Man United Daily News Myanmar

Man United Daily News Myanmar Man United နဲ့ ပက်သက်တဲ့သတင်းမှန်သမျှတင်ပေးသွားမည်

ကြော်ငြာများထည့်သွားလိုပါက page messenger ကိုဆက်သွယ်ပါ

03/03/2025

Manchester United နဲ့ပက်သက်တဲ့ သတင်းမှန်သမျှသရဖို့ page လေးကို like follow လုပ်သွားကြပါအုံးဗျ😊

စပါးကွင်းတွင် ရှုံးနိမ့်ပြီးနောက် အမ်မိုရင်၏ ပြောကြားချက်များ"ဒီနေ့ပွဲရဲ့ ကွာခြားချက်က သူတိုအသင်းက ဂိုးသွင်းနိုင်ခဲ့ပြီး...
17/02/2025

စပါးကွင်းတွင် ရှုံးနိမ့်ပြီးနောက် အမ်မိုရင်၏ ပြောကြားချက်များ

"ဒီနေ့ပွဲရဲ့ ကွာခြားချက်က သူတိုအသင်းက ဂိုးသွင်းနိုင်ခဲ့ပြီး ကျွန်တော်တို့က မသွင်းနိုင်ခဲ့တာပါပဲ။ ကျွန်တော်တို့မှာ အခွင့်အရေးတွေရှိခဲ့တယ်။ ပွဲအဖြေကို ပြောင်းလဲနိုင်တဲ့ အခြေအနေတွေရှိခဲ့တယ်။ ရလဒ်ကောင်း ရဖို ကြိုးစားခဲ့ပေမယ့် သူတို့ ဂိုးသွင်းနိုင်ခဲ့ပြီး ကျွန်တော်တို့ မသွင်းနိုင်ခဲ့ပါဘူး။

နောက်ပွဲအတွက်တော့ ကျွန်တော်တို့ရဲ့ ကစားသမားတချို့ ပြန်ပါလာနိုင်မယ်လို့ ထင်ပါတယ်။ ရာသီကုန်တဲ့ထိ အတူရှိဖို့ ကျွန်တော်တို့ ကြိုးစားရပါမယ်။

(လူငယ်​ကစားသမားတွေ ပါဝင်ခွင့် မရခဲ့တာက)
ဒါဟာ ကမ္ဘာ့အပြင်းထန်ဆုံး ပြိုင်ပွဲတခု ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် သူတို့လေးတွေ နဲ့ပတ်သက်ပြီး သတိထားကိုင်တွယ်ဖို့ ကြိုးစားနေပါတယ်။

အသင်းက ချေပဂိုးရဖို့အတွက် ကြိုးပမ်းနေတယ်လို့ ခံစားရတဲ့အတွက် ဒီအထိုင်ကို ကျွန်တော် အပြောင်းအလဲ မလုပ်ချင်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့ ကစားခွင့်ရလာပါလိမ့်မယ်။

ပွဲကို ဖတ်ဖို့ ကြိုးစားကြည့်ပါတယ်၊ လေ့ကျင့်ရေးမှာ မြင်တွေ့ရတဲ့အတိုင်းနားလည်ဖို့ ကြိုးစားကြည့်ပါတယ်။ ဒီအခါမှာ အသင်းက ဂိုးရဖို့ကြိုးပမ်းနေတာမို့ ပြောင်းလဲဖို့ လိုအပ်တယ်လို့ ကျွန်တော် မခံစားခဲ့ရပါဘူး။

ကျွန်တော့်အနေနဲ့ စိုးရိမ်မှု မရှိပါဘူး။ ဒါပေမယ့် ပရိသတ်တွေ ခံစားရမှာကို နားလည်ပါတယ်။ မီဒီယာတွေ ဘယ်လိုတွေးမလဲဆိုတာ နားလည်ပါတယ်။ ရလဒ် ရှုံးတာကို ကျွန်တော် မုန်းပါတယ်။ ဒါဟာ အဆိုးဆုံးခံစားချက်ပါ။ ကျွန်တော်က ကစားသမားတွေကို ကူညီဖို ဒီမှာရှိနေတာပါ။ လက်ရှိ ကျွန်တော့်ရဲ့ အခြေအနေ၊ ကျွန်တော့်ရဲ့ အလုပ်ကို နားလည်ပါတယ်။ ကျွန်တော့်ရဲ့ အလုပ်ကို ယုံကြည်မှုရှိပြီး ပွဲတွေအနိုင်ရချင်ရုံပါပဲ။

