ ခံစားရမယ့်အပြင် နိုင်ငံတကာ စာပေဆုရ ဝတ္ထုကောင်းတစ်ပုဒ်ရဲ့ အငွေ့အသက်ကို အပြည့်အဝ ရရှိစေမှာပါ။

စာအုပ်ကောင်းတွေကို မြတ်နိုးသူတိုင်း လက်မလွှတ်သင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်လို့ အမြန်ဆုံး မှာယူထားဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ 🛒📚

✍️ စာရေးသူ = နီနီဦး (ပါရီ-ဆိုဘွန်းတက္ကသိုလ်)
✍️ စာအုပ်အမည် = ဘော့စဖိုက ကလေးငယ်
✍️ စာမျက်နှာအရေအတွက် = ၆၁၀ မျက်နှာ
✍️ စာအုပ်တန်ဖိုး = ၂၂,၀၀၀ ကျပ်

အိမ်ရောက်ငွေချေမှာယူလိုပါက Royal Express, Ninja Van Deliver, Wepozt Delivery ရောက်တဲ့နေရာတိုင်း အိမ်ရောက်ငွေချေယူလို့ရပါတယ်ရှင်။
City Mart တွေမှာလည်း ဝယ်ယူရရှိနိုင်ပြီဖြစ်လို့ ကိုယ်ရောက်တဲ့ City Mart မှာ မတွေ့ခဲ့ရင်တောင် စာအုပ်အဖုံးလေးပြပြီး အော်ဒါတင်ခဲ့လို့ ရပါတယ်နော်။

'Enfant_du_Bosphore_Robert_Laffont_2004
#ဘာသာပြန်စာအုပ် #ဘာသာပြန်၀တ္ထု
#ဘော့စဖိုကကလေးငယ်

ကျန်းမာရေးဟာ လူတိုင်းအတွက် အရေးကြီးဆုံးအရာဖြစ်ပေမဲ့ တစ်ခါတလေမှာ ကိုယ့်ခန္ဓာကိုယ်အကြောင်းကို သေချာနားမလည်ဘဲ မှားယွင်းတဲ့ ...
09/01/2026

ကျန်းမာရေးဟာ လူတိုင်းအတွက် အရေးကြီးဆုံးအရာဖြစ်ပေမဲ့ တစ်ခါတလေမှာ ကိုယ့်ခန္ဓာကိုယ်အကြောင်းကို သေချာနားမလည်ဘဲ မှားယွင်းတဲ့ ဆေးဝါးသုံးစွဲမှုတွေ၊ အယူအဆအမှားတွေနဲ့ ဖြတ်သန်းနေတတ်ကြပါတယ်။

ဆေးဆိုင်တွေမှာ ဆရာဝန်ဆေးစာနဲ့မှ ဝယ်လို့ရသောက်ရတဲ့ ဆေးတွေရှိသလို ဆရာတွေက ဆေးညွှန်းပေးရုံနဲ့ ဝယ်လို့ရတဲ့ ဆေးတွေ ရှိတယ်။ အဲဒီဆေးတွေကို ကိုယ်က သိထားဖို့ကလည်း အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ ပိုးသတ်ဆေးလို ပဋိဇီ၀ဆေးတွေမှာတောင် ဝမ်းပျက်ရင် ဘယ်ပိုးသတ်ဆေး၊ အာသီးရောင်ရင် ဘယ်ပိုးသတ်ဆေး၊ နာတာရှည်ရောဂါဆို ဘယ်ပိုးသတ်ဆေး ... စုံစိနေအောင် များပြားလှသေးတော့ တကယ်မကိုက်ညီတဲ့ဆေးကိုများ ဝယ်သောက်မိရင်... ဘယ်လောက်အန္တရာယ်များလိုက်မလဲ။

