A Hla Radio

A Hla Radio ကမ္ဘာမြေရဲ့ အလှတရားများကို တူးဆွကြည့်ခြင်း

It's been a long time since I upload.Here's is the another one for you to listen.https://youtu.be/gVFQHR_l4Ws This video...
15/06/2025

It's been a long time since I upload.

Here's is the another one for you to listen.

https://youtu.be/gVFQHR_l4Ws

This video is the hideout for me to release my stress and anxiety.

So check that out...

Give all credit to ဆရာလင်းခါး.

He's my spiritual guidance in my deepest time.

#လင်းခါး #လူအုပ်ထဲကအထီးကျန်မှု

လူအုပ်ထဲက အထီးကျန်မှု - လင်းခါး

ဖန်တစ်ရာထပ်နေတဲ့ ချစ်၊ ကြိုက်၊ ကွဲ၊ ညား ဇာတ်တွေရဲ့ အခြားတစ်ဖက်ဒီနေ့ခေတ်ရဲ့လူသားတိုင်းကို ဒုက္ခအပေးဆုံးအရာကတော့ ကိုယ်ပိုင...
23/04/2025

ဖန်တစ်ရာထပ်နေတဲ့ ချစ်၊ ကြိုက်၊ ကွဲ၊ ညား ဇာတ်တွေရဲ့ အခြားတစ်ဖက်

ဒီနေ့ခေတ်ရဲ့လူသားတိုင်းကို ဒုက္ခအပေးဆုံးအရာကတော့ ကိုယ်ပိုင်အချိန် မရှိနိုင်လောက်အောင် ရှားပါးလာတာပါပဲ။ နိုင်ငံတကာရုပ်ရှင်တွေ၊ ကိုရီးယားဇာတ်လမ်းတွဲတွေကြားထဲက မင်းသားနဲ့ မင်းသမီးရဲ့ ချစ်ကြိုက်အခန်း၊ ပြီးရင်အခက်အခဲတွေ့၊ နောက်ဆုံးပြန်အဆင်ပြေ၊ ပျော်ရွင်ကြည်နူး တစ်တီတူးရင်း နိဂုံးချုပ်သွား စတဲ့ဇာတ်လမ်းတွေက မှိုလိုပေါလာပါတယ်။

ဒီကြားထဲ 𝗤𝘂𝗮𝗹𝗶𝘁𝘆 မမှီတဲ့ဇာတ်ကားတွေ၊ ပျင်းဖို့ကောင်းတဲ့ဇာတ်ကားတွေနဲ့ ကိုယ့်ရဲ့အချိန်တွေက အလဟဿ ကုန်ဆုံးနေရပြီး အကျိုးမရှိသလိုဖြစ်နေတယ်။ ဇာတ်လမ်းတစ်ပုဒ်က ပြီးသွားတာနဲ့ ကိုယ့်အတွက် ဆင့်ပွားတွေးစရာတွေ၊ အမြင်တွေကို ကျန်နေခဲ့ချင်တယ်ဆိုရင်တော့ ဒီတစ်ခေါက် အလှရေဒီယိုကနေ 𝗕𝗹𝗮𝗰𝗸 𝗠𝗶𝗿𝗿𝗼𝗿 ဆိုတဲ့ ဇာတ်လမ်းတွဲတစ်ခုကို ညွှန်းပါရစေ။

တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ ကိုယ့်ရဲ့ 𝗣𝗿𝗶𝘃𝗮𝗰𝘆 ချိုးဖောက်ခံရတာတွေ၊ 𝗘𝘁𝗵𝗶𝗰𝘀 မရှိတဲ့လုပ်ရပ်တွေ၊ 𝗪𝗵𝗮𝘁 𝗶𝗳 ဆိုတာမျိုးတွေနဲ့ 𝗦𝗲𝗿𝗶𝗲𝘀 တစ်ခုလုံးကို တည်ဆောက်ထားတာပါ။ ပြီးတော့ အပိုင်းတစ်ခုချင်းဆီက တစ်ပုဒ်ပုံစံဖြစ်နေတော့ ကိုယ်ကြိုက်တဲ့အပိုင်းကနေ စကြည့်လို့ရတာပါပဲ။ အခုလက်ရှိဖြစ်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ အကျည်းတန်မှုတွေ၊ နည်းပညာရဲ့ ကြောက်စရာကောင်းတဲ့အဖြစ်တွေ၊ လူတွေရဲ့ ဆိုးရွားတဲ့အမြင်တွေကို ပုံစံတစ်မျိုးနဲ့ ချပြထားတဲ့ Series တစ်ခုပါ။

ပြီးခဲ့တဲ့ 𝗔𝗽𝗿𝗶𝗹 လ 𝟭𝟭 ရက်နေ့ကပဲ 𝗦𝗲𝗮𝘀𝗼𝗻 𝟳 ထပ်ထွက်ထားတာမို့ အားလုံးပေါင်း အပိုင်း 𝟯𝟯 ပိုင်းရှိနေပါပြီ။ ဒီနေရာမှာ ညွှန်းချင်တဲ့တစ်ချက်ကတော့ အပိုင်းတွေအားလုံးကို တစ်ထိုင်ထဲမကြည့်ဖို့ပါပဲ။ ကျွန်တော်ကိုယ်တိုင်တော့ တစ်ရက်ကို တစ်ပိုင်းကြည့်ရင်း ကြည့်ပြီးသွားတဲ့အပိုင်းမှာပါတဲ့ အကြောင်းအရာတွေကို ထိုင်တွေးနေမိတာက ပိုပြီးအရသာရှိတယ်လို့ ခံစားရပါတယ်။

အလှဆိုတာက လှပခြင်းတွေ၊ ပျော်ရွင်ခြင်းတွေကိုပဲ ရည်ညွှန်းတာမျိုးမဟုတ်ဘဲ အလှဆိုတာကို ရှာတတ်ရင် နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။



ကံကြမ္မာ တံခါးလာခေါက်ခြင်း သို့ 𝗦𝘆𝗺𝗽𝗵𝗼𝗻𝘆 𝗡𝗼.𝟱𝗕𝗲𝗲𝘁𝗵𝗼𝘃𝗲𝗻 ဆိုတာကို လူတိုင်းမသိ၊ မရင်းနှီးကြပေမဲ့ သူ့ရဲ့သီချင်းတွေထဲက ဒီသီချ...
21/04/2025

ကံကြမ္မာ တံခါးလာခေါက်ခြင်း သို့ 𝗦𝘆𝗺𝗽𝗵𝗼𝗻𝘆 𝗡𝗼.𝟱

𝗕𝗲𝗲𝘁𝗵𝗼𝘃𝗲𝗻 ဆိုတာကို လူတိုင်းမသိ၊ မရင်းနှီးကြပေမဲ့ သူ့ရဲ့သီချင်းတွေထဲက ဒီသီချင်းကိုတော့ မသိတဲ့သူ၊ မကြားဖူးတဲ့သူရှိမယ်မထင်ပါဘူး။

