Mouk Pao Nai

Mouk Pao Nai Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mouk Pao Nai, News & Media Website, Yangon.

အိန္ဒိယက NSCN-K ကို မတရားအသင်း သတ်မှတ် ၂၀၂၅ စက်တင်ဘာ ၂၄အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန(MHA)က နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ/ကပ...
24/09/2025

အိန္ဒိယက NSCN-K ကို မတရားအသင်း သတ်မှတ်

၂၀၂၅ စက်တင်ဘာ ၂၄

အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန(MHA)က နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ/ကပ္ပလန်(NSCN-K) အဖွဲ့နှင့် ၎င်း၏ မဟာမိတ် အဖွဲ့အစည်းများကို တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး ၅ နှစ်ပိတ်ပင်ကြောင်း စက်တင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်ဟု The New Indian Express မှ ဖော်ပြခဲ့သည်။

တရားမဝင် လှုပ်ရှားမှုများ တားဆီးရေး အက်ဥပဒေအောက်တွင် ပြဋ္ဌာန်းချက်အရ ထိုပိတ်ပင်မှုသည် စက်တင်ဘာ ၂၈ ရက်မှစတင်ပြီး အသက်ဝင်မည်ဖြစ်ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

NSCN-K သည် ကသည်း သူပုန်များဖြစ်သည့် ULFA(I) ၊ PREPAK နှင့် PLA ကဲ့သို့ တရားမဝင် အဖွဲ့များနှင့် မိတ်ဖက် ဆက်ဆံရေးရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထိုအဖွဲ့သည် စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရအရာရှိများနှင့် အရပ်သားများကို ပြန်ပေးဆွဲပြီး ငွေကြေးများ တောင်းခံခြင်း၊ ခြိမ်းခြောက် ငွေညှစ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင် စွပ်စွဲထားသည်။

“NSCN-K အဖွဲ့ရဲ့ တရားမဝင် လှုပ်ရှားမှုတွေထဲမှာ တရားမဝင် လက်နက်တွေနဲ့ ခဲယမ်းတွေကို ပိုင်ဆိုင်မှု၊ လက်နက်တွေနဲ့ အခြားအကူအညီတွေ ရယူဖို့ အခြားနိုင်ငံတွေမှာရှိတဲ့ အိန္ဒိယဆန့်ကျင်ရေးအဖွဲ့တွေဆီက အကူအညီတွေ ရယူမှုတွေ ပါဝင်ခဲ့ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

NSCN-K သည် အိန္ဒိယနိုင်ငံမှ ခွဲထွက်ပြီး အိန္ဒိယ-မြန်မာ နယ်စပ်ဒေသရှိ နာဂလူမျိုးများ နေထိုင်သည့် နေရာများ ပါဝင်သော ဒေသများကို စုဖွဲ့ပြီး နာဂနိုင်ငံထူထောင်ရန် ရည်ရွယ်ထားကြောင်း ကြေညာခဲ့သည်ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၈ ရက်မှ ၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀ ရက်ကြား NSCN-K ၏ ကေဒါများကို တိုင်ကြားသည့် အမှုပေါင်း ၇၁ မှုရှိခဲ့ပြီး ၎င်းတို့အနက် ၅၆ မှုကို စွဲချက်တင်ခဲ့ကာ ၃၅ မှုကို တရားစီရင်နိုင်ခဲ့ကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် NSCN-K ၏ ကေဒါ ၈၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၆၉ ဦးသည် လက်နက်ချ အလင်းဝင်လာခဲ့ကြောင်း ၎င်းတို့ နှင့်အတူ လက်နက် ၆၉ လက်၊ ကျည်ကဒ် ၅၂ ခု၊ ကျည်ဆန် ၉၃၁ တောင့်၊ လက်ပစ်ဗုံး ၁၀ လုံး၊ ဖောက်ခွဲရေးပစ္စည်း ၁၅၀ ခုနှင့် အခြား လက်လုပ်မိုင်းများကို သိမ်းဆည်း ရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုကာလအတွင်း ရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့များ၏ စစ်ဆင်ရေးကြောင့် NSCN-K ၏ မြေအောက်ကေဒါ ၁၃ ဦး သေဆုံးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပုံ - NSCN-K/AM အဖွဲ့ကို တွေ့ရစဉ်

နာဂနိုင်ငံရေးအဖွဲ့သစ် GNNC-DSRN ဖွဲ့စည်းကြောင်း ကြေညာ၂၀၂၅၊ စက်တင်ဘာ ၂၃အသစ်ဖွဲ့စည်းထားသည့် နာဂနိုင်ငံရေးအဖွဲ့ဖြစ်သည့် နာဂ...
23/09/2025

နာဂနိုင်ငံရေးအဖွဲ့သစ် GNNC-DSRN ဖွဲ့စည်းကြောင်း ကြေညာ

၂၀၂၅၊ စက်တင်ဘာ ၂၃

အသစ်ဖွဲ့စည်းထားသည့် နာဂနိုင်ငံရေးအဖွဲ့ဖြစ်သည့် နာဂအမျိုးသားကောင်စီအစိုးရ- နာဂပြည်ဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ (GNNC-DSRN) သည် ၎င်းတို့ အဖွဲ့ဖွဲ့စည်းမှုအတွက် ပွဲဦးထွက် ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုအဖွဲ့က နာဂလူမျိုးများ၏ အကျိုးစီးပွား များအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အစိုးရတစ်ရပ်ကို ထူထောင်ရန် လိုအပ်သည်ဟု ခံစားခဲ့ရကြောင်း၊ ထိုအစိုးရသည် လူထုအတွက် အလုပ်လုပ်ပေးပြီး လူထုအတွက် စစ်မှန်စွာ ရပ်တည်ပေးမည့် အစိုးရဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဒီအစိုးရအဖွဲ့ရဲ့ ရည်ရွယ်ချက်က နာဂလူမျိုးအားလုံးအတွက် ဘက်လိုက်မှုမရှိ၊ ဦးစားပေးမှုမရှိတဲ့ သာတူညီမျှ အခွင့်အလမ်းကို ထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက မတူညီတဲ့ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေ ဟာ အမျိုးသားရေးကို အကြောင်းပြပြီး ဖွဲ့စည်းခဲ့ကြပေမယ့် ကိုယ်ကျိုးစီးပွားကိုသာကြည့်ပြီး အဂတိလိုက်စားမှု တွေနဲ့ ပြည့်နေခဲ့ပါတယ်။ သူတို့တွေထဲက ဘယ်အဖွဲ့ကမှ နာဂလူမျိုးတွေရဲ့ ကောင်းကျိုးချမ်းသာအတွက် မရပ် တည်ခဲ့ကြပါဘူး” ဟု GNNC-DSRN က ထုတ်ပြန်ခဲ့သည်။