ဒီ ဆရာဝန်မရှိတဲ့နေရာ ဆိုတဲ့ စာအုပ်လေးဟာ ခက်ခဲတဲ့ ဆေးပညာဝေါဟာရတွေအစား လူတိုင်းနားလည်နိုင်တဲ့ အသုံးအနှုန်းတွေနဲ့ ရေးသားထားတာဖြစ်လို့ "ကိုယ့်ကျန်းမာရေးအတွက် ကိုယ်တိုင် ဂရုစိုက်နိုင်စေမယ့်" စာအုပ်ပဲ ဖြစ်ပါတယ်။ နေထိုင်မကောင်းဖြစ်မှ ဖတ်ရမှာမဟုတ်ဘဲ မနာမကျန်းမဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ဖို့အတွက်ပါ လမ်းပြပေးမယ့် မိတ်ဆွေကောင်းတစ်ဦး ဖြစ်ပါတယ်။

အထူးသဖြင့် ဆေးရုံ၊ ဆေးခန်းနဲ့ အလှမ်းဝေးတဲ့ဒေသတွေမှာနေထိုင်သူတွေ ဒါမှမဟုတ် အခြေခံကျန်းမာရေးဗဟုသုတကို ကိုယ်တိုင်သိရှိထားချင်သူတွေအတွက် အားကိုးထိုက်တဲ့ စာအုပ်ကောင်းတစ်အုပ်မို့ လူတိုင်းလူတိုင်းဖတ်ရှုနိုင်ဖို့ ညွှန်းပေးပါရစေနော်။

ဆရာဝန်မရှိတဲ့နေရာဆိုတဲ့ ဒီစာအုပ်လေးထဲမှာ

📒တကယ်ကျန်းမာရဲ့လား
📒ဆေးတွေအားလုံး အလွယ်တကူဝယ်ပြီး သောက်လို့ရလား
📒အလားတူဆေး
📒စတီးရွိုက်ဆေးအကြောင်း
📒ချောင်းဆိုးပျောက်ဆေးများ
📒အကိုက်အခဲပျောက်ဆေးများ
📒ကားမူးတတ်သူများ
📒ပွေးလား၊ ဝဲလား၊ ညှင်းလား
📒သွေးတိုးရောဂါ
📒ဆီးချို၊ သွေးချို
📒 အားဆေးသောက်ရင် ဝလာမှာလား
📒ပန်းကလေးနွမ်းနေလား
📒အမျိုးသားတွေရော သွေးဆုံးတတ်သလား
📒ကင်ဆာအကြောင်း
📒ဝတာ အပြစ်လား
📒အရေပြားရှိသူတိုင်းနှင့် သက်ဆိုင်သော
📒ဖြည်စွက်စာသောက်ဖို့ လိုအပ်သလား
📒အိပ်၍မပျော်သောညများ

စတဲ့ အကြောင်းအရာများ အပါအဝင် စုစုပေါင်း ၃၆ပုဒ် တိတိ ပါဝင်တဲ့ “ဆရာဝန်မရှိတဲ့နေရာ” _ “သိထားသင့်တဲ့ အခြေခံကျန်းမာရေး ဗဟုသုတနှင့် အထွေထွေဆေးဝါးများအကြောင်း” တွေကို ဒေါက်တာမိုးဇော်အောင်က အသေးစိတ် သေချာလေး ရေးပေးထားပါတယ်။

မျက်နှာဖုံးပန်းချီ - ဘစိုင်းဝဏ္ဏ (Watercolor on paper)
မျက်နှာဖုံးဒီဇိုင်း- HAA
အတွင်းစာမျက်နှာ ဖွဲ့စည်းမှု - HAA
စာမျက်နှာ - ၂၆၁
စာအုပ်ဆိုဒ်- ၆”x ၈.၇”
စက္ကူ- Wood Free 70g
တန်ဖိုး- ၁၈၀၀၀ကျပ်

