Yoga with Dr Hsu

Yoga with Dr Hsu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yoga with Dr Hsu, Digital creator, Bo Min Yaung Road, Yangon.

👩‍⚕️ M.B.,B.S (Ygn) | Dip.Med.Sc (Family Medicine)
🧘‍♀️ 200H Multistyle IYTTC — Bangkok, Thailand
100H Ashtanga — Chitsu Ashtanga Yoga
🤰 85H Prenatal YTTC — MAYI, Malaysia
✨Founder | Kyal Sin Clinics • Yoga with Dr Hsu

Split Day 🤍ရှေ့နောက် ခြေထောက်ခွဲနိုင်တာ ဘာထူးလဲ။ခွဲကြည့်ရင်တော့ ပိုသိလိမ့်မယ် 🤭Hip opening ရဲ့အကြောင်းတွေ ခဏခဏရေးပြထားပြ...
30/08/2026

Split Day 🤍

ရှေ့နောက် ခြေထောက်ခွဲနိုင်တာ ဘာထူးလဲ။
ခွဲကြည့်ရင်တော့ ပိုသိလိမ့်မယ် 🤭

Hip opening ရဲ့အကြောင်းတွေ ခဏခဏရေးပြထားပြီးဖြစ်လို့ ဒီနေ့တော့ သူ့အကြောင်း ထွေထွေထူးထူး မရေးတော့ပါဘူး။

ဒီပုံတွေထဲမှာ အသက် ၄၀ ကျော်၊ ၅၀ ကျော် အမတွေပါ Split ကို တဖြည်းဖြည်း လုပ်လာနိုင်တာမြင်ရတော့ Instructor တစ်ယောက်အနေနဲ့ ကျေနပ်စရာပါပဲရှင်။🌿

အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ flexibility နဲ့ joint mobility က ငယ်ရွယ်စဉ်လို အလိုအလျောက် ရှိမနေတော့နိုင်ပါဘူး။ လှုပ်ရှားမှုနည်းလာတာ၊ တစ်နေရာတည်းမှာ ကြာကြာထိုင်ရတာ၊ muscles တွေရဲ့ strength နဲ့ flexibility ပြောင်းလဲလာတာတွေကြောင့် တင်ပါး၊ ပေါင်ခြံ၊ ပေါင်ရှေ့၊ ပေါင်နောက်ဘက်တစ်ဝိုက်မှာ တင်းကြပ်လာတတ်ပါတယ်။

ဒါကြောင့် adductors, hamstrings, hip flexors စတဲ့ muscles တွေရဲ့ flexibility ကို ထိန်းထားပေးတာနဲ့အတူ glutes နဲ့ ခြေထောက်တစ်လျှောက်ကို strengthening ပါ တွဲလုပ်ပေးဖို့ အရေးကြီးပါတယ်။ Flexibility တစ်ခုတည်းမဟုတ်ဘဲ mobility + strength + control သုံးခုလုံးက အသက်ကြီးလာချိန်မှာ လှုပ်ရှားရလွယ်ကူဖို့ ပိုအရေးကြီးပါတယ်။

Split လုပ်နိုင်မှ ကျန်းမာတာလားဆိုတော့ — မဟုတ်ပါဘူး။
လူတိုင်းလည်း full split လုပ်နိုင်ဖို့ မလိုပါဘူး။

Split ဆိုတာ flexibility ရဲ့ goal တစ်ခု၊ practice တစ်ခုသာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် hip anatomy, bone structure, muscle length, အရင်က လေ့ကျင့်မှုအတွေ့အကြုံတွေ မတူကြတာကြောင့် ရောက်နိုင်တဲ့ range of motion လည်း တူမှာမဟုတ်ပါဘူး။

ကျမအတွက် ပိုအရေးကြီးတာက “ဘယ်လောက်ခွဲနိုင်သလဲ” ထက် “ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လောက်ကောင်းကောင်း အသုံးပြုနိုင်သလဲ” ဆိုတာပါ။

လှေကားတက်ဆင်းနိုင်တာ၊ ကြမ်းပြင်ပေါ်ထိုင်ပြီး ပြန်ထနိုင်တာ၊ လမ်းလျှောက်ရတာ သက်တောင့်သက်သာရှိတာ၊ နေ့စဉ်ဘဝမှာ ကိုယ့်ခြေထောက်နှစ်ချောင်းကို ယုံယုံကြည်ကြည် အသုံးပြုနိုင်တာ—ဒီလို functional mobility တွေက ပိုတန်ဖိုးရှိပါတယ်။

ပုံတွေထဲမှာလည်း တစ်ယောက်နဲ့တစ်ယောက် Split depth မတူကြပါဘူး။ တချို့က floor နဲ့နီးနေပြီ၊ တချို့က block support လိုသေးတယ်။ ဒါပေမယ့် block သုံးတာဟာ မလုပ်နိုင်လို့ မဟုတ်ပါဘူး။ ကိုယ်ရောက်နေတဲ့ range မှာ ခန္ဓာကိုယ်ကို လုံခြုံစွာ support ပေးပြီး တဖြည်းဖြည်း progress လုပ်နေခြင်းပါ။

Yoga မှာ floor ကိုရောက်တာတစ်ခုတည်းက progress မဟုတ်ပါဘူး။
မနေ့ကထက် နည်းနည်းပိုလွတ်လာတာ၊
တုန်နေရာကနေ control ပိုကောင်းလာတာ၊
နာကျင်မှုကို အတင်းကျော်မသွားဘဲ ကိုယ့်ခန္ဓာကိုယ်ရဲ့ limit ကို သိလာတာ—
ဒါတွေအားလုံးလည်း progress ပါပဲ။

အသက်ကြီးလာလို့ လေ့ကျင့်လို့မရတော့တာ မဟုတ်ပါဘူး။
အသက်ကြီးလာလေလေ ကိုယ့်မှာရှိနေသေးတဲ့ mobility နဲ့ strength ကို ထိန်းထားဖို့ ပိုအရေးကြီးလာတာပါ။ 🌿

ဒီနေ့တော့ Split ဘယ်လောက်ကျသလဲထက်
ကိုယ်ရောက်နိုင်တဲ့နေရာအထိ အေးအေးဆေးဆေး ရောက်လာခဲ့ကြတာကိုပဲ ချီးကျူးကြမယ်။

Full split ရတဲ့သူလည်း practice ပါ။
Block ပေါ်မှာရှိနေသေးတဲ့သူလည်း practice ပါ။
စတင်ပြီး ခြေထောက်နှစ်ဖက်ခွဲကြည့်နေတဲ့သူလည်း practice ပါ။

Your body doesn’t need to be perfect.
It needs to keep moving. 🤍

Slow & steady. Consistency is the key. 🌿

29/08/2026

ဟိတ်… ကိုယ့်ကို ဆရာကလည်း အတင်းခိုင်းနေတယ်၊ ကိုယ်ကလည်း မလုပ်ချင်တော့ဘူးဆိုရင် ဘယ်လိုမျက်နှာချိုသွေးလဲ Video ထဲကြည့်လိုက်နော် 😂

Perfectly Imperfect 🌿🤍

ဆရာဖြစ်နေလို့ အမြဲတမ်း Strong ဖြစ်နေတာတော့ မဟုတ်ပါဘူး 🌿…………လူညီတဲ့ Beginner တန်းမို့ အလိုကလည်း လိုက်ရသေးတယ် 😄လေ့ကျင့်သက်...
28/08/2026

