Mouk Pao Nai

Mouk Pao Nai Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mouk Pao Nai, News & Media Website, Yangon.

အကြမ်းဖက် ကချင် KIA/PDF ပူးပေါင်းတပ်များ မိုးညှင်းမြို့ကို သိမ်းပိုက်မည်ဟု သတင်းထွက်ပေါ်လာ။၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက...
22/09/2026

အကြမ်းဖက် ကချင် KIA/PDF ပူးပေါင်းတပ်များ မိုးညှင်းမြို့ကို သိမ်းပိုက်မည်ဟု သတင်းထွက်ပေါ်လာ။

၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်

အကြမ်းဖက် ကချင် KIA/PDF ပူးပေါင်းတပ်တွေဟာ မိုးညှင်းမြို့ကို ဝင်ရောက်သိမ်းပိုက်မယ်လို့ သတင်းများထွက်ပေါ်နေပြီး မိုးညှင်းမြို့နယ်ရဲ့ အရပ်မျက်နှာအသီးသီးတွေမှာ အင်အားဖြည့်တင်းလှုပ်ရှားမှု‌တွေ ရှိနေတယ်လို့ သိရပါတယ်။

မိုးညှင်းမြို့အနီးရှိ နန့်တကောင်းချောင်းဖျားမှာ KIA/KPDF နဲ့ ABSDF စုပေါင်းအင်အား ၂၅၀ခန့်၊ အနောက်တောင်ဖက် ကာဒူကျေးရွာ၊ ခါနန်ကျေးရွာတွေမှာ ခံတုတ်ကျင်းတွေပြင်ဆင်ထားပြီး AA၊ SSIA စုပေါင်းအင်အား ၂၅၀ခန့်နဲ့ ထန်းတပင်ရွာအနီးရှိ ကျောက်ဖြူတောင်နဲ့ နန့်ဆမ်းမချောင်းမှာ KIAတပ်မဟာ (၈) ၊ KPDF စုပေါင်း အင်အား ၅၀၀ခန့် တပ်စွဲလှုပ်ရှား နေကြောင်း မိုးညှင်းဒေသခံတစ်ဦးက ပြောပါတယ်။

မိုးညှင်းမြို့ဟာ အင်းတော်ကြီး ဒေသ စစ်ရှောင်ပြည်သူများ ဝင်ရောက်ခိုလှုံနေတဲ့ မြို့ဖြစ်တဲ့အတွက် မိုးညှင်းမှာ တိုက်ပွဲဖြစ်ပွားပါက ဒေသခံပြည်သူတွေအတွက် နေထိုင်ရေး၊ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာ ခက်ခဲသွားမယ်လို့လဲ ဒေသခံတစ်ဦးက ဆက်လက်ပြောထားပါတယ်။

အကြမ်းဖက် ကချင် KIA/PDF ပူးပေါင်းတပ်တွေဟာ ဗန်းမော်တိုက်ပွဲမှာ စစ်ရေးအရ နိမ့်ကျနေတဲ့အတွက် မိုးညှင်းမြို့ကို စစ်ရေးထွက်ပေါက်အဖြစ် ဒုတိယမြောက်ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေး သတင်းရင်းမြစ်များက ဖော်ပြလာပါတယ်။

လယ်ယာကဏ္ဍတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုဆွေးနွေးပွဲအခမ်းအနား နေပြည်တော်မှာကျင်းပ။၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက...
21/09/2026

လယ်ယာကဏ္ဍတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုဆွေးနွေးပွဲအခမ်းအနား နေပြည်တော်မှာကျင်းပ။

၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်

နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁မှာ လယ်ယာကဏ္ဍတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို့ ဆွေးနွေးပွဲအခမ်းအနားကို ဒီကနေ့ စက်တင်ဘာလ (၂၁ )ရက်နေ့ နံနက်ပိုင်းမှာ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

ဆွေးနွေးပွဲအခမ်းအနားကို (၂၂.၉.၂၆) ရက်နေ့ထိ နှစ်ရက်တာ ကျင်းပသွားမှာဖြစ်ပြီး လူဦးရေ (၈၀၀)ခန့် တက်ရောက်ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

အခမ်းအနားမှာ နိုင်ငံတော်သမ္မ ဦးမင်းအောင်လှိုင်ဟာ နိုင်ငံ့ထုတ်ကုန်တိုးတက်မှု အမျိုးသားအဆင့် ဒီဂျစ်တယ် နည်းပညာအသုံးပြုဖွင့်လှစ်ပေးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