၂၀၂၆ ဇန်နဝါရီလကုန်လောက်မှာ စပြီး ထွက်မှာဆိုပေမဲ့ ခုကတည်းကနေ အော်ဒါတင်ထားလို့ ရပါပြီရှင်။
#ရတနာသိုက်စာပေတိုက်
#ဆရာဝန်မရှိတဲ့နေရာ
#သိထားသင့်တဲ့ကျန်းမာရေး
#အခြေခံကျန်းမာရေးဗဟုသုတ
#အထွေထွေဆေးဝါးများ
#ဒေါက်တာမိုးဇော်အောင်
#ဘုန်းသက္က

Alberto Benveniste စာပေဆုရ ကာရိုလင်းဘွန်းဂရွန်းရဲ့ "ဘော့စဖိုက ကလေးငယ်" စာအုပ်ကို နီနီဦး (ပါရီ-ဆိုဘွန်းတက္ကသိုလ်)က ဘာသာပြ...
09/01/2026

Alberto Benveniste စာပေဆုရ ကာရိုလင်းဘွန်းဂရွန်းရဲ့ "ဘော့စဖိုက ကလေးငယ်" စာအုပ်ကို နီနီဦး (ပါရီ-ဆိုဘွန်းတက္ကသိုလ်)က ဘာသာပြန်ထားတဲ့ စာအုပ်...
----

ဒီစာအုပ်ထဲမှာ ကြောက်စရာကောင်းတဲ့စိတ်ထားတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ အတ္တတွေကို မြင်ရမယ့်အပြင်

မိခင်တစ်ယောက်ရဲ့ မေတ္တာကိုလည်း လုံး၀ကွက်ကွက်ကွင်းကွင်းမြင်ရအောင်ကို ပုံဖော်ရေးသားနိုင်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါ။

ဘာသာပြန်စာအုပ်ကောင်းတစ်အုပ်ကို ဖတ်ဖို့ ရှာနေတယ်ဆိုရင်တော့...
ဒီစာအုပ်က လုံး၀ကို ရွေးချယ်သင့်တဲ့စာအုပ်လေးလို့ ပြောပါရစေ...

စာအုပ်စဖတ်မယ်လို့ ရည်ရွယ်ရင် ပိတ်ရက် သို့မဟုတ် နေ့လယ်နေ့ခင်း အချိန်လေးမှာ စပြီး ဖတ်ဖို့ အကြံပေးပါရစေ... ဘာကြောင့်လဲဆိုတော့ လက်ကနေစကိုင်ပြီးတာနဲ့ ချချင်မှာမဟုတ်တော့လို့ပါပဲ။

Alberto Benveniste စာပေဆုကို ဘာကြောင့် ထိုက်ထိုက်တန်တန်ရထားလဲဆိုတာ စာအုပ်လေးကို ဖတ်ကြည့်ပါလို့...

Preorder မှာယူသူတိုင်းကို Deli Free နဲ့ ပို့ပေးမှာ ဖြစ်ပါတယ်ရှင်။

စာအုပ်လေးက ဇန်နဝါရီလ ပထမပတ်မှာ ထွက်မှာ ဖြစ်ပါတယ်။

✍️ စာရေးသူ = နီနီဦး (ပါရီ-ဆိုဘွန်းတက္ကသိုလ်)
✍️ စာအုပ်အမည် = ဘော့စဖိုက ကလေးငယ်
✍️ စာမျက်နှာအရေအတွက် = ၆၁၀ မျက်နှာ
✍️ စာအုပ်တန်ဖိုး = ၂၂,၀၀၀ ကျပ်

စာအုပ်ထွက်တာနဲ့ အိမ်ရောက်ပို့တဲ့ Delivery Service တွေနဲ့ ချိတ်ဆက်ပြီး ပို့ပေးမှာဖြစ်တာမို့ Page Messenger မှာ နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံကို ပို့ထားပေးနော်။

'Enfant_du_Bosphore_Robert_Laffont_2004
#ဘာသာပြန်စာအုပ် #ဘာသာပြန်၀တ္ထု

💪ဖတ်ကို ဖတ်သင့်တဲ့ ရှိကို ရှိထားရမယ့် စာအုပ်လေးတစ်အုပ် ကို ဖြန်ချိလိုက်ပါပြီ။💪နေ့ စဉ်  ကျန်ကျန်းမာမာနဲ့ လန်းဆန်းတက်ကြွနေ...
09/12/2025

