03/08/2025
ပထမစာအုပ်အမြင့်ပေ ၄၀၀၀၀ ကတော့ Aviation အကြောင်းပါ။ ဒါကတော့ ကျွန်တော့်ရဲ့ Diary 😍
Me, Springfield, and Her
February 2nd, 2014
There will be tomorrow, and it will be better.
ထိုနေ့က မနက်အစောကြီး ၅နာရီခန့်လောက် လေယာဉ်ကွင်း ဆင်းရမယ်ဆိုတော့ ကျွန်တော့်ရဲ့မိတ်ဆွေလည်းဖြစ်၊ အဖေ့ရဲ့မိတ်ဆွေလည်းဖြစ်တဲ့ ကိုရာဂူးရဲ့ အငှားကားကို မနက်စောစောစီးပြီး အဖေရယ်၊ အမေရယ်၊ သူငယ်ချင်း အစ်ကိုကြီး ကိုသီဟစိုးရယ်၊ ကိုရာဂူးရယ်အကုန် လေယာဉ်ကွင်းကိုလိုက်ပို့ကြပါတယ်။ လေဆိပ်ထဲဝင်တော့ အဝေးကနေ ကောင်မလေးတစ်ယောက် ၊ ကိုယ်တွေကိုတွေ့တော့ ရိပ်ခနဲထလာတာတွေ့ပါတယ်။ စိတ်ထဲကတော့ ‘ကိုယ်နဲ့အတူသွားမှာ ဒီလန်းလန်း လေးတစ်ယောက်ပေါ့’ လို့ ထင်လိုက်တဲ့တစ်ပြိုင်တည်း....ကိုသီဟစိုးကို တံတောင် လေးနဲ့တို့ပြီး “ဒီကောင်မလေးလှတယ်နော်” လို့ အသာပြောရင်း ခြေလှမ်းတွေက လည်း သူမရှိရာသို့လှမ်းနေပါတယ်။ သူမကလည်း ဝင်ပေါက်မှာမို့လို့ပါ။
ဒီလိုနဲ့ နှစ်ယောက်ဆုံဖြစ်ရင် Springfield က ခေါ်တဲ့ Sales နဲ့အတူတူ သွားမှာဆိုတော့ စကားစရင်း ရင်းနှီးသွားပါတယ်။ ဒီအချိန်မှာ နောက်ကောင်လေး တစ်ယောက်က နည်းနည်းနောက်ကျပြီး ရောက်လာပါတယ်။ သူမနာမည်က စုနန္ဒာကို ဖြစ်ပြီး နောက်ရောက်လာတဲ့ ကောင်လေးတစ်ယောက်က စိုင်းဖြူ ဆိုတာပေါ့။ ကျွန်တော်တို့သုံးယောက်သား ရန်ကုန်ကဘန်ကောက်၊ ဘန်ကောက်ကနေ ဒိုဟာကို တစ်ဆင့် Qatar Airway နဲ့စီးခဲ့ကြပါတယ်။ ဒိုဟာရောက်တော့ Transfer Counter မှာ Dubai အတွက် လေယာဉ်လက်မှတ်ထုတ်တော့ ကျွန်တော်နဲ့ စိုင်းဖြူအတွက်သာ boarding pass ရရှိပြီး၊ flight ပြည့်သွားတာကြောင့် နောက်တစ်နာရီခြား ထွက်မယ့် လေယာဉ်နဲ့ တင်ပေးမှာလို့ ပြောပါတယ်။ ကျွန်တော်က “သုံးယောက်တူတူ လာတာ သုံးယောက်လုံးအတူတူတင်ပေးပါ...ဒါမှမဟုတ်ရင် ကျွန်တော်ပါသူမနဲ့အတူနေခဲ့မယ်.. နှစ်ယောက်အတူတင်ပေးပါ” ပေါ့ .... ကောင်မလေးတစ်ယောက်တည်း စိတ်တွေမချ ဘူး။ ground staff က သူမ လက်မှတ်အတွက်သာ စီစဉ်ပေးနိုင်မှာဖြစ်ပြီး နောက် တစ်ယောက်အတွက် အာမ မခံနိုင်ပါလို့ ပြောပါတယ်။ လေယာဉ်လက်မှတ်က Springfield Company က စီစဉ်ပေးတာဆိုတော့ ကျွန်တော်လည်း ထိုအချိန်က အသေအချာ မသိသလို သူမကလည်း “ရပါတယ် အရင်သွားနှင့်ပါ” လို့ ဆိုတော့ စိတ်မချလည်း ထားခဲ့ရတော့တာပေါ့။ စိတ်ထဲမှာတော့ Qatar Airway ကို ဒေါပွနေ တာပေါ့။ ကိုယ်ဖွန်ကြောင်ရမယ့် ကောင်မလေးကိုမှ ထားခဲ့ရပြီး စိုင်းဖြူဆိုတဲ့ ကောင်လေးနဲ့ကျ သွားရမယ်ပေါ့...သူနဲ့လဲလို့ရလည်းကောင်းသားရယ်.....