ရှမ်းနီလူငယ်ကွန်ရက်မှအခြေခံပညာကွန်ပျူတာသင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေး။၂၀၂၆ခုနှစ်၊ စက်တင်ဘာလ(၂၁)ရက်စစ်ကိုင်းတိုင်းအထက်...
21/09/2026

ရှမ်းနီလူငယ်ကွန်ရက်မှအခြေခံပညာကွန်ပျူတာသင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေး။

၂၀၂၆ခုနှစ်၊ စက်တင်ဘာလ(၂၁)ရက်

စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ဟုမ္မလင်းမြို့ ချင်းတွင်းဥရုရှမ်းနီလူငယ်ကွန်ရက်မှ လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်(၁) အနေနဲ့ အခြေခံကွန်ပျူတာသင်တန်းကို အခမဲ့ပညာသင်ကြားပေးသွားမယ်လို့ သိရှိရပါတယ်။

အဆိုပါကွန်ပျူတာသင်တန်းမှာ မနေ့က (၂၀.၉.၂၆)ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့ပြီး (၁၉.၁၀.၂၆) ရက်နေ့ထိ ချင်းတွင်းဥရုရှမ်းနီလူငယ် ပါရမီစာကြည့်တိုက်မှာ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

အခြေခံသင်တန်းမှာ ကွန်ပျူတာမိတ်ဆက် ၊ စာစီစာရိုက်လေ့ကျင့်ခြင်း၊ Microsoft office word ၊ Excel ၊power point (basic) ၊ AI မိတ်ဆက်၊ အခြေခံရုံးစာရိုက်နည်း စတဲ့ ပညာရပ်တွေကို သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းနီလူမျိုးတွေကို နှိမ့်ချဆက်ဆံတာမကြိုက်တဲ့အတွက် လာရောက်ပူးပေါင်းတာလို့ကချင် KIA လက်အောက်ခံPDF ရဲဘော်ပြော။၂၀၂၆ခုနှစ်၊...
19/09/2026

ရှမ်းနီလူမျိုးတွေကို နှိမ့်ချဆက်ဆံတာမကြိုက်တဲ့အတွက် လာရောက်ပူးပေါင်းတာလို့ကချင် KIA လက်အောက်ခံPDF ရဲဘော်ပြော။

၂၀၂၆ခုနှစ်၊စက်တင်ဘာလ(၁၉)ရက်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ၊သက္ကယ်ကျင်းကျေးရွာရှိ ကချင်KIA လက်အောက်ခံ PDF တပ်ရင်း(၁) မှ ရဲဘော်တစ်ဦး ရှမ်းနီအမျိုးသားများတပ်မတော် SNAတပ်မဟာ(၆၁၄) ထံ ၂၀၂၆ခုနှစ် ၊စက်တင်ဘာလ(၁၈) ရက်နေ့ နေ့လည် (၁)နာရီက အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

အဆိုပါ အလင်းဝင်ရောက်လာတဲ့ရဲဘော်နဲ့အတူ MA2 ၁ လက်၊ ကျည်ဘောက် ၄ ဘောက်နှင့် ကျည် ၁၆၀ တောင့်ပါလာပြီး အင်းတော် သက္ကယ်ကျင်းမှတစ်ဆင့် ဗန်းမောက် ကောင်းကိုက်၊ မြစ်သေးချင်းဂိတ်ကို (၃)ရက်အကြာမှ ရောက်လာတာလို့ ဆိုပါတယ်။

မိမိတို့ ရှမ်းနီပြည်သူလူထုရဲ့ နယ်မြေဒေသ အေးချမ်းလုံခြုံရေးကို တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီဆောင်ရွက်လိုသောစိတ်၊ ကချင် KIA လက်အောက်ခံ PDFမှ မိမိတို့ ရှမ်းနီလူမျိုးတွေကို နှိမ့်ချ ဆက်ခံခြင်းနှင့် အာဏာမူဝါဒတွေ မကြိုက်တဲ့အတွက် လာရောက်အလင်းဝင်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်မဟာ(၆၁၄) ဘက်မှ အလင်းဝင်ရောက်လာတဲ့ ရဲဘော်ကို ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးနေပြီး လွတ်လပ်စွာပြန်လည်နေထိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ပေးနေတယ်လို့ SNA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အကြမ်းဖက် ကချင်တပ် KIA လက်အောက်ခံ K-4/ PDF အဖွဲ့မှ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တစ်ဦး SNA ထံ အလင်းဝင်ရောက်။၂၀၂၆ခုနှစ်၊ စက...
19/09/2026