ဆရာဖြစ်နေလို့ အမြဲတမ်း Strong ဖြစ်နေတာတော့ မဟုတ်ပါဘူး 🌿…………

လူညီတဲ့ Beginner တန်းမို့ အလိုကလည်း လိုက်ရသေးတယ် 😄

လေ့ကျင့်သက်က တစ်လကျော်ပဲ ရှိသေးတယ်…
Headstand ထောင်ချင်တာနဲ့၊ Spider လုပ်ချင်တာနဲ့၊ ချက်ချင်းပိန်ချင်တာနဲ့ပေါ့။ 😂

ရောက်လာရင်တော့ နည်းနည်းထိလိုက်တာနဲ့ အသံက ဆူအောင်ထွက်သေးတာ။

Junior ဆရာဝန်ညီမလေးဆို
“ချိုးမှာလား… ကျိုးပြီလား…” က ပြောသေးတယ် 🤭
(ဆရာဝန်တွေရဲ့ သံသယတွေကလည်း ကြောက်ဖို့ကောင်းလတ်ထှာ😝)

ဒါပေမယ့် တကယ်လုပ်ခိုင်းကြည့်ရင်တော့ ကြံ့ကြံ့ခံတယ်။🤍
လုပ်ချင်တဲ့ဟာလေး ထည့်လုပ်ပေးလိုက်ရင်လည်း ဖြစ်အောင် ကြိုးစားကြပါတယ်။

ကျမပြောခဲ့ဖူးသလိုပါပဲ…

ယောဂကို စပြီးလာလေ့ကျင့်တဲ့အချိန်မှာ လူအများစုဟာ ခန္ဓာကိုယ်အတွက် အရင်လာကြတာပါ။

ပိန်ချင်လို့၊
Flexible ဖြစ်ချင်လို့၊
ခန္ဓာကိုယ်နာကျင်မှုတွေ သက်သာချင်လို့၊
Headstand လုပ်ချင်လို့၊ Advanced pose တစ်ခုခု ရချင်လို့…

အကြောင်းပြချက်တွေ မတူကြပေမယ့် အစကတော့ Body ကနေ စတာများပါတယ်။

ဒါပေမယ့် ယောဂရဲ့ခရီးဟာ Body တစ်ခုတည်းနဲ့ မပြီးပါဘူး။

Body • Breath • Mind

ဒီသုံးခု တဖြည်းဖြည်း စည်းချက်ညီလာဖို့၊
ကိုယ့်ခန္ဓာကိုယ်ကို ပိုသိလာဖို့၊
ကိုယ့်အသက်ရှူသံကို နားထောင်တတ်လာဖို့၊
နောက်ဆုံး ကိုယ့်စိတ်ကိုပါ သတိထားပြီး လေ့ကျင့်တတ်လာဖို့…

အဲ့ဒီလမ်းကို လမ်းပြပေးရတာက ကျမတို့ Instructor တွေရဲ့ တာဝန်တစ်ခုလို့ ယုံကြည်ပါတယ်။ 🌿

ဒါပေမယ့် လမ်းပြနေတဲ့ Instructor တွေကိုယ်တိုင်ရော အမြဲတမ်း ကျန်းမာသန်စွမ်းပြီး ပြည့်စုံနေကြသလား?

မဟုတ်ပါဘူး။

ကျမတို့ Instructor နှစ်ယောက်ကို ကြည့်ရင်တောင် တစ်ယောက်တစ်မျိုးစီ ကိုယ့်ခန္ဓာကိုယ်၊ ကိုယ့်ကျန်းမာရေးနဲ့ ကိုယ် ရုန်းကန်ဖြတ်သန်းခဲ့ကြရပါတယ်။

ကျမရဲ့ Assistant Instructor အမက ကျမထက် အသက် (၈) နှစ်ကြီးပါတယ်။

လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က Thyroid Cancer ကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး၊ လတ်တလော လပိုင်းအလိုမှာလည်း suspected swelling တစ်ခု ပြန်တွေ့ခဲ့လို့ အနုမြူဆေးကုသမှုခံယူပြီး တစ်လလောက် လေ့ကျင့်မှုနဲ့ သင်ကြားမှုတွေကနေ နားခဲ့ရပါသေးတယ်။

နားပြီးတော့လည်း တဖြည်းဖြည်း ပြန်လာတယ်။
ကိုယ့်ခန္ဓာကိုယ်ကို နားထောင်ရင်း ပြန်လေ့ကျင့်တယ်။
Strength ကို ပြန်တည်ဆောက်တယ်။
ဒီနေ့မှာတော့ တခြားသူတွေကို ပြန်ပြီး လမ်းပြနေပြီ။🫶

ကျမကိုယ်တိုင်လည်း ဒီလမ်းကို အမြဲတမ်း အဆင်ပြေပြေနဲ့ လျှောက်လာခဲ့တာ မဟုတ်ပါဘူး။

ခွဲစိတ်ခန်းတွေ ဖြတ်သန်းခဲ့ရတယ်။
ခန္ဓာကိုယ်ကို အနားပေးရတဲ့အချိန်တွေ ရှိခဲ့တယ်။
အရင်လုပ်နိုင်ခဲ့တာတွေကို ပြန်မလုပ်နိုင်သေးတဲ့နေ့တွေ ရှိခဲ့တယ်။🌿

တစ်ခါတလေ ကိုယ်က Instructor ဖြစ်နေပေမယ့်
ကိုယ့်ခန္ဓာကိုယ်ဆီက ပြန်သင်နေရတဲ့ တပည့်တစ်ယောက် ပြန်ဖြစ်ခဲ့ရတာတွေလည်း ရှိပါတယ်။

ကြည့်လိုက်ရင် ကျမ Studio က Instructor တွေကလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ တစ်ယောက်မှ အကောင်းမရှိသလိုပဲနော် 😂😂

ဒါပေမယ့် ကျမကတော့ အဲ့ဒါကို အားနည်းချက်လို့ သိပ်မမြင်တော့ပါဘူး။

ကိုယ်တိုင် နာကျင်ဖူးတဲ့သူက နာကျင်နေတဲ့သူကို ပိုနားလည်တတ်တယ်။🌿

ကိုယ်တိုင် ပြန်စခဲ့ဖူးတဲ့သူက Beginner တစ်ယောက်ရဲ့ အလျင်လိုမှုနဲ့ စိတ်ပျက်မှုကို ပိုနားလည်တတ်တယ်။🌿

ကိုယ်တိုင် အရင်လုပ်နိုင်ခဲ့တာကို မလုပ်နိုင်တော့တဲ့နေ့တွေ ကြုံဖူးတဲ့သူက
“ဒီနေ့ မဖြစ်သေးတာဟာ ဘာမှမဖြစ်ဘူး” ဆိုတာကို ပိုပြီး နားလည်ပေးနိုင်တယ်။🌿

ကိုယ်တိုင် နားခဲ့ရဖူးတဲ့သူကလည်း
Rest ဟာ giving up မဟုတ်ဘူး ဆိုတာ ပိုသိလာပါတယ်။🌿

တစ်ခါတလေ အခက်အခဲတွေကို ပိုဖြတ်သန်းရလေလေ ကျမတို့ဟာ ခန္ဓာကိုယ်အရပဲ ကြံ့ခိုင်လာတာ မဟုတ်ဘဲ တခြားလူတွေရဲ့ ခရီးကို နားလည်ပေးနိုင်တဲ့စိတ်ပါ ပိုကျယ်လာတယ် လို့ထင်ပါတယ်။🌿

