Cooking With Thandar Thet Win - Shwe Lashio

Cooking With Thandar Thet Win - Shwe Lashio Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cooking With Thandar Thet Win - Shwe Lashio, Digital creator, Yangon.

17/05/2025

ခေါပုတ်လုပ်နည်း

24/02/2025

ကြက်ကောက်ညှင်း

24/02/2025

ရခိုင်ငပိထောင်းနည်းနဲ့ ရခိုင်သုပ်လုပ်နည်းများ

Cheese puddingကြက်ဥ ၁၀လုံး creamချိစ် 200g..သကြား ၆ဇွန်း             ကျိုပြီးသား နွားနို့ တစ်ခွက်သို့မဟုတ် ဗူးသေးတစ်ဗူး ...
22/02/2025

Cheese pudding
ကြက်ဥ ၁၀လုံး creamချိစ် 200g..သကြား ၆ဇွန်း ကျိုပြီးသား နွားနို့ တစ်ခွက်သို့မဟုတ် ဗူးသေးတစ်ဗူး နို့စိမ်း၁ဗူး ပြုလုပ်နည်း ကြက်ဥ ၁၀လုံးကို အနှစ်အကာ အရင်ခွဲပါ ဇလုံတစ်ခုချင်းဆီထည့်ထားပါ အရင်ဆုံး ကြက်ဥအကာတွေကို ဘာမှမထည့်နဲ့ mixerနဲ့အမြုပ်တွေပွတတ်လာတဲ့အထိ ၁၀မိနစ်လောက်မွှေပေးပါ ကြက်ဥအနှစ်တွေထည့်ထားတဲ့ဇလုံထဲကို နို့စိမ်းတစ်ဗူးလုံးဖောက်ထည့် နွားနို့လက်ဖက်ရည်ခွက် တစ်ခွက်စာထည့် သကြားဟင်းခတ်ဇွန်း ၈ဇွန်းထည့် cream cheese 200gထည့် ချိစ်ပျော်သွားအောင်မွှေ စက်နဲ့ထည့်မွှေပါ မွှေထားတဲ့ အရည်တွေကို ကြက်ဥအကာခေါက်ထားတဲ့ ဇလုံထဲဖြေးညှင်းစွာလောင်းထည့် ပြီးမွှေလိုက်ပါ သမအောင်မွှေပြီးသွားပြီဆို အရည်ပစ်ပစ်ကလေး ဖြစ်လာလိမ့်မည် သကြား၄ဇွန်းကို ပူတင်းဖုတ်မဲဗန်း ထဲထည့်ပြီး အပူပေးပါ သကြားအရည်ပျော်လာရင် မီးဖိုပေါ်ကချပြီး အအေးခံ အိုးအနှံရောက်အောင် ရောက်အောင် လုပ်ပြီး အိုးထဲကြက်ဥရည်တွေ ထည့် ပေါင်းအိုးထဲရေထည့် ပြီး ပေါင်းအိုးဇကာပေါ်ပေါင်းမဲ့အိုးမဟုတ်ရင်ခွက်ကိုတင်ပီးအပေါ်အိုးအဖုံးကိုဖိပီး မိနစ်၄၀လောက်ပေါင်းပါ..