အကြမ်းဖက် ကချင်တပ် KIA လက်အောက်ခံ K-4/ PDF အဖွဲ့မှ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တစ်ဦး SNA ထံ အလင်းဝင်ရောက်။

၂၀၂၆ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်

အကြမ်းဖက် ကချင်တပ် KIAလက်‌‌အောက်ခံ K-4/PDF တပ်ရင်းမှ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တစ်ဦး စက်တင်ဘာလ (၁၈)ရက်နေ့ ညနေ (၅)နာရီလောက်က ရှမ်းနီအမျိုးသားများတပ်မတော် SNA ထံ အလင်းဝင်ရောက်ပူးပေါင်းလာတယ်လို့ သိရှိရပါတယ်။

၂၀၂၂ခုနှစ်က ဗန်းမောက်မြို့နယ် ၊ မံအင်မကျည်းကုန်းကျေးရွာမှာ KIA လက်အာက်ခံ PDF အဖွဲ့က ပေါ်တာဆွဲဖမ်းဆီးတာကြောင့် တာဝန်ထမ်းဆောင်လိုစိတ်မရှိဘဲ ထမ်းဆောင်ခဲ့ရပြီး မိသားစုနဲ့အတူနေထိုင်စဉ်ကာလ ကချင်တပ် KIA လက်အောက်ခံ PDFက မတရားဖမ်းဆီးဖို့ ပြန်လည် ကြိုးပမ်းလာတာကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့တာလို့ ဆိုပါတယ်။

ကချင်တပ် KIAလက်အောက်ခံPDF တို့ရဲ့ အထက်စီးဆန်မှု၊ အပြောနဲ့အလုပ်မကိုက်ညီမှုနဲ့ မိသားစုနဲ့အတူ နေထိုင်လို‌တဲ့အတွက်ကြောင့် တာဝန်ဆက်လက်မထမ်းဆောင်နိုင်တော့ဘဲ SNA တပ်ဖွဲ့ဆီကို အလင်းဝင်ရောက်လာတာလို့ ပြောပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော် SNA ဘက်မှလဲ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးထားပြီး မိသားစုနဲ့အတူ ပြန်လည်နေထိုင်ခွင့်ပြုထားတယ်လို့ SNA တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

သရက်ခရိုင် PDF ၆ဦးမှ စစ်တပ်ထံ အလင်းဝင်ရောက်။၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်မကွေးတိုင်းဒေသ ၊ သရက်ခရိုင် PDF တပ်ရင်း ၄ မှ တပ...
18/09/2026

သရက်ခရိုင် PDF ၆ဦးမှ စစ်တပ်ထံ အလင်းဝင်ရောက်။

၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်

မကွေးတိုင်းဒေသ ၊ သရက်ခရိုင် PDF တပ်ရင်း ၄ မှ တပ်သား ၆ဦးတို့ စက်တင်ဘာလ (၁၆) ရက်နေ့မှာ စစ်တပ်ထံအလင်းဝင်ရောက်သွားကြောင်း သတင်းများအရ ထုတ်ပြန်ထားပါတယ်။

အဆိုပါ PDF ၆ဦး စစ်တပ်ထံ အလင်းဝင်ရောက်သွားတဲ့အချိန်မှာ လက်နက်တစ်ချို့ပါသွားပြီး တပ်ရင်းမှာ ကျန်ခဲ့တဲ့တပ်သားတွေကို ဖုန်းကနေတစ်ဆင့် ဆက်သွယ်စည်းရုံးတာတွေလဲရှိတယ်လို့ သိရပါတယ်။

စစ်တပ်ထံ သရက်ခရိုင်PDF၆ဦး အလင်းဝင်ရောက်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ မေလအတွင်းမှာလဲ တပ်သား ၉ဦးတို့ စစ်တပ်ထံ အလင်းဝင်ရောက်တာရှိခဲ့သေးတယ်လို့ လဲ သိရှိရပါတယ်။

KTV မှာ ဖမ်းခံလိုက်ရတဲ့ KIO အရာရှိ (၁၃)ဦး ပြန်လည်လွတ်မြောက်လာ။၂၀၂၆ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့...
18/09/2026

