Amview media

Amview media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Amview media, Media/News Company, Yangon.

Myanmar's only media outlet that provides entertainment and knowledge to the public, presenting a wide range of topics.
___ _______________
Content - 09677558710 ,09269293938

14/09/2026

"ဒဂုံတက္ကသိုလ်မှာ အဲကွန်းပါတဲ့ဆိုင်ဆိုပြီး Viralဖြစ်နေတဲ့ ကန်တင်းက ဈေးကြီးလား ...?"

#သပြေရိပ်(၂)

14/09/2026

🔎 ဖြေရှင်းလို့မရသေးတဲ့ ထူးဆန်းဖြစ်ရပ်များ | Episode 01

✈️ MH370 — ဘယ်မှာလဲ?

၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့မှာ Kuala Lumpur ကနေ Beijing ကို ပျံသန်းထွက်ခွာခဲ့တဲ့ Malaysia Airlines Flight MH370 ဟာ ခရီးစဉ်အတွင်း ပျောက်ဆုံးသွားခဲ့ပါတယ်။

လူပေါင်း ၂၃၉ ဦး ပါဝင်ခဲ့တဲ့ ဒီလေယာဉ်ရဲ့ နောက်ဆုံးခရီးစဉ်မှာ ဘာတွေဖြစ်ခဲ့သလဲ?

🛰️ Radar နဲ့ Satellite အချက်အလက်တွေက ဘာကိုပြောပြသလဲ?
🌊 ရှာဖွေမှုတွေက ဘယ်အထိ ရောက်ခဲ့သလဲ?
❓ ပြီးတော့… MH370 ရဲ့ အဖြေက ဘယ်မှာရှိနေသလဲ?

ဒီနေ့အချိန်အထိ မေးခွန်းတွေအများကြီး ကျန်ရှိနေဆဲဖြစ်တဲ့ ဒီဖြစ်ရပ်ကို AMView နဲ့အတူ ပြန်လည်လေ့လာကြည့်လိုက်ရအောင်။

🎙️ AMView — ဖြေရှင်းလို့မရသေးတဲ့ ထူးဆန်းဖြစ်ရပ်များ

13/09/2026

🌊 မလျှော့သော လုံ့လဝီရိယ — မဟာဇနကဇာတ်တော်

ပင်လယ်ပြင်အလယ်မှာ အားကိုးစရာမရှိ၊ ကမ်းကိုလည်း မမြင်ရသေးပေမယ့် မဟာဇနကမင်းသားက မိမိရဲ့ လုံ့လဝီရိယကို မလျှော့ခဲ့ပါဘူး။

“ကမ်းကိုမြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ အကျိုးကိုမြင်သဖြင့် ငါလုံ့လပြုသည်” ဆိုတဲ့ မဟာဇနကမင်းသားရဲ့ စိတ်ဓာတ်က ကျွန်ုပ်တို့ဘဝအတွက် အားပေးစရာ သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။

ဘဝမှာ အခက်အခဲတွေကြုံလာတဲ့အခါ
မျှော်လင့်ချက်မပျောက်ပါနဲ့။ လုံ့လမလျှော့ပါနဲ့။
ကြိုးစားအားထုတ်မှုဟာ ဘယ်တော့မှ အကျိုးမဲ့မဖြစ်ပါဘူး။ 🙏

📖 ဇာတ်တော်ကြီးဆယ်ဘွဲ့ — မဟာဇနကဇာတ်တော်

နားဆင်ရင်း ဓမ္မအသိ၊ ဘဝသင်ခန်းစာကောင်းများ ရရှိကြပါစေ။
နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ကြပါစေ။ 🙏

#မဟာဇနကဇာတ်တော် #ဇာတ်တော်ကြီးဆယ်ဘွဲ့ #ဝီရိယပါရမီ #နိက္ခမ္မပါရမီ #ဓမ္မအသံ

1️⃣ Dear my crazy soulmate — အဓိပ္ပာယ်ဒီသီချင်းက IU က Yoo In-na အတွက် ရည်ရွယ်ရေးထားတဲ့ soulmate အကြောင်း သီချင်းလို့ ဖော...
12/09/2026