22/02/2025

ပြည်ကြက်သားပလာတာချက်နည်း
ကြက်သားပလာတာလေးစားကြမယ်နော် လုပ်နည်း ခုပိုစ့်အောက်မှာရေးပေးမယ်နော်
ကြရ်သားကိုတစ်ကိုက်စာအတုံးလေးတွေတုံးပီးရေဆေး ရေစစ်ပီး ဆားနနွင်း အသားမဆလာ အရောင်တင် ဂျင်းကြက်သွန်အဖြူထဲ့ ကြက်သွန်အနီကြော် ဆီတခါထဲထဲ့ပီးနာနာနယ်ပါ။ တချို့ကအာလူးကိုသပ်သပ်ဖြုတ်ပီးထဲ့ကြတယ် အမကတော့အခွံခွာပီးအတုံးလေးတွေတုံးပီးကြက်သားနဲ့တစ်ခါထဲထဲ့နယ်ပါတယ် ပျဉ်းတော်သိမ်ရွက်ထဲ့နယ်ပါ။ရေအနည်းငယ်ဆီထပ်ထဲ့ပီးဆီပြန်‌ေအာင်တည်ပါ။ အိုးမတူးပါစေနဲ့ ။အာလူးအရမ်းမအိပါစေနဲ့အသားကောအာလူးကောခပ်တင်းတင်းအနေထားနဲ့ အနှစ်ဖြစ်ပီးဆီပြန်ရင်မီးဖိုပေါ်ချလိုက်ပါ။
အရည်တည်မဲ့အိုးထဲ ပလာတာဆယ်ငါးချပ်စာလောက်ဆို မွှေးပဲအစိမ်းမှုန့်အထုတ်ရဲ့သုံးပုံနှစ်ပုံထဲ့ပါ။ ဆား ဟင်းဆနွင်းဟင်းချိုမှုန့်ထဲ့ပီးအဖတ်တွေကြေအောင်ချေပီးရေသန့်နှစ်ဘူးခွဲလောက်ရေထဲ့ပီးဆူအောင်တည်ပါ။ ကြာကြာတည်မှ အရည်ကအစိမ်းနံ့ပျောက်ပီးကောင်းမှာပါနော် ကြာကြာတည်မှ ပဲအရည်ပေါ်မှာအဖတ်တွေကျန်နေတာပျောက်မှာပါဘအဲ့အချိန်ဆိုရပီ ရရင် ချက်ထားတဲ့ကြက်သားအာလူးဟင်းကို ထဲ့ပီးဆူအောင်ထပ်တည်ပါ။ အရသာအပေါ့အငံမြည်းပါ။ အဆင်ပြေရင်စားဖို့အသင့်ဖြစ်ပါပီ
တွဲဖက်စားရမှာတွေကတော့
ကြက်သွန်နီပါးပါးလှီး
ဂေါ်ဖီပါးပါးလှီး
ငရုတ်သီးစိမ်းပါးပါးလှီး
ငရုတ်သီးအလှော်မှုန့်
ပူတီနံ
ဆလပ်ရွက်
သံပုရာသီး
အကုန်အဆင်သင့်လှီးထားပါ။
ပွဲပြင်ရင် ပုကန်ထဲ ပလာတာဖြတ်ထဲ့ တွဲစားမှာတွေထဲ့ဟင်းရည်ထဲ့စားလိုက်ရင် ရှယ်စားကောင်းတဲ့ကြက်သားပလာတာရပါပီနော်

ယနေ့ချက်စားသော ဖတ်ထမင်းလေးကြက်သားကြော်ကြက်သားကို ဒန်ပေါက်ကြက်သုံးပါ တစ်ကောင်မှသုံးထောင်ပါ လေးပိုင်းစိတ်ပီးသန့်စင်ရေဆေးထာ...
22/02/2025

ယနေ့ချက်စားသော ဖတ်ထမင်းလေး

ကြက်သားကြော်

ကြက်သားကို ဒန်ပေါက်ကြက်သုံးပါ တစ်ကောင်မှသုံးထောင်ပါ လေးပိုင်းစိတ်ပီးသန့်စင်ရေဆေးထားပါ ဂျင်းကြက်သွန်ဖြူကိုအရည်ညှစ်ထဲ့ပါ ဆနွင်းမှုန့်ထဲ့ပါ ဆား ဟင်းချိုမှုန့် မဆလာအနည်းငယ်ထဲ့ပီးနယ်ကာ ရေကို လက်ဆေးရေလောက်တာထဲ့ပီးအဖုံးအုပ်ပီးတည်ပါ ဆယ်ငါးမိနစ်ဆိုရပါပီ
ရေခြောက်ရင်
အိုးထဲဆီထဲ့ပီး တစ်တုံးချင်းဝါအောင်ကြော်ပါ အရမ်းမကြွပ်ရပါ

ငရုတ်သီးဆားထောင်းက ပိုလိုက်ပါတယ် အမက ငံပြာရည်ချက်ရှိလို့ပါ

ငရုတ်သီးဆားထောင်း
ငရုတ်သီးအလှော်မှုန့်အကောင်းစားကို ဆီပူလေးလောင်းထဲ့ပါ ကဿ်သွန်ဖြူဆားအချိုမှုန့်လေးထဲ့ပီးထောင်းပါ

