Yair

Yair Still Struggling but I promise to....

👥 အချိန်နဲ့energy ဖြုန်းမိနေတဲ့ သတိမထားမိသော အမှားအကြီးကြီး တစ်ခု.....နေ့ရက်တိုင်းမှာ သင်ယူကြတယ်၊လေ့လာကြတယ်၊တကယ်တမ်း လက်...
25/04/2025

👥 အချိန်နဲ့energy ဖြုန်းမိနေတဲ့ သတိမထားမိသော အမှားအကြီးကြီး တစ်ခု.....

နေ့ရက်တိုင်းမှာ သင်ယူကြတယ်၊လေ့လာကြတယ်၊တကယ်တမ်း လက်တွေ့ဘဝမှာ ပြန်ပြီးအသုံးမချကြဘူး။ဒါဆိုရင် ဘာထူးခြားမှုမှ ရှိလာမှာမဟုတ်ပါဘူး။လေ့လာပြီး ပြန်အသုံးမချတာဟာ ကိုယ့်ကိုယ်ကိုယ် Fakeလုပ်ခြင်းပဲ။

လက်တွေ့မှာ တစ်ခြားသူတွေထက် ပိုပြီး သိတာကလွဲးရင် ဘာမှထူးခြားနေမှာ မဟုတ်ပါဘူး။ ကြားဖူးတဲ့ စကားတစ်ခု ရှိတယ်။"သိပြီးမကျင့်ရင် မသိသလိုပဲ" တဲ့။သိထားတဲ့ အရာတွေဟာ ကျွန်တော်တို့ကို ဘာကောင်းကျိုးမှ ပေးမှာ မဟုတ်ပါဘူး။အဆိုးဆုံးက လေ့လာနေတာကို အလုပ်တစ်ခုလို ထင်သွားတတ်တယ်။

၂၀၂၅ခုနစ်ရဲ့ ၃ပုံ၁ပုံ ဆိုတဲ့အချိန်တွေ ကုန်သွားခဲ့ပြီး။ဒီနှစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ အရာတွေ စလုပ်နိုင်ခဲ့ပြီးလား။မကောင်းတဲ့ အကျင့်ဆိုးတွေကိုရေား ဘယ်နှစ်ခုလောက် ဖယ်ရှားခဲ့ပြီးပြီးလဲ။

လေ့လာနေယုံနဲ့ Level up ဖြစ်မလာဘူးဆိုတာ သေချာပါတယ်။လေ့လာထားတာတွေ ပြန်အသုံးမချတာက အချိန်နဲ့ energyကို ဖြုန်းနေတာထက် မပိုပါဘူးနော်။

⭐ လေ့လာတယ် ဆိုတဲ့ နေရာမှာပဲ ရပ်မနေပဲ တကယ်ပြန်အသုံးချနိုင်​ကြပါစေလို့ ဆန္ဒပြုပါတယ်ခင်ဗျ။




💡ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် ဘယ်လိုမျိုး နေထိုင်ရမလဲ.......အများစုကတော့ အဝတ်အစား ကောင်းကောင်းမွန်မွန်ဝတ်တာ၊တစ်ကိ...
27/03/2025

💡ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် ဘယ်လိုမျိုး နေထိုင်ရမလဲ.......

အများစုကတော့ အဝတ်အစား ကောင်းကောင်းမွန်မွန်ဝတ်တာ၊တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာ၊စကားပြေားရင် မျက်လုံးကိုတည့်တည့် ကြည့်ပြီး ပြေားတာ စသည်ဖြင့် အမျိုးမျိုး သတ်မှတ်လေ့ရှိကြတယ်။တကယ်တမ်း ဒီအရာတွေက လူတိုင်းရဲ့ဘဝမှာ မဖြစ်မနေလုပ်ရမယ့် အရာတွေဖြစ်တယ်။
ဒီအရာတွေက ရုပ်ပိုင်းဆိုင်ရာ Confidence ရှိတဲ့ပုံစံမျိုး ဖြစ်နေပေမယ့် နယ်ပယ်တစ်ခုမှာ တကယ်ကျွမ်းကျင်မှုရှိတဲ့ သူတွေနဲ့ဆုံတဲ့အခါ Confidence ရှိတဲ့ပုံစံမျိုး ဖြစ်နေဖို့ ကူညီနိုင်မှာ မဟုတ်ပါဘူး။

🎯တန်ဖိုးကြီး ပစ္စည်တွေမလိုပဲ ဘယ်နေရာရောက်ရောက် ယုံကြည်မှုရှိရှိ နေထိုင်ချင်တယ်ဆိုရင်....

1.အနိုင်ရတဲ့သူ ဖြစ်ဖို့လိုတယ်။

ဘာတွေမှာနိုင်ရမှာလဲဆိုရင် ဘဝရဲ့နယ်ပယ်တိုင်းမှာ အနိုင်ရဖို့လိုတယ်။ကိုယ်က စီးပွားရေးလုပ်ငန်းတွေ လုပ်နေတဲ့သူတစ်ယောက်ဆို ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး ကိုယ့်လုပ်ငန်းတွေက ရှေ့ပိုရောက်လာတယ်။ဒါဆိုရင် Confidence ရှိနေမှာပဲ။ဒီလို နိုင်ဖို့အတွက်ဆိုရင် ပြိုင်ဆိုင်ချင်တဲ့စိတ် ရှိဖို့ အရေးကြီးတယ်။မပြိုင်နိုင်ဘဲ ရူံးမှာကို ကြောက်နေရင် ဘယ်တော့မှ Confidence ရှိလာမှာ မဟုတ်ဘူး။ဒီတော့ Confidenceရှိဖို့အတွက် Competitive ဖြစ်ဖို့လိုတယ်။တခြားသူတွေနဲ့ မပြိုင်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ပြိုင်နေရမယ်။ဒီနေ့ငါဟာ မနေ့က ငါထက် ပိုတော်နေရမယ်ဆိုတာမျိုးပေါ့။ဒါမျိုး ပြိုင်နေမယ်ဆိုရင် တိုးတတ်မှုလဲ ရှိလာမှာဖြစ်သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလဲ ရှိလာနိုင်တယ်။