ပြည်သူ့ဘဏ္ဍာငွေများကို ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိစွာ အသုံးပြုသည့် အစိုးရသည် ပြည်သူများအတွက် တိုက်ရိုက် အကျိုးရှိစေသော ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား လုပ်ဆောင်ပြီး အလုပ်လက်မဲ့ ဖြစ်နေသည့် ပညာတတ်လူငယ်များကို နေရာပေးကာ ပြည်သူအားလုံးကို သာတူညီမျှ ဆက်ဆံသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“လူငယ်တွေနဲ့ အလုပ်လက်မဲ့ ပညာတတ် နာဂလူမျိုးတွေကို အထူးတိုက်တွန်းချင်တာကတော့ ကျနော်တို့ နယ်မြေရဲ့ အနာဂတ်ဟာ ခင်ဗျားတို့ လက်ထဲမှာ ရှိတယ်ဆိုတဲ့ အချက်ပါပဲ။ ကျ‌နော်တို့ ဒီနေ့မှာ အရေးတယူ လုပ်ဆောင်ခြင်း မရှိရင် နာဂပြည်ဟာ အဂတိလိုက်စားမှုတွေ၊ ဘက်လိုက်မှုတွေနဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ် မှုတွေနဲ့ ဆက်ပြီး ကြုံတွေ့ခံစားရပါလိမ့်မယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“နာဂပြည်မှာ အဂတိလိုက်စားမှု ကင်းစင်ရေး၊ တရားမျှတမှုနဲ့ သာတူညီမျှမှု ထူထောင်ရေးတို့အတွက် ဘုရား သခင်က ကျနော်တို့ကို ဒီအခွင့်အလမ်းနဲ့ ဒီတာဝန်ကို ပေးခဲ့တာ ဖြစ်ပါတယ်။ ခင်ဗျားတို့ရဲ့ အသိဉာဏ်ပညာ တွေနဲ့အတူ ကျနော်တို့ဟာ နာဂပြည်ကို ပိုမိုကောင်းမွန်တဲ့ ဒေသအဖြစ် ပုံဖော်နိုင်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မိမိတို့ အစိုးရအဖွဲ့၏ လိုဂိုဖြစ်သည့် ကြယ်ပွင့်နှင့် လက်ဝါးကပ်တိုင်သည် နာဂလူမျိုးများ ရရှိထားသည့် ကောင်းချီး မင်္ဂလာကို ကိုယ်စားပြုကြောင်း၊ မျှော်လင့်ချက်၊ ယုံကြည်ချက်နှင့် တရားမျှတသည့် လူ့အဖွဲ့အစည်းအတွက် ဘုရား သခင်က မိမိတို့အား ပေးထားသည့် လမ်းညွှန်ချက်ကို ကိုယ်စားပြုကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

GNNC-DSRN ကို John Chakhesang က ဥက္ကဋ္ဌ၊ Kikheto Sumi က ဒုတိယဥက္ကဋ္ဌ၊ Kelhoukuolie Angami က အတွင်းရေးမှူးချုပ်နှင့် Y Lotha က ဘဏ္ဍာရေးမှူးအဖြစ် ဦးဆောင်သွားမည်ဖြစ်သည်။

ပုံ - နာဂအလံကို တွေ့ရစဉ်

ဗန်းမောက်က KIA အတွက် ဘယ်လောက် အရေးပါလဲ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့သည် ကချင်လ...
23/09/2025

ဗန်းမောက်က KIA အတွက် ဘယ်လောက် အရေးပါလဲ

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အတွက် ဘယ်လို အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေသလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံ‌ရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေ ကြသည်။

KIA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့သည် ဗန်းမော်၌ မြန်မာ့တပ်မတော်နှင့် စစ်ရေးပြင်းထန်ပြီး ရှုံးနိမ့်နေချိန်တွင် ဗန်းမောက်မြို့သို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်တွင် စတင်တိုက်ခိုက်ကာ စက်တင်ဘာ ၂၀ ရက်နေ့၌ သိမ်းပိုက်နိုင်ခဲ့သည်။

လက်ရှိ ဗန်းမောက်မြို့ကို KIA၊ PDF၊ ကဒူးတပ်ဖွဲ့တို့ ပူးပေါင်း၍ ထိုးစစ်ဆင် သိမ်းပိုက်လိုက်ပြီးနောက် တပ်မတော် က စက်တင်ဘာ ၂၁ ရက်တွင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။

KIA အနေဖြင့် ဗန်းမောက်ကို ထိန်းနိုင်ပါက စစ်ကိုင်းတိုင်းအထက်ပိုင်းအား ရိက္ခာ၊ လူ၊ လက်နက် ပို့ဆောင်ရန် အတွက် အဆင်ပြေကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက ပြောသည်။