KTV မှာ ဖမ်းခံလိုက်ရတဲ့ KIO အရာရှိ (၁၃)ဦး ပြန်လည်လွတ်မြောက်လာ။

၂၀၂၆ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV မှာ ပျော်ပါးနေရင်း ဖမ်းစီးခံလိုက်ရတဲ့ KIO အရာရှိ ၁၃ ဦး ဟာ စက်တင်ဘာလ (၁၆)ရက်နေ့မှာ ပြန်လည် လွတ်မြောက် လာခဲ့ပြီလို့ သိရှိရပါတယ်။

အဆိုပါအရာရှိ (၁၃) ဦးမှာ ဦးနော်ဘန့်၊ ဦးဆွမ်လွတ်တူးရှမ်၊ ဦးမုန်ဒန့်၊ ဦးမုန်ရာ၊ ဦးဘရန့်ခွမ်၊ ဦးနော်လီ၊ ဦးခေါယိန်း၊ ဦးခွန်းအောင်၊ ဦးလအောင်၊ ဦးအောင်ဂမ်၊ ဦးနော်အောန်၊ ဦးဘောမ့်ချမ်းနဲ့ ဦးအောင်ပြည့်စုံတို့ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ရွှေလမ်းမပေါ်ရှိ Happy KTV ဆိုင်မှာ ပျော်ပါးနေတဲ့အချိန် ဝင်ရောက်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

မြစိကြီးနား ဇီးလွန်ထောင်မှာ ဖမ်းဆီးခံလိုက်ရတဲ့ KIO အရာရှိ (၁၃)ဦး ကို ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် PCG လမိုင်ဂွမ်ဂျာကိုယ်တိုင် သွားရောက် ခေါ်ယူခဲ့တာလို့ သတင်းများအရသိရပါတယ်။

မြန်မာတွေကို လက်ခံပေးသလို ဘင်္ဂါလီဒုက္ခသည်တွေကိုလဲ ပြန်လက်ခံပေးရမယ်လို့ မလေးရှားဝန်ကြီးချုပ်ပြော။၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ...
17/09/2026

မြန်မာတွေကို လက်ခံပေးသလို ဘင်္ဂါလီဒုက္ခသည်တွေကိုလဲ ပြန်လက်ခံပေးရမယ်လို့ မလေးရှားဝန်ကြီးချုပ်ပြော။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို တရားဝင် ချစ်ကြည်ရေးခရီးစဉ် ဖိတ်ကြားသွားမယ်လို့ စက်တင်ဘာလ (၁၆) ရက်နေ့မှာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

ဘင်္ဂါလီဒုက္ခသည်များ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို လျင်မြန်ချောမွေ့စေရန်အတွက် ယခုလိုတရားဝင်ခရီးစဉ်ဖိတ်ကြားသွားမှာဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်က ဆိုပါတယ်။

"ကျွန်တော်ဘာကြောင့်သူ့ကိုဖိတ်ရတာလဲ၊အကြောင်းအရင်းကတော့ ကျွန်တော်တို့မိတ်ဆွေဖွဲ့နိုင်သလို ကုန်သွယ်မှု‌တွေလဲ လုပ်နိုင်တယ်ဆိုတာ သူ့ကိုပြောချင်လို့ပါ၊ကျွန်တော်တို့ မြန်မာတွေကို လက်ခံပေးနိုင်ပေမယ့်၊ သူတို့ဘက်ကလဲ ဒုက္ခသည်တွေကို ပြန်လက်ခံပေးရပါမယ်"လို့ လဲ အန်ဝါက ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံဟာ ကုလသမ္မကဒုက္ခသည်ဆိုင်ရာ အေဂျင်စီမှာ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်နဲ့ ခိုလုံခွင့်တောင်းခံသူ ၂၁၅၀၀၀ကျော်ကို လက်ခံထားရှိပြီး ၎င်းးတို့အနက် မြန်မာနိုင်ငံမှ ဘင်္ဂါလီ ဒုက္ခသည် ၁၂၆၀၀၀ ကျော် ပါဝင်နေတယ်လို့ သိရပါတယ်။

အင်းတော်ကြီးအရှေ့ဘက်ကမ်းကရွာကို KIAက ရှော့တိုက်ဒရုန်းနဲ့ နှစ်ရက်ဆက်တိုက်ပတ်ခတ်။၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်မိုးညှင်းမ...
16/09/2026