ဒီမှာ ပြဿနာ မြောက်များစွာ ရှိနေပါတယ်။ ကျွန်တော့်ရဲ့ ရာထူးက တကယ်ခက်ခဲမှန်းသိပါတယ်။ ဒါပေမယ့် ကျွန်တော် ယုံကြည်ရာကိုပဲ ဆွဲကိုင်ထားဆဲပါ။

ကျွန်တော်တို့ လေ့ကျင့်ချိန်တွေရတယ်။ Idea တခုနဲ့ စတင်တယ်။ Principle တွေအတိုင်း လေ့ကျင့်တယ်။ ကံမကောင်းစွာဘဲ တရက်ပြီးတရက်မှာ တဦးပြီးတဦး ဒဏ်ရာအနာတရ တွေ ဖြစ်လာပြီး ပွဲအပေါ် ချဥ်းကပ်ပုံတွေကို ပြောင်းခဲ့ရတယ်။ ဥပမာ Amad ကို ထားကစားတဲ့ ပုံစံမျိုး Zirkzee ကို ကစားခိုင်းလို မရဘူးလေ။

ဇာ့ခ်ဇီ နဲ့ ပတ်သက်လို့လား။ ကျွန်တော်ထင်တယ်၊ သူက Clear No.9 မဟုတ်ပါဘူး။ သူက No.10 အဖြစ် ပိုကစားခဲ့တာပါ။ သူ့ရဲ့ Physical ပိုင်းက အားကောင်းပါတယ်။ သူက အရမ်း ကြိုးစားအားထုတ်နေပြီး ဒီ Position ဟာ သူ့အတွက် ပိုကောင်းတဲ့ နေရာတစ်ခုပါ။

အဲရစ်ဆင်မှာ နှလုံးအခြေအနေရှိတာကြောင့် ကျွန်တော်တို သတိထားရပါမယ်။ အခုပွဲ ပါမလာတာက နှလုံးနဲ့ပတ်သက်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဖျားရှိနေချိန်မှာတော့ သူ့ကို အနား​ပေးထားဖို လိုတယ်လေ။

(Chido ကို စောစောမထည့်ခဲ့တဲ့ အပေါ်)
အသင်း ကစားတာ အဆင်ပြေနေသေးတယ်လို ကျွန်တော်ထင်ခဲ့ပါတယ်။ ဒါကြောင့် စောစော လူစားလဲဖို မလိုဘူးလို့ တွေးခဲ့တာပါ။ Long Ball တကြိမ်ကနေ အပြောင်းအလဲတွေ ဖြစ်သွားနိုင်တယ်လေ။

တခြား လူငယ်ကစားသမားလေးတွေလား။ သူတို ဒီရာသီမှာ ကစားခွင့် ရကြပါလိမ့်မယ်။ ကျွန်တော်တို့မှာ ဖလားပွဲတွေ၊ ဥရောပ ပွဲတွေ ရှိပြီး သူတို ပါဝင်ကစားကြပါလိမ့်မယ်။ ကျွန်တော် ခံစားမိပါတယ်။ လူတိုင်းလည်း ခံစားမိနိုင်မယ်လို ထင်ပါတယ်။ ကျွန်တော်တို့ ဂိုးရဖို နီးစပ်နေချိန်မှာ ကစားသမားတွေကို မပြောင်းလဲချင်ပါဘူး။