၎င်းက “ဗန်းမော်ကတော့ သူတို့ရှုံးနေပြီပေါ့။ ရှုံးတဲ့အခါကြတော့ KIA ကတော့ သူ့အတွက်ကတော့ သိက္ခာဆယ်တဲ့ အနေနဲ့ ဗန်းမောက်ပေါ့၊ နောက်တစ်ခုက ဗန်းမောက်ကလည်း ရှမ်းနီ ဒေသပါပဲ။ ပြောရရင်တော့ ကချင်လုံးဝ မရှိ ပါဘူး။ ရှမ်းနီနဲ့ ဗမာနဲ့ပေါ့နော်။ မူးမြစ်ဝှမ်းထိပ်ပေါ့။ ဒီဗန်းမောက်ကို ထိန်းလိုက်လို့ရှိရင် စစ်ကိုင်းတိုင်းအထက်ပိုင်း ကို ရိက္ခာ၊ လူ၊ လက်နက် ပို့ဆောင်ဖို့အတွက်က အဆင်ပြေတယ်လေ။ ဒါကြောင့် သူ ဗန်းမောက်ကိုလည်း အရှက် ပြေ အားစမ်းတာပေါ့နော်။ အောင်မြင်ဘူး၊ မအောင်မြင်ဘူး ဆိုတာကတော့ နောက် ကျနော်တို့ မြင်လာရမှာပေါ့။ ဗန်းမောက်ကတော့ KIA က မူးမြစ်ဝှမ်းနဲ့ထိပ်က ဖြစ်နေတဲ့အတွက်ကြောင့် ဒါကြီးကိုတော့ ခြေကုပ်ယူမှာပေါ့နော် ဗန်းမောက်က။ ဗန်းမောက်မှာ‌တော့ ဒီလိုပဲ လုပ်နေကိုင်နေကြမယ်။ ဒါပေမယ့် ရေရှည်မှာတော့ တပ်ကပဲ အသာစီး ရသွားမှာပေါ့ အဲဒါပဲ သွားတွေ့တယ်” ဟု ပြောသည်။

ဗန်းမောက်မြို့နယ်ကို ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၆၁၄ က အဓိက လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်ပေးလျက်ရှိပြီး တပ်မတော်၏ တပ်မ ၇၇ ကတော့ ဗန်းမောက်မြို့ပေါ်မှာ လုံခြုံရေးဆောင်ရွက်သည်။

လက်ရှိတွင် SNA တပ်ဖွဲ့သည် ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းကို ထိန်းချုပ်ထားပြီး စစ်ပွဲအတွက် ပြင်ဆင်နေ သလို ဗန်းမောက်မြို့ ပြန်လည် ရရှိရေးအတွက်လည်း ပြင်ဆင်လျက်ရှိနေသည်။

ဗန်းမောက်မြို့ကို ရှမ်းနီများ လက်လွှတ်လိုက်ရခြင်းသည် ခုခံနေသည့် အင်အားနှင့် စစ်ကူမလာနိုင်သည့် အတွက် ကြောင့် ဖြစ်နိုင်ကာ KIA အနေဖြင့် ၎င်းနယ်မြေထဲ စစ်ကြောင်းများ မဝင်လာရေးအတွက် ဗန်းမောက်ကို ဝင်ရောက်ခြင်း ဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

၎င်းက “စစ်ရေးကတော့ တချို့နေရာပေါ့လေ။ သာလွန်အင်အားနဲ့ ဗန်းမောက်မှာ ခုခံနေတဲ့အင်အားနဲ့ စစ်ကူ မလာနိုင်တာရယ်။ ဟိုဘက်ကလည်း KIA/KIO အပါအဝင် အဲဒီဒေသခံ PDF တွေနဲ့ ပေါင်းလိုက်တော့ နည်းနည်း လေး တိုက်စွမ်းအားပေါ့လေ။ စစ်အား၊ လူအား ပိုသာသွားတဲ့ သဘောနဲ့တူပါတယ်။ ဒါကြောင့် ဗန်းမောက်မြို့ကို ရှမ်းနီတွေက လွှတ်လိုက်ရတယ်ဆိုတာ သူ့ဘက် ကိုယ့်ဘက် စစ်ကူမလာနိုင်တဲ့အတွက် ဖြစ်နိုင်တယ်လို့ ယူဆပါ တယ်။ KIA က သူ့အထဲကို စစ်ကြောင်းကြီးတွေ မဝင်လာဖို့အတွက် ဗန်းမောက်က KIO ဝင်ပေါက် ဖြစ်တာကို။ KIA ထဲကို ဝင်သွားလို့ရတဲ့ စစ်ကိုင်းတိုင်းရဲ့ အစွန်ပေါ့လေ ရှမ်းနီဒေသဖြစ်တာကို။ အဲဒါကြောင့် KIA ကလည်း အသည်း အသန်ဝင်ပြီး ထိန်းတဲ့သဘောပါပဲ။ ဒါကြောင့် ဗန်းမော်နဲ့ ဗန်းမောက်ပေါ့။ ဗန်းမောက်ကတော့ ခုခံတဲ့ဘက်က အားနည်းတော့ ရသွားတာပေါ့။ ဗန်းမော်ကတော့ သိက္ခာအရ ဆက်တိုက်နေတဲ့ သဘောလို့ ယူဆပါတယ်။ အဲဒီ ၂ နေရာကတော့ နည်းနည်းကွာခြားပါတယ်” ဟု ပြောသည်။

KIA သည် ဟုမ္မလင်းမြို့နှင့် ကသာမြို့များကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ခြေလည်း ရှိကြောင်း၊ KIA သည် ဗန်းမောက်မြို့ကို မည်မျှ ကြာကြာထိန်းချုပ်နိုင်မလဲကိုမူ စောင့်ကြည့်ရအုံးမည် ဖြစ်ကြောင်း၊ KIA သည် ရှမ်းနီဒေသများကို ဦးတည်တိုက်ခိုက်နေခြင်းကလည်း SNA နှင့် ရှမ်းနီ အင်အားကို ဖြတ်တောက်ရန် ကြိုးပမ်းနေ လည်း ဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံ‌ရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေကြသည်။

