07/10/2025
💰လူအများစုက Income ကိုပဲ တွေးတတ်ကြပေမယ့်၊ တကယ်အရေးကြီးတာက Net Worth ဖြစ်ပါတယ်။
“လစဉ် ဘယ်လောက် ဝင်ငွေ ရလဲ?”
ဒီမေးခွန်းကိုပဲ အလုပ်မှာဖြစ်စေ၊ မိသားစုထဲမှာဖြစ်စေ၊ မိတ်ဆွေတွေကြားမှာဖြစ်စေ စိတ်ဝင်စားတတ်ကြပါတယ်။
အမှန်တကယ်ကတော့ Income ဆိုတာ Wealth မဟုတ်ပါဘူး။
Income ဝင်ငွေ များများ ရှိနေတာနဲ့ Wealthy ချမ်းသာနေတယ်လို့ ပြောလို့ မရပါဘူး။
Income ဝင်ငွေ ကိန်းဂဏန်းတွေ အများကြီး မရှိလှပေမယ့် Wealthy ဖြစ်နေတဲ့ဘဝမှာ နေထိုင်နေတာလည်း ဖြစ်နိုင်ပါတယ်။
ခြားနားချက်ကတော့ Net Worth ဖြစ်ပါတယ်။
💎 Net Worth ဆိုတာဘာလဲ?
Net Worth ဆိုတာက ကိုယ် ပိုင်ဆိုင်ထားသော အရာအားလုံး (Assets) ကနေ ကိုယ်ပြန် ပေးရမယ့်အရာများ (Liabilities) ကို ဖယ်ထားလိုက်ပြီးတဲ့ လက်ကျန် ဖြစ်ပါတယ်။
Formula: Net Worth = Assets – Liabilities
Assets ဆိုတာ Cash ငွေသား၊ Savings စုငွေ၊ Property အိမ်ခြံမြေ၊ Investments ရင်းနှီးမြှုပ်နှံမှုများ၊ Business Value လုပ်ငန်း တန်ဖိုး စသည်ဖြင့်ပါဝင်ပါတယ်။
Liabilities ဆိုတာ Debts အကြွေး ၊ Credit Card Balances ချေးငွေ၊ Car Loans ကား အရစ်ကျ ပေးရငွေ၊ House Mortgage အိမ် အရစ်ကျ ပေးရငွေ ၊ Borrow Money ချေးထားသောငွေ စသည်ဖြင့်ပါဝင်ပါတယ်။
ကိုယ့်ရဲ့ ငွေကြေး အခြေအနေ Net Worth မှာ ဒီ အရာတွေ ပါဝင်ပြီး လစဉ် ဝင်ငွေ Income ကိုပဲ အဓိက အခြေမခံပါဘူး။
💵 Why Income Isn’t Enough !
Income ဆိုတာ မတည်မြဲနိုင်ပါဘူး။ အလုပ်ဆုံးရှုံးတာ၊ တစ်စုံတစ်ခုဖြစ်တာနဲ့ ရပ်သွားနိုင်ပါတယ်။
ဒါပေမယ့် Net Worth ဖြစ်တဲ့ Savings၊ Investments နဲ့ Assets တွေကတော့ ကိုယ့် အတွက် ဆက်လက် အလုပ်လုပ်ပေး နေတတ်ပါတယ်။
ဒါကြောင့် Rich People ချမ်းသာတဲ့သူတွေက Income တိုးဖို့ပဲ ကြိုးစားမနေပါဘူး။ သူတို့က Net Worth ပိုတိုးဖို့ ကြိုးစားကြပါတယ်။
Income ဝင်ငွေများများ ဝင်နေသော်လည်း သေချာ မစီမံဘဲ သုံးချင်ရာ သုံးပြီး တိုးပွါးခြင်း မလုပ်ရင် ဝင်ငွေ များနေတာ ဘာ အဓိပ္ပါယ်မှ မရှိပါဘူး။
🚀 How to Start Growing Your Net Worth
💰 Know Your Numbers ~ ကိုယ့်ရဲ့ Assets နဲ့ Liabilities တွေကို စာရင်းပြုစုပါ။
💰Save Consistently ~ ဝင်ငွေရလာတိုင်း ကိုယ် နဲ့ ကိုက်ညီတဲ့ ပမာဏ တစ်ခု ကို ပုံမှန် စုဆောင်းပါ။
💰 Invest Wisely ~ ကိုယ်ပိုင် အသိဥာဏ် တိုးတက်ရန် လိုအပ်တာ လေ့လာပြီး ရင်းနှီးမြှုပ်ခြင်းလုပ်ပါ။
💰Reduce Debts ~ ပေးစရာရှိ ချေးငွေများကို နည်းနိုင်သမျှ နည်းအောင် အများဆုံး ပြန်ဆပ်ပါ။
💰 Track Progress ~ ကိုယ့်ရဲ့ Net Worth ကို နှစ်ဝက် တစ်ခါ ဖြစ်စေ ၊ သုံးလ တစ်ခါ ဖြစ်စေ ပုံမှန် ပြန်လည် စစ်ဆေးပါ။
🍀 အနှစ်ချုပ် ပြောရရင်
လူအများစုက Income နောက်ကို လိုက်နေကြချိန်မှာ Rich People တွေကတော့ Net Worth ကိုတည်ဆောက်နေကြပါတယ်။
ဘယ်လောက် ဝင်ငွေ ရှိတယ် ဆိုတာထက် ဘယ်လောက် စီမံနိုင်လဲ၊ ဘယ်လို တိုးပွါးအောင် လုပ်နိုင်လဲ ဆိုတာက Wealth ဖြစ်ပါတယ်။
Khaing Zin Theint
Life And Wealth Coach