ဘဝရဲ့ အတက်အကျတွေ၊
ခန္ဓာကိုယ်ရဲ့ အတက်အကျတွေ၊
ကျန်းမာရေးရဲ့ အတက်အကျတွေကို လက်ခံပေးရင်းပဲ ကျမတို့ ရှေ့ဆက်ကြပါတယ်။🌿

Yoga Teacher ဖြစ်ခြင်းဟာ Perfect Body တစ်ခု ပိုင်ဆိုင်ထားခြင်း မဟုတ်ပါဘူး။

အမြဲတမ်း pose အကုန်လုပ်နိုင်နေရမယ်ဆိုတာလည်း မဟုတ်ပါဘူး။

ကိုယ့်ခန္ဓာကိုယ်ရဲ့ အပြောင်းအလဲတွေကို လက်ခံတတ်လာပြီး၊
ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကနေ တခြားသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ခရီးကို ပိုပြီး လေးစားနားလည်ပေးနိုင်လာခြင်းကလည်း Teacher ဖြစ်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခု ပါပဲ။

ဒါကြောင့် ဒီနေ့မှာတော့…

Lead Instructor ဟာ ကျမရဲ့ Assistant Instructor ပါ။ 🤍

ကျမက ဘေးကနေကြည့်တယ်။

တကယ်တော့ Lead ဆိုတာ အမြဲတမ်း လူတစ်ယောက်တည်း ရှေ့ကနေ ဦးဆောင်နေရမယ်လို့ မဆိုလိုပါဘူး။

တစ်နေ့ ကိုယ်က ရှေ့ကနေ လမ်းပြမယ်။
တစ်နေ့ သူက ရှေ့ကနေ လမ်းပြမယ်။
တစ်နေ့ ကိုယ်က သူ့ကို support ပေးမယ်။
နောက်တစ်နေ့ ကိုယ်အားနည်းချိန်မှာ သူက ကိုယ့်ကို ပြန် support ပေးမယ်။

အဲ့ဒါကလည်း Community တစ်ခုရဲ့ အလှပါပဲ။🌿

တပည့်တွေ တိုးတက်လာကြတယ်။
ဆရာတွေကလည်း ဆက်လေ့လာနေကြတယ်။
တစ်ယောက်ကိုတစ်ယောက် လက်ဆင့်ကမ်းပြီး ကြီးထွားလာကြတယ်။

Different bodies.
Different journeys.
Different struggles.
But we grow together. 🤍

Pose တွေ ဘယ်လောက်ရလာလဲဆိုတာထက်
ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လောက်နားလည်လာလဲ၊
ကိုယ့်စိတ်ကို ဘယ်လောက်နားထောင်တတ်လာလဲ၊
ကိုယ်နဲ့အတူ လျှောက်နေတဲ့သူတွေကို ဘယ်လောက်နားလည်ပေးတတ်လာလဲ…

အဲ့ဒါတွေကပဲ ကျမတို့ ဆက်လျှောက်နေတဲ့ Yoga Journey ရဲ့ တကယ့်တန်ဖိုးတွေ ဖြစ်မယ်ထင်ပါတယ်။ 🌿🤍

ဆရာဝန်အလုပ်နဲ့ ယောဂဆရာမအလုပ် (၂) ခု တွဲလုပ်တဲ့အခါတချို့ concept တွေအရ လူတစ်ယောက်ဟာ နယ်ပယ်တစ်ခုကိုပဲ နက်နက်ရှိုင်းရှိုင်း...
28/08/2026

ဆရာဝန်အလုပ်နဲ့ ယောဂဆရာမအလုပ် (၂) ခု တွဲလုပ်တဲ့အခါ
တချို့ concept တွေအရ လူတစ်ယောက်ဟာ နယ်ပယ်တစ်ခုကိုပဲ နက်နက်ရှိုင်းရှိုင်း specialized လုပ်သင့်တယ်၊ အများကြီးကို တစ်ပြိုင်နက်တည်း လိုက်လုပ်ရင် ဘာတစ်ခုမှ မထူးချွန်နိုင်ဘူးလို့ ပြောကြပါတယ်။

ကျမကတော့ ဆေးပညာမှာလည်း Specialist တစ်ယောက်မဟုတ်ဘဲ Primary Healthcare Doctor — GP တစ်ယောက်ပါ။
အထွေထွေမှာ ပိုစိတ်ဝင်စားပြီး ပျော်လို့ပါ။

လူတစ်ယောက် ဆေးခန်းတံခါးဖွင့်ပြီး ဝင်လာတဲ့အခါ သူ့မှာ ရောဂါတစ်ခုတည်း ပါလာတာမဟုတ်ဘူးလေ။

သူ့ရဲ့ အသက်အရွယ်၊ နေထိုင်မှုပုံစံ၊ အစားအသောက်၊ အိပ်စက်မှု၊ လှုပ်ရှားမှု၊ စိတ်ဖိစီးမှု၊ မိသားစုနဲ့ အလုပ်ပတ်ဝန်းကျင်အထိ အရာအားလုံးဟာ သူ့ကျန်းမာရေးနဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေတတ်ပါတယ်။

ဒါကြောင့်လည်း “အထွေထွေ” ဆိုတာ ကျမအတွက် မနက်ရှိုင်းတာမဟုတ်ပါဘူး။
အရာတစ်ခုချင်းစီကြားက ဆက်စပ်မှုကို ကျယ်ကျယ်ပြန့်ပြန့် မြင်တတ်ဖို့ ကြိုးစားရတာ လို့ပဲ မြင်ပါတယ်။

Yoga ကို လေ့လာတဲ့အခါလည်း ဒီအတိုင်းပါပဲ။

Asana တစ်ခုတည်းကိုပဲ မကြိုက်ဘူး။
Philosophy ကိုလည်း ကြိုက်တယ်။
Anatomy & Biomechanics ကိုလည်း စိတ်ဝင်စားတယ်။
Pranayama ကိုလည်း လေ့လာချင်တယ်။
Ayurveda ကိုလည်း သိချင်တယ်။

သိလေလေ မသိသေးတာတွေ ပိုများလာလေလေပါပဲ။🌿

ဒါကြောင့် ကျမလျှောက်နေတဲ့လမ်းဟာ
ပြီးဆုံးသွားမယ့် ပန်းတိုင်တစ်ခုထက် လေ့လာမှုမကုန်နိုင်တဲ့ ခရီးတစ်ခု နဲ့ ပိုတူလာပါတယ်။

အဲ့ဒီခရီးကိုလည်း ကျမပျော်ပါတယ်။🌿

တစ်ခါတလေ စာတစ်အုပ်ထဲက အသစ်တစ်ခု သိလိုက်ရတာ ပျော်တယ်။
တစ်ခါတလေ ဆရာတစ်ယောက်ဆီက ကိုယ်မမြင်ဖူးတဲ့ perspective တစ်ခု ရလိုက်တာ ပျော်တယ်။
တစ်ခါတလေ ကိုယ်သင်ပေးလိုက်တဲ့အရာတစ်ခုကြောင့် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ နေ့စဉ်ဘဝ နည်းနည်းလေး ပိုကောင်းသွားတာကို သိရတာ ပျော်တယ်။🌿

အခုလို Feedback လေးတွေကတော့
တကယ်ကို ပီတိကိုစား အားရှိရတဲ့ အခိုက်အတန့်လေးတွေ ပါပဲ။ 🤍

