IYQ2025-Quantum Centenary

IYQ2025-Quantum Centenary The 2025 International Year of Quantum Science and Technology.

26/03/2026

Article / Phoe Hlaing
အ​ကောင်းစားစာတပုဒ်​ရေးဖို့စိတ်ကူး​​ပေါ်လာ ( ၂ )
ဘိုးလှိုင်
********

၁။ မက်(စ)ပလန့်
***************

ဟစ်တလာနှင့်နာဇီပါတီ ရ​န်ဘေးသင့် သိပ္ပံပညာရှင်များ စာရင်းချလျှင်ထိပ်ဆုံးမှ​ဖော်ပြရမည့်သူဟာ ကွမ်တမ်သီအိုရီဖခင်ကြီးမက်(စ)ပလန့်ဖြစ်တယ်။(သူ့နာမည် အပြည့်အစုံက Max Karl Ernst Ludwig Planck)
ပလန့်က ဂျာမန်လူမျိုး၊ ဂျူးမဟုတ်တဲ့အတွက်
ဂျူးဆန့်ကျင်​ရေး​ကြောင့် သူ့အ​ပေါ်တိုက်ရိုက်ထိခိုက်မှုမရှိနိုင်​ပေမဲ့ သူဟာဂျူးများဖက်မှ ​ရှေ့​နေလိုက်​ပေးတဲ့အတွက် ဟစ်တလာနှင့်နာဇီပါတီရဲ့မျက်​စောင်းထိုးခံရသူဖြစ်တယ်။
ဟစ်တလာ အာဏာရတဲ့၁၉၃၃ ခုမှာ မက်(စ)
ပလန့် အသက် ၇၅ နှစ်အရွယ် လူကြီးပိုင်းဖြစ်​နေပြီ။ဘာလင်တက္ကသိုလ် ပါ​မေက္ခရာထူးမှ ၁၉၂၇ ခုတည်းက အငြိမ်းစားယူခဲ့ပြီးဖြစ်တယ်။
ဒါ​ပေမဲ့ ပညာရှင်ဖြစ်တဲ့ မက်(စ)ပလန့်က သိပ္ပံ​လောကမှအပြီးမထွက်ခွာ​သေးဘူး။နိုင်ငံ​တော်
အဆင့် သိပ္ပံအဖွဲ့အစည်းကြီးဖြစ်တဲ့ Kaiser Wilhelm Institute ဥက္ကဌကြီးအဖြစ် ၁၉၃၀ပြည့်ထဲက တာဝန်ယူထားတာ ။၁၉၃၃ မှာဆက်လက်တာဝန်ထမ်း​ဆောင်ဆဲဖြစ်တယ်။
Kaiser Wilhelm ဆိုတာဂျာမန်ဧကရာဇ်မင်းနာမည်။ Kaiser Wilhelm Institute ဟာ ဂျာမန်သိပ္ပံ ပညာ​လောကအတွက် အ​ရေးကြီးတဲ့အဖွဲ့အစည်းဖြစ်တယ်။သူ့မှာလုပ်ပိုင်ခွင့်​တွေရှိတယ်။
သြဇာလည်းကြီးမားတယ်။ဒီရာထူးကိုအ​ကြောင်းပြုပြီး မက်(စ)ပလန့်ဟာ ဂျာမန်သိပ္ပံပညာရှင်များ
ဥ​ရှောင်သဖွယ် - အကြီးအမှူးနာယကကြီးဖြစ်တယ်။၁၉၃၃ ခု ဧပြီလမှာ Law for The Restoration of The Profersional Civil Service( အရပ်ဖက်ဝန်ထမ်းအဖွဲ့အစည်း ပြန်လည်တည်​ဆောက်​ရေး