KIA သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေခြင်းနှင့် အတူ တခြားတစ်ဖက်မှာလည်း မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်း၍ ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။

ပုံ - ဗန်းမောက်မြို့ကို တွေ့ရစဉ်

ဟုမ္မလင်း၊ နားမော်မှာ SNA နဲ့ KIA/PDF တို့ တိုက်ပွဲ ပြန်ဖြစ်စက်တင်ဘာ ၂၃၊ ၂၀၂၅စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်...
23/09/2025

ဟုမ္မလင်း၊ နားမော်မှာ SNA နဲ့ KIA/PDF တို့ တိုက်ပွဲ ပြန်ဖြစ်

စက်တင်ဘာ ၂၃၊ ၂၀၂၅

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပူအောင်စံပြကျေးရွာအနီးရှိ နားမော်ကျေးရွာမှာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နဲ့ ကချင်တပ်ဖွဲ့ (KIA) ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှစ၍ တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိမှာလည်း နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ ပြောပါတယ်။

ဒေသခံတစ်ဦးက “နားမောက်ဖက် တိုက်ပွဲ ပြန်ဖြစ်နေတယ်၊ SNA ဖက်က ထိုးစစ်ဆင်တယ်လို့ ပြောတာပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းက စပြီးဖြစ်ကြတာ၊ နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ အခြေအနေလို့ ပြောရမှာပါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

SNA ထိန်းချုပ်ထားတဲ့ နားမော်ရွာကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်းက KIA နဲ့ လက်အောက်ခံ တပ်ဖွဲ့တို့ SNA ကို ထိုးစစ်ဆင် တိုက်ခိုက်လာမှုကြောင့် နားမော်ရွာ ပျက်စီးသွားတဲ့ နေအိမ်တွေလည်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ရုပ်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။

နားမော်ရွာဟာ ဥရုချောင်းဘေးရှိ နောင်ပူအောင်စံပြကျေးရွာ အနီးမှာ တည်ရှိတဲ့ ရှမ်းနီရွာဖြစ်သလို အနီးအနားရှိ လွှစင်ကုန်းကျေးရွာလည်း အလားတူ KIA နဲ့ ၎င်းတို့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ ထိုးစစ်တွေကြောင့် ပျက်စီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ နားမော်၊ လွှစင်ကုန်းကျေးရွာရှိ ရှမ်းနီဒေသခံတွေအပြင် နောင်ပူအောင် ဒေသခံအချို့ဟာလည်း ဘေးကင်းရာ ဒေသသို့ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

အလားတူ ဗန်းမောက်မြို့နယ်အတွင်းမှာလည်း SNA နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

#နားမော်
#ရှမ်းနီ

ဗန်းမောက်မြို့အနီး ခမိုးတာဝါတိုင်ဘက်ကို KIA ထိုးစစ်ဆင်၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက...
23/09/2025

ဗန်းမောက်မြို့အနီး ခမိုးတာဝါတိုင်ဘက်ကို KIA ထိုးစစ်ဆင်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့အနီး ခမိုးရွာဘက်ရှိ ခမိုးတာဝါတိုင်ဘက်ကို KIA ဦးဆောင် သည့် PDF-ကဒူးတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်တွင် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

KIA ဦးဆောင်သည့် တပ်ပေါင်းစုသည် ဗန်းမောက်မြို့ကို စက်တင်ဘာ ၂၀ ရက်က သိမ်းပိုက်ပြီးနောက် ဗန်းမောက် အနောက်ဘက်ခြမ်း ဒေသကို ဆက်လက် ထိုးစစ်ဆင်လာနေခြင်းဖြစ်ကြောင်း သိရသည်။

ဗန်းမောက်ဒေသခံက “ ဗန်းမောက်မြို့အနီး ခမိုးတာဝါတိုင်တွင် KIA-PDF-ကဒူးတပ်ဖွဲ့ ထိုးစစ်ဆင်နေတယ်ဗျ။ ခမိုးကားကွင်းမှာ ဖိုးဝီးကားတွေ အများကြီး ရောက်နေတယ်‌။ ခမိုးဘက်ကနေ ဆင်းလာနေကြတာ။ ဒရုန်းကော ရှောက်တိုက်ဒုံးကော လူအင်အားများများနဲ့ ဖိတိုက်နေတယ်ဗျ”ဟု ပြောသည်။

KIA-PDF- ကဒူး တပ်ပေါင်းစုသည် ဗန်းမောက်မြို့သိမ်း တိုက်ပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က စတင်ခဲ့ ပြီး စက်တင်ဘာ ၂၀ ရက်တွင် သိမ်းပိုက်ခဲ့သည်။

ထို့နောက် ဗန်းမောက်မြို့၏ အနောက်ဘက်ခြမ်းရှိ ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် မြန်မာ့တပ်မတော် စစ်စခန်းများကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။

ဗန်းမောက်မြို့သည် ကချင်ပြည်နယ်သို့ ဝင်ရောက်သည့် မြို့များအနက် တစ်ခုဖြစ်သည့်အတွက် KIA သည် ကချင်ပြည်နယ် အတွင်းသို့ မြန်မာ့တပ်မတော်၏ ထိုးစစ်ရောက်ရှိမလာနိုင်ရေး ဖြတ်တောက်ခြင်း သို့မဟုတ် ဟန့်တားနိုင်ရေး ကြိုတင် ပြင်ဆင်ရန် မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။

ထို့နောက် KIA သည် ဟုမ္မလင်းမြို့နှင့် ကသာမြို့များကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်ခြေလည်း ရှိကြောင်း၊ သို့သော် KIA သည် ဗန်းမောက်မြို့ကို မည်မျှ ကြာကြာထိန်းချုပ်နိုင်မလဲကိုတော့ စောင့်ကြည့်ရအုံးမည် ဖြစ်ကြောင်း၊ KIA သည် ရှမ်းနီဒေသများကို ဦးတည်တိုက်ခိုက်နေခြင်းကလည်း SNA နှင့် ရှမ်းနီ အင်အားကို ဖြတ် တောက်ရန် ကြိုးပမ်းနေလည်းဖြစ်နိုင်ကြောင်း ၎င်းက ‌ထောက်ပြသည်။

