I'm Watching You

I'm Watching You Entertainment - Version(1.0)

ခညားလေးသာရှိနေရင်ကံအကောင်းဆုံးလူသားတစ်ဦးက ကိုယ်ပါပဲ ❤️
24/05/2024

ခညားလေးသာရှိနေရင်
ကံအကောင်းဆုံးလူသား
တစ်ဦးက ကိုယ်ပါပဲ ❤️

Indian နိုင်ငံ၊ Trivandrum မြို့ရှိ KTCT အထက်တန်းကျောင်းတွင် ပထမဆုံး AI ဆရာမကို စတင်အသုံးပြုခဲ့ပါသည်။ ကမ္ဘာပေါ်မှာ AI စွ...
22/05/2024

Indian နိုင်ငံ၊ Trivandrum မြို့ရှိ KTCT အထက်တန်းကျောင်းတွင် ပထမဆုံး AI ဆရာမကို စတင်အသုံးပြုခဲ့ပါသည်။ ကမ္ဘာပေါ်မှာ AI စွမ်းအားမြင့်မားလာချိန်တွင် ထိုကျောင်းသည် AI ၏ အကျိုးကျေးဇူးများကို ရယူပြီး သမိုင်းသစ်ကို ဖန်တီးခဲ့သည်ဟု ဆိုနိုင်သည်။

KTCT အထက်တန်းကျောင်းသည် Makerlabs Edutech Private Limited ကုမ္ပဏီနှင့် ပူးပေါင်းတီထွင်ထားသည့် ၎င်း၏ ပထမဆုံးမျိုးဆက် AI ဆရာမကို Iris ဟု အမည်ပေးထားပါသည်။

ကျောင်းသားများအတွက် ပညာရေးတွင် လုံး၀ အဆင်ပြေစေမည့် အတွေ့အကြုံတစ်ခုဖြစ်စေရန် ထို AI ဆရာမ Iris သည် English ၊ Malayalam ၊ Hindi ဘာသာစကားသုံးမျိုး အနည်းဆုံး ပြောဆိုနိုင်ပြီး ကျောင်းသားများ၏ ခက်ခဲသော မေးခွန်းများကိုလည်း ဖြေဆိုနိုင်ပါသည်။ ထို့အပြင် ကျောင်းသားနှင့် ဆရာမ အပြန်အလှန် အကျိုးပြုသော သင်ယူမှုနှင့် ရွေ့လျားနိုင်မှုစသည့် အခြားအင်္ဂါရပ်များစွာကိုလည်း လူသားတစ်ယောက်ကဲ့သို့ လုပ်ဆောင်နိုင်ပါသည်။

Iris ၏ ဗီဒီယိုကို Makerlabs မှ ၎င်း၏ တရားဝင် Instagram စာမျက်နှာတွင် မျှဝေခဲ့ခြင်းကြောင့် အင်တာနက်သုံးစွဲသူများ၏ အာရုံစိုက်မှုကို ရရှိနေပြီဖြစ်သည်။ MakerLabs ၏ ပြောကြားချက်အရ Iris ၏ ဉာဏ်ပညာသည် ChatGPT ကဲ့သို့သော AI ပရိုဂရမ်များကို အခြေခံပြီး အသုံးပြု လုပ်ဆောင်ထားသောကြောင့် အခြားသော အလိုအလျောက် သင်ကြားရေး ကိရိယာများထက် ပိုမိုကျယ်ပြန့်သည်ဟု သိရသည်။

မူးယစ်ဆေးဝါး၊ လိင်နှင့် အကြမ်းဖက်မှုစသည့် ကျောင်းသားများအတွက် မသင့်လျော်သော ဘာသာရပ်ဆိုင်ရာ သတင်းအချက်အလက်များကို သင်ကြားပေးရန် လေ့ကျင့်ထားခြင်း မရှိကြောင်းကိုလည်း ၎င်းတို့က ပြောကြားခဲ့သည်။