ဒ..ဒ..ဒ..ဒန် ဆိုတဲ့ နုတ် ၄ ခုနဲ့ ကျွန်တော်တို့ရဲ့ ခံစားချက်အားလုံးကို ဗြောင်းဆန်အောင်လုပ်ပစ်နိုင်တဲ့ ဒီသီချင်းကို Beethoven က သူနားမကြားတော့တဲ့အချိန်အတွင်းပိုင်းမှာ ရေးစပ်ခဲ့တာပါ။ ကမ္ဘာပေါ်မှာ ဘာသာစကားအမျိုးမျိုး ပြောကြပေမဲ့ လူတွေရဲ့ ဂီတအပေါ်ခံစားချက်က အတူတူရှိကြပါတယ်။ ဒီအချက်ကို 𝗕𝗲𝗲𝘁𝗵𝗼𝘃𝗲𝗻 ရဲ့ 𝗦𝘆𝗺𝗽𝗵𝗼𝗻𝘆 𝗡𝗼.𝟱 နဲ့ သက်သေပြလို့ရပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ မဟာမိတ်တပ်တွေရဲ့ စစ်ပွဲသတင်းကို အပြန်အလှန်ဆက်သွယ်တဲ့နေရာမှာ 𝗕𝗲𝗲𝘁𝗵𝗼𝘃𝗲𝗻 ရဲ့သီချင်းကို အသုံးပြုခဲ့ကြပါတယ်။ မတူညီတဲ့ဘာသာစကားကိုပြောကြပေမဲ့ တူညီတဲ့အချက်ကတော့ Symphony No.5 သီချင်းကို နားထောင်ကြရင်း ခံစားချက်တွေ တက်ကြွလာကြတာပါပဲ။ ဒီလိုနဲ့ စစ်ပွဲမှာ အနိုင်ရတယ်ဆိုတဲ့ သတင်းကို ဌာနချုပ်ကို ပြန်ပို့တဲ့အခါ သုံးတဲ့ 𝗠𝗼𝗿𝘀𝗲 𝗖𝗼𝗱𝗲 က 𝗦𝘆𝗺𝗽𝗵𝗼𝗻𝘆 𝗡𝗼.𝟱 ရဲ့ နုတ် ၄ ခုဖြစ်တဲ့ (. . . _) တဲ့ဗျာ။

ဘယ်လောက်လှလိုက်သလဲ။



❝အလှတရားကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြလဲ❞လောကကြီးရဲ့ တည်ရှိနေတဲ့ အလှတရားတွေကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ကြတယ်။ တချို့က မ...
20/04/2025

❝အလှတရားကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြလဲ❞

လောကကြီးရဲ့ တည်ရှိနေတဲ့ အလှတရားတွေကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ကြတယ်။ တချို့က မနက်မိုး‌သောက်ချိန် မြင်ရတဲ့ နေမင်းကြီးရဲ့အလှ၊ တချို့ကျ သစ်ရွက်စိမ်းတွေပြည့်နေတဲ့ သစ်ပင်၊ သီချင်းတစ်ပုဒ်ရဲ့ ဂီတ၊ ချစ်ရသူရဲ့အပြုံး… အရာရာတိုင်းမှာ အလှဆိုတာ တည်ရှိတယ်။

နှလုံးသားရှိသူတိုင်းအတွက် အလှတရားဆိုတာ တစ်ယူသန်မရှိခဲ့ဖူးဘူး။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အလှကို သတ်မှတ်ပုံ၊ ခံစားပုံချင်းလဲ တူမှာမဟုတ်ဘူး။

သူသူကိုယ်ကိုယ် ခံစားချက်ချင်းမတူပေမဲ့ အလှတရားတွေကြောင့် နီးစပ်သွားကြတဲ့ သာဓကတွေအများကြီးရှိသလို အလှတရားကြောင့်ပဲ ဝေးကွာသွားကြတာတွေ အများကြီး ရှိနေပါတယ်။ ဒီလိုမျိုး လောကကြီးထဲ ရှင်သန်နေစဉ်ကာလလေးတစ်ခုမှာ ရှာတွေ့ထားတဲ့ အလှတရားတွေကို မျှဝေပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုထဲနဲ့ ဒီ ❝အလှရေဒီယို❞ ဆိုတဲ့ Page ကိုစတင်ခဲ့တာပါ။

❝အလှရေဒီယို❞ ကနေ ရေဒီယိုဆိုတဲ့အတိုင်း အနုပညာအကြောင်းတွေ၊ သီချင်းအကြောင်းတွေထဲက အလှတရားကို ရှာဖွေသွားပြီး တင်ဆက်ပေးသွားမှာပါ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when A Hla Radio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share