KIA သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မြို့သိမ်း တိုက်ပွဲများဖော်ဆောင်နေခြင်းနှင့်အတူ တခြားတစ်ဖက်မှာလည်း မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်း၍ ညှိနှိုင်းမှုများပြလုပ်နေ သည်။

ဗန်းမောက်မြို့ပေါ်က စစ်ဘေးရှောင်တစ်ထောင်ကျော် မြို့နယ်အနောက်ဘက်ခြမ်းသို့ တိမ်းရှောင် ====================စက်တင်ဘာ ၂၁ ၊ ဗ...
21/09/2025

ဗန်းမောက်မြို့ပေါ်က စစ်ဘေးရှောင်တစ်ထောင်ကျော် မြို့နယ်အနောက်ဘက်ခြမ်းသို့ တိမ်းရှောင်
====================
စက်တင်ဘာ ၂၁ ၊ ဗန်းမောက်

ဗန်းမောက်မြို့ပေါ်ကနေ ရှမ်းနီအမျိုးသားများတပ်မတော် SNA က တပ်ဆုတ်ခွာပြီးတဲ့နောက် စစ်ဘေးရှောင်တစ်ထောင်ကျော်ဟာ မြို့အနောက်ဘက်ခြမ်းသို့ တိမ်းရှောင်ခဲ့ကြတယ်လို့ ဒေသခံ ရှမ်းနီအရပ်ဘက်အဖွဲ့အစည်းတွေဆီကနေသိရပါတယ်။

“ မြို့ပေါ်က လူထုတွေအားလုံးက SNA ထိန်းချုပ်တဲ့အနောက်ဘက်ကို ပါလာကြတယ်။ ဆရာတော်တွေအားလုံးကော ပြည်သူလူထုတွေကော ။ အခုက ဘုန်းကြီးကျောင်း စာသင်ကျောင်းမှာ နေရာချထားတယ်” လို့ စစ်ဘေးရှောင်ကူညီနေသူ ဒေသခံရှမ်းနီလူငယ်တစ်ဦးက ပြောပါတယ်။

မြို့ပေါ်ဒေသခံ တစ်ထောင်ကျော်ဟာ မနေ့က စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းကနေ စတင်ပြီး မြို့ကနေ တိမ်းရှောင်ထွက်ခွာခဲ့ကြတာလို့သိရပါတယ်။

ဗန်းမောက်မြို့ကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲကို စက်တင်ဘာ ၁၅ ရက်နေ့မှ စတင်ခဲ့တာဖြစ်ပြီး စက်တက်ဘာလ ၂၀ ရက်နေ့မှာ မြို့ပေါ်ရပ်ကွက်တွေထဲ SNA က တပ်ဆုတ်ပြီးနောက် မြို့သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

KIA+PDF ပူးပေါင်းတပ်တွေက မြို့ပေါ်ကို သိမ်းပိုက်ထားပေမယ့် မြို့နဲ့မိုင်အနည်းငယ်အကွာမှာ SNA တပ်တွေက ဆက်လက်တည်ရှိနေတယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့ပေါ်မှာ SNA က တပ်ရင်းတစ်ရင်းက ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ ဝင်ရောက်နေရာယူခဲ့ပြီး ကျန်းမာရေးနဲ့ ပညာရေးကို အဓိကဖော်ဆောင်ခဲ့တာလို့သိရပါတယ်။

မြို့သိမ်းတိုက်ပွဲမတိုင်ခင်အချိန်ထိ မြို့ပေါ်မှာ နေထိုင်နေသူ ထောင့်ငါးရာဝန်းကျင်သာရှိနေပြီး လက်ရှိမြို့သိမ်းတိုက်ပွဲကြောင့် မြို့နယ်အနောက်ဘက်ခြမ်းကို အားလုံးနီးပါးတိမ်းရှောင်ကြတာလည်းဖြစ်ပါတယ်။

ဗန်းမောက်မြို့နယ်မှာ ရှမ်းနီတိုင်းရင်းသား ၇၀ ရာခိုင်နှုန်းနေထိုင်တဲ့မြို့တစ်ခုလည်းဖြစ်ပြီး မြို့နယ်ရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသ တွေကို KIA+PDF တွေက ၂၀၂၃ ခုနှစ်မှာ ထိန်းချုပ်စိုးမိုးထားကြတာလည်းဖြစ်ပါတယ်။

#ဗန်းမောက်
#ရှမ်းနီ

ရှမ်းလက်နက်ကိုင် ၃ ဖွဲ့ နိုင်ငံရေး ဘယ်လိုရှိလဲ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအ...
19/09/2025

ရှမ်းလက်နက်ကိုင် ၃ ဖွဲ့ နိုင်ငံရေး ဘယ်လိုရှိလဲ

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၉

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့် ပြင်းထန်လာခြင်းနှင့်အတူ ရှမ်းလက်နက်ကိုင် ၃ ဖွဲ့၏ နိုင်ငံရေး အခြေအနေ ဘယ်လိုရှိလဲဆိုသည့်အပေါ် စစ်ရေး နှင့် နိုင်ငံရေးအကဲခတ်များကြား စောင့်ကြည့်လေ့လာနေကြသည်။

ရှမ်းပြည်နယ်နှင့် ရှမ်းမျိုးနွယ်စုများ နေထိုင်ရာ ဒေသများသည် သယံဇာတ ပေါကြွယ်ဝကာ တိုင်းရင်းသား လူမျိုးစုံနေထိုင်သည့် ဒေသဖြစ်ကြသည်။