2.ရွေးချယ်စရာတွေ များစွာရှိရမယ်။

ကိုယ်က အနိုင်ရနေတဲ့သူ ဖြစ်မှ ရွေးချယ်စရာတွေ များနေမှာဖြစ်တယ်။ဒီနှစ်ခုက ဆက်စပ်မှု ရှိတယ်။ စီးပွားရေးလုပ်တဲ့လူတစ်ယောက်ဆိုပါစို့။ကိုယ့်ရဲ့ Productနဲ့ ပတ်သတ်ပြီး Clientက စျေးကိုင်လာတယ်ပဲထား။သူတို့ပြေားတဲ့စျေးကို ကိုယ်က လက်မခံနိုင်ဘူး။ ဒီလိုအချိန်မှာ တစ်ခြားရွေးချယ်စရာ Clientမရှိဘူး ဆိုရင် သူတို့ပြေားတဲ့စျေးနဲ့ အဆင်ပြေသလို လုပ်ပေးရမှာ။အဲ့လိုမဟုတ်ပဲ ကိုယ့်မှာ ရွေးချယ်စရာ Clientတွေ ရှိနေသေးတယ်ဆိုရင် ဘာစိတ်ပူစရာရှိမှာလဲ။"ကျွန်တော်ပြေားတဲ့ စျေးနဲ့မှမရရင် အဆင်မပြေပါဘူး။တစ်ခြား Client တွေနဲ့ တွေ့စရာရှိလို့ ခွင့်ပြုပါအုန်း" ဆိုပြီး Confidenceရှိရှိ ဒီနေရာကနေ ထထွက်လာလို့ရတာပေါ့။

3. ပြသာနာ ဖြေရှင်းနိုင်စွမ်း ရှိရမယ်။

Problem Solving Skill မရှိဘူးဆိုရင်လဲ Confidence ရှိမှာမဟုတ်ပါဘူး။ကျွန်တော်တို့ချစ်တဲ့သူတွေ နဲ့ ပတ်ဝန်ကျင်မှာ ပြသာနာတွေကြုံလာနိုင်တယ်။ဒါတွေကို မဖြေရှင်းနိုင်ပဲ ပြသာနာတွေကြုံလာတဲ့အခါ သွေးပူပြီး တုန်လှုပ် နေတတ်တဲ့သူဆိုရင် တကယ် Confidence မရှိသေးပါဘူး။ဒီတော့ ပြသာနာတွေ ဖြစ်လာတယ်ဆိုရင်အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ဖြေရှင်းတတ်တဲ့ အစွမ်းရှိဖို့အတွက်လဲ သင်ယူရမယ်။

◾မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းက
လုပ်စရာရှိတာတွေ အောင်မြင်စွာလုပ်ဆောင်နိုင်ဖို့ များစွာ တွန်းအားပေးနိုင်သလို စိုးရိမ်စိတ်၊ကြောက်စိတ်တွေကိုလဲ ထိန်းချူပ်ထားနိုင်ပါတယ်။

◾တစ်ဖက်မှာလဲ ယုံကြည်မှုလွန်ကဲသွားတဲ့အခါ ပြင်ဆင်ရမယ့်အမှားနဲ့ သင်ခန်းစာယူရမယ့် ကိစ္စတွေကို မျက်ကွယ်​ပြုလာနိုင်တာမျိုးလဲ​ ရှိတတ်ပါတယ်။

👉ဒါကြောင့် self-awarenessကောင်းကောင်းဖြင့် Confidenceရှိခြင်းကို သင့်လျှော်စွာ ထိန်းညှိ့ထားနိုင်ဖို့လဲ အလွန် အရေးကြီးပါတယ်။

လူငယ်တွေအတွက် အကျိုးရှိမယ့် အရာတွေ မျှဝေသွားအုန်းမှာ ဖြစ်လို့ Page ကို Like & Follow လုပ်ပေးခဲ့ပါအုန်း🤗



💎မဖြစ်မနေ ကျွန်တော်တို့ တစ်ကိုယ်ကောင်းဆန်ရမယ့် အချိန် ▪▪▪▪▪ကိုယ့်ကိုကိုယ် တည်ဆောက်နေတဲ့အချိန် အခက်အခဲမျိုးစုံနဲ့ စိတ်ရူပ...
22/03/2025

💎မဖြစ်မနေ ကျွန်တော်တို့ တစ်ကိုယ်ကောင်းဆန်
ရမယ့် အချိန် ▪▪▪▪▪

ကိုယ့်ကိုကိုယ် တည်ဆောက်နေတဲ့အချိန်
အခက်အခဲမျိုးစုံနဲ့ စိတ်ရူပ်စရာတွေဟာ တောက်လျှောက် ကြုံနေရမှာ ဖြစ်တယ်။ဒီအချိန်တွေကို ကျော်ဖြတ်နိုင်ဖို့ လုံလောက်တဲ့ တစ်ကိုယ်ကောင်းဆန်မှုတော​့ ရှိရမယ်။
အဲ့လိုမှမဟုတ်ပဲ တခြားကိစ္စတွေအပေါ် အာရုံထားလွန် နေမယ်ဆိုရင် အိမ်တစ်လုံး ဆောက်နေတုန်း အုတ်ခဲတွေ ဝေပေးနေသလိုပါပဲ။ကိုယ့်အိမ်လဲ
လုံလုံခြုံခြုံ မပြီးမြောက်နိုင်သလို တစ်ခြားသူတွေလဲ လုံလောက်တဲ့ အကူအညီမျိုးရနိုင်မှာ မဟုတ်ဘူး။အဲ့ဒီအစား လုံခြုံတဲ့ အိမ်တစ်လုံး ဆောက်ပြီးမှ ဒီလူတွေကို ခေါ်ထားလိုက်တာမျိုးက ပိုကောင်းတယ်။

▪ အလားတူပဲ အသက်အရွယ် တစ်ခုရောက်လာတဲ့အချိန် အခက်အခဲ တော်တော်များများကိုလဲ ကျော်ဖြတ်ခဲ့ပြီးပြီး။အတွေ့အကြုံတွေကလဲ စုံနေပြီ။ ငွေရေးကြေးရေး အရလဲ အဆင်ပြေလာတဲ့အခါ
ကိုယ့်ရဲ့ Community ကို ပြန်ပေးနိုင်ဖို့လိုတယ်။

▪ ဘာတွေပြန်ပေးနိုင်ရမှာလဲဆိုရင် သူတို့ကြုံလာနိုင်တဲ့ အခက်အခဲတွေ မကြုံလာဖို့ လမ်းပြပေးနိုင်မယ်။အခက်အခဲတွေ ကြုံနေရတဲ့သူဆိုလဲ ဘယ်လိုစိတ်ဓတ်နဲ့ မြန်မြန်ဖြတ်ကျော်ရမလဲဆိုတာ အကြံပေးလို့ရမယ်။တတ်နိုင်တဲ့ အနေအထား ဖြစ်နေတယ်ဆိုရင် ငွေရေးကြေးရေးအရပါ ကူညီပေးလို့ရတယ်။