ဒီအမတစ်ယောက်တည်းလည်း မဟုတ်ပါဘူး။
ကျမရဲ့ တန်းခွဲတိုင်းလိုလိုမှာ Patient လည်းဖြစ်၊ Yoga Client လည်းဖြစ်တဲ့သူတွေ ရှိပါတယ်။

ဆေးခန်းမှာ တွေ့ခဲ့တဲ့သူကို ဖျာပေါ်မှာ ပြန်တွေ့ရတယ်။
ဖျာပေါ်မှာ သိခဲ့တဲ့သူကို တစ်ခါတလေ ဆေးခန်းမှာ ပြန်တွေ့ရတယ်။

အဲ့ဒီအခါ ကျမ ပိုပြီးနားလည်လာတာတစ်ခုရှိပါတယ်။

Wellness ဆိုတာ ရောဂါမရှိခြင်းတစ်ခုတည်း မဟုတ်ပါဘူး။🌿

လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ဆေးတစ်မျိုး၊ diagnosis တစ်ခု၊ yoga pose တစ်ခုနဲ့ သီးခြားခွဲပြီး ကြည့်လို့မရပါဘူး။

ကိုယ်ခန္ဓာက ဘယ်လိုနေလဲ။
စိတ်က ဘယ်လိုနေလဲ။
ကောင်းကောင်းအိပ်ပျော်ရဲ့လား။
လှုပ်ရှားနိုင်ရဲ့လား။
အသက်ရှူပုံကရော ဘယ်လိုလဲ။
ကိုယ့်ဘဝထဲမှာ ကိုယ်ပျော်ရွှင်နေသလား။

ဒီအရာတွေအားလုံးကို စုပေါင်းကြည့်ရတာ Wellness ပါ။

ဒါပေမယ့် “Wellness” ဆိုတဲ့ စကားလုံးလေးကို ပြောရတာ လွယ်သလောက်
လူတစ်ယောက်ရဲ့ Wellness ကို ကိုင်တွယ်ရတာတော့ မလွယ်ပါဘူး။

ဆရာဝန်တစ်ယောက်အနေနဲ့ ပြောတဲ့စကားမှာ တာဝန်ရှိသလို၊
Yoga Teacher တစ်ယောက်အနေနဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို လမ်းညွှန်တဲ့အခါမှာလည်း တာဝန်ရှိပါတယ်။

စကားတစ်လုံးပြောတိုင်း၊ အကြံတစ်ခုပေးတိုင်း၊ movement တစ်ခုသင်တိုင်း
ကိုယ်သိသလောက်နဲ့ မပြီးဘဲ ကိုယ်မသိသေးတာကိုလည်း သိထားဖို့လိုပါတယ်။

ဘယ်အချိန်မှာ ကိုယ်ကူညီနိုင်သလဲ၊
ဘယ်အချိန်မှာ ရပ်ရမလဲ၊
ဘယ်အချိန်မှာ တခြားပညာရှင်တစ်ယောက်ဆီ လွှဲပေးရမလဲဆိုတာပါ သိထားရပါတယ်။

ဒါဟာ ကျမအတွက် Responsibility & Accountability ပါ။🌿

ဒါကြောင့် ဆရာဝန်နဲ့ Yoga Teacher ဆိုတဲ့ career နှစ်ခုကို
သီးခြားလမ်းနှစ်လမ်းလို့ ကျမ သိပ်မမြင်တော့ပါဘူး။

တစ်ဖက်က Disease ကို နားလည်ဖို့ သင်ပေးတယ်။
တစ်ဖက်က Movement, breath နဲ့ လူတစ်ယောက်ရဲ့ lived experience ကို ပိုသတိထားကြည့်တတ်အောင် သင်ပေးတယ်။

နောက်ဆုံးမှာတော့ နှစ်ခုလုံးက
လူတစ်ယောက် ပိုကျန်းမာပြီး၊ ပိုလှုပ်ရှားနိုင်ပြီး၊ ပိုကောင်းမွန်စွာ နေထိုင်နိုင်ဖို့ ဆိုတဲ့နေရာတစ်ခုမှာ ပြန်ဆုံကြပါတယ်။

ကျမအတွက်တော့ ဒါဟာ
အရာတွေအများကြီး လုပ်နေခြင်းထက်
လူတစ်ယောက်ရဲ့ Wellness ကို ပိုပြည့်စုံတဲ့အမြင်နဲ့ နားလည်နိုင်ဖို့ ဆက်လက်သင်ယူနေခြင်း ပဲ ဖြစ်ပါတယ်။ 🌿

ပြီးတော့—

Learning never really ends.
And perhaps, that is the beautiful part of this journey. 🤍

Hello… ဒီနေ့တော့ စာအရှည်ကြီး မရေးချင်ပြန်ဘူး 😄စာတွေရေးရတာများတော့ တခါတလေလည်း ပျင်းလာတာပဲ။စာအရှည်ကြီးတွေ ရေးရတာ၊ ဖတ်ရတာ အ...
27/08/2026

Hello… ဒီနေ့တော့ စာအရှည်ကြီး မရေးချင်ပြန်ဘူး 😄

စာတွေရေးရတာများတော့ တခါတလေလည်း ပျင်းလာတာပဲ။

စာအရှည်ကြီးတွေ ရေးရတာ၊ ဖတ်ရတာ အရမ်းကြိုက်တဲ့သူတောင်
တချို့နေ့တွေမှာတော့
ရေးချင်စိတ်မရှိဘူး၊
ဖတ်ချင်စိတ်မရှိဘူး၊
ပြောချင်စိတ်တောင် မရှိဘူးရယ်…။ 🌿

လောကကြီးကလည်း ဒီလိုပါပဲ။
တသမတ်တည်းဆိုတာ ဘယ်မှာရှိလို့လဲ။

တချို့နေ့တွေမှာ အားအပြည့်နဲ့ ရှေ့ကိုသွားတယ်။
တချို့နေ့တွေမှာတော့ ခဏရပ်ချင်တယ်။

တချို့နေ့တွေမှာ အရာအားလုံးကို အလေးအနက်ထားပြီး စဉ်းစားတယ်။
တချို့နေ့တွေမှာတော့…

ဘဝကို ခေါင်းပြောင်းပြန်လေးထားပြီး ကြည့်လိုက်တာလည်း မဆိုးပါဘူး 😄

အမြဲတမ်း productive ဖြစ်နေဖို့လည်း မလိုဘူး။
အမြဲတမ်း inspired ဖြစ်နေဖို့လည်း မလိုဘူး။
အမြဲတမ်း ပြောစရာတစ်ခုခု ရှိနေဖို့လည်း မလိုဘူး။

တစ်ခါတလေ
ဘာမှမပြောချင်တဲ့နေ့ကိုလည်း
ဘာမှမပြောဘဲ ဖြတ်သန်းခွင့်ပေးလိုက်ရုံပဲ။🌿

Yoga မှာ pose တစ်ခုကို အမြဲတမ်း တစ်ပုံစံတည်း မမြင်ရသလို၊
ဘဝမှာလည်း ကိုယ့်ကိုယ်ကို အမြဲတမ်း version တစ်ခုတည်းဖြစ်နေဖို့ မလိုပါဘူး။