ရှမ်းလက်နက်ကိုင်များဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့သည် ၂၀၂၁ ခုနှစ်နောက်ပိုင်း၌ မြန်မာ့တပ်မတော်နှင့် ပူးပေါင်း၍ တိုက်ပွဲဝင်နေခြင်း မရှိသကဲ့သို့ တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍လည်း မြန်မာ့တပ်မတော် ကို တော်လှန်နေခြင်းမျိုး မရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

ယခုကဲ့သို့ မည်သည့်ဘက်ကမျှ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ ဝင်မပါကြခြင်းသည် လူထုဒုက္ခနှင့် နိုင်ငံအရေး အခြေအနေ ပိုမို ဆိုးရွားသွားနိုင်သည်ဟု ယူဆထားကြသည့်အတွက် ဖြစ်နိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “RCSS ကတော့ ၂၀၁၁ ခုမှာ နှစ်ဖက် အပစ်ရပ်ကို ထိုးပြီးကတည်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုထဲမှာ သူက တစိုက်မတ်မတ် ရပ်တည်ခဲ့တာကို။ ဒါကြောင့်မို့လို့ အခုလည်း သူက ဒီဟာကို ဆက်ပြီးတော့မှ ရပ်တည်နေတာပေါ့။ တခြားအကြောင်းလည်း ရှိချင်လည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အဓိက အကြောင်းအရင်းကတော့ ဒါပါပဲ။ အခု သူပါဝင်သွားမယ်ဆိုရင် အခြေအနေ ပိုကောင်းလာမယ့်အစား၊ အခြေအနေ က ပိုပြီးတော့မှ ဆိုးရွားလာနိုင်တယ်လို့ မြင်တာလည်း ရှိမှာပေါ့။ SSPP ကတော့ သူတို့က FPNCC ရဲ့ အဖွဲ့ဝင်တွေ ဖြစ်တယ်။ ဒီ FPNCC ကလည်း နိုင်ငံရေးအရ ပူးပေါင်းထားတာရှိတယ်။ ဒီနိုင်ငံရေးအရ ဦးဆောင်နေတဲ့ “ဝ” က လည်း အခုအခြေအနေမှာ စစ်ရေးနည်းထက် နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ဆိုပြီးမှ ရပ်တည်ထားတဲ့ အခါကြတော့ SSPP လည်း အဲဒီဘက်ကို လိုက်တယ်လို့ ထင်တယ်၊ တွေ့နိုင်ပါတယ်။ နောက်တစ်ခုက မကြာခင်တုန်းက သူတို့ရဲ့ ခေါင်းဆောင် တချို့နဲ့ တွေ့တုန်းကလည်း သူတို့ပြောတာက ကျနော်တို့ တိုက်လို့ ဘာထူးလာမှာလဲ၊ လူထုက ပိုပြီး တော့မှတောင် ဒုက္ခရောက်ဦးမယ်။ အခုသူတို့ဖြစ်နေတဲ့ ဒုက္ခတွေက သိပ်ကြီးနေပြီ။ တကယ်လို့ ကျနော်တို့ တိုက် ရင် ပိုပြီးတောင် ဆိုးရွားလာနိုင်တယ်။ ဒါကို ကျနော်တို့ မြင်တယ်။ ဒါကြောင့် သူတို့က အခု အခြေအနေမှာ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် အခွင့်အလမ်းကို စောင့်နေတယ်လို့ ပြောပါတယ်” ဟု ပြောသည်။

RCSS ခေါင်းဆောင်များသည် ယခင် နစက လက်ထက်၌ ဥက္ကဋ္ဌဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် ဆွေးနွေးပွဲများကို မကြာခဏ တက်ရောက်လေ့ရှိပြီး RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကို ၂၀၂၂ ခုနှစ်အတွင်းက ဝဏ္ဏကျော်ထင်ဘွဲ့ ပေးခဲ့သေးသည်။

ထို့ပြင် SSPP သည် “ဝ”လက်နက်ကိုင်အဖွဲ့ UWSA က ဦးဆောင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ(FPNCC)တွင် အဖွဲ့ဝင် မဟာမိတ်လက်နက်ကိုင်အဖြစ် ပါဝင်ထားသည်။

သို့သော် ထို ၃ ဖွဲ့အနေဖြင့် မြန်မာ့တပ်မတော်နှင့် ရံဖန်ရံခါ ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပေါ်တတ်ပြီး RCSS နှင့် SSPP တို့ တပ်ဖွဲ့ဝင်များအကြားလည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်တတ်ကာ SNA အနေဖြင့်လည်း KIA-PDF ပူးပေါင်း တပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

ရှမ်းလက်နက်ကိုင် ၃ ဖွဲ့သည် ရှမ်းအရေးကိုကြည့်ကာ အမှား၊ အမှန်ကို ဆုံးဖြတ်ထားကြသည့်အတွက် ယခုကဲ့သို့ မည်သည့် အင်အားစုဘက်မှ မပါဘဲ နေကြခြင်းဟုမြင်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက် ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က ပြောသည်။