ချဥ်ပေါင်ကြော်
ချဥ်ပေါင်နဲ့မျှစ်ကိုအိအောင်ပြုတ် ဆနွင်းထဲ့ပြုတ်ပါအိရင်ဖယ်ထားပါ အိုးထဲဆီထဲ့ကဿ်သွန်အဖြူအနီ ထောင်းတာဆီသတ်ပါ ပွလာရင်ဆနွင်းထဲ့အရောင်တင်ထဲ့ အကြမ်းဖတ်အနည်းငယ်ထဲ့ပုဇွန်ခြောက်မှုန့်ထဲ့ပါ အနှစ်ပွလာရင်ချဥ်ပေါင်ခြေထားတာထဲ့ပါ ငံပြာရည် မစားရင်ဆားထဲ့ပါ အချိုမှုန့်ထဲ့ပါ ရေလေးအနည်းငယ်ထဲ့ပီးအိပီးဆီပြန်လာရင်ငရုတ်သီးစိမ်းခြမ်းထဲ့ပါ

အသားအနှစ်
ကြက်သွန်အနီသုံးလုံးကိုပါးပါးလှီးပီးကြော်ပါ ပွလာမှဆနွင်းအနည်းငယ် အရောင်တင်အနည်းငယ်ထဲ့ပါ မဆလာထဲ့ပါ ရေလေးအနည်းငယ်ထဲ့ပါ ဆား အချိုမှုန့်ထဲ့ပါ အနှစ်လိုဖြစ်လာရင်ရပီနော်

ပွဲပြင်ရင်

ထမင်းကတော့ပုံမှန်ဟင်းချိုပန်ကန်တစ်လုံးစာလူးပါ ပုံခွက်လေးနဲ့မှောက်ထဲ့ပါ ထမင်းပေါ်အနှစ်ဆမ်းပါ ငရုတ်သီးတစ်ပုံ
ချဥ်ပေါင်ကြော်တစ်ပုံ ကြက်ကြော်တစ်တုံးထဲ့ရင်ရပီနော်
ရွှေလားရှိုးဟင်းချက်သင်တန်း

22/02/2025

အသားဟင်းအနှစ်ချက်နည်း
မဆာဟင်းတွေမှာသုံးမယ်နော်
ကြက်သွန်အနီကြော် ကော်မပါတဲ့အကောင်းစားဝယ်ပါ တစ်ပိသာ
ဆီသုံးဆယ်သား
အသားမဆလာတစ်ဆယ်သား
အကုန်ကိုအိုးတစ်ခုထဲခြေနယ်ပါ
ဆားတစ်ဇွန်း ရွှန်းတိုးတိုးနှစ်ဇွန်း ဆနွင်းတဇွန်းအရောင်တင်ငါးဇွန်းတစ်ခါထဲထဲ့နယ်ပါ ရေလက်ဆေးရည်အရင်ထဲ့ပီးမီးဖွင့်တည်ပါ အနှစ်အိခါနီးရင်ရေထပ်ထည့်ပါ အနှစ်ကကြက်သွန်ကြေသွားတဲ့ထိရေနည်းနည်းဆီထဲ့ပီးတည်ပါ ဆီပြန်ပီးအနှစ်အိရင်မီးပိတ်အအေးခံပီးသိမ်းပါ
အသားဟင်းတွေချက်တော့မယ်ဆိုရင်
အသားကိုဆားနနွင်းအချိုမှုန့်ဂျင်းကြက်သွန်အဖူထောင်းထားတာထဲ့နယ်ပီးရင်အနှစ်ငါးဇွန်းလောက်ထဲ့နယ်ပီးလုံးချက်ပါ အသားတင်းလာရင်ရေထဲ့ချက်ပါ