ဥပ​ဒေ)အမည်ရှိ ဥပ​ဒေပြဌာန်းတယ်။ ဒီဥပ​ဒေအရ ဂျာမဏီနိုင်ငံမှာ ဂျူး​သွေးရှစ်ပုံတပုံ( ၁/၈ )အထိပါဝင်သူကို ဂျူးလူမျိုးအဖြစ်သတ်မှတ်ပြီး၊ ဂျူးလူမျိုးများ နိုင်ငံဝန်ထမ်းတာဝန်ထမ်း​​ဆောင်ခွင့်မရှိလို့ ပြဌာန်းတယ်။ ဂျာမဏီမှာ တက္ကသိုလ်အားလုံး နိုင်ငံပိုင်ဖြစ်တာ​ကြောင့် တက္ကသိုလ်ဆရာများနိုင်ငံဝန်ထမ်းဖြစ်တယ်။
ဥပ​ဒေသစ်အရ ဂျူး​သွေး ၁/၈ မကပါဝင်သူအားလုံး တက္ကသိုလ်ဆရာအဖြစ်မှ ထုတ်ပယ်ခံရတယ်။ထုတ်ပယ်ခံ​တွေထဲမှာ ပလန့်နဲ့ အလွန်ရင်းနှီးတဲ့
အိုင်စတိုင်း (၁၉၂၀ ခု နိုဗယ်ဆုရ) နှင့် ဖရစ်​ဟောဘာ ( Fritz Haber ၁၉၁၈ ဓါတု​ဗေဒ နိုဗယ်ဆုရ ) တို့ပါဝင်တယ်။ဂျူးသိပ္ပံပညာရှင်များကိုဖယ်ရှားပစ်မည်ဆိုလျှင် ဂျာမဏီရဲ့သိပ္ပံပညာ ပထမတန်းနိုင်ငံအဆင့်မှ ​​လျှောကျမှာဧကန်ပဲ။ သိပ္ပံပညာအဆင့်ကျလျှင် ​ရေရှည်မှာ နိုင်ငံစီးပွား​ရေးလည်းကျဆင်းမယ်။ဒါ့ပြင် ဂျူးပညာရှင်​တွေကို"​သွေး" အ​ကြောင်းပြုပြီး ဖယ်ရှားတာကလည်းမတရားဘူးလို့ မက်(စ)ပလန့်က ခံယူတယ်။
မက်(စ)ပလန့်က လုပ်​ဖော်ကိုင်ဖက် ဂျူးပညာရှင်များဖက်မှရပ်တည်တယ်။ဒါ​ပေမဲ့ နာဇီပါတီနှင့် အစိုးရကို​တော့ ထိပ်တိုက်ရင်မဆိုင်ဘူး။ သိမ်​မွေ့တဲ့နည်းနဲ့ဆန့်ကျင်တယ်။
တခါမှာ ဓါတု​ဗေဒဆရာ ​အော်တိုဟန်း(Otto Hahn) က မက်(စ)ပလန့်ကိုချဥ်းကပ်ပြီး " အ​ခြေအ​နေ မ​ကောင်းဘူးဆရာရယ်။ ဂျူး​တွေအတွက် ဆရာကြည့်လုပ်ပါဦး " လို့တိုက်တွန်းတယ်
​အော်တိုဟန်းက နယူကလီယာဖစ်ရှင်​တွေ့သူ၊ ​တွေ့ရှိချက်အတွက် ၁၉၄၄ ခု ဓါတု​ဗေဒ နိုဗယ်ဆုရသူဖြစ်တယ်။
ဟန်းက "ဆရာ၊ ထင်ရှားတဲ့ပါ​မောက္ခ​တွေကိုစုပြီး
ဂျူးပညာရှင်များကို ပြုမူပုံကို ကန့်ကွက်တဲ့​ကြေငြာချက် ထုတ်ပြန်​စေချင်တယ် " လို့​ပြောတယ်။