💪ဖတ်ကို ဖတ်သင့်တဲ့ ရှိကို ရှိထားရမယ့် စာအုပ်လေးတစ်အုပ် ကို ဖြန်ချိလိုက်ပါပြီ။

💪နေ့ စဉ် ကျန်ကျန်းမာမာနဲ့ လန်းဆန်းတက်ကြွနေစေဖို့ဆိုတာ သိုင်းရွိုက်ဟော်မုန်း မျှတနေမှဖြစ်မှာပါ။ဒါမှလည်းကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအားလုံးက Energy ကောင်းစွာရရှိပြီး ပုံမှန်
လုပ်ငန်းတွေကို ဆောင်ရွက်နိုင်မှာပါရှင်။

🤭လူက လေးလံထိုင်မှိုင်းတာ၊
🫢အချိန်တိုင်းအိပ်ချင်နေတာ၊သူများပူချိန် ကိုယ်က ချမ်းနေတာ၊အသားအရေတွေကြမ်းလာတာ အိပ်မပျော်ချင်ဘူး၊ ဂနာမငြိမ် ဖြစ်မယ်၊ စိတ်တိုနေမယ် ဝမ်းတွေချုပ်လွန်းနေမယ်
စတာတွေကလည်း သိုင်းရွိုက်ဟော်မုန်း အနည်းအများ အပြောင်းအလဲကြောင့်ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေထဲ ပါနေပါပြီ။ သတိထားဖို့လိုပါတယ်။

ဒါဆို
😊အမြဲလန်းဆန်းပြီး အားအင်ပြည့်ဝနေစေဖို့ နဲ့ သိုင်းရွိုက်ဂလင်း ကျန်းမာနေစေဖို့ ဘာတွေလိုအပ်နေပြီလဲ❓
သိုင်းရွိုက် ဝေဒနာ ခံစားနေရပြီဆို ဘာလို ကျန်းမာရေးစောင့်ရှောက်မှာတွေ လိုပြီလဲ ❓
ဆိုတာတွေကို ရှင်းရှင်းလင်းလင်း ဖေါ်ပြပေးထားပါတယ်။

ချစ်သောမိတ်ဆွေတို့
လိုအပ်ရင် ဆက်သွယ်လိုက်ပါရှင့်🍀🍀🍀🍀

💥"ရဲဝံ့ ကြင်နာ  စောင့်ရှောက်ပါ" 💥ပါမောက္ခ ဦးဉာဏ်ဝင်းကျော်(အတိုင်ပင်ခံ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး)တဲ့ #ဒီစာအုပ်လေးက ...
12/10/2025

💥"ရဲဝံ့ ကြင်နာ စောင့်ရှောက်ပါ" 💥

ပါမောက္ခ ဦးဉာဏ်ဝင်းကျော်
(အတိုင်ပင်ခံ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး)တဲ့

#ဒီစာအုပ်လေးက သင့်နဲ့သင့်မိသားစုအားလုံးအတွက် ကြီးစွာသော အထောက်အပံ့ကောင်းပါပဲ။

💚စိတ်ကျန်းမာရေးပြဿနာ ဝေဒနာခံစားနေကြရသူများ ကို ပြစ်ပယ်ထားခြင်း၊ နှိမ်ချဆက်ဆံခြင်းများ မပြုကြဘဲ ရဲရဲဝံ့ဝံ့ကြင်ကြင်နာနာ နှင့် ဝိုင်းဝန်း စောင့်ရှောက် ပေးကြစေချင်ပါယ်။

💚စိတ်ကျန်းမာမှူ ဂရုပြု၊ ရဲဝံ့ကြင်နာ စောင့်ရှောက်ပါ။



 #ဒုတိယအကြိမ်ထပ်မံ ဖြန့်ချိလိုက်ပါပြီ🍀🍀🍀🍀 #ရောဂါအားလုံးရဲအစဟာအစာအိမ်အူလမ်းကြောင်းမကျန်းမာခြင်း ကစပါတယ်။ #ကိုယ်ခံအားစနစ်က...
26/09/2025