▪ Generation တစ်ခုနဲ့တစ်ခု ဒီလိုလက်ဆင့်ကမ်းနိုင်မှ ကျွန်တော်တို့ နောင်တနဲ့ရင်းပြီး သိခဲ့ရတဲ့ အသိတွေ သူတို့ ဘာနောင်တမှ ရင်းစရာမလိုပဲ သိလာမယ်။အမှတ်တမဲ့နဲ့ ဖြုန်းမိခဲ့တဲ့အချိန်တွေ သူတို့မဖြုန်းမိတော့ဘူးဆိုရင် နောက်လာမယ့် Generation ဟာ ပိုပြီးရှေ့ရောက်လာနိုင်မှာဖြစ်တယ်။

▪ နားလည်ထားတဲ့ ရှင်သန်မှု အဓိပ္ပါယ်ဆိုတာ ဒါပါပဲ။ကိုယ့်ရဲ့ Community မှာ အတွေ့အကြုံနဲ့ ဗဟုသုတ တွေ sharing လုပ်ပေးနိုင်တယ်။ငွေကြေးအရလဲ ကူညီပေးနိုင်တယ်။ဘယ်လောက်တောင် ပျော်ဖို့ကောင်းမလဲ။

🖇ဒါတွေဖြစ်လာဖို့ ကိုယ့်ကိုကိုယ် တည်ဆောက်
နေတဲ့ အစပိုင်းနေ့ရက်တွေမှာ လုံလုံလောက်လောက် တစ်ကိုယ်ကောင်းဆန်ရမယ်။တခြားသူတွေကို အရမ်းကြီး ဂရုစိုက်နေလို့ မရပါဘူး။

📖စာဖတ်သူတို့အတွက် အကျိုးရှိမယ့် အကြောင်းအရာတွေ မျှဝေသွားအုန်းမှာဆိုတော့ Pageကို Like&Followလုပ်ပေးခဲ့ပါအုန်း။

🧠Positive Mindsetဆိုတာ ဖြစ်သမျှအကြောင်းအကောင်းဆိုပြီး လက်ခံလိုက်တာလား....??~ဖြစ်ချင်ခဲ့တဲ့ရည်ရွယ်ချက်တွေ၊တည်ဆောက်ထားခဲ့တ...
17/03/2025

🧠Positive Mindsetဆိုတာ ဖြစ်သမျှအကြောင်းအကောင်းဆိုပြီး လက်ခံလိုက်တာလား....??

~ဖြစ်ချင်ခဲ့တဲ့ရည်ရွယ်ချက်တွေ၊တည်ဆောက်ထားခဲ့တဲ့ အရာတွေဟာ ပြီးခဲ့တဲ့နှစ်အပိုင်းအခြားတွေမှာ အကြောင်းမျိုးစုံးနဲ့ ဖျက်ဆီးခံခဲ့ရတယ်။ချစ်ရတဲ့သူတွေလဲ ပုံစံမျိုးစုံနဲ့ ဘေးနားကနေ ထွက်သွားကြတယ်။

▪ဒီလိုအခြေအနေမှာ Positive Mindset, Positive thinking မွေးမြူဖို့ဟာ တော်တော်လေးကို ခက်ခဲတဲ့ ကိစ္စ ဆိုတာကို နားလည်ပါတယ်။ခက်ခဲတယ်ဆိုပြီး ဒီအတိုင်း ဆက်နေသွားရင်လဲ လှုပ်လေမြှပ်လေ အခြေအနေနဲ့ အဆုံးသတ်သွားရမှာပါ။ဒီတော့ Positive Mindset မွေးမြူဖို့အတွက် အရေးကြီးလာတယ်။Positive Thinking,Positive Mindsetရှိဖို့ လွယ်လာဆိုရင်တော့ ထင်သလောက် မလွယ်ဘူး။ခက်လာဆိုရင်လဲ အဲ့လောက်လဲ မခက်ဘူး။

အများစုက ကံဆိုးတဲ့အရာ ၁ခုရှိပြီး ကံကောင်းတဲ့အရာ အခု၁၀၀ ရှိရင်တောင် ဆိုးတဲ့အရာပေါ် တွေးပြီး ငြီးငြူနေတတ်ကြတဲ့ အကျင့်ကြောင့် Positive Thinking,Positive Mindset ဝင်လာဖို့ဟာ ထင်သလောက် လွယ်ကူမနေဘူး။

▪တစ်ခုခုလုပ်ဖို့အတွက် ဖြစ်အောင်လုပ်နိုင်ပါ့မလား ဆိုတဲ့ ကြောက်စိတ် ဝင်လာတိုင်းမှာ အခု မလုပ်လိုက်ရင် နောက်ပိုင်း လုပ်နိုင်ချင်မှလုပ်နိုင်တော့မှာ။ ယူလို့ရတဲ့ အခွင့်အရေးကို ယူလို့ရတဲ့အချိန်မှာ အရယူမယ် ဆိုတဲ့ အတွေးနဲ့ အကြောက်တရားကို Motivationအဖြင့် ပြောင်းတွေးလိုက်တဲ့ အခါ တကယ်လုပ်ဖြစ်သွားရေား။စိတ်ထဲကို Positive Mindset ဝင်လာဖို့ အခုလို အလေ့အကျင့်မျိုးတွေ လုပ်ပေးဖို့လိုတယ်။Public Speaking မကောင်းဘူး။လူရှေ့သူရှေ့ စကားမပြေားရဲလို့ Introvert ဘာညာ လုပ်နေမယ့်အစား လေ့ကျင့်လိုက်ပါ။ အဆင်ပြေသွားမှာပဲလေ။ဘယ်အရာပဲ ဖြစ်ဖြစ် အလေ့အကျင့်ပဲ။

▪လေားလေားဆယ် ကိုယ့်မှာ Positive Mindset
မရှိဘူးဆိုရင်လဲ လက်ခံလိုက်။Positive Mindset
ဝင်လာဖို့ ကိုယ့်မှာ ရှိခဲ့ဖူးတဲ့ ကောင်းတဲ့ memories တွေ ပြန်တွေးမယ်။လုပ်တဲ့အလုပ်တိုင်း အကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့စိိတ်ကို အလေ့အကျင့် တစ်ခုဖြစ်အောင်ရိုက်ထည့်ထား။ဒီအလေ့အကျင့်ကနေ အလေ့အထ တစ်ခု ဖြစ်လာတဲ့အခါ Positive Mindset ရဖို့ အထူးတလည် ကြိုးစားနေစရာ မလိုတော့ဘူး။

🗣Positive Mindsetကပဲ လုပ်စရာရှိတဲ့ အလုပ်တွေကို မြန်မြန်ပြီးမြှောက်နိုင်ဖို့၊ကိုယ့်ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ဆွဲးခေါ်သွားမှာ ဖြစ်တယ်။ဒါကြောင့် Positive Mindset,Positive thinkingကို အလေ့အကျင့်လုပ်ပြီး မွေးမြူထား
သင့်ပါတယ်။



