30/12/2025
မြန်မာနိုင်ငံမှာ ယုံကြည်မှုတွေကိုအခြေခံပြီး ပုံဖော်တည်ဆောက်ခဲ့တဲ့ AIA Myanmar ရဲ့ (၆) နှစ်တာခရီးစဉ်
AIA Myanmar က၂၀၁၉ ခုနှစ်ကစပြီး လူတစ်ဦးတစ်ယောက်ချင်းစီနဲ့ လူမှုအသိုင်းအဝိုင်းတွေအတွက် ကျန်းမာ၊သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတွေ ရရှိစေရေးဆိုတဲ့ ကတိကဝတ်နဲ့အတူ မြန်မာနိုင်ငံကို စတင်ခြေလှမ်း လှမ်းခဲ့ရာ ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးနဲ့ အာမခံအကာအကွယ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးနေတဲ့ လက်တွဲဖော်ကောင်းအဖြစ် ရပ်တည်ခဲ့တာ အခုဆိုရင် (၆) နှစ်ပြည့်မှတ်တိုင်ကို ရောက်ရှိလို့လာခဲ့ပါပြီ။
အားလုံးအတွက် ယုံကြည်မှုတွေကို တည်ဆောက်ရင်း သင်နဲ့ သင်ချစ်ခင်ရတဲ့ မိသားစုတွေအတွက် ငွေကြေးဆိုင်ရာ လုံခြုံစိတ်ချရမှု၊ စိတ်အေးချမ်းသာမှုတို့ကို ပေးနိုင်ခဲ့သလို၊ ကျန်းမာရေးအစီအစဥ်ကောင်းတွေ၊ လူမှုအကျိုးပြုအစီအစဥ်တွေကိုလည်း မိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
အခုလိုအောင်မြင်မှုမှတ်တိုင်ကို ရောက်ရှိလာတာက AIA Myanmar နဲ့အတူ လက်တွဲခဲ့ကြတဲ့ ဧရာဝတီဘဏ် အပါအဝင် မိတ်ဖက်လုပ်ငန်းများ၊ AIA Member များ၊ အတူတူကြိုးစားပေးခဲ့ကြတဲ့ ငွေကြေးအတိုင်ပင်ခံများနဲ့ ဝန်ထမ်းများရဲ့ အားသွန်ခွန်စိုက်ကူညီပံ့ပိုးပေးမှုတွေကြောင့်ဖြစ်ပြီး ဒီခရီးစဉ်မှာ အတူရှိပေးခဲ့တဲ့အတွက် AIA Myanmar က အထူး ကျေးဇူးတင်ရှိပါတယ်။
မြန်မာနိုင်ငံအတွက် ပိုမိုကျန်းမာလှပတဲ့အနာဂတ်ကို တည်ဆောက်ဖို့ အားလုံးစိတ်တူကိုယ်တူ ကြိုးစားဆောင်ရွက်ခဲ့ကြတာပါ။
အခုထက်ပိုမိုကောင်းတဲ့ ဝန်ဆောင်မှုတွေနဲ့အတူ အားလုံးအတွက် ကျန်းမာ၊ သက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေကို ရရှိပိုင်ဆိုင်နိုင်ရေးဆိုတဲ့ ကတိကဝတ်ကို နောင်နှစ်ပေါင်းများစွာတိုင် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရင်း မြန်မာနိုင်ငံနဲ့အတူ အစဉ်အမြဲအတူရှိနေဦးမှာပါ။
Celebrating 6 Years of Trust and Growth with Myanmar!
Since 2019, AIA Myanmar has driven our brand purpose of helping people live Healthier, Longer, Better Lives and now we proudly mark our incredible milestone of 6 years in Myanmar as the top trusted financial partner in insurance protection and health wellness.
We have built trust, delivered financial security, peace of mind and introduced purpose-led health wellness programmes that support local people to thrive better lives.
This milestone is made possible by the dedication of our talents, and the continued trust of our members, our valued partners including AYA Bank and dedicated financial advisors, all working together to create a healthier future for Myanmar.
In the years ahead, we will continue to stand alongside Myanmar, strengthening our commitment to help people live Healthier, Longer, Better Lives through better services for tomorrow.