1️⃣ Dear my crazy soulmate — အဓိပ္ပာယ်
ဒီသီချင်းက IU က Yoo In-na အတွက် ရည်ရွယ်ရေးထားတဲ့ soulmate အကြောင်း သီချင်းလို့ ဖော်ပြထားပါတယ်။ သူတို့နှစ်ယောက်ကြားက အရမ်းရင်းနှီးတဲ့ သူငယ်ချင်းဆက်ဆံရေးကို ချစ်စရာကောင်းပြီး ဟာသဆန်ဆန် ဖော်ပြထားတာပါ။
အဓိကအကြောင်းအရာက—
“ကမ္ဘာကြီးက ငါတို့နှစ်ယောက်ကို နားမလည်နိုင်တော့တဲ့အထိ ဖြစ်သွားရင်တောင်၊ ငါတို့နှစ်ယောက်ကတော့ ကိုယ့်ပုံစံအတိုင်း ဆက်နေကြမယ်။ တစ်နေ့ကျရင် ထူးထူးဆန်းဆန်း အဖွားနှစ်ယောက်အဖြစ် အတူတူ အသက်ကြီးသွားချင်တယ်”
ဆိုတဲ့ ခံစားချက်မျိုးပါ။
သူငယ်ချင်းဖြစ်သူက ကိုယ့်ကိုယ်ကို “ငါက ထူးဆန်းတယ်၊ မင်းစိတ်ပျက်နေပြီလား” လို့ ပြောလာတဲ့အခါမှာတောင် IU က “မင်းရဲ့ထူးဆန်းမှုတွေကြောင့်ပဲ မင်းကိုပိုသဘောကျတယ်” ဆိုတဲ့သဘောနဲ့ တုံ့ပြန်ထားပါတယ်။
သူတို့နှစ်ယောက်အတူရှိတဲ့အချိန်မှာ အချစ်ရေး၊ အလုပ်၊ အမုန်းအာဃာတတွေကို မစဉ်းစားဘဲ ကိုယ့်အတိုင်းကိုယ် နေပျော်နိုင်တယ်ဆိုတဲ့အချက်ကိုလည်း သီချင်းထဲမှာ ထင်ရှားစွာ ဖော်ပြထားပါတယ်။
အနှစ်ချုပ်ဆိုရရင် —
🥰 “ဘဝမှာ အချစ်ရေးတွေ ပြောင်းလဲသွားနိုင်ပေမယ့်၊ ငါတို့ရဲ့ ခင်မင်မှုကတော့ အဆုံးအထိ အတူတူရှိနေမယ်” ဆိုတဲ့ soulmate friendship song လေးပါ။
2️⃣ 이 별로부터 (Unknown Planet) — “ဒီကြယ်ကနေ ထွက်ခွာခြင်း”
ဒီသီချင်းရဲ့ ထူးခြားချက်က Korean title “이 별로부터” ပါ။
이 별 = ဒီကြယ်
이별 = လမ်းခွဲခြင်း / အချစ်ပြတ်ခြင်း
စာလုံးတွေက အတူတူဖြစ်ပြီး space ခြားထားတာနဲ့ အဓိပ္ပာယ်လုံးဝပြောင်းသွားပါတယ်။ ဒါကြောင့် “Unknown Planet” ဆိုတဲ့ အဓိပ္ပာယ်နဲ့ “From breakup” ဆိုတဲ့ အဓိပ္ပာယ်ကို တစ်ပြိုင်နက်တည်း ခံစားရအောင် IU က စကားလုံးကစားထားတာပါ။
သီချင်းအကြောင်းအရာကတော့ အချစ်ဟောင်းတစ်ခုကို အဆုံးသတ်ပြီး ရှေ့ဆက်သွားဖို့ ကြိုးစားနေတဲ့သူတစ်ယောက် ရဲ့ ခံစားချက်ပါ။
တစ်ချိန်က အတူတူဖြတ်သန်းခဲ့တဲ့—
ပထမဆုံးတွေ့ခဲ့တဲ့အချိန်
ပထမဆုံးနမ်းခဲ့တဲ့အချိန်
တစ်ယောက်တည်းက ခေါ်ပေးခဲ့တဲ့ နာမည်ပြောင်
မနက်မိုးလင်းတဲ့အထိ ပြောခဲ့ကြတဲ့ စကားတွေ
အတူတူ ရယ်မောခဲ့ကြတဲ့ အချိန်တွေ
ချစ်သူနဲ့တွေ့ဖို့ ပြေးသွားခဲ့တဲ့ လမ်းတွေ
အတူတူ အိပ်မက်မက်ခဲ့တဲ့ အနာဂတ်
အဲ့ဒီအမှတ်တရတွေအားလုံးကို မမေ့နိုင်ပေမယ့် အတိတ်မှာပဲ ထားခဲ့ပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်ဖို့ ဆုံးဖြတ်ထားတဲ့ပုံစံ ဖြစ်ပါတယ်။
သီချင်းရဲ့ နောက်ဆုံးခံစားချက်ကတော့—
တစ်ချိန်က ကိုယ့်ကမ္ဘာတစ်ခုလုံးလို ဖြစ်ခဲ့တဲ့ အချစ်ဟာ အခုတော့ တဖြည်းဖြည်း မှိန်ဖျော့ပျောက်ကွယ်သွားပြီ။ အဲ့ဒီအချစ်ကနေ လွတ်မြောက်ပြီး အဝေးကို ဆက်သွားတော့မယ်။
ဆိုတဲ့ နာကျင်ပေမယ့် လက်လွှတ်နိုင်လာတဲ့ ခံစားချက် ဖြစ်ပါတယ်။
🌙 သီချင်းနှစ်ပုဒ်ရဲ့ ကွာခြားချက်
Dear my crazy soulmate → 🥰 “ငါတို့နှစ်ယောက် အမြဲတမ်းအတူရှိမယ်”
Unknown Planet → 🥀 “တစ်ချိန်က ငါတို့ကမ္ဘာဖြစ်ခဲ့တဲ့အရာကနေ ငါ အခုတော့ ထွက်ခွာတော့မယ်”
တစ်ပုဒ်က အဆုံးမရှိတဲ့ ခင်မင်မှု၊ တစ်ပုဒ်က အဆုံးသတ်ပြီး ရှေ့ဆက်ခြင်း ဆိုတဲ့ ခံစားချက်နှစ်မျိုးကို IU ရဲ့ သီချင်းအသစ်တွေက ပေးထားတာပါ။