🗣 𝐍𝐞𝐯𝐞𝐫 𝐒𝐭𝐨𝐩 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠◾ကိုယ့်ရဲ့လုပ်ငန်းတစ်ဆင့်မြှင့်လာဖို့ ဒါမှမဟုတ်  တိုးချဲ့နိုင်ဖို့အတွက် လေ့လာမှုတွေ မလုပ်ဘူးဆိုရင် ...
14/03/2025

🗣 𝐍𝐞𝐯𝐞𝐫 𝐒𝐭𝐨𝐩 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠

◾ကိုယ့်ရဲ့လုပ်ငန်းတစ်ဆင့်မြှင့်လာဖို့ ဒါမှမဟုတ် တိုးချဲ့နိုင်ဖို့အတွက် လေ့လာမှုတွေ မလုပ်ဘူးဆိုရင် အခုရောက်နေတဲ့နေရာမှာ ရပ်တန့်နေမှာပါ။ဝန်ထမ်းလုပ်နေတယ်ဆိုရင်လဲ လက်ရှိအလုပ်ကိုပဲ သိတယ်။တခြားSkillတွေ မလေ့လာဘူး၊မလေ့ကျင့်ဘူးဆိုရင် ကိုယ့်ရဲ့income တတ်လာဖို့ မဖြစ်နိုင်ပါဘူး။

ပိုက်ဆံရဲ့ သဘေားတရားကိုက "the more you learn, the more you earn" ဖြစ်တာကြောင့် လေ့လာနိုင်မှပဲ ဝင်ငွေလမ်းကြောင်းတွေလဲ တိုးလာနိုင်မှာဖြစ်တယ်။💡

◾ပိတ်ရက်နဲ့ အားလပ်ချိန်တွေမှာ အပိုဝင်ငွေရှာနိုင်ဖို့ ဘာတွေလုပ်နိုင်လဲ။ ဒါမှမဟုတ် ဘယ်လို skillတွေ လေ့လာရမလဲဆိုတာတွေ တွေးရမယ်။ကိုယ်ပိုင်လုပ်ငန်း လုပ်နေတယ် ဆိုရင်လဲ အားလုံးကိုနားလည်နေမှရမယ်။တတ်တတ်ကျွမ်းကျွမ်း မဟုတ်ရင်တောင် သူတို့လုပ်တာ မှန်လားမှားလားဆိုတာလောက် ဆုံးဖြတ်နိုင်တဲ့ ဗဟုသုတ လောက်တော့ရှိရမယ်။ဘယ်ပညာရပ်မဆို ကိုယ်က လေ့လာထားတယ် သင်ယူထားတယ် ဆိုရင် သူတစ်ပါးကို
အုပ်ချူပ်တဲ့ နေရာမှာလဲ ပိုပြီးလွယ်ကူနိုင်တယ်။

~သင်ယူတာတွေ ရပ်တန့်လိုက်တဲ့နေ့က နောက်ကျ ကျန်ခဲ့မယ့် နေ့ပဲ။များများသင်ယူပြီးရင် များများလေ့ကျင့်မယ်။ ပြီးရင် မြန်မြန်အသုံးချရပါမယ်။ သင်ယူထား​ပေမယ့် လက်တွေ့အသုံးမချဘူးဆိုရင် မကြာခင် မေ့သွားမှာပါ။

🌞သင်ယူချင်စိတ်ပျောက်နေတဲ့ လူငယ်တွေအတွက် တွန်းအား တစ်ခုဖြစ်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။

🧠တွေးမိသလောက် သိသင့်မယ် ထင်တဲ့အကြောင်းအရာလေးတွေ မျှဝေ သွားအုန်းမှာ
ဖြစ်လို့ Page ကို Like & Follow လုပ်ပေးခဲ့ပါအုန်း။




🎯 လုပ်စရာရှိတဲ့ အလုပ်တွေကို ကောင်းကောင်း အာရုံမစိုက်နိုင်တာမျိုး  ဖြစ်ဖူးကြလား.....???▪ဒီလိုအချိန်မှာ အလုပ်မပြီး​မြောက်တ...
08/03/2025

🎯 လုပ်စရာရှိတဲ့ အလုပ်တွေကို ကောင်းကောင်း အာရုံမစိုက်နိုင်တာမျိုး ဖြစ်ဖူးကြလား.....???

▪ဒီလိုအချိန်မှာ အလုပ်မပြီး​မြောက်တဲ့အတွက် စိတ်ခံစားချက်လဲ ကောင်းမနေနိုင်ပါ။ ဒီလို ဖြစ်ရင် ကျွန်တော်ကတော့ ဘာမှတွေးမနေဘူး လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်လိုက်တယ်။ပြီးတာနဲ့ ရေကို အဝချိုးပြီး ခန္ဓာကိုယ် သန့်စင်အောင်ထားလိုက်တယ်။ ဒီနည်းလမ်းက ကျွန်တော်အတွက် တော်တော်လေး Effective ဖြစ်တယ်။

▪ဒီလိုလုပ်ပြီးတာနဲ့ အာရုံစိုက်နိုင်မှုလဲ အားကောင်းလာသလို အလုပ်လုပ်ဖို့လဲ စိတ်အား ထက်သန်လာတယ်။ဦးစားပေး လုပ်စရာတွေထဲက တစ်ခုလို့
တောင်ပြေားလို့ရတယ်။ "တန်ဆေး လွန်ဘေး" ဆိုတဲ့ စကားလဲရှိတာမို့ အချိန်အခါနဲ့ ခန္ဓာကိုယ်ရဲ့ခံနိုင်စွမ်းကိုလဲ သိရပါမယ်။အခုလို စိတ်ဖီစီးစရာတွေ ကြုံလာတဲ့အခါ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေ လူတိုင်း ရှာဖွေထားသင့်ပါတယ်။

~အဓိက Stressတွေများနေတဲ့အချိန် ပိတ်မိမနေပဲ ကိုယ့်အတွက် ထွက်ပေါက်ဖြစ်မယ့် နည်းလမ်းတွေ ပြင်ဆင်ထားဖို့ပါ။✨

🌟မိတ်ဆွေတို့ရေား စိတ်ဖိစီးစရာတွေနဲ့
အလုပ်လုပ်ဖို့ ခက်ခဲနေတဲ့အခါ ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းဖြစ်လဲဆိုတာ Commentမှာ မျှဝေ​ပေးခဲ့ပါအုန်း။

𝐊𝐚𝐢𝐳𝐞𝐧 改善🇯🇵-------------------Kaizen ဆိုတာက ဂျပန်လူမျိုးတွေရဲ့ အတွေးအခေါ် တစ်ခုဖြစ်ပါတယ်။စဥ်ဆက်မပြတ် တိုးတတ်နေမှုလို့လဲ ...
06/03/2025