ကျွန်တော်တို့နှစ်ယောက် ဒီလိုနဲ့ Dubai လေဆိပ်ကို ရောက်ရှိလာ ပါတယ်။ လေဆိပ်ရောက်တော့ ကျွန်တော့် Area Manager ဖြစ်လာမယ့် Sri Lanka လူမျိုး Mr. Faizal က လေဆိပ်မှာလာကြိုပါတယ်။ ကျွန်တော်တို့နှစ်ယောက်ကိုပဲ တွေ့တော့ “နောက်တစ်ယောက် ဘယ်မှာလဲ” ပေါ့..... လက်မှတ်မရလို့ နောက် တစ်နာရီလေယာဉ်နဲ့မှ လိုက်လာရမယ့်အကြောင်းကို ပြောပြတော့ ကျွန်တော်တို့ နှစ်ယောက်ကိုပဲ အရင်ကြိုပြီး သူမကို နောက်တစ်ခေါက်လာကြိုပေးမယ်ဆိုကာ Deira က Panorama Hotel မှာ နေရာချထားပေးပါတယ်။ Springfield က Al-Ghurair Group ပိုင်တာဖြစ်ပြီး Al-rigga က Al-Ghurair mall အပေါ်ထပ် (အလွှာအတိအကျ မမှတ်မိတော့) တဲ့ နေရာမှာ Springfield Headoffice ရှိပါတယ်။ ထို့ကြောင့် သွားလာရလွယ်ကူအောင် Pandorama လို့ခေါ်တဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ဟိုတယ် မှာ နေရာချထားပေးတာဖြစ်ပါလိမ့်မယ်။ နောက်တစ်နာရီနေတော့ သူမဆီ whatsapp ကစာပို့ လှမ်းဆက်သွယ်ကြည့်တော့ သူမက ကောင်းကောင်းမွန်မွန် ရောက်ရှိနေပြီး ခေါင်းမူးလို့ နားနေပြီဖြစ်ကြောင်း အကြောင်းပြန်တော့ ကိုယ်လည်း မုန့်အတူတူ သွားစားဖို့ ခေါ်မယ့်အစီအစဉ်ကို စွန့်လိုက်တာပေါ့။ နောက်မှပြန်သိရတာ Qatar Airway က သူမ ကို တစ်နာရီနောက်ကျပြီး နောက်လေယာဉ်မှာ တင်ပေးရတဲ့ အတွက် Compensation အနေနဲ့ Qatar Riyals 550 တန် Cheque လက်မှတ် ပေးလိုက်တာကို... သူမက သွားထုတ်ဖို့ကျန်နေတဲ့အတွက် ခေါင်းမူးနေရခြင်းပေါ့..