11/09/2026

ပင်ပန်းလို့ ခဏနားလို့ရတယ်…
ကျရှုံးလို့ ပြန်ထလို့ရတယ်။

ဒါပေမယ့် လက်မလျှော့နဲ့။ 💪

မင်းမရပ်သရွေ့…
မင်းရဲ့ခရီးက မပြီးသေးဘူး။ ❤️‍🔥

09/09/2026

အတ္တကြီးတယ်လို့ ပြောချင်ပြောပါ…

ကျွန်မက ချစ်မိရင်
“ငါ့အတွက်” ဆိုတာထက်
“သူ့အတွက်ရော” ဆိုပြီး ထည့်တွေးတတ်တဲ့လူပါ။

ကိုယ်တိုင်တောင် စွန့်လွှတ်ပေးခဲ့သလို
ကိုယ်မပြောခင် သူလည်း နားလည်ပေးစေချင်တယ်။

သူသာ ကိုယ့်ကို တကယ်ချစ်ရင်…
ကိုယ်မပြောဘဲနဲ့လည်း သိမှာပဲ။

ဒါကြောင့် အတ္တကြီးတယ်ဆိုရင်—
ဟုတ်ပါတယ်… ကျွန်မက ကိုယ်ချစ်သလို ပြန်ချစ်ပေးစေချင်တဲ့ မိန်းမတစ်ယောက်ပါ။ 🖤

#စာ #အတ္တကြီးသူ
#အချစ်

08/09/2026

🌕🐇 ရွှေလမှာ ယုန်ဝပ်သတဲ့

ရှေးရှေးအခါက ဆင်းရဲပေမယ့် လုံ့လဝီရိယနဲ့ နေ့စဉ်ဆန်ဖွပ်နေတဲ့ ဘဖိုးအိုတစ်ယောက်ရှိခဲ့ပါတယ်။

လပြည့်ညတိုင်း သူ့ကို ကူညီပေးဖို့ မိုးပေါ်ကနေ ဆင်းလာတဲ့ အမယ်ကြီးအိုတစ်ယောက်…
အဲဒီအမယ်ကြီးအိုရဲ့ နောက်ကွယ်မှာတော့ အံ့ဩစရာ လျှို့ဝှက်ချက်တစ်ခု ရှိနေခဲ့ပါတယ်။ 🌙✨

ဒါဆို လပြည့်ညမှာ လပေါ်က ဘဖိုးအိုနဲ့ ယုန်ပုံကို ဘာကြောင့် မြင်နေရတာလဲ? 🐇

📖 မြန်မာ့ရိုးရာ ပုံတမ်းစကားပုံပြင်များထဲက နွေးထွေးပြီး မှတ်သားစရာကောင်းတဲ့ ပုံပြင်လေးတစ်ပုဒ်…

“ရွှေလမှာ ယုန်ဝပ်သတဲ့” 🌕🐇

#ရွှေလမှာယုန်ဝပ်သတဲ့ #မြန်မာ့ရိုးရာပုံပြင် #ပုံပြင် #မြန်မာပုံပြင်

06/09/2026

ဒီနေ့ညရဲ့ amviewpodcast အစီအစဉ်ဖြစ် Amview'horror (ဖြစ်ရပ်မှန်ဇာတ်လမ်း) လေးတွေထဲက တစ်ခုကို ဖတ်ပြပေးသွားမာဖြစ်ပါတယ်

အသစ်သစ်သော program တွေ အသစ်တင်တိုင်းသိရအောင် Amview media ကို followနဲ့ like လုပ်ပေးသွားဖို့ တောင်းဆိုချင်ပါတယ်

Narrator - Shwe Yi

#ဖြစ်ရပ်မှန်ဇာတ်လမ်း

06/09/2026

Tonight Program
Sep,6.2026
Amview'horror (ဖြစ်ရပ်မှန်ဇာတ်လမ်း)
Narrator - Shwe Yi

#ဖြစ်ရပ်မှန်ဇာတ်လမ်း

06/09/2026

"ဂေဟာ"ရုပ်ရှင်ထဲမာဆိုရင် မကြီးစိုးက ကြောက်ဖို့ကောင်းတယ် ,မကြီးစိုးနှင့်ဖွေးဖွေးကို သဘောကျတယ် ' လို့ပြောကြတဲ့ ဂေဟာရုပ်ရှင်ဖန်များ

#ဂေဟာ #မကြီးစိုး #ဖွေးဖွေး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Amview media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share