𝐊𝐚𝐢𝐳𝐞𝐧 改善🇯🇵
-------------------
Kaizen ဆိုတာက ဂျပန်လူမျိုးတွေရဲ့ အတွေးအခေါ် တစ်ခုဖြစ်ပါတယ်။စဥ်ဆက်မပြတ် တိုးတတ်နေမှုလို့လဲ အဓိပ္ပါယ်ရတယ်။ နေ့စဥ်ဘဝမှာ Kaizen အတွေးအခေါ်ကို အသုံးချခြင်တယ်ဆိုရင်----

▪တကယ်တိုးတတ်ချင်တဲ့ အရာကို ရွေးချယ်ပါ။

တိုးတတ်ခြင်တဲ့ အရာကို ရှင်းရှင်းလင်းလင်း
သိရပါမယ်။ ဝိတ်ချချင်တာလား၊ဘာသာစကားတစ်ခုခု လေ့လာချင်တာလား စတဲ့ တိကျတဲ့
ပန်းတိုင်တစ်ခု သတ်မှတ်ရမယ်။ ဘာဖြစ်ချင်နေမှန်း မသိရင် ပေါ်လာတဲ့ အတွေးတွေကို ချရေးပါ။ တကယ် တိုးတတ်ချင်တဲ့အရာ ဟုတ် မဟုတ် ကိုယ့်ကိုကိုယ် မေးခွန်း ပြန်မေးကြည့်ပါ။ဒီလိုဆို အဖြေထွက်လာပါလိမ့်မယ်။

▪​သေးသေးလေးကနေ စလုပ်ပါ။

ချမှတ်ထားတဲ့ ပန်းတိုင်နဲ့ ပတ်သတ်ပြီး လုပ်နိုင်တဲ့အရာ သေးသေးလေးတွေ စလုပ်ပါ။သေးသေးလေး ဆိုပြီး အထင်မသေးပါနဲ့။ မိုင်ထောင်ချီတဲ့ ခရီးကို ခြေတစ်လှမ်းကနေ စရတာပါ။

▪နည်းနည်းခြင်း ပိုလုပ်သွားပါ။

Gym စဆော့တဲ့အခါ ဝိတ်တုံး ကြီးတွေ မ ဖို့ မဖြစ်နိုင်ပါဘူး။အချိန်တစ်ခုရောက်တဲ့အခါ ကိုယ် မနိုင်တဲ့ ဝိတ်တုံးတွေ မ နိုင်လာပါတယ်။ဒီလိုပါပဲ Kaizen အတွေးအခေါ်ကို အသုံးချတဲ့အခါ သေးသေးလေးတွေနဲ့ စမယ်။ ပြီးရင် လုပ်နိုင်စွမ်းကို တိုးသွားရမယ်။

▪စဥ်ဆက်မပြတ် လုပ်ဆောင်ပါ။

အစပိုင်းမှာ တတ်တတ်ကြွကြွ ရှိနေပေ့မယ့်
ရက်အနည်းငယ်ကြာတဲ့အခါ စိတ်အားလျော့လာကြတယ်။ Kaizenရဲ့ သဘေားတရားကိုက နည်းနည်းစီ
တိုးလုပ်သွားရင်း အချိန်ကြာလာတာနဲ့ သိသိသာသာ တိုးတတ်သွားတာမျိုးပါ။လုပ်နေတဲ့ ကာလအတွင်း တိုးတတ်မှု မရှိဘူးလို့ ထင်ရနိုင်ပါတယ်။စဥ်ဆက်မပြတ် လုပ်နိုင်ဖို့ ကိုယ်လျှောက်ခဲ့တဲ့ လမ်းကိုကြည့်ပြီး အားပြန်ယူရပါမယ်။

🌞အရေးကြီးဆုံးအချက်က စိတ်ရှည်ရှည် ဇွဲးရှိရှိနဲ့ ကိုယ့်ရဲ့ တိုးတတ်မှုကို မြှင့်တင်သွားဖို့ပါပဲခင်ဗျ။

💡 Consistencyရှိရင် အဆင်ပြေတယ် ဆိုတဲ့ စကားထဲ ပိတ်မိနေလို့ မရဘူး....▪ရည်မှန်းချက် တစ်ခုအတွက် လုပ်ရမယ့် အလုပ်တွေကို Consis...
04/03/2025

💡 Consistencyရှိရင် အဆင်ပြေတယ် ဆိုတဲ့ စကားထဲ ပိတ်မိနေလို့ မရဘူး....

▪ရည်မှန်းချက် တစ်ခုအတွက် လုပ်ရမယ့် အလုပ်တွေကို Consistency ရှိရှိလုပ်နေတယ်။အချိန်တစ်ခုရောက်တဲ့အထိ ထိထိရောက်ရောက် ပြောင်းလဲလာတာမျိုး မရှိတဲ့ အခြေအနေမျိုးတွေ ကြုံဖူးကြမှာပါ။

~ ဒီအချိန်မှာ ကိုယ့်ကိုကိုယ် ပြန်ပြီးသုံးသပ်ရမယ်။ Consistency ရှိရှိ လုပ်နေတဲ့အရာတွေမှာ ဘယ်နေရာတွေမှားနေလဲ၊ ဘယ်အရာတွေကို improve လုပ်ဖို့လိုတာလဲ စသည်ဖြင့် ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ကိုယ်သိထားတဲ့အရာတွေ၊ ကိုယ်ယုံကြည်ထားတဲ့အရာတွေ ဒါတွေဟာ အမြဲတမ်း မှန်မနေနိုင်ပါဘူး။လောကကြီးမှာ အရာအားလုံးနီးပါး အချိန်နဲ့အမျှပြောင်းလဲနေတယ် ဆိုတာသိရမယ်။

▪တစ်ခုခုကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် အောင်မြင်ခြင်တယ်ဆိုရင် ဘယ်လိုပြောင်းလဲ​ပြီး လုပ်ဖို့လိုမလဲ ၊ကိုယ့်လိုမျိုး လုပ်နေတဲ့သူတွေ ဘယ်လိုလုပ်သွားပြီလဲ။ဒီလို Willing to mindset ဖြစ်ဖို့လိုတယ်။ငါသိတာပဲအမှန်၊ငါလုပ်တာပဲအမှန်၊ဘယ်သူမှ ဘာမှလာမပြေားနဲ့ ဆိုတဲ့ အပိတ် mindset ကြီးနဲ့ဆို နွားခြေရာခွက်ထဲက ဖားသူငယ်လို ဖြစ်နေမှာပဲ။

🌞 Consistencyဆိုတာ လိုချင်တဲ့နေရာကို ရောက်ဖို့ တစ်စိတ်တစ်ပိုင်းပါပဲ။ဒါကြောင့် Continuous development လုပ်ဖို့ အတွက် မေ့မနေသင့်ဘူး။Continuous development ဖြစ်ဖို့ဆိုရင် ​​​အသစ်အသစ်သော အရာတွေကို လက်ခံပြီး
စဥ်ဆက်မပြတ် လေ့လာနေရမယ်။ ပြောင်းလဲဖို့အတွက်လဲ ဝန်လေးမနေသင့်ဘူး။

🗨 အခုပြေားတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး မတူညီတဲ့အမြင်တွေရှိရင် Commentမှာဝင်ရောက် ဆွေးနွေးခဲ့နိုင်ပါတယ်ခင်ဗျ။

🚨ပြသာနာရှာတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လိုရင်ဆိုင်မလဲ??လုပ်ငန်းခွင်မှာ ဘယ်လိုလူတွေ ပြသာနာရှာခံရသလဲ၊ မနာလိုခံရသလဲဆိုရ...
02/03/2025

🚨ပြသာနာရှာတတ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လိုရင်ဆိုင်မလဲ??