#ဒုတိယအကြိမ်ထပ်မံ ဖြန့်ချိလိုက်ပါပြီ🍀🍀🍀🍀

#ရောဂါအားလုံးရဲအစဟာအစာအိမ်အူလမ်းကြောင်းမကျန်းမာခြင်း ကစပါတယ်။

#ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး ကျန်းမာပျော်ရွှင်နေစေဖို့အတွက် အဓိက သိသင့်သိထိုက်တဲ့ ကျန်းမာရေး အခြေခံဆိုင်ရာ ဗဟုသုတများ၊နောက်ဆုံးပေါ် သုတေသန တွေ့ရှိချက်များဖြင့် အူလမ်းကြောင်းဆိုင်ပြဿနာတွေကို ထိထိမိမိ ရှင်းရှင်းလင်းလင်း ဆွေးနွေးတင်ပြ ထားတဲ့ #စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

"အထွေထွေရောဂါကု နဲ့ အာဟာရအထူးပြုဆရာဝန် ဒေါက်တာရဲပြည့်ဟိန်း"

"အစာအိမ်၊အူလမ်းကြောင်းပြဿနာဆွေးနွေးအဖြေရှာ"

✅စာအုပ်တန်ဖိုး - 𝟐𝟐𝟎𝟎𝟎 ကျပ်
✅စာမျက်နှာ -𝟑𝟏𝟔
✅စာအုပ်ဆိုဒ် - 𝟓.𝟔𝐱 𝟖.𝟒 𝐢𝐧𝐜𝐡𝐞𝐬 (Hardcover)

👉 မှာယူလိုပါက Messenger Chat Box သို့မဟုတ် ဖုန်းနံပါတ် 095506198 ကိုလည်း တိုက်ရိုက် ဆက်သွယ်မှာယူနိုင်ပါတယ်။

👉ရန်ကုန် မြို့တွင်းအတွက်ကို အိမ်အရောက် ပို့ဝန်ဆောင်မှု စနစ်နဲ့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
👉နယ်မှ မှာယူသူများအတွက် Royal express ချောပို့ဖြစ်စေ၊ ကားဂိတ်ကနေ ဖြစ်စေ ပို့ပေးမှာဖြစ်ပါတယ်။
👉နယ်အမှာများအတွက် စာအုပ်တန်ဖိုး ပို့ခကို ငွေကြိုလွှဲပေးရမှာဖြစ်ပါတယ်နော် ။ငွေလွှဲဝင်ပြီးတာနဲ့ ကားဂိတ်ချပေးမှာဖြစ်ပါတယ်။

#ရတနာသိုက်စာပေတိုက်
#ဒေါက်တာရဲပြည့်ဟိန်း

Update ဈေးနူန်းလေးတွေပါ။ ပြန်ရောင်းလိုသူတွေအတွက်၁၀အုပ်နဲ့အထက် ၂၀%offပါရှင့်။
15/09/2025

Update ဈေးနူန်းလေးတွေပါ။
ပြန်ရောင်းလိုသူတွေအတွက်
၁၀အုပ်နဲ့အထက် ၂၀%offပါရှင့်။

ရတနာသိုက်စာပေမှ ထပ်မံထွက်ရှိလာသော စာအုပ်လေး။"စိတ်​၏စေရာ"မောင်ပြည့်(အတွေးအမြင်)၁၈၀ မျက်နှာ4.5”x8.2”ဈေးနှုန်း ၉၀၀၀ ကျပ်
24/06/2025

ရတနာသိုက်စာပေမှ ထပ်မံထွက်ရှိလာသော စာအုပ်လေး။

"စိတ်​၏စေရာ"
မောင်ပြည့်(အတွေးအမြင်)
၁၈၀ မျက်နှာ
4.5”x8.2”