ဒီလိုပဲ တဆင့်ပြီးတဆင့် အရာများစွာကို သင်ယူရပါတယ်။ ကျွန်တော်တို့အနေနဲ့ ရင်ဆိုင်ဖိုပဲ လိုအပ်ပြီး ထွက်ပြေးဖို့ မဟုတ်ပါဘူး။ ဒါ ကျွန်တော့်ရဲ့ ခံစားချက်ပါ။ ဒီနေ့ နာကျင်ရပါလိမ့်မယ်။ ပွဲတွေအများကြီး ရှုံးနိမ့်တာက အရမ်းခက်ခဲတဲ့ နာကျင်မှုပါ။ ဒါပေမယ့် တပတ်အတွင်းမှာ အရာအားလုံး ပြောင်းလဲနိုင်ပါသေးတယ်။"

အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ။


ဒီချန်နယ်လေးကတော့ မန်ယူပရိသတ်တွေအတွက် ဖန်တီးထားတာဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ နောက်ဆုံးရသတင်း နေ့စဥ်သတင်း ပွဲကြိုသုံးသပ်ချက် ပွဲပြီးသုံးသပ်ချက်တွေအပါအဝင် နောက်ဆုံးရ အပြောင်းရွှေ့သတင်းတွေပါတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒါဆို ချန်နယ်လေးကိုSubscribe လုပ်ပြီး ဘေးက Notification Bell လေးကို နှိပ်ထားပေးပါနော်။ကျေးဇူးတင်ပါတယ်။

17/02/2025

United နဲ့ပက်သက်တဲ့သတင်းမှန်သမျှ update တင်ပေးမှာမို့ page လေးကို like follow လုပ်သွားပေးကြပါအုံးဗျ🥰

17/02/2025
🔴FAဖလား လက်စတာနှင့်ပွဲမှာ အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ Ganacho 🥰
08/02/2025

🔴FAဖလား လက်စတာနှင့်ပွဲမှာ အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ Ganacho 🥰

Happy 40th Birthday Cristiano Ronaldo Our Legend 🔴🔥🇵🇹🐐
05/02/2025

Happy 40th Birthday Cristiano Ronaldo
Our Legend 🔴🔥🇵🇹🐐

OFFICIAL!အက်စတွန်ဗီလာသည် ယူနိုက်တက်တောင်ပံကစားသမား Rashford ကို (6) လအငှား + ပေါင်သန်း(40) ဖြင့်အပြီးသတ်ခေါ် ယူခွင့်ဖြင်...
03/02/2025

OFFICIAL!

အက်စတွန်ဗီလာသည် ယူနိုက်တက်တောင်ပံကစားသမား Rashford ကို (6) လအငှား + ပေါင်သန်း(40) ဖြင့်အပြီးသတ်ခေါ် ယူခွင့်ဖြင့် ခေါ်ယူလိုက်ကြောင်းသိရသည်။

PLAYER NEWS !တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် အက်စတွန်ဗီလာအသင်းထံ အငှားပြောင်းရွှေ့ဖို့အတွက် ကာရစ်တန်ရှိအသင်းဝန်ထမ်းများနှင်...
02/02/2025

PLAYER NEWS !

တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် အက်စတွန်ဗီလာအသင်းထံ အငှားပြောင်းရွှေ့ဖို့အတွက် ကာရစ်တန်ရှိအသင်းဝန်ထမ်းများနှင့် ကစားသမားတွေကို နှုတ်ဆက်
သွားပြီးဖြစ်ကြောင်းသိရသည်။
[Mail]

TRANSFER: Aston Villa အသင်းသည် Marcus Rashford အား အငှါးဖြင့် ခေါ်ယူနိုင်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ Rashford ၏ အစီအ...
01/02/2025

TRANSFER: Aston Villa အသင်းသည် Marcus Rashford အား အငှါးဖြင့် ခေါ်ယူနိုင်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ Rashford ၏ အစီအစဉ်မှာ Barcelona သို့မဟုတ် United တွင် ဆက်ကစားရန်ဖြစ်ပြီး Barcelona အသင်း၏ ငွေကြေးအခက်အခဲကြောင့် ယင်းအားခေါ်ယူရန် မတတ်နိုင်ပါက အခြားအသင်းများကို စဉ်းစားလာဖွယ်ရှိသည်။
[athletic]

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Man United Daily News Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share