လုပ်ငန်းခွင်မှာ ဘယ်လိုလူတွေ ပြသာနာရှာခံရသလဲ၊ မနာလိုခံရသလဲဆိုရင် အတတ်ပညာတစ်ခုခုကျွမ်းကျင်နေသူတွေ ၊ပညာအရည်အချင်းကောင်း တဲ့သူတွေ၊ ရာထူးတိုးခံရတဲ့သူတွေ ဒီလိုလူတွေဟာ များသောအားဖြင့် မနာလိုခြင်းခံရတတ်ပါတယ်။

👉 ဘာကြောင့်ပဲ ပြသာနာရှာခံရပါစေ ဒီ Conflict တွေကို ကျော်ဖြတ်ဖို့အတွက်ဆိုရင်-

▪ဒီလူတွေနေရာကို ဝင်ပြီး ခံစားကြည့်ပါ။ ကိုယ့်သာ သူနေရာမှာဆို ကိုယ့်ကိုကိုယ် ပြန်ပြီ
မနာလို ဖြစ်နေမလား။နှစ်တွေအကြာကြီး လုပ်ငန်းခွင်မှာ နေခဲ့ရတဲ့သူတို့ကို နောက်မှရောက်တဲ့ ကိုယ့်က အုပ်ချုပ်ရတော့မယ့်အခြေအနေတွေမှာ သူတို့အနေနဲ့ စိတ်ခုစရာ ​ဖြစ်နေမှာပဲ။ ဒီလိုအချိန်မှာ သူတို့နဲ့ တိုက်ရိုက် ထိတွေ့နေမယ့်အစား နားလည်ပေးလိုက်ပါ။အဲ့လိုလုပ်လိုက်တာနဲ့ သူတို့အပေါ် ကိုယ်ထားတဲ့ စိတ်ထားဟာ ပျော့ပြောင်းသွားနိုင်ပါတယ်။ ဒီလို နားလည်ပေးပြီ လေးလေးစားစားဆက်ဆံလိုက်တာနဲ့ သူတို့ရဲ့နှစ်သက်မှုကို ရလာနိုင်သလို အတွေ့အကြုံရှိတဲ့သူတို့ရဲ့အကြံဉာဏ်တွေကြောင့် အလုပ်လုပ်တဲ့နေရာမှာလဲ ပိုပြီးအဆင်ပြေလာနိုင်ပါတယ်။

▪လုပ်ငန်းခွင်မှာ ကိုယ့်ကို ပြသာနာရှာတယ်၊လှောင်တယ်၊ပြောင်တယ် ဒီလိုလူတွေနဲ့ ကြုံနေရတယ်ဆို သူတို့ကိုသေချာလေ့လာကြည့်ပါ။ ဒီလိုအရာတွေဟာ သူတို့ရဲ့ အကျင့်ဖြစ်နေတတ်ပါတယ်။ဒီလိုဆိုရင် ပေါ့ပေါ့ပါးပါးပဲ လက်ခံပေးလိုက်ယုံပါ။ခံစားမနေပါနဲ့။သူတို့ရဲ့အကျင့်ကို ပေါ့ပေါ့ပါးပါး
သဘေားထားနိုင်ပြီဆိုတာနဲ့ အလုပ်လုပ်ရတာလဲ အဆင်ပြေလာပါလိမ့်မယ်။

▪ကိုယ့်ကို ခေါင်းအမြဲလိုက်ကိုက်နေတဲ့ သူတွေကြောင့် အလုပ်ကိုစွန့်ခွာတော့မယ် ဆိုတာမျိုး မလုပ်ပါနဲ့။ ဘယ်လုပ်ငန်းပဲရောက်ရောက် ဒီလိုလူတွေက ရှိနေမှာပါ။လက်ရှိ လုပ်ဖော်ကိုင်ဖက်တွေနဲ့သာ ကောင်းမွန်တဲ့ ဆက်ဆံရေးရအောင် တည်ဆောက်ပြီး ကိုယ့်သည်တကယ် အရည်အချင်းပြည့်မှီတဲ့ ဝန်ထမ်းကောင်းတစ်ယောက်ဆိုတာ သူတို့လက်ခံအောင်လုပ်နိုင်ပြီဆိုရင် အဆင်ပြေတဲ့လုပ်ငန်ခွင် တစ်ခုကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

🌞လုပ်ငန်းခွင်မှာ အခုလို​ကိစ္စတွေကြောင့် စိတ်ပင်ပန်းနေရတဲ့ လူငယ်တွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။

🗨 လူငယ်တွေအတွက် အကျိုးရှိမယ့် အကြောင်းအရာလေးတွေ မျှဝေသွားအုန်းမှာဖြစ်လို့ Page ကို Like & Follow လုပ်ခဲ့ပေးပါအုန်း။




📖 𝐍𝐨𝐭𝐞_𝐭𝐚𝐤𝐢𝐧𝐠လုပ်တတ်တဲ့ အလေ့အကျင့်ကို ဘာကြောင့် မွေးမြူထားသင့်တာလဲ...???~ စဥ်းစားမိတဲ့ အရာတွေ၊ ပေါ်လာတဲ့အတွေးတွေ ကို ချရ...
27/02/2025

📖 𝐍𝐨𝐭𝐞_𝐭𝐚𝐤𝐢𝐧𝐠လုပ်တတ်တဲ့ အလေ့အကျင့်ကို ဘာကြောင့် မွေးမြူထားသင့်တာလဲ...???