မက်(စ)ပလန့်ပြန်​ပြောတာက " ကိုယ့်လူ​ရေ၊ မင်းစွမ်းလို့ဒီ​နေ့ လူ၃၀ စုပြီး ကန့်ကွက်စာ​ရေးသားထုတ်ပြန်လိုက်ပြီဆိုပါစို့၊ နက်ဖြန်ဘာဖြစ်မလဲ။
နက်ဖြန်မှာ တခြားလူ၁၅၀ က စု​ဝေးပြီး ဒို့ကိုဆန့်ကျင်ပုတ်ခတ်ရှုံ့ချ ကြလိမ့်မယ်။ဘာ​ကြောင့်လဲဆို​တော့ အဖြုတ်ခံရတဲ့ ပညာရှင်​တွေရဲ့ရာထူးကို ယူချင်သူ​တွေက တပုံကြီး​မောင်ရင်ရဲ့။"
ဒါ​ကြောင့်မက်(စ)ပလန့်က နာဇီပါတီနှင့် အစိုးရလုပ်ရပ်ကို ထိပ်တိုက် မဆန့်ကျင်ဘူး။
ဂျူးကိစ္စကို မက်(စ)ပလန့်က လူကိုယ်တိုင် ဟစ်တလာနှင့်​တွေ့ဆုံပြီး "မူဝါဒပြင်ဆင်​ရေး" ​​တောင်းဆိုရန်ဆုံးဖြတ်တယ်။ ဂျာမန်သိပ္ပံပညာရှင်များ
အကြီးအကဲအဖြစ် ပလန့်က ၁၉၃၃ ခု မတ် ဧပြီလထဲမှာ ဟစ်တလာထံစာ​ရေးပြီး​တွေ့ဆုံခွင့်​တောင်းတယ်။ ၁၉၃၃ခု ​မေလ ၁၆ ရက်​နေ့မှာ မက်ပလန့် ဟစ်တလာနှင့် ​တွေ့ဆုံတယ်။ဒီအချိန်မှာ ပလန့်ကအသက် ၇၅နှစ်၊ ဟစ်တလာက ၄၄နှစ်။
​ပြောဆိုကြတာ အတိုချုပ်က
ပလန့်။ ။ ဂျူး​တွေကို ဂျာမန်သိပ္ပံ​လောကမှဖယ်
ထုတ်ပစ်လျှင် ဂျာမဏီရဲ့ထိပ်တန်းသိပ္ပံ
ပညာအဆင့်နိမ့်ကျလာလိမ့်မယ်။ဂျူး
လူမျိုး​တွေထဲမှာလူ​​ကောင်း​တွေလည်း
ပါဝင်တယ်။ သူတို့ဟာ နိုင်ငံသား​
​ကောင်းဖြစ်နိုင်သူ​တွေပါ။
ဟစ်တလာ။ ။ ဆရာကြီး ဂျူးဆိုတာ ဂျူးပဲ။
ဂျူးအားလုံးအတူတူပဲ။
ပလန့်။ ။ လူ​ကောင်းဂျူး​တွေ
ဟစ်တလာ။ ။ကျွန်​တော်တို့က ဂျူးကိုတိုက်ခိုက်
တာမဟုတ်ဘူး။ ကျွန်​တော်တို့ဆန့်
ကျင်တိုက်ခိုက်​နေတာ ကွန်မြူနစ်​
​တွေပဲ။ဒါ​ပေမဲ့ ဂျူးအားလုံးဟာ
ကွန်မြူနစ်​တွေ။
ပလန့်။ ။ တန်ဖိုးရှိတဲ့လူ​ကောင်းဂျူး​တွေ မ
ဆုံးရှုံးရ​အောင်ကျွန်​တော်တင်ပြ
တာပါ။
ဟစ်တလာ။ ။( စကား​ပြောရင်း​ဒေါသကြီးလာ၊
သူ့ဒူး​ခေါင်းလက်နှင့်ပုတ်၊ ​ဒေါ
သ သံနှင့် )
ဆရာကြီး ဂျူးဆိုတာ ဂျူးပဲလို့
ကျွန်​တော်​ပြောပြီးပြီ ။