ဈေးနှုန်း ၉၀၀၀ ကျပ်

📚 Waiter လက်စွဲ (I'm waiting staff!)✍️ U Htut (Winner Pro) တစ်နိုင်ငံလုံးမှာရှိတဲ့ F&B Service လောကသားတို့အတွက် မရှိမဖြစ...
27/05/2025

📚 Waiter လက်စွဲ (I'm waiting staff!)
✍️ U Htut (Winner Pro)
တစ်နိုင်ငံလုံးမှာရှိတဲ့ F&B Service လောကသားတို့အတွက် မရှိမဖြစ် ရှားပါးစာအုပ်လေး။
F&B လောကအတွက် ဒီစာအုပ်မှ မဆောင်ထားရင် ခေတ်နောက်ကျသွားမယ်လို့ ဆိုလို့ရလောက်တဲ့အထိ တန်ဖိုးရှိတဲ့ စာအုပ်လေးပါ။
ဘယ်သူတွေ ဆောင်ထားသင့်သလဲ?
၁။ လုပ်ငန်းရှင်တွေ
၂။ မန်နေဂျာတွေ
၃။ ကြီးကြပ်ရေးမှူးတွေ
၄။ ရာထူးငယ်သမားတွေ
၅။ ခုမှအလုပ်ခွင်ဝင်မယ့်သူတွေ
၆။ နိုင်ငံခြားထွက်အလုပ်လုပ်မယ့်သူတွေ
၇။ ဝါသနာပါတဲ့သူတွေ
၈။ စာပြန်သင်ချင်တဲ့သူတွေ
ဒီစာအုပ်လေးက ဘေးကနေ အချိန်ပြည့် ကိုယ်ပျောက်လမ်းပြပေးနေမယ့် လက်စွဲတော်ကြီးအနေနဲ့ အကျိုးပြုနေမှာပါ။
ဒီစာအုပ်ဖတ်ရင် ဘာတွေရမလဲ?
🍽️ Menu Engineering
🍷 Beverage Expertise - ဝိုင်အမျိုးအစားများ၊ Cocktail Mixing နည်းပညာများ
💼 Service Excellence - ကြယ် ၅ ပွင့်ဟိုတယ်တွေမှာ အသုံးပြုသော ဝန်ဆောင်မှုစံနှုန်းများ
📊 Kitchen Management - အစားအသောက်ပြင်ဆင်မှုစနစ်များ၊ Hygiene စည်းမျဉ်းများ
ဘာကြောင့် ဖတ်သင့်တာလဲ?
✅ F&B လုပ်ငန်းတွင် ပရော်ဖက်ရှင်နယ် အဆင့်မီ ဝန်ဆောင်မှုပေးနိုင်ဖို့
✅ ဝင်ငွေတိုးစေမည့် Menu Pricing နည်းစနစ်များ သိရှိစေဖို့
✅ ခေတ်မီ F&B Trend များကို အချိန်မီလိုက်နိုင်ဖို့
တန်ဖိုး - ၁၇၀၀၀ ကျပ်
Royal Express ရောက်တဲ့မြို့နယ်တိုင်းကို အိမ်ရောက်ငွေချေ ပို့ပေးပါတယ်ရှင်။
မှာယူလိုပါက နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာတို့ကို မက်ဆေ့ချ်ပေးပို့မှာယူနိုင်ပါတယ်ရှင်။
တန်ဖိုးရှိတဲ့စာအုပ်ကောင်းတစ်အုပ်မို့ လက်လွတ်မခံသင့်ပါကြောင်း....
်စွဲ

Update ဈေးနှုန်းလေးပါ ။
29/06/2023

Update ဈေးနှုန်းလေးပါ ။

Address

No-125, Second Floor, 46 Street Upper Block
Yangon

Telephone

+9595506198

Website

Alerts

Be the first to know and let us send you an email when Treasure Publishing HOUSE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Treasure Publishing HOUSE:

Share

Category