01/04/2026
လူငယ်တွေ အတွက် 🏃🏃🏻♀️
Social mediaကို စွဲလန်းနေတဲ့
အဖွဲ့ထဲမှာ ဆွေပါပါတယ်။
ဖုန်းမရှိရင် မနေတတ်တော့ဘူး။ ကလေးတစ်ယောက်လိုမျိုးလည်း လိုင်းပေါ်က မိတ်ဆွေတွေရဲ့ တုံပြန့်မှု/အမြင်ကိုလည်း မျှော်နေတတ်တယ်။
For young people 🏃🏃🏻♀️
I am a member of the
group that is addicted to social media.
I can't live without my phone. Like a child, I often look forward to the opinions/views of my online friends.
ဪ... ဘာမဟုတ်တဲ့ ရသလေးလဲ။ ကိုယ်ကိုကိုယ် ဂရုစိုက်ဖို့ မေ့နေတယ်။ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာတွေ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာတယ်။
Oh... what a mess. I'm forgetting to take care of myself. My health and mental state are slowly deteriorating.
မင်းက ငှက်ငယ်တစ်ကောင်ပဲ။ မင်းရဲ့ အတောင်ပံတွေ အပေါ်မှာသာ ယုံကြည်မှု အပြည့်ထားရမယ်။
ကိုယ့်ရဲ့အတောင်ပံတွေကို ကိုယ်တိုင်မှ ယုံကြည်မှု
မထားရင် မင်းက ထိန်းချုပ်ခံရတော့မှာ။
You are a little bird. You must have complete confidence in your wings.
If you don't have confidence in your own wings, you will be controlled.
အဖွဲ့အစည်းတစ်ခုမှာ ထိပ်ဆုံးက အောက်ဆုံးကို ခိုင်းစားတာက သဘာဝပါ။
ဥပမာ- မင်း ငွေကြေးအတွက်နဲ့ ကျေးကျွန်ဖြစ်လာနိုင်တယ်။
တကယ့်ကို မင်းဘက်က လိုလိုလားလားကြီးနဲ့
လုပ်ပေးမှာ။
It is natural for the top to be subservient to the bottom in an organization.
For example, you can become a slave for money.
You will do it willingly.
တက်သစ်စ ပန်းချီဆရာတွေက တခြားသူတွေရဲ့ ကောင်းမွန်တဲ့ တုံပြန့်မှုနဲ့ အားပေးမှုကို ဦးစားပေး မျှော်လင့်ကြတာ တွေ့တယ်။
I find that budding artists prioritize the positive feedback and encouragement from others.
အဲ့လိုမျှော်လင့်သလို မဖြစ်လာရင်…
highဖြစ်တဲ့နှုန်းက ကျဆင်းသွားရော။ ကိုယ်ဖန်တီးထားတဲ့ လက်ရာအပေါ်ထားတဲ့ မြတ်နိုးစိတ်တွေ မသိဘာသာ လျော့သွားတတ်တယ်။
[*အားလုံးကို ဆိုလိုချင်တာ မဟုတ်ပါ]
If it doesn't turn out as expected...
The high rate will drop. The love for the work you create will often diminish without you even realizing it.
[*Not all of them are meant to be]
ဘာလို့ဆို ကိုယ်တိုင်က
"ငါ ပုံဆွဲတာ အရမ်းမိုက်တယ်နော်၊ မင်းတို့ မြင်ကြလား" လို့ စိတ်ရှိတာရော၊ လိုက်ယှဉ်မိနေရင်ရော စသဖြင့် ကိုယ်အမြင်နဲ့ ကိုယ်စီ တွေးတောနေကြလို့။
သဘောထားသေးတတ်တဲ့ သူတွေဆို ပိုဖြစ်ပါတယ်။ (ဆွေပေါ့ ဟီးး😶)
Because they think, "My drawing is really cool, do you see it?" and they think about it from their own perspective, even if they are compared.
People who are more narrow-minded are more likely to be biased. (Yeah.. Swe also😶)
လက်တွေ့ကျကျ
အကျယ်ဖြန့်ပြီး စဉ်းစားကြည့်ရင်
ပန်းချီမှာက ပုံစံအမျိုးမျိုး၊ စတိုင်အမျိုးမျိုးနဲ့။ ကိုယ့်စိတ်ကြိုက်အသစ်တောင် ထပ်ထွင်လို့ ရသေးတယ်။
If you think about it in a practical way,
painting comes in many forms, many styles. You can even create your own new favorites.
လှပပြီး ရှုပ်ထွေးတယ်။
ရိုးရှင်းပြီး အေးချမ်းတယ်။
ပြင်းပြပြီး လှုံ့ဆော်တယ်။
Beautiful and complex.
Simple and peaceful.
Intense and inspiring.