တည့်တည့်ကြည့်လို့ ပျင်းလာရင်…
ခေါင်းပြောင်းပြန်လေး ကြည့်လိုက်ပေါ့ 🤸🏻‍♀️😂

ဒီနေ့တော့ Philosophy တွေ၊ Knowledge တွေ ခဏထားခဲ့မယ်။

Just me, my mat & my upside-down mood. 🤍

25/08/2026

နည်းနည်းတိုးဆွဲလိုက်ရင် မိတယ်ဆိုတာ သိတယ်။
ဒါပေမယ့်… ထပ်မဆွဲတော့ဘူး 🤭
အဲ့ဒီနေရာမှာပဲ ရပ်လိုက်တယ်။

ကျမတို့ လေ့ကျင့်ရင်း အဲ့လိုဖြစ်ဖူးတယ်မလား။

ဆရာက
“Keep trying… a little more… you can do it!”
လို့ ဘယ်လောက်ပြောပြော…

ကိုယ်ကတော့
“ဒီနေ့ ဒီလောက်ပဲ ဆရာရေ…” ဆိုပြီး
ဆက်မကြိုးစားတော့ဘဲ လက်လျှော့လိုက်တဲ့အချိန်တွေ 😂

တကယ်တော့ အဲ့ဒီ “နည်းနည်းလေး ထပ်သွားရမယ့်နေရာ” က တခါတလေ ခန္ဓာကိုယ်ရဲ့ limit မဟုတ်ဘူး။
စိတ်ရဲ့ limit ဖြစ်နေတတ်တယ်။

ခန္ဓာကိုယ်က သွားနိုင်သေးတယ်။
ဒါပေမယ့် စိတ်က အရင်ရပ်သွားတာ။

ဒါပေမယ့် ဒီနေရာမှာ တစ်ခုတော့ ခွဲသိဖို့လိုတယ်။

Pain ကြောင့် ရပ်တာနဲ့
Fear ကြောင့် ရပ်တာ မတူဘူး။

ခန္ဓာကိုယ်က နာကျင်မှု၊ မတည်ငြိမ်မှု၊ မလုံခြုံမှုကို signal ပေးနေရင် ရပ်တတ်တာဟာ body awareness ပါ။
အဲ့ဒီနေ့ရဲ့ range ကို လေးစားတာပါ။

ဒါပေမယ့် “ရနိုင်လောက်တယ်” လို့ ကိုယ်တိုင်သိနေရက်နဲ့
မိမှာကြောက်လို့၊
ပင်ပန်းလာလို့၊
စိတ်က မလုပ်ချင်တော့လို့ ရပ်လိုက်တာဆိုရင်တော့…

အဲ့ဒါက ကိုယ့်ရဲ့ edge လေးနားကို ရောက်နေပြီလို့ ကျမမြင်တယ်။
Edge ဆိုတာ ဘာလဲ? ကိုယ့်ရဲ့ လက်ရှိအကန့်အသတ်နဲ့ နည်းနည်းထပ်တိုးနိုင်မယ့် နယ်နိမိတ်ကြားက နေရာ🌿
Edge နဲ့ Limit နဲ့ဟာ မတူဘူး။

✨Edge ≠ Limit

Limit က “ဒီထက်မရတော့ဘူး” ဆိုတဲ့သဘောပိုများပြီး edge ကတော့ “ဒီနေရာကနေ နည်းနည်းထပ်တိုးရင် challenge ဖြစ်လာမယ့် နယ်နိမိတ်” ဆိုတဲ့သဘော ပိုပါတယ်။ 🌿

Yoga practice မှာ ကျမ သဘောကျလာတာက
အဲ့ဒီ edge ကို အတင်းကျော်ဖို့ မဟုတ်ဘူး။

ကိုယ့် edge ဘယ်မှာရှိလဲ သိလာဖို့။

ဒီနေ့ ဒီနေရာမှာ ရပ်လိုက်တယ်။
နောက်တစ်ရက် ပြန်လာမယ်။
နောက်တစ်ခါကျ နည်းနည်းထပ်သွားကြည့်မယ်။

တစ်ခါတလေ “keep trying” ဆိုတာ
ဒီနေ့ အတင်းအနိုင်ယူရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။

မရသေးတဲ့နေရာကို စိတ်မပျက်ဘဲ နောက်နေ့ ဖျာပေါ်ပြန်လာနိုင်တာလည်း keep trying ပါပဲ။ 🌿

Pose တစ်ခုရဖို့ထက်
ဘယ်အချိန်မှာ နည်းနည်းထပ်ကြိုးစားမလဲ၊
ဘယ်အချိန်မှာ ရပ်ပြီး ကိုယ့်ခန္ဓာကိုယ်ကို လေးစားမလဲ
ဆိုတာ သိလာခြင်းကလည်း Practice ရဲ့ အစိတ်အပိုင်းတစ်ခုပါ။

ဒီနေ့တော့ သိသိကြီးနဲ့ မဆွဲတော့ဘူး 🤭
နောက်နေ့မှ ထပ်တွေ့ကြတာပေါ့။

Not giving up.
Just knowing when to stop — and when to come back. 🌿

Elbow Stand မှာ ခြေထောက်ထောင်နိုင်တာနဲ့ Pose ရပြီလား? 🤔ပုံတွေကို တစ်ပုံချင်းကြည့်ရင်တချို့က body line တော်တော်တည့်နေပြီ။...
24/08/2026

Elbow Stand မှာ ခြေထောက်ထောင်နိုင်တာနဲ့ Pose ရပြီလား? 🤔

ပုံတွေကို တစ်ပုံချင်းကြည့်ရင်
တချို့က body line တော်တော်တည့်နေပြီ။
တချို့က ခြေထောက်ကို အပေါ်ထိရောက်အောင် တင်နိုင်ပေမယ့် hip က shoulder ပေါ်ကို မရောက်သေးဘူး။
တချို့က wall ပေါ်မှာ ခြေထောက်ထားပြီး အခုမှ weight shift ကို စမ်းနေတုန်း။
တချို့ကိုတော့ ဆရာက ကိုင်ပေးထားရသေးတယ်။

ဒါပေမယ့် ဒီပုံတွေအားလုံးမှာ တူတာတစ်ခုရှိပါတယ်။

သူတို့အားလုံး Elbow Stand ကို လေ့လာနေကြတာပါ။ 🌿

တကယ်တော့ inversion တစ်ခုကို သင်ယူတဲ့အခါ
“ခြေထောက်ကို ဘယ်လိုအပေါ်ရောက်အောင်လုပ်မလဲ” ထက်
“ကိုယ်အလေးချိန်ကို ဘယ်လို stack လုပ်ပြီး control လုပ်မလဲ” က ပိုအရေးကြီးပါတယ်။

ဒီလို wall drills တွေရဲ့ ရည်ရွယ်ချက်ကလည်း pose ကို အမြန်ဆုံးရအောင်လုပ်ဖို့တစ်ခုတည်း မဟုတ်ပါဘူး။

Forearms နဲ့ elbows ကနေ stable base တစ်ခုတည်ဆောက်တတ်ဖို့၊
shoulders ကို active ဖြစ်အောင် ထိန်းတတ်ဖို့၊
hip ကို shoulders ပေါ်ဘက်ကို ရွှေ့တင်တဲ့ weight shift ကို ခန္ဓာကိုယ်က နားလည်လာဖို့၊
core နဲ့ pelvis ကို control လုပ်တတ်ဖို့၊
နောက်ဆုံး wall support ကို တဖြည်းဖြည်းလျှော့ပြီး ကိုယ့်ရဲ့ balance point ကို ရှာနိုင်ဖို့ပါ။