22/02/2025

မြန်မာဟင်းအနှစ်ချက်နည်း
ကြက်သွန်အနီအလုံးသုံးဆယ်လောက်ခွာပီးကြိတ်ထားပါ
ကြက်သွန်အဖူအကြီးတစ်ဥရောကြိတ်ပါ
အိုးထဲဆီအစိတ်သားထည့်ဆီပူရင်ကြက်သွန်ကြိတ်ထားတာထည့်ကြော်မယ်
ကြက်သွန်ပွပီးရွှေကောင်ရလာရင် ဆနွင်းတစ်ဇွန်းအရောင်တင်ငါးဇွန်းထည့်မယ် အတော်လေးကြွပ်သလိုဖြစ်လာရင်ရေနွေးထည့်ပါ ကြက်သွန်အနှစ်အိတဲ့ထိ ရေနည်းနည်းဆီထည့်ချက်မယ် ဆား နှစ်ဇွန်း အချိုမှုန့် သို့ ရွှန်းတိုးတိုးတစ်ဇွန်းထဲ့ချက်မယ် အရသာအတော်ပီးအနှစ်ဆီပြန်ရင် မီးပိတ်ပါ အေးအောင်ထားပီးဘူးထဲထည့်ပီးသိမ်းပါရေခဲသေတာအခဲထဲထားရင် မကုန်မချင်းသုံးလို့ရတယ်
မြန်မာဟင်းတစ်ခုခုချက်တော့မယ်ဆိုရင် အိုးထဲအနှစ်လေးငါးဇွန်းထဲ့ ခရမ်းချဉ်သီးနှစ်လုံးလှီးထဲ့ပီးခရမ်းချဉ်သီးအိရင်ချက်မဲ့ငါးပုဇွန်ကိုဆားနနွင်းနယ်ပီးထဲ့ချက်ပါ နူးအောင်ရေလေးထည့်ပီးနံနံပင် ငရုတ်စိမ်း အုပ်ပါ
ငပိချက်ဆိုရင် အနှစ်ထဲ့ ခရမ်းချဉ်ထဲ့ပီး ပုဇွန်ခြောက်ထဲ့ပါ စပ်ချင်ရင်အကြမ်းဖတ်တစ်ဇွန်းထပ်ထဲ့ပီးမှရေထည့်ပါ

အမဲကီမားဒန်ပေါက်အရင်ဆုံး basmati ဆန်လေးလုံးကိုရေစိမ်ထားပါတစ်နာရီလောက်  အဲ့ဆန်မရှိရင်ရှိတဲ့ဆန်အကောင်းဆုံးနဲ့ချက်ကြနော်ကီမ...
22/02/2025

အမဲကီမားဒန်ပေါက်
အရင်ဆုံး basmati ဆန်လေးလုံးကိုရေစိမ်ထားပါတစ်နာရီလောက် အဲ့ဆန်မရှိရင်ရှိတဲ့ဆန်အကောင်းဆုံးနဲ့ချက်ကြနော်
ကီမား30သားကိုရေ‌ဆေးပီးညှစ်ထားပါ
ရရင်ဇလုံတစ်ခုထဲထည့်ပါ ဆား နနွင်း ရွှန်းတိုးတိုး အရောင်တင်မှုန့် ပူတီနံရယ်နံနံပင်ရယ်နုပ်နုပ်စဉ်းထားတာအနည်းငယ် ငရုတ်သီးစိမ်းလေးတောင့်နုပ်နုပ်စဉ်းထားတာ ဒန်ပေါက်မဆလာနှစ်ဇွန်းထည့်ပါ ကြက်သွန်အနီကြော်လက်တဆုပ်ကျော်ထဲ့နယ်ပါ အိုးထဲဆီငါးကျပ်သားထည့်ပီးကီမားထဲ့ကြော်ပါရေလေးပါယုံထဲ့ပါ ပီးရင် ဒိန်ချဉ်ဖန်ခွက်တစ်လုံးစာဝယ်ထားတဲ့ထဲကသုံးပုံနှစ်ပုံထဲ့ပါ ဆီပြန်လာရင် မီးပိတ်ထားလို့ရပီနော်
ဆန်ပြုတ်ဖို့အတွက်
လေးလုံးအတွက်ဆိုတပြည်အိုးစာသုံးမယ်
ရေဆူအောင်တည်ပါ
ရေထဲ ငရုတ်ကောင်းလေးစေ့
ဇီယာတစ်ဇွန်းဖာလာသုံးစေ့ လေးညှင်းလေးပွင့် အရွက်လေးရွက် အခေါက်နှစ်ခေါက် ဆားနှစ်ဇွန်း ပူတီနံနံနံပင်နုပ်နုပ်စဉ်းအနည်းငယ် ငရုတ်သီးစိမ်းသုံးတောင့်ခြမ်းထဲ့ပီးဆူအောင်တည် ဆူရင်ရေစိမ်ထားတဲ့ဆန်ထဲ့ပြုတ်ပါ ဆန်ကိုလေးပုံသုံးပုံလောက်ကျက်တဲ့ထိပြုတ်ပီးရေစစ်လိုက်ပါ ချက်မဲ့အိုးထဲထမင်းကိုတစ်ဝက်ခင်းပါ
ကီမားကြော်အကုန်ခင်းပါ ကြက်သွန်နီကြော်လက်တဆုပ်ထဲ့ပါ ထမင်းတစ်ထပ်ထပ်တင်ပါ အပေါ်က ကြက်သွန်နီကြော် လက်တဆုပ် သီဟိုစေ့ စပျစ်ခြောက်ဖြူးပီး ဂီးထောပတ် နှစ်ဇွန်းမှလေးဇွန်းအတွင်းဆမ်းပါ ဒန်ပေါက်အရောင်ကိုရေအနည်းငယ်ထဲ့ဖျော်ပီးလောင်းပါ အဖုံးလုံအောင်ဖုံးပီးမီးအနည်းငယ်နဲ့နှပ်ပါ

