14/08/2025
📈"𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗽𝗮𝗴𝗲 𝗘𝗻𝗴𝗮𝗴𝗲𝗺𝗲𝗻𝘁 တက်ချင်တယ်ဆိုရင် အဓိက သိထားရမယ့် အချက် (၅) ချက်"
Page လည်းရှိတယ်၊ Post လည်းတင်နေတယ်… ဒါပေမယ့် Like, Comment, Share တွေ မတက်လို့ စိုးရိမ်နေပါသလား❓
အကောင်းဆုံး Post တွေ ရေးပြီးတင်နိုင်ဖို့အတွက် လက်မလွတ်သင့်တဲ့ အချက် (၅) ချက်ကို
မျှဝေပေးမယ်။
🔹1. 𝗣𝗼𝘀𝘁 𝗧𝗶𝗺𝗶𝗻𝗴 ကို စမ်းသပ်ပါ။
📌 Audience တွေ အများဆုံး Online ရှိတဲ့အချိန်ကို ရွေးပြီးတင်ပါ။
💡Tip: မနက်စာအချိန်(7A.M- 8A.M)၊ နေ့လည်စာ အချိန် (11A.M - 1P.M)၊ ညဘက်အချိန် ( 7P.M -10 P.M) ခန့်မှန်းဖော်ပြထားတဲ့ အချိန်တွေမှာ Online ရှိကြတာ များပါတယ်။
🔹2. 𝗛𝗼𝗼𝗸 သာမက 𝗩𝗶𝘀𝘂𝗮𝗹 တွေကလည်း ဆွဲဆောင်နိုင်ဖို့ လိုတယ်။
📌 အစပိုင်းမှာ စကားလုံးတွေက ဆွဲဆောင်ထားနိုင်ပေမယ် ပုံက မဆွဲဆောင်နိုင်ဘူးဆိုရင် Engagement လျော့လာတတ်တယ်။
💡Tip: ရေးထားတဲ့ Content နဲ့ သက်ဆိုင်တဲ့ ပုံလေးတွေကို လူတွေအား ဆွဲဆောင်နိုင်အောင် ဖန်တီးပြီး တင်ပါ။
🔹3. 𝗖.𝗧.𝗔 (𝗖𝗮𝗹𝗹 𝘁𝗼 𝗔𝗰𝘁𝗶𝗼𝗻) တစ်ခုတည်းကိုပဲ နေ့စဉ်အသုံးမပြုပါနဲ့
📌 Post တစ်ခုတင်တိုင်း C.T.A တစ်ခုတည်းကိုပဲ အမြဲတမ်း အသုံးပြုနေမယ်ဆိုရင် Audience တွေကလည်း ငြီးငွေ့သွားနိုင်ပါတယ်။
💡Tip: မတူညီတဲ့ C.T.A ( Vote, Tag, Share, Save…) တွေကိုလည်း အသုံးပြုပေးပါ။
🔹4. 𝘼𝙪𝙙𝙞𝙚𝙣𝙘𝙚 နှင့် 𝗖𝗼𝗻𝘃𝗲𝗿𝘀𝗮𝘁𝗶𝗼𝗻 ပြုလုပ်ပါ။
📌 Comment Reply မလုပ်ဘူးဆိုရင် Page ကို
ထိရောက်မှု နည်းစေပါတယ်။
💡Tip: Comment တစ်ခုချင်းစီကို "Reaction + Reply" ပြန်ပေးပါ။
🔹5. 𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗩𝗮𝗿𝗶𝗲𝘁𝘆 ကို ထားပါ။
📌 Content ကို တစ်ပုံစံတည်း၊ တစ်မျိုးတည်း format နဲ့သာ ဆက်တိုက်တင်နေမယ်ဆိုရင် Audience ငြီးငွေ့သွားလိမ့်မယ်။ Audience မငြီးငွေ့သွားဖို့လည်း လိုပါတယ်။
💡Tip: Photo, Video, Poll, Carousel, Story
အစရှိသဖြင့် ပုံစံအမျိုးမျိုးနဲ့ Content တွေတင်ပါ။
✅Engagement တက်ဖို့ နည်းလမ်းတွေလည်း အများကြီးရှိပေမဲ့ ဒီ ၅ ချက်ကတော့ အခြေခံမလို့ အဓိကသိထားသင့်တာပါ။
📌 ဒီနေ့ကတည်းက တစ်ချက်ချင်းစီ စမ်းကြည့်ပါ — တစ်ပတ်အကြာမှာ Reach နဲ့ Engagement တွေ
တိုးလာတာတွေ့ပါလိမ့်မယ်။