အဲဒီအတွက် ပုံထဲမှာ ခြေထောက်တည့်တည့်လှလှ ထောင်နိုင်နေသူနဲ့ ခြေထောက်က wall ပေါ်မှာပဲ ရှိနေသေးသူဟာ
“တစ်ယောက်က မှန်ပြီး တစ်ယောက်က မှားနေတယ်” ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။

သူတို့ရောက်နေတဲ့ stage မတူတာပါ။

ဒါကြောင့် Inversion practice မှာ ကျမတို့ မေးသင့်တဲ့မေးခွန်းက—

“ငါ pose ရပြီလား?” ဆိုတာတစ်ခုတည်း မဟုတ်ဘူး။

တချို့ခန္ဓာကိုယ်က အမြန်နားလည်တယ်။
တချို့ခန္ဓာကိုယ်က အချိန်ပိုယူတယ်။
Shoulder mobility, strength, core control, body proportion, fear response နဲ့ အရင်က practice experience တွေတောင် လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။

ဒါကြောင့် Yoga class တစ်တန်းထဲမှာတောင်
တူညီတဲ့ drill ကို လုပ်နေကြပေမယ့် ပုံစံတွေ မတူတာဟာ သဘာဝပါပဲ။ 🌿

အရေးကြီးတာက ကိုယ့်ခန္ဓာကိုယ်ရောက်နေတဲ့ stage ကို သိပြီး
အဲဒီ stage မှာ လိုအပ်နေတဲ့ skill ကို တည်ဆောက်သွားဖို့ပါ။

Yoga is not about forcing everyone into the same shape.
It is about teaching each body how to move with awareness, control and confidence. 🌿
Consistency is the key 🤍

ဒီနေ့ ပုခုံးအလုံးစုံမတွန်းနိုင်လို့ Head ပဲ ထောက်ထားမိသူက တစ်ချိန်ကျ ပုခုံးတွန်းနိုင်လာလိမ့်မယ်။
ဒီနေ့ wall ကို လုံးဝမှီထားရသူဟာ
နောက်တစ်ချိန်မှာ heel တစ်ဖက်ကို ခွာနိုင်လာမယ်။

နောက်တော့ နှစ်ဖက်လုံး ခဏလေးခွာနိုင်မယ်။

တစ်နေ့မှာတော့ wall ရှိနေတာတောင် မေ့သွားတဲ့အထိ ကိုယ့် balance ကိုယ် ရှာတွေ့သွားနိုင်ပါတယ်။ 🌿

Pose က destination ဖြစ်နိုင်ပေမယ့်
Yoga Education ကတော့ အဲဒီ destination ကို ဘယ်လိုသွားရမလဲဆိုတာ ခန္ဓာကိုယ်ကို သင်ပေးခြင်းပါပဲ။ 🌿

23/08/2026

မဖျားပေမယ့် __ ညဘက်မှ လည်ချောင်းနာ၊ ချောင်းဆိုးပြီး တစ်ညလုံးမှာ အိပ်ချိန် (၄) နာရီလောက်ပဲ ရခဲ့တဲ့နေ့ပါ။

မနက်ရောက်တော့…

“ဒီနေ့တော့ ခွေခေါက်ပြီး နေလိုက်မလား…” ပေါ့။ 😅

ကိုယ်လည်း လူပဲလေ။
ပင်ပန်းရင် မလုပ်ချင်ဘူး။
အိပ်ရေးပျက်ရင် အကြောင်းပြချက်ရှာချင်တယ်။

ဒါပေမယ့် နောက်ဆုံးတော့ ဖျာပေါ် ပြန်ရောက်လာခဲ့တယ်။

ဒီနေ့ရဲ့ Practice က
ဘယ်လောက်ကောင်းကောင်း လုပ်နိုင်ဖို့ မဟုတ်ဘူး။

🌿Discipline အတွက်ပါ။

🌿နောက်တစ်ခုက Yoga Philosophy မှာ ပြောတဲ့ *Abhyasa *— အကြိမ်ကြိမ်၊ မှန်မှန် ပြန်လည်လေ့ကျင့်ခြင်း။

နေ့တိုင်း ကိုယ့်ရဲ့ Energy က တူနေမှာ မဟုတ်ပါဘူး။

တချို့နေ့တွေမှာ Strength အပြည့်ရှိမယ်။
တချို့နေ့တွေမှာ Flexibility ကောင်းမယ်။
တချို့နေ့တွေမှာ Balance ကောင်းမယ်။

💁🏼‍♀️တချို့နေ့တွေမှာတော့ ဖျာပေါ်ရောက်လာနိုင်တာတောင် ကိုယ့်အတွက် Achievement တစ်ခု ဖြစ်နေတတ်တယ်။

ဒါကြောင့် ကျမအတွက် Abhyasa ဆိုတာ
နေ့တိုင်း ပုံစံတူလုပ်နိုင်ရမယ်ဆိုတာ မဟုတ်ပါဘူး။

🌿ကိုယ့်မှာရှိတဲ့ အခြေအနေနဲ့
ကိုယ်တတ်နိုင်သလောက် ပြန်လာခြင်းပါ။

ပုံမှန် Yoga လေ့ကျင့်ရင်
လက်ရှည်အင်္ကျီ သိပ်မဝတ်ဖြစ်တဲ့ ကျမက
ဒီနေ့တော့ လက်ရှည်အင်္ကျီလေးနဲ့… 😂

🌿လူမမာလေးရဲ့ Discipline တစ်မျိုးပေါ့။

တကယ်လည်း လှုပ်ရှားရင်း
ခန္ဓာကိုယ်ပူလာတယ်၊
ချွေးလေးတွေ ထွက်လာတယ်။

✨ဒါပေမယ့် ဒီနေရာမှာ တစ်ခုတော့ ခွဲပြောချင်ပါတယ်။

🌿Discipline ဆိုတာ ကိုယ့်ခန္ဓာကိုယ်ကို အနိုင်ကျင့်တာ မဟုတ်ပါဘူး။

ဖျားနေတယ်၊
ခန္ဓာကိုယ်အရမ်းနွမ်းနယ်နေတယ်၊
အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ ပြင်းနေတယ်၊
ကိုယ်က “ဒီနေ့နားဖို့လိုတယ်” လို့ ပြောနေတယ်ဆိုရင်—

🌿Rest လုပ်တာလည်း Practice တစ်မျိုးပါပဲ။

Yoga က ကိုယ့်ခန္ဓာကိုယ်ရဲ့အသံကို
မကြားချင်ယောင်ဆောင်ဖို့ သင်ပေးတာမဟုတ်ပါဘူး။
ပိုပြီး နားထောင်တတ်အောင် သင်ပေးတာပါ။

ဒါပေမယ့် ကျမတို့ တခါတလေမှာတော့
🌿ကိုယ့်ကိုယ်ကို ညှာသလိုနဲ့ ကိုယ့်ကိုယ်ကို ညာနေတတ်ကြတယ်။

“ဒီနေ့ Energy မပြည့်သေးဘူး…”
“အချိန်မလောက်ဘူး…”
“ခန္ဓာကိုယ်တင်းနေတယ်…”
“ဒီနေ့ Practice ကောင်းမှာမဟုတ်ဘူး…”
ဆိုပြီး __

Perfect condition ရောက်မှ စမယ် လို့ စောင့်နေတတ်ကြပါတယ်။

တကယ်တော့ Practice အတွက်
Perfect body မလိုဘူး။
Perfect mood မလိုဘူး။
Perfect energy လည်း မလိုပါဘူး။