အချဉ်ရည်

ပူတီနံနှစ်စည်း
ငရုတ်စိမ်း8တောင့်သံပုရာရည်နှစ်လုံးညှစ် ဂျင်းတစ်တတ် ကြက်သွန်ဖြူငါးမွှာ ဒိန်ချဉ်ကျန်တာရယ် ဆားရယ်သကြားအနည်းငယ်ရယ်ထဲ့ရေနည်းနည်းထဲ့ပီးကြိတ်ပါ

တွဲစားရန်
ကြက်သွန်နီကွင်း
သံပုရာကွင်း
သခွါးသီး
ခရမ်းချဉ်အကွင်းလေးထည့်ပေးပါ

22/02/2025

ရှာမီးကဘတ်
အမဲသားသို့ ဆိတ်သား 25သား
ကုလားပဲခြမ်းတစ်ဆယ့်ငါးကျပ်သား
ငရုတ်သီးစိမ်းလေးတောင့်
ပူတီနံတစ်စည်း
ဇီယာမှုန့် နှစ်ဇွန်း
ဆနွင်းတစ်ဇွန်း
ဆားပါယုံ ငံတတ်သည်သတိပြုပါ
အရသာမှုန့် ဂျင်းတစ်တက် ကြက်သွန်ဖြူခြောက်မွှာထုထဲ့ပီးရေမြုတ်အောင်ထဲ့ပီးပြုတ်ပါ
ရေခမ်းအောင်ပြုတ်ရမယ် ရေခမ်းရင်ကြိတ်စက်ထဲထဲ့ကြိတ် ဆုံနဲ့ထောင်းချင်လည်းထောင်းရရင် ကြိုက်ရာပုံစံလုပ်
ကြက်ဥနှစ်လုံးကိုဆားပိစိလေးရယ် ငရုတ်ကောင်းလေးနည်းနည်းရယ်ထဲ့ခေါက်ပါ
အိုစထဲဆီအများကြီးမထဲ့ပါ ဆီအနည်းငယ်ထဲ့ပူလာရင်မီးလျော့ပီး
လုပ်ထားတဲ့ကဘတ်လေးကို ကြက်ဥရေလေးထဲနှစ်ပီးဆီထဲထည့်ကြော်ပါ တစ်ဘက်နီရင်နောက်တစ်ဘက်လှန်ကြော်ပါ

22/02/2025

ကုလားပဲခြမ်းသုပ်
ကုလားပဲခြမ်းကိုညကထဲကရေဆေးပီးရေစိမ်ထားပါ
မနက်ကျရင်ရေလဲပီးထပ်စိမ်ထားပါ ရေခဲသေတာထဲထားလိုက်ပါ
စားခါနီး
ကြက်သွန်အနီပါးပါးလှီး ငရုတ်သီးစိမ်းပါးပါးလှီး ပူတီနံပါပါးလှီးထဲ့ပီးကုလားပဲရေစိမ်ထားတာရေစစ်ထဲ့ပါ ဆားအရသာမှုန့် သံပုရာသီးချဉ်ချဉ်လေးညှစ်ပီးနယ်စားပါ

Address

Yangon

Telephone

+959975559734

Website

Alerts

Be the first to know and let us send you an email when Cooking With Thandar Thet Win - Shwe Lashio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cooking With Thandar Thet Win - Shwe Lashio:

Share