မင်းက ဘယ်လိုရသမျိုးနဲ့ ဆွဲပြချင်သလဲ?
How would you like to draw?
ပုံဆွဲခြင်း အနုပညာထဲကို ခြေလှမ်း စ,လှမ်းတယ်ဆိုတာ မင်းစိတ်ကူး/အတွေးတွေကို ပုံနဲ့ ဖော်ပြချင်လို့ပါ။
Drawing is a form of art that aims to express your ideas/thoughts through pictures.
ငွေကြေးနဲ့ နပန်းလုံးရတာမျိုးရှိပေမဲ့ ခိုင်မာနေတဲ့ စိတ်ကိုတော့ မဖြိုနိုင်ဘူးဟုတ်။
Even if you struggle with money, can't break a strong spirit, right?
ဆွေဆို negativeအတွေးတွေ အမြဲတစေ ဝင်တတ်တယ်။ ဒီလိုမျိုးပါ…
“ငါ လက်ညှိုးနဲ့ ဆွဲနေရလို့ သူတို့ကို လိုက်မမှီတာ၊ ငါဒီလောက် ကြိုးစားထားတာကို ပြန်ရလိုက်တာက ဒါပဲ??၊ ငါမရှိတော့လည်း ဒီကမ္ဘာကြီးက လည်ပတ်နေအုံးမှာ(ဒါက လက်လျော့ချင်တဲ့ အတွေးမျိုး)၊ အိပ်မက်ကိုဆက်လုပ်ရင်း ပိုက်ဆံလည်း ရချင်တာ ဘာမှလည်း မဖြစ်ဘူး အချိန်တွေကုန်တယ်၊ အကုန်လုံး စိတ်ကူးယဉ်တွေ ငါရပ်လိုက်တော့မယ်”
Swe always has negative thoughts.
It's like this...
"I can't keep up with them because I'm dragging my finger, and this is all I get back for all my hard work??, The world will still go on without me (This is the kind of thinking that makes you want to give up), I want to continue pursuing my dream, make money, but nothing happens, It's a waste of time, It's all just fantasy, I'm going to stop."
…အဲ့ထက် မ,ကဘူး ပေါက်ကရမှ အများကြီး။ တကယ်လို့
ဆွေနဲ့ အတွေးတချို့ တူတဲ့သူ ရှိရင်လေ...
ဆွေက အဲ့ဒီမိုက်ကန်းတဲ့ အတွေးအရှုပ်ထုတ်ကြီးကို လွှတ်ပစ်လိုက်ဖို့ အကြံပြုချင်ပါတယ်ရှင့် :3
..and more than that, it's just a lot of nonsense. If there are people who share some of the same thoughts as Swe...
I suggest you get rid of that stupid idea :3
Deviceကို ပြောင်းပစ်ပါ၊ Xp pen display tabletဖြစ်ဖြစ် huion HS64 ဖြစ်ဖြစ် ဝယ်ပလိုက်။ ပစ္စည်းတွေ အဆင့်မြှင့်လိုက်တာနဲ့ အံ့ဩစရာ အပြောင်းအလဲတွေ ဖြစ်လာမှာ။
Change your device, buy an Xp pen display tablet or a Huion HS64. Upgrading your equipment will make a huge difference.
လက်ရှိလိုအပ်နေတာ အဲ့ဒါ!!
ေ+ င +ွ
သူ့ကို လူတွေက ဖန်တီးခဲ့တာ။ မင်းလည်း ဖန်တီးချင်တယ်။ ငါလည်း ဖန်တီးချင်တယ်။ သူ့ကို အသည်းအသန်လိုက်ရှာနေတာမျိုး မဖြစ်ချင်ဘူး။ မဖြစ်သင့်ဘူး!!
That's what we need right now!!
m+o+ n+ e+ y
People created him. You want to create him too. Also me. I don't want to be desperately searching for him. It shouldn't be!!
အချုပ်အနေနဲ့
အားပေးပါ၊ လက်တွဲကြပါ။
မနာလိုဖြစ်မိတယ်၊ စိတ်ညစ်မိသွားတယ်ဆိုရင် ဘုရားတရားပြန်လုပ်။
စိတ်ကို ငြိမ်းချမ်းအောင် ထား။
အနာဂတ်အတွက်ရော ရေရှည်မှာပါ ကောင်းမွန်အရာတွေပဲ ကြုံတွေ့လာမယ်။
In summary
Encourage, support each other.
If you feel jealous or something, practice the God's law again.
Keep your mind at peace.
Only good things will happen to you in the future and in the long run.
[*I used Google translate. Some errors and misunderstandings may occur. Sorry]
Google နဲ့ tranထားလို့ အမှားပါနိုင်ပါတယ်ရှင့် (人 •͈ᴗ•͈)
My age 22
မှတ်တမ်းတင်သည်။
#အတွေးများ 🇲🇲🎨