~ စဥ်းစားမိတဲ့ အရာတွေ၊ ပေါ်လာတဲ့အတွေးတွေ ကို ချရေးတာမျိုး လုပ်ဖူးကြရဲ့လား။ တစ်နေ့လုံး မြင်နေရတဲ့အရာတွေ၊ ကြားနေရတဲ့ အသံတွေဟာ ကျွန်တော်တို့ရဲ့ ဦးနှောက်မှာ စုပုံနေတတ်ပါတယ်။ ဒီလို မလိုအပ်တဲ့ ကိစ္စတွေကြောင့်ပဲ အရေးကြီးလုပ်စရာတွေ လုပ်ဖို့ကို နှောင်နှေးစေတာပါ။
ဦးနှောက်ထဲ တွေးစရာတွေ များလာတာနဲ့အမျှ ဘာကိုဦးစားပေးရမလဲဆိုတာကို မစဥ်းစားနိုင်တော့ဘူး။ ဒါကို 𝐌𝐞𝐧𝐭𝐚𝐥 𝐎𝐯𝐞𝐫𝐥𝐨𝐚𝐝 ဖြစ်တယ်လို့လဲ ပြေားကြတယ်။

~ 𝐌𝐞𝐧𝐭𝐚𝐥 𝐎𝐯𝐞𝐫𝐥𝐨𝐚𝐝 မဖြစ်စေဖို့ လုပ်စရာရှိတာတွေကို 𝐒𝐞𝐜𝐨𝐧𝐝 𝐁𝐫𝐚𝐢𝐧 ဖြစ်တဲ့ စာအုပ်ထဲမှာ ချရေးထားတာမျိုး လုပ်သင့်ပါတယ်။စာအုပ်က သယ်သွားဖို့ အခက်အခဲရှိတယ်ဆို 𝐍𝐨𝐭𝐞-𝐭𝐚𝐤𝐢𝐧𝐠 လုပ်လို့ရတဲ့ 𝐀𝐢 𝐭𝐨𝐨𝐥 တွေဖုန်းထဲထားပြီ လုပ်စရာရှိတာတွေ ရေးမှတ်လိုက်ယုံပါ။ဘာမှမရှိရင်တောင် ဖုန်းထဲက 𝐍𝐨𝐭𝐞 မှာ ရေးမှတ်ထားလို့ရပါတယ်။လုပ်စရာအလုပ်တွေကို ခေါင်းထဲ မထားပဲ စာအုပ်ထဲ သိမ်းထားတဲ့သဘေားပါ။

ကမ္ဘာကျော်အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ 𝐋𝐞𝐨𝐧𝐚𝐫𝐝𝐨 𝐃𝐞𝐯𝐢𝐧𝐜𝐢 ဟာ သူ့ပတ်ဝန်ကျင်က မြင်သမျှအရာတိုင်း၊တွေးသမျှ အတွေးတိုင်းကို ချရေးတတ် သူပါ။ဒါကြောင့်လဲ သူရဲ့ အနုပညာလက်ရာတွေဟာ ကမ္ဘာသမိုင်းမှာ အကောင်းဆုံး လက်ရာ တွေ ဖြစ်နေခဲ့တာပါ။အမြဲမပြတ် မှတ်သားလေ့လာခြင်းဟာ အမှန်တကယ် အကျိုးရှိကြောင်း သူ့မှတ်စု စာအုပ်မှာ ရေးသားခဲ့ဖူးပါတယ်။

✍ ဒီလို 𝐍𝐨𝐭𝐞-𝐭𝐚𝐤𝐢𝐧𝐠 လုပ်ခြင်းဟာ တီထွင်ဖန်တီးနိုင်စွမ်း မြှင့်လာနိုင်တဲ့အပြင် ပြသာနာဖြေရှင်းနိုင်မှု စွမ်းရည်ပါ တိုးတတ်လာနိုင်တဲ့အတွက် မွေးမြူထားသင့်တဲ့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်ခင်ဗျ။

ဒီပိုစ့်လေးကနေ အကျိုးတစ်စုံတစ်ရာ ရတယ်ဆိုရင် 𝐋𝐢𝐤𝐞 & 𝐒𝐡𝐚𝐫𝐞 လုပ်ပေးခဲ့ပါအုန်း။✨




💡ရည်ရွယ်ချက်တွေ မဖြစ်မြောက်တာ ဘာကြောင့်လဲ ..........??အကြောင်းပြချက်တွေက မျိုးမျိုးရှိနေမှာပဲ။ အချိန်ဆွဲးနေလို့ပဲ ဖြစ်ဖြ...
24/02/2025

💡ရည်ရွယ်ချက်တွေ မဖြစ်မြောက်တာ ဘာကြောင့်လဲ ..........??

အကြောင်းပြချက်တွေက မျိုးမျိုးရှိနေမှာပဲ။ အချိန်ဆွဲးနေလို့ပဲ ဖြစ်ဖြစ်၊ ပျင်းနေလို့ပဲ ဖြစ်ဖြစ် မျိုးစုံရှိမှာပဲ။ ဒီအထဲမှာ လူတိုင်းနီးပါး ကြုံတွေ့နေရတဲ့ အတားအဆီး တစ်ခုက အကြောက်တရားပဲ။

▪ အခုလိုပြေားတော​့ တစ်ချို့တွေကလဲ ငြင်းချင်ငြင်းနိုင်တယ်။ မကြောက်ပါဘူး နည်းနည်းပျင်းနေလို့ မလုပ်ဖြစ်သေးတာပါ။ ဒီလိုမျိုးတွေ ပြေားလာနိုင်တယ်။ အကြောက်တရားဆိုတာက ဖုံးကွယ်ထားစရာ မလိုဘူး။ လူတိုင်းမှာ ရှိ​နေတာမျိုး။ အစစအရာရာ ပြီးပြည့်စုံနေတဲ့သူတွေကတော့ မကြောက်ဘူးဆိုတာ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ ဒါပေ့မယ့် ၇၀% ၈၀% သော လူအများစုကတော့ အကြောက်တရားကို ရင်ဆိုင်နေရတာပဲ။ ကိုယ်မလုပ်နိုင်တဲ့ အရာကို လုပ်နိုင်ပါတယ်ဆိုပြီး ပြေားစရာမလိုဘူး။ ဝန်ခံတတ်ဖို့ လိုတယ်။ဝန်ခံပြီးပြီးဆိုရင် စိတ်ကိုတင်းပြီ ရင်ဆိုင်ဖို့ အတွက် ပြင်ဆင်ရမယ်။