Iris သည် မိန်းမအသံဖြင့် ပြောဆိုတတ်ပြီး လူသားနည်းပြဆရာမတစ်ဦး၏ စရိုက်လက္ခဏာများစွာရှိသော်လည်း သူမသည် သူမ၏ တပည့်များအတွက် စိတ်ပိုင်းဆိုင်ရာ ခံစားချက်များ မရှိသလို သူတို့ကို မှတ်မိနိုင်စွမ်းလည်း မရှိပါဘူးဟု MakerLabs ၏ CEO မှ The New Indian Express သတင်းဌာနသို့ ပြောကြားခဲ့သည်။

AI ဆရာမ Iris ကို အသုံးပြုပြီး ကျောင်းသားများသည် နည်းပညာနှင့်ပတ်သက်သည့် ဘာသာရပ်နယ်ပယ်များမှာ တိုးတက်မှု ရှိလာသည်ကို မြင်တွေ့ခဲ့ရသော KTCT ၏ ကျောင်းအုပ်ဆရာကြီးသည် လာမည့်စာသင်နှစ်တွေမှာ AI ဆရာမများကို ပိုမိုအသုံးပြုရန် စီစဉ်နေကြောင်း ပြောကြားခဲ့ပါသည်။

Microsoft သည် AI ပြည့်လျှံနေသည့် တစ်ကိုယ်ရည်သုံးကွန်ပျူတာ အမျိုးအစားသစ်ကို ထုတ်ဖော်ပြသခဲ့သည်။မိုက်ခရိုဆော့ဖ်သည် Copilot ...
22/05/2024

Microsoft သည် AI ပြည့်လျှံနေသည့် တစ်ကိုယ်ရည်သုံးကွန်ပျူတာ အမျိုးအစားသစ်ကို ထုတ်ဖော်ပြသခဲ့သည်။

မိုက်ခရိုဆော့ဖ်သည် Copilot ဟု အမည်ပေးထားသည့် AI အထောက်အကူကို ပီစီများအတွကိ Windows လည်ပတ်စနစ်ထဲ ထည့်သွင်းပေးထားမည် ဖြစ်သည်။
လုပ်ဆောင်ချက် အင်္ဂါရပ်အသစ်များတွင် Windows Recall ပါ၀င်မည်ဖြစ်သည်။ ၎င်းကို မိုက်ခရိုဆော့ဖ်က "ဓာတ်ပုံမှတ်ဉာဏ်"စွမ်းရည် ရှိသည်ဟု ဆိုသည်။ ကွန်ပျူတာတွင် လုပ်ကိုင်သမျှ အကုန်လုံးကို မှတ်သားပေးထားမည်ဖြစ်ရာ ကွန်ပျူတာ သုံးစွဲသူက မမှတ်သားစေလိုသည်များ ရှိပါက မည်သည်တိုကို မှတ်သားခြင်း မပြုရန် သတ်မှတ်ပေးထားရမည် ဖြစ်သည်။

နောက်ထပ် ဘာလုပ်လိုသည်ကိုလည်း လက်ရှိလုပ်ကိုင်မှုများအရ ကြိုတင်ခန့်မှန်းပေးမည် ဖြစ်သည်။

အသစ်စက်စက် AI မြှင့်တင်ထားသော Windows PC များကို မိုက်ခရိုဆော့ဖ် မိတ်ဖက်များဖြစ်သည့် Acer၊ ASUS၊ Dell၊ HP၊ Lenovo နှင့် Samsung တိုအပြင် Microsoft ၏ Surface ဖြင့် ထုတ်လုပ်မည် ဖြစ်ပြီး ဇွန်လ ၂၈ရက်နေ့တွင် စတင်ဖြန့်ချိမည်ဖြစ်သည်။
$999 နှင့်အထက် မော်ဒယ်များတွင်သာ ပါဝင်မည်။
Source AFP

ကဆုန်လပြည့်နေ့မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ 🙏😇
22/05/2024

ကဆုန်လပြည့်နေ့မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ 🙏😇

FA (VS) RS
18/05/2024

FA (VS) RS

Address

Yangon

Website

Alerts

Be the first to know and let us send you an email when I'm Watching You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share