၎င်းက “ပြောရမှာတော့ နည်းနည်းတော့ ခက်တာပေါ့နော် သူတို့ရဲ့ သဘောထားဆိုတဲ့ အခါကြတော့။ ကျနော့်ရဲ့ အမြင်ကတော့ အမှား၊ အမှန်ကို သူတို့ ၃ ဖွဲ့လုံးကမြင်တယ်လို့ ကျနော့် အနေနဲ့မြင်တယ်။ ဘယ်သူက မှားတယ်၊ ဘယ်သူက မှန်တယ်ပေါ့ ပြည်ထောင်စုအရေးအတွက်။ သူတို့ဘက်ကတော့ ဘယ်လိုရှိမလဲ ကျနော်မပြောတတ် ပေမယ့်လည်း ကျနော့်အမြင်က အဲဒီလိုပဲမြင်တယ်။ ထိန်းကျောင်းမှုရယ်လို့တော့ မပြောတတ်ဘူး။ SNA နဲ့ ပတ်သက်လို့ ဟိုတုန်းကတော့ မြန်မာ့တပ်မတော်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရှိတယ်ပေါ့။ အခုနောက်ပိုင်း ၂၁ နောက်ပိုင်းတော့ တော်တော်လေး ရင်းရင်းနှီးနှီး ဖြစ်သွားကြတယ်။ နောက်ပြီးတော့ SSPP တို့၊ RCSS တို့ဆိုရင် တော့ အားလုံးက ထိတွေ့မှုတော့ မရှိကြဘူး။ သူတို့ဆက်စပ်မှု ရှိတယ်ဆိုတာတော့ သူတို့အတွင်းရေး ကိစ္စတော့ မပြောလိုပေမယ့်လည်း သူတို့လည်း ရှမ်းအရေးကို ကြည့်ပြီးတော့မှ ဘယ်သူကမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ သူတို့ဆုံးဖြတ်ထားလို့ ဒီလိုပဲနေကြတယ်လို့ ကျနော့် အနေနဲ့မြင်တယ်။ ထိတွေ့မှု ကြတော့လည်း နောက်ကွယ်မှာ ရှိကောင်းရှိမှာပေါ့” ဟု ပြောသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) သည် တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA) တို့နှင့်အတူ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၏ ဖိတ်ကြားချက်အရ ပန်းဆန်းမြို့ကို သွားရောက်ခဲ့ကြသည်။

ထိုတွေ့ဆုံမှုတွင် “ဝ”ဘက်မှ မဟာမိတ် လက်နက်ကိုင် အဖွဲ့များ၏ စစ်ရေးလွယ်ကူ ချောမွေ့စေရေး အကြောင်း ခံပြီး မည်သည့် လက်နက်ကိရိယာ၊ ငွေကြေး အကူအညီကိုမှ ပေးတော့မည် မဟုတ်ကြောင်း အသိပေးခဲ့သည်။

ပုံ - ရှမ်းလက်နက်ကိုင် ၃ ဖွဲ့ကို တွေ့ရစဉ်

19/09/2025

KIA လက်အောက်ခံ PDF များ ဗန်းမောက်မြို့ပေါ်ရှိ ဒေသခံရှမ်းနီလူမျိုးနေအိမ်များအား မီးရှို့ဖျက်ဆီးမှု မှတ်တမ်း

19/09/2025

" မြစ်သေးချင်းကျေးရွာ လူနေအိမ်များအာ KIA/PDF များမှ မီးလောင်ဗုံးချ တိုက်ခိုက်"

၁၉ ရက်၊ စက်တင်ဘာလ၊ ၂၀၂၅

KIA လက်အောက်ခံ PDF များက ဗန်းမောက်မြို့ နယ် မြစ်သေးချင်းရွာရှိ လူထုအိမ်များအား ဒရုန်းဖြင့် မီးလောင်းဗုံးများချရာ လူနေအိမ်များမီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရပါတယ်။

"ဒရုန်းနားမှာ ဓာတ်ဆီဘူးတွေ ချိတ်ပြီးလူနေအိမ်တွေပေါ်ချတာ သူတို့က ရွာသားတွေ အေးအေးဆေးဆေးနေတာ မလိုချင်ကြဘူး သူတို့သိမ်းလိုက်တဲ့နေရာတိုင်းဟာ ပျက်စီးတာကြီးပ KIA /PDF တွေ သူတို့လုပ်တာက မြို့သိမ်းတိုက်ပွဲမဟုတ်ဘူး မြို့ဖျက်တိုက်ပွဲပါညယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။



#ဗန်းမောက်
#မြစ်သေးချင်း

ဗန်းမောက် မြို့နယ် ပ.အ.ဖ အဖွဲ့မှ ဗန်းမောက်မြို့သိမ်း တိုက်ပွဲအတွက် သတင်းအမှောင်ချMouk Pao Nai၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ၊ ၁၆ ...
16/09/2025

ဗန်းမောက် မြို့နယ် ပ.အ.ဖ အဖွဲ့မှ ဗန်းမောက်မြို့သိမ်း တိုက်ပွဲအတွက် သတင်းအမှောင်ချ

Mouk Pao Nai
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ၊ ၁၆ ရက်

ဗန်းမောက်မြို့နယ် ၊ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ ဒေသခံ ဌာနေ တိုင်းရင်းသား ပြည်သူလူထုအပေါ် သတင်းစီးဆင်းမှု့ ပွင့်လင်း မြင်သာမှု့မရှိစေရန် Wifi (Internet) များကို အကန့်အသတ် မရှိ ပိတ်သိမ်းခြင်းအား စက်တင်ဘာ ၁၅ ရက် ၂၀၂၅ ခုနစ် တနင်္လာနေ့တွင် စာအမှတ် ၀၄၉/၂၀၂၅ နှင့်အတူ ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

" သူတို့ပိတ်တဲ့ ရည်ရွယ်ချက်က အခြားကြောင့်တော့မဟုတ်ဘူး သူတို့မြို့သိမ်း တိုက်ပွဲလုပ်ရင် ရှမ်းနီဒေသခံ တွေသတင်းပေးမှာစိုးတာ သူတို့ကိုထောက်ခံတဲ့ လူတွေသိပ်မရှိဘူးလေ ရှမ်းနီဒေသကြီးကိုအေ့ဗန်းမောက်က၊ PDF တို့ Kadu Army တွေကလည်း ကချင်တပ် KIA ခိုင်းတာလုပ်ရတာ ဒီလောက်နေလာတာ ဘာမှ သူတို့နဲ့ ရန်ငြိုးမရှိဘူး" ဟု
ဗန်းမောက်မြို့ပေါ် ဒေသခံ တစ်ဦးမှ Mouk Pao Nai သို့ပြောသည်။