စိုင်းဖြူက အရင် Dubai က 360 ဘားမှာ အလုပ်လုပ်ဖူးသလို ထိုအချိန်က သူ မိတ်ဆက်ပေးတဲ့ သူ့အကို ကိုကျော်စွာနဲ့ မုန့်သွားစားဖို့ ကျွန်တော့်ကို ခေါ်လို့ ထိုညက သွားစားရင်း ကိုကျော်စွာနဲ့ သိကျွမ်းခဲ့ပါတယ်။ ကိုကျော်စွာက DNATA (Dubai National Air Travel Agency) ဆိုတဲ့ Emirates group ရဲ့ လက်ခွဲ Company အောက်က Airport Handling မှာ Baggage department မှာ လုပ်နေပါတယ်။ နောင်တစ်ချိန်မှာ EK (Emirates) မှာ ဘယ်လို CV တင်ရမယ် Protal မှာ ဘယ်လို Upload လုပ်ရမယ်ဆိုတာ ညွှန်ပြပေးခဲ့သူတစ်ယောက်ပါ။ ထိုနေ့က ဟိုတယ်ပြန်ရောက်၊ မနက်ကို training သွားဖို့ရာ အင်္ကျီတွေပြင်ဆင်နဲ့ နောက်ကျ တော့ မောမောနဲ့ အိပ်ပျော်သွားပါတယ်။
မနက်ကို (၈:၀၀) နာရီထ၊ ရေမိုးချိုး၊ မနက်စာပြေးလွှားစားရင်း Springfield ရုံးခန်းကို ၉ နာရီအရောက်သွားပါတယ်။ ကျွန်တော်တို့ သုံးယောက်အပြင် အခြား သူတို့ခေါ်ထားတဲ့လူသစ်တွေ (၆ ယောက် ၇ ယောက်လားမသိ မမှတ်မိတော့ ပါ) ကို ပေါင်းပြီး Training စပေးပါတယ်။ Trainer က Mr.Ju Ju Tan Jacob အိန္ဒိယလူမျိုးပါ။ သူက Dubai ရဲ့ Area Manager ပေါ့။ ကျွန်တော့်ကို မအုပ်ချုပ်ရလို့ သူနဲ့ တိုက်ရိုက်မတွေ့ရပေမယ့် လိုင်းပေါ်မှာဆူတယ်၊ ဆဲတယ်လို့ ကြားဖူးပါတယ်။ Training မှာတော့ အတော်ကို အသင်ပြကောင်းတဲ့ ဘိုးတော်ပါ။ သင်တန်းမှာ Springfield ရဲ့ Product တွေ Brand တွေနဲ့ Company ရဲ့ အကြောင်း သင်ပေး တာပေါ့။ Springfield က Spain နိုင်ငံက brand ဖြစ်ပြီး Smart Casual Wear အနေနဲ့ World Wide အောင်မြင်နေတဲ့ brand တစ်ခုဖြစ်ပါတယ်။ Middleast မှာ Al-Ghurair Group က Franchise ယူထားပြီး Qatar, UAE နဲ့ Bahrain သုံးနိုင်ငံမှာ ထိုအချိန်က ဆိုင်ခွဲပေါင်း ၂၀ နီးပါးဖွင့်ထားပါတယ်။ Al-Ghurair Group အနေနဲ့ လုပ်ငန်းတွေ အများကြီးရှိပြီး Hotel တွေ၊ Shopping mall တွေ၊ Construction တွေ နဲ့ အခြား ကျွန်တော်မသိတဲ့ လုပ်ငန်းတော်တော်များများကို ပိုင်ဆိုင်ပါတယ်။ ထိုအထဲက Retail လက်လီ အရောင်းတွေမှာတော့ Springfield, faceshop, prenantal စတဲ့ Retail brand လေးငါးခုကို Franchise ယူထားတာဖြစ်ပါတယ်။ သူတို့ဆီက Sales Associate တစ်ယောက်ကို ၂၀၁၄ ကျွန်တော် join စဉ်မှာ 3600 Dhs + Commission ဆိုပြီး offer လုပ်ပါတယ်။ Chinese, Russian, Arabic တစ်ခုခုတတ်ရင်တော့ Additional Allowances ဆိုပြီး 300 Dhs ပိုပေးပါတယ်။ ကျွန်တော်က 3600 Dhs ပါ။ နေတာစားတာတော့ ကိုယ့်ဘာသာကိုယ် ဖြေရှင်းရပါတယ်။ နေတာ bed space မှာ 800 Dhs၊ ကားခ bus ticket 80 Dhs (အဘူဒါဘီ)၊ စားတာ 400 Dhs ကုန်ကျပါတယ်။ ကျန်တဲ့အထဲက အသုံးစရိတ် 720 Dhs လောက် ကျွန်တော် သုံးပါတယ်။ Comission က တစ်လ 400 Dhs ပျမ်းမျှရတော့ 2000 Dhs အိမ်ဆီပို့တာပေါ့။ ထိုအချိန် ငွေဈေးက 400Dhs ကျော်ကို သိန်းဂဏန်းပေါက်တော့ အိမ်ကို လေးသိန်းခွဲငါးသိန်း တစ်ခါတစ်ခါ ၅သိန်းကျော်လောက်ရောက်တာပေါ့။ အခုငွေဈေးနဲ့ဆိုရင်တော့ သိန်း ၂၀ လောက်ရှိပါ တယ်။ ကျွန်တော် အရင် Qatar မှာတုန်းက ဆီဆိုင်က လစာ 920 နဲ့ယှဉ်ရင်တော့ တရားဝင် နှစ်ဆကျော်တက်လာတာပေါ့။ ဝင်ငွေအရ တော့ Qatar မှာ စိတ်ပင်ပန်း လူပင်ပန်းရပေမယ့် နေပူထဲမှာ အပူချိန် ၅၀ ဒီဂရီနဲ့ သဲကန္တာရအလယ်မှာ ဆီလိုက် ဖြည့်ရတဲ့ဘဝမှာ တရားမဝင်တွေ ပိုရှာလို့ကောင်းခဲ့ပေမယ့် Springfield က Honest money လည်းဖြစ်၊ Aircon ထဲမှာကျော့ကျော့လေးလုပ်ရတာဖြစ်လို့ Qatar လောက် မကောင်းသော်ငြား ဆိုးတဲ့အထဲမပါဘူး ပြောရမှာပေါ့။ လေယာဉ်မောင် လောက်တော့ လည်းမယှဉ်နိုင်ပါဘူး။ Emirates ရဲ့ လေယာဉ်မောင် တစ်ယောက်အနေနဲ့တော့ Package လုံးခြုံလိုက်ရင် 1****Dhs ထိ ထွက်တယ်ဆိုတော့ ထိုအချိန်၊ ထိုအသက် အရွယ်၊ ထိုအတိုင်းအတာမှာ မဆိုးခဲ့ပါ။ ပိုပြီးကောင်းဖို့ဖြစ်လာတာက တစ်ကယ့် Right time မှာ ကျွန်တော့်အသက် ၂၈ နှစ်ကျော်မှာ Emirates crew Position ကို ရလိုက်ခြင်းပါ။ Springfield မှာ တစ်နှစ်ခွဲပဲကြာ လိုက်ပါတယ်။
ဒီလိုနဲ့ သင်တန်းတက်လို့ ၃ရက်ပြီးတော့ ကျွန်တော်ရယ်၊ စိုင်းဖြူ ရယ်ကို Abu dhabi ကို အဆိုင်းချပေးပြီး စုနန္ဒာကို ကို Dubai မှာထားပါတယ်။ အလှမ်းဝေးပစ်လိုက်တာပေါ့ ဘုရားက။ ဒါပေမယ့် လူချင်း မတွေ့ရသော်ငြား အင်တာနက်ခေတ်ကြီးမှာ အွန်လိုင်းကကြူရတော့တာပေါ့။ ကျွန်တော်က စကားပြော ကောင်းပါတယ်။ ဒါပေမယ့် သူမအရင် ရည်းစားတစ်ခါမှမထားခဲ့ဖူးသေးပါ။ အချိန် တစ်ခု ရောက်လာတဲ့အခါမှာတော့ ထိုသို့ ရည်းစားထားခြင်းကို ပျော်ရမယ့်အရွယ်မှာ ကံဆိုးစွာ အဖေကမျက်စိကွယ်သွားတော့ လူငယ်သဘာဝ ဂိမ်းဆော့မယ်၊ ဘောလုံးပွဲ ကြည့်မယ်ဆိုတာတွေရှိသော်ငြား၊ ရည်းစားထားခဲ့သည်ရှိသော် ကိုယ်ကယောင်္ကျား