တစ်နာရီမလုပ်နိုင်ရင် မိနစ် ၂၀။
မိနစ် ၂၀ မလုပ်နိုင်ရင် ၁၀ မိနစ်။

Advanced pose မလုပ်နိုင်တဲ့နေ့မှာ
Breathing နဲ့ Stretching လေးပဲ ဖြစ်ဖြစ်…

🌿ဖျာပေါ်ကို ပြန်လာနိုင်တာကိုယ်တိုင်က Practice ပါ။

တစ်နေ့ကောင်းကောင်း လေ့ကျင့်နိုင်တာက
ကိုယ့်ကို ချက်ချင်းမပြောင်းလဲစေသလို၊
တစ်နေ့ပျက်သွားတာကလည်း
ကိုယ့် Progress အားလုံးကို ဖျက်မပစ်နိုင်ပါဘူး။

ခန္ဓာကိုယ်ကို ပြောင်းလဲစေတာက
အရမ်းကြီး ကြိုးစားခဲ့တဲ့ တစ်ရက် မဟုတ်ဘူး။

ပြန်လာခဲ့တဲ့ ရက်ပေါင်းများစွာပါ။

ဒါဟာ ကျမအတွက် Abhyasa ပါပဲ။ 🌿

Show up.
Listen to your body.
Do what you can today. 🤍

ပြီးရင် မနက်ဖြန်…
ဖျာပေါ်ကို ပြန်လာပါ။

You don’t need a perfect day to practice.
You just need to keep returning. 🌿

တစ်နေ့တစ်ပိုစ် တင်နေကျမို့ ဒီနေ့တော့ Knowledge တွေ၊ Philosophy တွေ ၊ ယောဂအကြောင်းတွေ ၊ ဘဝအကြောင်းတွေ ခဏနားပြီး…အသက်ကြီးမ...
22/08/2026

တစ်နေ့တစ်ပိုစ် တင်နေကျမို့ ဒီနေ့တော့ Knowledge တွေ၊ Philosophy တွေ ၊ ယောဂအကြောင်းတွေ ၊ ဘဝအကြောင်းတွေ ခဏနားပြီး…
အသက်ကြီးမှ စကတ်တိုတို ဝတ်မိတဲ့အခါ ကြုံရတတ်တာလေး ပြောမယ်နော် 😁😂

“နင့်အသက်အရွယ်နဲ့ ဒီလိုမဝတ်ရဘူး…”
“လူကသာ အသက်ကြီးတာ အချိန်မစီးဘူး…”
အဝတ်အစားကို အသက်နဲ့လိုက်အောင် ဝတ်ရမယ်၊
မဟုတ်ရင် “အရိုအသေတန်မယ်”၊

ဪ… ရင်းနှီးနေတဲ့ cultural norms လေးတွေပေါ့ 😂

နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ၊
လူမှုအသိုင်းအဝိုင်းတစ်ခုနဲ့တစ်ခုမှာ
မတူညီတဲ့ cultural values တွေ၊ social norms တွေ ရှိကြတာ သဘာဝပါပဲ။

ဒါပေမယ့် အသက်ကြီးလာခြင်းနဲ့ ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားခြင်းဟာ အဓိပ္ပာယ်မတူပါဘူး။🌿

အသက် ၂၀ မှာ ကြိုက်ခဲ့တဲ့အရာတချို့ကို
အသက် ၄၀ မှာလည်း ကြိုက်နေနိုင်ပါတယ်။

စကတ်တိုလေးနဲ့ ကိုယ့်ကိုယ်ကို လှတယ်လို့ ခံစားရရင် ဝတ်မယ်။ 😁
ဘောင်းဘီတိုနဲ့ ကြည့်ကောင်းမယ်ထင်ရင် ဝတ်နိုင်တယ်။
ဘုရားသွား ကျောင်းတက်ရင် လက်ရှည်နဲ့ ရင်ဖုံးနဲ့လည်း ဖြစ်နေနိုင်တယ်။
ဆေးကုတဲ့အခါ ပေါ့ပါးဖို့ scrub suits ဝတ်ချင်ဝတ်မယ်။

💁🏼‍♀️ဘာလို့ လူတစ်ယောက်ကို အမြင်တစ်ခုတည်းနဲ့ ကြည့်မှာလဲ။

🌿maturity ဆိုတာ ကိုယ့်ကိုယ်ကို ဖျောက်ပစ်
လိုက်ရခြင်း မဟုတ်ပါဘူး။

အဝတ်အစား အပြင်အဆင်ဆိုတာ _ ဘယ်နေရာမှာ ဘယ်လိုဝတ်သင့်တယ်ဆိုတဲ့ sense of occasion ရှိဖို့၊
ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ်သွားမယ့်နေရာကို လေးစားတတ်ဖို့၊
တစ်ဖက်လူကို မထိခိုက်စေဘဲ ကိုယ့်ရွေးချယ်မှုကို ကိုယ်တာဝန်ယူတတ်ဖို့—

ဒါတွေကသာ ကျမအတွက်တော့ maturity ပါ။

🌿အသက်ကြီးလာလို့
ကိုယ့်ကိုယ်ကို သေးသေးလေး ချုံ့ပစ်ဖို့ မလိုပါဘူး။

🌿အသက်ကြီးလာတာနဲ့အမျှ
ဘယ်သူ့အမြင်အတွက်မှ မဟုတ်ဘဲ
ကိုယ်ဘာကြိုက်တယ်၊ ဘယ်လိုနေချင်တယ်၊ ဘယ်လိုလူတစ်ယောက်ဖြစ်ချင်တယ်ဆိုတာ ပိုသိလာဖို့ပဲ လိုပါတယ်။

တစ်နေ့မှာ အားလုံး အသက်ကြီးကြမှာပါ။

ဒါပေမယ့်—

အသက်ကြီးသွားတာနဲ့
ဘဝကို ပျော်ပျော်ရွှင်ရွှင် နေခွင့်ပါ အတူတူ အသက်ကြီးသွားစရာ မလိုပါဘူး။ 🌿

အခုလည်း စကတ်တိုလေး ဝတ်ထားတုန်း ကိုယ့်ဟာကိုယ် နုတယ်ထင်မိလို့ ပုံပါ တစ်ခါတည်းတင်ထားလိုက်ပါတယ်။ 🤭
မျက်စိနောက်ခြင်း သည်းခံပါနော်😁😂

Age can change the number.

But it doesn’t have to take away
your joy, your style,
or the freedom to be yourself. 🤍

Advanced Practice မှာ ကျမရှာနေတာ Pose တွေဆိုတာထက် ___ Endurance & Resilience ပါ။ 🌿သောကြာမနက်တိုင်း လေ့ကျင့်ရတဲ့အတန်းက Pr...
21/08/2026

Advanced Practice မှာ ကျမရှာနေတာ Pose တွေဆိုတာထက် ___
Endurance & Resilience ပါ။ 🌿

သောကြာမနက်တိုင်း လေ့ကျင့်ရတဲ့အတန်းက Private ဆန်ပါတယ်။

အတန်းထဲ အတန်းဖော်တွေဟာ မြန်မာပြည်ရဲ့ အတော်ဆုံးလို့ ပြောလို့ရတဲ့ လေ့ကျင့်သူတွေပါ။

အသက်တွေလည်း ကိုယ့်ထက်ငယ်ကြတယ်။
ကိုယ့်လို ကလေးအမေလည်း တစ်ယောက်မှ ပါဟန်မတူပါဘူး 😂
ကိုယ့်လို ခွဲစိတ်ခန်း ၂ ခါ ဝင်ထားရဟန်လည်း မတူပါဘူး။ 🥹