ဗန်းမောက်မြို့နယ်သည် ရှမ်းနီတိုင်းရင်းသား မျိူးနွယ်စုများ အများဆုံးနေထိုင်ရာဒေသဖြစ်ပြီး ရှမ်းနီမျိုးနွယ်များ၏ ရိုးရာဓလေ့ ထုံးတမ်းများကို အစဥ်ဆက်မပြတ်ထိန်းသိမ်းထားသည့် ဒေသတစ်ခုလည်း ဖြစ်သည်။

အဆိုပါဒေသ၌ ကချင်တပ် (KIA) လက်အောက်ခံ တော်လှန်ရေး အင်အားစုများမှ ရှမ်းနီသံဃာတော်များအား လှည်လှီး သတ်ဖြတ်ခြင်း ၊ ရှမ်းနီစာပေ ယဥ်ကျေးမှု့ အဖွဲ့ဝင်များအား ဖမ်းဆီး နှိပ်စက်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည့် ဒေသတစ်ခုလည်း ဖြစ်သည်။

#ဗန်းမောက်
#ရှမ်းနီ
#ပအဖ

(SNA) ထိန်းချုပ်ရာ ရှမ်းနီ​ဒေသ ဗန်းမောက်မြို့အား KIA/PDFများ ကျူးကျော်ဝင်ရောက်တိုက်ခိုက်Mouk Pao Nai၂၀၂၅ခုနှစ်၊ စက်တင်ဘာ...
16/09/2025

(SNA) ထိန်းချုပ်ရာ ရှမ်းနီ​ဒေသ ဗန်းမောက်မြို့အား KIA/PDFများ ကျူးကျော်ဝင်ရောက်တိုက်ခိုက်

Mouk Pao Nai
၂၀၂၅ခုနှစ်၊ စက်တင်ဘာ - ၁၆

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရှမ်းနီဒေသ ကသာခရိုင် ဗန်းမောက်မြို့ကို စက်တင်ဘာလ ၁၅ ရက်မနက်ပိုင်းကစလို့ KIA လက်အောက်ခံ PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများဖြစ်ပွားနေတယ် လို့သိရပါတယ်။

"မနေ့က မနက်စပြီး KIA / PDF တွေပလေ ဗန်းမောက်မြို့ ပတ်ပတ်လည်မှာရှိတဲ့ စခန်းတွေကိုလာတိုက်တာ ကျွန်တော်တို့ဒေသခံတွေလဲမပြောတတ်တော့ဘူး သူတို့ကဘာကိုလိုချင်တာလဲ ဒါက ရှမ်းနီလူမျိုးတွေအများဆုံးနေတဲ့ ရှမ်းနီဒေသပါညယ်၊ အမှန်ကတော့ ကချင်တပ် KIA ရဲ့ PDF တွေကိုအသုံးချပြီး နယ်ချဲ့တာပ ကျွန်တော်တို့ ရှမ်းနီ လူမျိုးတွေ စည်းလုံးပြီး ကာကွယ်ကြဖို့လိုတယ်" ဟု ဒေသခံတစ်ဦးမှ ပြောသည်။

ဗန်းမောက်မြို့ဟာ မြို့ပေါ်ရပ်ကွက်လေးရပ်ကွက်နဲ့ မြို့နေလူဦးရေ ၈၅၀၀ ကျော်နေထိုင်တဲ့ ရှမ်းနီလူမျိုးတို့ရဲ့မြို့တစ်မြို့​ပြီး ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ထိန်းချုပ်ထားတာလဲဖြစ်ပါတယ်။

လွှတ်တော်သုံးရပ်အတွက် ရွေးကောက်ပွဲ မကျင်းပတဲ့ မဲဆန္ဒနယ် ၁၂၁ နယ်မှာ သျှမ်းပြည်နယ်က ၁၇ မြို့နယ်ပါဝင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ...
15/09/2025

လွှတ်တော်သုံးရပ်အတွက် ရွေးကောက်ပွဲ မကျင်းပတဲ့ မဲဆန္ဒနယ် ၁၂၁ နယ်မှာ သျှမ်းပြည်နယ်က ၁၇ မြို့နယ်ပါဝင်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ၊ ၁၅ ရက်

ယခုနှစ် ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်အတွက် ရွေးကောက်ပွဲ မကျင်းတဲ့ မဲဆန္ဒနယ် ၁၂၁ နယ်ရှိပြီး သျှမ်းပြည်နယ်က ၁၇ မြို့နယ်ပါဝင်တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိတဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၅၆) နယ်၊ အမျိုးသား လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၉) နယ်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၅၆) နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပခြင်းပြုမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

ရွေးကောက်ပွဲ မကျင်းပတဲ့ သျှမ်းပြည်နယ်က မြို့နယ်တွေထဲမှာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ မန်တုံ၊ သိန္နီ၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ခမ်း၊ မိုးမိတ်နဲ့ ကွမ်လုံ စတဲ့ မြို့နယ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် သျှမ်းမြောက်က ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့နယ်နဲ့ “ဝ” တပ် UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်း၊ နားဖန်း၊ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်မြို့နယ်နဲ့ မိုင်းလားတပ် NDAA ထိန်းချုပ်ထားတဲ့ မိုင်းလားမြို့နယ်လည်း ပါဝင်တာတွေ့ရပါတယ်။

ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမယ့် ထုတ်ပြန်ကြေညာချက်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေပါဝင်တယ်။

ဒါကြောင့် လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၂၇၄) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၇၅) နယ်၊ အချိုးကျ ကိုယ်စားပြုစနစ်(PR) မဲဆန္ဒနယ် (၂၆)နယ်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၂၆၆) နယ်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် အချိုးကျ ကိုယ်စားပြု စနစ် (PR) မဲဆန္ဒနယ် (၄၂) နယ် နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်(၂၉) နယ်တို့မှာပဲ ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Address

Yangon
11121

Website

Alerts

Be the first to know and let us send you an email when Mouk Pao Nai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share