လေးဖြစ်လို့ မည်သည့်နေရာသွားသွား ငွေကြေးကုန်ကျမှု တွေရှိလာရင် ကိုယ်ကပဲ ပေးချင်တာပေါ့။ တစ်ဖက်မှာလည်း အဖေပေးတဲ့မုန့်ဖိုးက ကိုယ်ကြိုက်တဲ့ Counter Strike တွေ၊ Red Alert တွေ Commend တိုက်တယ်ဆိုတဲ့ ဂိမ်းကစားတဲ့နည်းတွေထဲ အကုန်ရောက်နေတော့ ကောင်မလေးနဲ့ချိန်းတွေ့ရင် ငွေမထုတ်နိုင်ရင်ဂွမ်းမယ်၊ ဂိမ်း ဆော့တာလည်း Sacrifice မလုပ်နိုင်ဘူး။ မစွံတာလည်းပါမှပေါ့။ နောက်ပိုင်း အိမ်က ကျပ်တည်းလာတော့ ခေါင်းထဲမှာ ‘ငွေရှာရမယ်၊ ငွေသည်သာ ဘုရားသခင်။ worship ကိုးကွယ်ရာ၏’ လို့ ငွေနောက်လိုက်ရင်း Qatar မှာလည်း ငွေတွေဝင်ရင် အိမ်သာပို့၊ ရသလောက်စုပြီး ဒီအလုပ်ကပြောင်းဖို့ရာ မြန်မာပြည်မှာဘဲ အခြေချဖို့ရာတွေးနေ တော့..... သူမနဲ့တွေ့တဲ့အထိ ရည်းစားမထားခဲ့သေးပါ။ Springfield ရောက်တော့ စိတ်က တာဝန်တွေနည်းနည်းပေါ့သွားတယ်ထင်ပါရဲ့။ အချိန်တန်တော့ ဖူးစာပါလာ တာပဲပြောရမှပေါ့။ Dubai ကို ပိတ်ရက်ဖြစ်ဖြစ်၊ Training တက်ရဖို့ရောက်ရင်ပဲဖြစ်ဖြစ် မဖုရားကို သွားရောက်ဖူး မျှော်ဖြစ်ပါတယ်။ သူမကလည်း ကိုယ့်ကိုရေလာမြောင်းပေး၊ ရေစီးကမ်းပြိုတယ်ဆိုတာ သိလာတော့ ၄ လလောက်မှာ ရည်းစားတွေဖြစ်သွားပါ တယ်။
“She was the only one in my life and yet still ,She is standing by my side”. “I was loving her then, loving her now and will gonna love her forever”. Because She is the mother of my children, accompany of my life, and a member of battalion in my war”.
သူမဟာ ကျွန်တော့်လိုပဲ အိမ်ကိုအလွန်သိတတ်ပါတယ်။ ငွေကြေး ကိုစနစ်တကျချွေတာတတ်ပြီး စိတ်ထားအလွန်ကောင်းသူ၊ ကျွန်တော်တွေ့ဖူးသမျှထဲ က great soul တစ်ယောက်ပေါ့။ မိန်းမတို့ဘာသာ တစ်ခါတလေ ခေါင်းစားတာ ရှိပေမယ့် ကျွန်တော့်ရဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက်၊ ရဲဘော်ရဲဘက် ဖြစ်ပါတယ်။ ကျွန်တော့်လစာနဲ့ ထိုင်စားဖို့ လုံးဝမစဉ်းစားဘဲ သူ့ငွေသူရှာမယ်ဆိုတဲ့စိတ်ဓာတ်၊ ကျွန်တော်တစ်ယောက်တည်းအပေါ် တာဝန်တွေပိမှာ သိပ်ကြောက်တဲ့ အမျိုးသမီးပါ။ သူငယ်ချင်း အပေါင်းအသင်း အလွန်နည်းပြီး အလုပ်ကပြန်ရင်အိမ်၊ အိမ်ကထွက်ရင် အလုပ်၊ ပိတ်ရက်ကျ စားချင်တာချက်တယ်။ မဟုတ်ရင် ကိုယ်ကြိုက်တဲ့ သင့်တင့်မျှတ တဲ့ ဆိုင်လေးတွေ ထွက်စားတာကလွဲရင် ခြေလေးချောင်းမစား၊ Alcohol allergic နဲ့ ဈေးကြီးတဲ့ branded တွေပေါ် မသာယာတတ်တဲ့ အမျိုးသမီးပါ။ အချိန်မရွေး ပြန်ရောင်းရင် ဈေးကောင်းရမယ့် အထည်၊ ရွှေ၊ ကျောက်၊ လက်ဝတ်ရတနာသာစုတဲ့ မိုးကုတ်သူပေါ့။ အိမ်ထောင်တစ်ခု တည်ဆောက်တဲ့အခါ မတူညီတဲ့ အသိုင်းအဝိုင်း၊ မတူညီတဲ့ background နှစ်ခုကလာတဲ့ လူနှစ်ယောက်၊ ထိုအထဲကမှ ကျွန်တော်တို့ နှစ်ယောက်ဟာ ကိုးကွယ်တဲ့ဘာသာလည်းမတူပါ။ လူမျိုးတောင် သူက တရုတ်၊ ကျွန်တော်က ကုလား။ မြန်မာပြည်မှာမွေး၊ မြန်မာစကားပြောတာဘဲတူတဲ့ ကျွန်တော် တို့ အိမ်ထောင်ရေးဟာ နှစ်ဖက်မိဘ အသိုင်းအဝိုင်း၊ ဆွေမျိုးတွေကြားထဲ အလွန် Challenge ဖြစ်တဲ့ စွန့်စားမှု အလောင်းအစားတစ်ခုပါ။ ဒါတွေကို ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာတံတိုင်း၊ သည်းခံမှုနဲ့ Compromise တွေ Scarifice တွေနဲ့ ခိုင်မြဲအောင် ရစ်ပတ်ထားနိုင်ခဲ့လို့ အခုအိမ်ထောင်သက် ၇နှစ်ခွဲ၊ စတွေ့ကတည်းကဆို ၁၀နှစ်နီးပါး မှာခိုင်မြဲစွာတည်ဆောက်ထားနိုင်ခဲ့တာပါ။ အကြိမ်ကြိမ်ရန်ဖြစ်ကြပေမယ့် ဘယ်တော့ မှကျွန်တော့်ကို စိတ်ဆိုးပြီးထွက်သွားဖို့အခွင့်အရေးမပေးဘဲ ကျွန်တော်နဲ့ သူမရဲ့အမေ နှစ်ယောက်ရှိရင် သူ့ဘဝတည်ဆောက်လို့ရပြီလို့တောင် သတ်မှတ်ထားသူဖြစ်လို့ .... ခုတော့ ကလေးသုံးယောက်ကို ထိန်းနေရတဲ့ ကျွန်တော်ပေါ့။ သူက ကလေးအကြီး၊ ဇွဲနန္ဒကျော် က အလတ်။ ခု ဖေဖော်ဝါရီကုန်ဆို နောက်တစ်ယောက်တိုးလာတော့တော့ ကလေးသုံးယောက်အဖေ ဖြစ်နေပါပြီ။ သို့ပေမယ့် သူမက ကျွန်တော်နဲ့သာ ကလေး၊ သူ့လုပ်ငန်းခွင်မှာတော့ သူမကဆရာကြီးပေါ့။ ကမ္ဘာ့အကြီးဆုံး shopping mall ဆိုင်ခန်းနေရာတွေ အကုန်လုံးကို Event တွေရှိရင် Special occasion ရှိရင် အချိန်ဇယားတွေ၊ gift card လို့ခေါ်တဲ့ လက်ဆောင်ပေး card တွေလည်း ကိုင် တွယ်ရင်း၊ wheel chair တွေ power bank တွေက အလကားငှားပြီး ဂွကျချင်ကြတဲ့ တစ်ချို့ customer တွေ၊ ရိုင်းပြချင်တဲ့ shopping mall လာတဲ့သူတွေကို ကောင်းကောင်းကိုင်တွယ်ရင်း English လိုတစ်မျိုး၊ တရုတ်လိုတစ်ဖုံ ကိုင်တွယ်နေရတဲ့ guest service associate တစ်ဦးအဖြစ်၊ ဒူဘိုင်းရဲ့အကောင်းဆုံးကုမ္ပဏီထဲက တစ်ခုဖြစ်တဲ့ EMAAR မှာ လုပ်ကိုင်နေသူပါ။ ကိုယ်ဝန်လွယ်နေရင်း ကိုယ်ဝန်ဆိပ်တက် နေစဉ်ကာလမှာတောင် ဆေးခန်းအကြိမ်ကြိမ်သွားရင်း အလုပ်ကိုလည်း ကျိတ်မှိတ် လုပ်ရင်း ကျော်ဖြတ်ရဲသူပါ။ သူမလစာအနေထားဆိုတာ မြန်မာလူမျိုးထဲက မြေပြင် ပေါ်မှာ ၅ရက်လုပ်၊ ၂ရက်နား၊ အစိုးရရုံးပိတ်ရက်တွေပါ ထည့်ပေါင်းရင် ၁နှစ် ၂လလောက်နီးပါး ခွင့်ရတဲ့အလုပ်။ မနက်ဂျူတီဆို 8:15 am ဝင်ရသော်ငြား အလွန် အေးဆေးရှိကာ နေ့လည် ၂နာရီခန့်မှသာ လူအလွန်စည်ကားလို့ ၅နာရီထိ busy တာဖြစ်လို့ ၃နာရီအလုပ်လို့တောင် ကျွန်တော်က နာမည်ပြောင်ပေးထားပါတယ်။ ညနေပိုင်းဆိုလည်း ၂နာရီမှာအလုပ်သွားပြီး ၄နာရီကျော် ၅နာရီမှ desk ထဲဝင်ရပြီး ၈နာရီကျော် လူပါးသွားပါပြီ။ ထို့ကြောင့်သူမဟာ ဒီအလုပ်ကို ချစ်မြတ်နိုး အားနား ရိုသေပါတယ်။ ရုပ်ရှင်ရုံကအစ Dubai mall ရဲ့ ရှိသမျှ attraction တွေအလယ်၊ Buj Khalife ပေါ်တက်ရတာမှာအဆုံး၊ တစ်မိသားစုလုံး ဘာလုပ်လုပ် 50% discount ပေးထားပြီး EMAAR ပိုင် ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ attractions တွေ မှန်သမျှ လျှော့ဈေး တွေ ထူးကဲစွာရလို့ ကျွန်တော့် Face Card (Flight attendant club entertainment) တောင် ပြန်အပ်လိုက်ပါတယ်။ Emirates Platinum တောင် ကုမ္ပဏီကို အားနာလို့ ဆက်ယူထားဖြစ်တာပါ။ ပြောရရင်တော့ အလုပ်အကြိုးစားဆုံး လူသားတစ်ဦးထဲက သူမတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်ဖို့ အရှင်မွေး၊ နေ့ချင်းကြီးလာတာ မဟုတ်ပါ။ လွန်ခဲ့သော ၁၀စုနှစ် ကျော်ကတည်းက လစာ တစ်ထောင်ကျော် ဒဟန်းလေး နဲ့ supermarket တစ်ခုမှာ ငွေကိုင် (cashier) လုပ်ပြီး စခဲ့ရပါတယ်။ ထိုမှတဆင့် American Eagle ဆက်တက်၊ ထိုမှ Singapore ကိုတက် ကြိုးစားအလုပ်သွားရှာပေမယ့် အချိန်အခါကြောင့် အလုပ်ရ သော်လည်း Visa မရတော့ Springfield ကို ပြန်ကြိုးစားပြီး လုပ်ခဲ့ရာက၊ ယခု position ကို ရရှိခဲ့ခြင်းပါ။ ထို့ကြောင့် မည်သည့်အလုပ်ကိုမဆို consistency ရှိရှိနဲ့ မဆက်မပြတ်လုပ်ခြင်း၊ အာရုံမပြတ် တိုးတက်ဖို့ရှာနေသူတွေမှာ အကောင်းဆုံး သော မနက်ဖြန်တွေဟာ စောင့်နေမှာဖြစ်ပါတယ်။ ယခုအထိ သူမရဲ့ မိခင်ကိုလည်း လိုလေသေးမရှိ၊ သူမမိခင် စိတ်ကောက်မှာတောင် အရမ်းကြောက်တဲ့၊ မိဘကို အလေး ထားသော အမျိုးသမီးဖြစ်တာကြောင့် ဘုရားကကောင်းချီးပေးတာဖြစ်မှာပါ။ မိဘကို ကြည့်တဲ့သူတွေအတွက်တော့ ဘယ်ဘုရားမှ ဒုက္ခရောက်ရင် မနေသာ၊ အခွင့်ရေးတွေပေး ကြပါတယ်။ ဘာလို့လဲဆိုတော့ ဘုရားအားလုံး သွန်သင်ထားတာ အတူတူပါ။
Chapter 2 is coming soon