ပြီးတော့ Ongoing class တစ်ခုထဲကို သူများတွေ ခရီးအတော်ပေါက်ပြီးမှ ကိုယ်က ဖြတ်ဝင်ခဲ့တာ။

ဒါကြောင့် သောကြာမနက်တိုင်းမှာ—

“ဒီနေ့ ငါ လိုက်နိုင်ပါ့မလား…”
“ဒီအတန်းက ငါနဲ့ ဖြစ်ပါ့မလား…”

ဆိုတဲ့ တွေးပူမှုလေးတွေ ရှိပါတယ်။

ယောဂလေ့ကျင့်ရင် အသက်ရှူသံပြင်းပြင်းကလွဲပြီး အသံတစ်ချက်တောင် မထွက်တတ်တဲ့သူက ဒီအတန်းရောက်ရင်တော့ တစ်ချက်တစ်ချက် အသံပါ ထွက်ရလေရဲ့ 😂

အသက်အရွယ်၊ Family stress၊ Work stress တွေကြားက ကိုယ်ဟာ __
Slow & Steady Wins the Race ဆိုတဲ့စိတ်နဲ့ပဲ ဖြည်းဖြည်းချင်း လိုက်လာခဲ့တာပါ။

အားလျှော့ချင်တဲ့နေ့တွေ ရှိတယ်။
ပင်ပန်းတယ်။
တွေးပူတယ်။

ဒါပေမယ့် ထူးခြားတာတစ်ခုက—

🌿အားလျှော့ချင်ပေမယ့် အားမငယ်တော့ဘူး။

အရင်က သူများနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်တတ်တယ်။

အခုတော့ သူများလုပ်နိုင်တာကို ကြည့်ပြီး ဝမ်းသာတယ်။
ကိုယ်လုပ်နိုင်ရင်လည်း ဝမ်းသာတယ်။
မလုပ်နိုင်သေးရင်လည်း သိမ်ငယ်စိတ် မဝင်တော့ဘူး။

ဆရာက ဘယ်လောက်ပဲ တွန်းအားပေးပေး—

“ဒီနေ့ ငါ့ခန္ဓာကိုယ်ရဲ့ limit က ဒီလောက်ပဲ။ ဒီကနေ ဖြည်းဖြည်းချင်း သွားမယ်”🌿

လို့ ဆုံးဖြတ်တတ်လာတယ်။

အဲ့ဒါတွေဟာ ကျမအတွက် Maturity ပါပဲ။

Advanced Yoga Practice ဆိုတာ
ပိုကွေးနိုင်ဖို့၊
ပိုကောက်နိုင်ဖို့၊
ပိုထောင်နိုင်ဖို့၊
ပိုခက်တဲ့ Pose တစ်ခုကို အောင်မြင်ဖို့ပဲလို့ မမြင်တော့ပါဘူး။

ကျမ ရှာနေတာက—

Endurance — ခံနိုင်ရည်
နဲ့
Resilience — ပြိုလဲပြီးရင် ပြန်ထနိုင်တဲ့စွမ်းအား ပါ။

ဒီပုံတွေထဲက တံတောင်နဲ့ ခြေထောက်ပေါ်က အနီစက်၊ အနာရာလေးတွေကို ကြည့်ပြီး
“Yoga လေ့ကျင့်ရင် ဒဏ်ရာရရမှာလား?” လို့တော့ မထင်စေချင်ပါဘူး။

မဟုတ်ပါဘူး။

🌿Yoga ရဲ့ ရည်ရွယ်ချက်က ကိုယ့်ကိုယ်ကို ဒဏ်ရာရအောင် တွန်းပို့ဖို့ မဟုတ်ပါဘူး။

🌿Sharp pain ကို ခံပြီး ဆက်လုပ်တာ၊
ကိုယ့်ခန္ဓာကိုယ်ကပေးနေတဲ့ warning signs တွေကို လျစ်လျူရှုတာ၊
သူများရတဲ့ Pose ကို ကိုယ်လည်းရမှဖြစ်မယ်ဆိုပြီး အတင်းအကြပ်လုပ်တာ—

ဒါတွေကို Resilience လို့ မခေါ်ပါဘူး။

🌿တကယ့် Resilience ဆိုတာ
ဘယ်အချိန်မှာ ဆက်သွားရမလဲ သိသလို
ဘယ်အချိန်မှာ နောက်ဆုတ်ရမလဲလည်း သိတာပါ။

Modify လုပ်ရမယ့်အချိန်မှာ Modify လုပ်တယ်။
Rest လိုတဲ့အချိန်မှာ Rest လုပ်တယ်။
ပြန်စနိုင်တဲ့အချိန်ရောက်ရင် ပြန်စတယ်။

🌿Giving up နဲ့ stepping back ခဏလုပ်တာ မတူပါဘူး။

ဒါပေမယ့် ဘဝမှာ ကိုယ်တကယ်လိုချင်တဲ့အရာတော်တော်များများကလည်း လွယ်လွယ်နဲ့တော့ မရပါဘူး။

ကြိုးစားရတယ်။
ထပ်ခါထပ်ခါ လုပ်ရတယ်။
တစ်ခါတလေ မအောင်မြင်ဘူး။
တစ်ခါတလေ နာကျင်ပင်ပန်းတယ်။
တစ်ခါတလေ “တော်ပြီ” လို့တောင် ပြောချင်လာတယ်။

အရေးကြီးတာက__
🌿 နာကျင်မှုကို အောင်မြင်မှုရဲ့ သက်သေအဖြစ် ရှာဖွေတာ မဟုတ်ဘဲ၊ အခက်အခဲတွေကြားမှာ ကိုယ့်ကိုယ်ကို မပျောက်ဆုံးသွားအောင် သင်ယူတာပါ။

ယောဂဖျာပေါ်မှာလည်း ဒီလိုပါပဲ။

Pose တစ်ခု မရသေးလို့ ကျရှုံးတာ မဟုတ်ဘူး။
ဒီနေ့ နောက်ဆုတ်လိုက်ရလို့ အားနည်းတာ မဟုတ်ဘူး။

ကိုယ့်ခန္ဓာကိုယ်ကို နားထောင်ရင်း၊
ကိုယ့် Limit ကို လေးစားရင်း၊
မနေ့ကထက် ဒီနေ့ နည်းနည်းပိုသန်မာလာအောင်
ပြန်လာပြီး ဆက်လေ့ကျင့်နိုင်သေးတာ—

ဒါဟာ ကျမအတွက် Practice ပါ။

ဒါကြောင့် အခု Advanced Practice တွေမှာ ကျမရှာနေတာ
Perfect Pose တစ်ခုအတွက်ပဲ မဟုတ်တော့ပါဘူး။

ပိုခံနိုင်ရည်ရှိတဲ့ ခန္ဓာကိုယ်၊
ပိုတည်ငြိမ်တဲ့စိတ်၊
ခက်ခဲတဲ့အချိန်တွေမှာ တော်ရုံနဲ့ လက်မလျှော့တတ်တဲ့ `ကိုယ်’ တစ်ယောက်ကို တည်ဆောက်နေတာပါ။ 🌿

Strong doesn’t always mean pushing harder.
Sometimes, strength is knowing when to push, when to pause, and still choosing to come back.

Slow & Steady Wins the Race. 🤍



#

Address

Bo Min Yaung Road
Yangon
11431

Website

Alerts

Be the first to know and let us send you an email when Yoga with Dr Hsu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share