အင်းတော်ကြီးအရှေ့ဘက်ကမ်းကရွာကို KIAက ရှော့တိုက်ဒရုန်းနဲ့ နှစ်ရက်ဆက်တိုက်ပတ်ခတ်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ အရှေ့ဘက်ကမ်းက အင်းသာရွာနဲ့ နန့်မွန်းမြို့မှာ KIAအဖွဲ့တွေဟာ စက်တင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက် နှစ်ရက်ဆက်တိုက် ရှော့တိုက်ဒရုန်းနဲ့ ပတ်ခတ်နေတယ်လို့ သိရပါတယ်။

"တိုက်ပွဲဖြစ်တာမဟုတ်ပါဘူး၊ KIAကနေပြီးတော့ ကျချင်ရာကျဆိုတဲ့ ပုံစံမျိုးနဲ့ နန့်မွန်းမြို့ထဲကိုပစ်ဝင်ခဲ့တာလေ၊ SNA စခန်းရှိတယ်ဆိုတဲ့ အထင်နဲ့ အဝေးကနေ ရှော့တိုက်ဒုန်းတွေနဲ့ လှမ်းပစ်တာပါ့လေ၊ အင်းသာဘက်က မနေ့တုန်းက ည၊ ဒီကနေ့ နေ့လယ်ကကျတော့ အဲဒီနမ့်မွန်းထဲကို ပစ်ဝင်ခဲ့တာ၊ လူထုပစ်မှတ်ထားပြီး ပစ်ဝင်တာလို့ပဲ ကျနော်က ပြောချင်တာပါ့နော၊ သူတို့ခံရရင်အော်တယ်၊ သူတို့ပစ်ရင်တော့ ပျော်တယ်ဆိုတဲ့ ဟာမျိုးတော့ မကောင်းဘူးပေါ့လေနော “ လို့‌ဒေသခံတစ်ဦးက‌ပြောပါတယ်။

အင်းတော်ကြီး အရှေ့ဘက်ကမ်းကဟဲပါးရွာမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNAက အဓိကအခြေချထားပြီး မလှမ်းမကမ်းက ဟဲပုရွာမှာ KIA အဖွဲ့က နေရာယူထားတာလို့ ဆိုပါတယ်။

မူလဌာနေ ရှမ်းနီတိုင်းရင်းသားတွေရဲ့ အဓိကနယ်မြေဖြစ်တဲ့ အင်းတော်ကြီးဒေသကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် ရှမ်းနီအမျိုးသားများတပ်မတော် SNA ရဲ့ ကျားဖြူစစ်ကြောင်းက စစ်ဆင်ရေးတွေလုပ်နေတာလို့သတင်းများအရသိ ရပါတယ်။

NUG လက်အောက်က ပကဖ တာဝန်ခံတစ်ဦး စစ်တပ်ထံ သွားရောက်လက်နက်ချပူးပေါင်း။၂၀၂၆ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်စစ်ကိုင်းတိုင်း၊ မြင်းမူမ...
15/09/2026

NUG လက်အောက်က ပကဖ တာဝန်ခံတစ်ဦး စစ်တပ်ထံ သွားရောက်လက်နက်ချပူးပေါင်း။

၂၀၂၆ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် NUG လက်အောက်က ပကဖတာဝန်ခံ ကိုမြတ်စိုးဟာ စက်တင်တင်ဘာလ (၁၃)ရက်နေ့က စစ်တပ်ဆီကို သွားရောက်လက်နက်ချပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

လက်နက်ချသွားရောက်ပူးပေါင်းခဲ့တဲ့ ကိုမြတ်စိုးဟာ သူနဲ့အတူ လက်နက် ၁၀ လက်နဲ့ ငွေကြေးတချို့လဲ ပါသွားတယ်လို့ သတင်းရင်းမြစ်များက ဖော်ပြထားပါတယ်။

မြင်းမူမြို့နယ်မှာ စက်တင်ဘာလအတွင်း NUG လက်အောက်ခံ PDFတပ်သား ၁၀ဦး နီးပါးအထိ စစ်တပ်ဘက်ကို သွားရောက်လက်နက်ချပူးပေါင်းတာတွေလဲ ရှိခဲ့တယ်လို့ သိရှိရပါတယ်။

Address

Yangon
11121

Website

Alerts

Be the first to know and let us send you an email when Mouk Pao Nai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share