▪ ကျွန်တော်ကိုယ်တိုင်လဲ အကြောက်တရားတွေကို အမြဲရင်ဆိုင်နေရတာပဲ။ တစ်ခုခုလုပ်မယ်ဆို ငါမျှော်လင့်သလို မဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ၊သူငယ်ချင်းတွေကရေား ဘာတွေပြေားမလဲ ဒီလိုမျိုးတွေ ကြောက်တာပဲ။ ဒါပေ့မယ့် ဒီအကြောက်တရားကြောင့် ဘယ်တော့မှလုပ်စရာရှိတာတွေကို ရပ်မနေခဲ့ဘူး။ အခုက အဲ့လိုရင်ဆိုင်တဲ့အဆင့်ကို မရောက်လာကြဘူး။ မကြောက်ပါဘူးဆိုတဲ့စကားနဲ့ ဖုံးကွယ်ရင်း တကယ်လုပ်ဖို့အတွက် တုန့်ဆိုင်းနေကြတယ်။ စဥ်းစားကြည့်ပါ ။ဒီအကြောက်တရားတွေကိုသာ ဖယ်လိုက်ရင် ငါမလုပ်ချင်တဲ့အလုပ်ကနေ ထွက်လိုက်နိုင်ပြီ၊ငါရောက်ချင်တဲ့ နေရာကို ရောက်နေလောက်ပြီ၊ ဒီထက်ပိုအဆင်ပြေနေလောက်ပြီ။ ဒါမျိုးတွေ တွေ့လာလိမ့်မယ်ံ။

📖 စကာပုံလေးတစ်ခုလို့ပေါ့ "လှေဟာ ကမ်းမှာ ကပ်ထားရင် အန္တာရယ်ပိုကင်းတယ်" တဲ့ ဒါပေ့မယ့် လှေကို လုပ်ထားရတဲ့ ရည်ရွယ်ချက်က ကမ်းမှာ ကပ်ထားဖို့အတွက်မဟုတ်ဘူး။

👉အဲ့လိုပဲ ကျွန်တော်တို့ ကိုယ်တိုင်လဲ 𝐒𝐚𝐟𝐞 𝐙𝐨𝐧𝐞 ထဲကနေထွက်ပြီး အကြောက်တရားကို ရင်ဆိုင်ကျော်ဖြတ်ဖို့လိုတယ်။ မကျော်ဖြတ်နိုင်သေးဘူး
ဆိုရင်တောင် တတ်နိုင်သလောက် ချဥ်းကပ်သွားဖို့လိုတယ်။𝐒𝐚𝐟𝐞 𝐙𝐨𝐧𝐞 ထဲမှာ နေနေမယ်ဆိုရင် အပေါ်က လှေလိုပဲ မိသားစုအတွက်ရေား၊ပတ်ဝန်ကျင်
အတွက်ရေား ဘာမှ အကျိုးရှိမှာမဟုတ်ပါဘူး။

🌞အခုလို လူငယ်တွေအတွက် အကျိုးရှိမယ့် 𝐂𝐨𝐧𝐭𝐞𝐧𝐭 လေးတွေ မျှဝေသွားအုန်းမှာဖြစ်လို့ 𝐏𝐚𝐠𝐞 ကို 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားပေးခဲ့ပါအုန်းနော်။



✍ လူငယ်တော်တော်များများ "မိဘတွေ စိတ်ချသော အခါ" ဆိုပြီ အဘိုးကြီးပုံ အဘွားကြီးပုံတွေ shareနေကြတာတွေ။ တစ်ချို့ကျတော့လဲ တစ်ခ...
22/02/2025

✍ လူငယ်တော်တော်များများ "မိဘတွေ စိတ်ချသော အခါ" ဆိုပြီ အဘိုးကြီးပုံ အဘွားကြီးပုံတွေ shareနေကြတာတွေ။

တစ်ချို့ကျတော့လဲ တစ်ခြားနိုင်ငံက လူငယ်တွေ ကျေားပိုးအိတ် တစ်လုံးနဲ့ ကမ္ဘာပတ်နေချိန် မိဘက စိတ်မချလို့ အိမ်ထဲမှာ ပိတ်မိနေတယ်ဆိုပြီး ပြေားနေကြတယ်။

▪ တကယ်တမ်းစဥ်းစားကြည့် ကျွန်တော်တို့ အားကျနေတဲ့ နိုင်ငံခြားက လူငယ်တွေက အသက် ၁၈နှစ် ၁၉နှစ် ဆိုတာနဲ့ အိမ်ပေါ်ကနေဆင်း ကိုယ့်ဝမ်း ကိုယ်ကျောင်း၊ ကိုယ့်ပိုက်ဆံ ကိုယ်ရှာ၊ ကိုယ်ဘာသာ ကျောင်းဆက်တတ် အဲ့လိုမျိုးနေရတာ။မလုပ်နိုင်ရင် ကျရူံးပြီပဲ ။ အပြင်လေားကမှာက
လူပေါင်စုံပဲ။ ကျွန်တော်တို့ အသက်၁၈နှစ်လောက်မှာ အလုပ်လုပ်နိုင်တဲ့စွမ်းရည်တွေ၊ ပြသာနာ ဖြေရှင်းနိုင်မှု စွမ်းရည်တွေ ဘယ်လောက်ရှိလဲ။Self-Control ရေား ဘယ်လောက်ကောင်းလဲ။ ကျွန်တော်တို့ရဲ့ Self-Controlနဲ့သာဆို ဘာမှတောင်ဖြစ်လိုက်မှာ မဟုတ်ဘူး။ လမ်းပေါ်မှာပဲ ဘဝက ဆုံးသွားမှာ။ အဲ့တော့ ထိခိုက်မှာစိုးရိမ်တဲ့စိတ်ကြောင့် ပြေားတဲ့ မိဘတွေကို အပြစ်တင်နေဖို့လဲ မသင့်ဘူး။တခြားနိုင်ငံကလူငယ်တွေကို အားကျနေပြီဆိုရင် မိဘတွေ ယုံကြည်လောက်တဲ့ ပုံစံမျိုး တော့ ပြရမယ်လေ။

▪ကျွန်တော်တို့မှာ အလုပ်အကိုင်လဲ သီးသီးသန့်သန့်ရှိမယ်၊ ဝင်ငွေလဲရှာနိုင်တယ်၊ Social Skillကလဲ ကောင်းတယ်၊ စကားအပြေားအဆိုလဲ ညပ်တယ်၊Problem Solving Skill လဲကောင်းတယ်နေတယ်ဆိုရင် ဘယ်မိဘက စိတ်မချပဲနေမှာလဲ။

▪ အဲ့လိုမဟုတ်ပဲ မိဘခူးကျွေးတဲ့ ထမင်းစားပြီး အိမ်ထဲမှာ ပိတ်မိနေတယ်လို့ အော်နေရင်လဲ ဘာမှထူးမှာမဟုတ်ပါဘူး။ 🤷‍♂️

👉 ဒီ​တော့ စကားလက်ဆောင်အနေနဲ့....

မိဘတွေကြောင့် ပိတ်မိနေတယ်လို့ ခံစားနေရပြီ
ဆိုရင် ယုံကြည်လောက်တဲ့ အသွင်အပြင်မျိုး ပြဖို့လိုပြီ ဆိုတာကို သတိရစေချင်ပါတယ်။✨

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Yair posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share