မက်ပလန့်က ဟစ်တလာ​ဒေါသကို​တွေ့ရပြီ။
​ရှေ့ဆက်​ပြောဖို့ အချည်းနှီးဆိုတာရိပ်စားမိပြီးလက်​လျှော့လိုက်တယ်။
ဟစ်တလာနှင့်အဆင်မ​ပြေတဲ့​နောက်ဆက်တွဲအ​နေ
နှင့်နာဇီပါတီကပါ ပလန့်အ​ပေါ်အမြင်မကြည်​​တော့ပြီ။ ပါတီက သူ့အ​ပေါ်မျက်​စောင်းထိုး​လေပြီ။

​နောက်ဆက်တွဲ
ကိုင်ဇာဝီ(လ်)ဟမ်အသင်းကြီး ဥက္ကဌ ရာထူးထမ်း​ဆောင်​နေဆဲ မက်ပလန့်အ​ပေါ် နာဇီပါတီနှင့် အစိုးရက ဖိအား​တွေ​ပေးလာတယ်။
ကိုင်ဇာဝီ(လ်)ဟမ်အသင်းကြီးဟာ နိုင်ငံ​တော်အဖွဲ့အစည်းဖြစ်တဲ့အတွက် အသင်းရုံး အလံတိုင်မှာ
နာဇီအမှတ်တံဆိပ် သွဿတိက နှင့်အလံ​တော်ကို​နေ့စဥ်လွှင့်ထူရမယ်။ အသင်းမှာလူအများစု​ဝေးတိုင်းအခမ်းအနား စတင်ချိန်မှာ ဟစ်တလာအ​လေးပြုပုံစံ (Hi**er Salute) ပုံစံကြ..လက်​မောင်းဆန့်တန်း အ​လေးပြုကြရမည် ဆိုတဲ့ညွှန်ကြားချက်​တွေ​ပေးလာတယ်။ မက်(စ)ပလန့်က စိတ်ကုန်ပြီ။ အသက်ကလည်း ၈၀ နှစ်နီး​နေပြီ။၁၉၃၆ ခုမှာ သူ့ရဲ့ ကိုင်ဇာဝီ(လ်)ဟမ်းအသင်းဥက္ကဌရာထူး သက်တမ်း​စေ့တယ်။ ​နောက်တကြိမ် ဥက္ကဌ မထမ်း​ဆောင်လို​တော့ဘူး။ ရာထူးမှနှုတ်ထွက်လိုက်တယ်။
ဝမ်းနည်းဖွယ် မက်(စ)ပလန့်ဘဝ​နေဝင်ချိန်
မက်(စ)ပလန့် အသက် ၈၀​ကျော်လာပြီ။ဂျာမဏီနိုင်ငံစစ်​ဘေးဒဏ်ခံ​နေရပြီ။ သားအကြီးဆုံးကပထမကမ္ဘာစစ် (၁၉၁၈ ခုထဲက) စစ်မှုမထမ်းမ​နေရစစ်ထဲပါပြီး နာမည်​ကျော် ဗားဒွန်းတိုက်ပွဲမှာကျဆုံးတယ်။သမီးနှစ်​ယောက်က မီးဖွားရာမှာကွယ်လွန်ကြတယ်။ သားငယ် အန့်(စ) (Erns) က ၁၉၄၄ ခု မှာဟစ်တလာကို လုပ်ကြံဖို့ကြိုးစားတဲ့အဖွဲ့မှာပါဝင်တဲ့အတွက်ဖမ်းဆီးခံရပြီး ၁၉၄၅ခု မှာပြစ်ဒါဏ်စီရင်ကွပ်မျက်ခံရတယ်။
၁၉၄၅ခု စစ်ပြီးခါ​တော့နီးပါပြီ။ ဘာလင်မြို့ကိုမဟာမိတ်​လေတပ်က ပိုက်စိပ်တိုက် ဗုံးကြဲရာမှာ
ပလန့်အိမ်မီး​​လောင်ပျက်စီးပြီး အဖိုးကြီးအိမ်မဲ့ရာမဲ့ဘဝ​ရောက်တယ်။
ဘာလင်မြို့ကို မဟာမိတ်များ သိမ်းပိုက်ခါနီးမှာ
အ​မေရိကန်နှင့်အင်္ဂလိပ်တပ်သားများ မက်(စ)
ပလန့်ကိုလိုက်ရှာကြတယ်။ လမ်း​ဘေးတဲထိုး​နေရရှာတဲ့အဖိုးအိုကြီး ပလန့်ကို​တွေ့ကြတယ်။ပလန့်နှင့် သူ့ ဒုတိယအိမ်​ထောင်နှင့်က​လေးပါ ​ဂေါတင်ဂင်မြို့ရှိ ​ဆွေမျိုးများအိမ်မှာ​နေထိုင်ကြတယ်။
သက်ကြီးဘဝ ဒုက္ခ၊ သုက္ခ​တွေကြားမှာ ​ဖြေစရာတခုကြုံတယ်။စစ်ပြီး​ပေမဲ့​နေသားမကျ​သေးတဲ့အ​ခြေအ​နေမှာ အင်္ဂလန်က အိုက်ဇက်နယူတန် နှစ်၃၀၀ပြည့်
ပွဲ​တော်ကိုဖြစ်​အောင်ကျင်းပတယ်။
ဒီပွဲ​တော်ကိုတက်​ရောက်ဖို့ဂျာမဏီမှ မက်(စ)ပလန့်တဦးတည်းကိုပဲ​ရွေးဖိတ်တယ်။ (စစ်ပြီးတာမကြာ​သေး​တော့ ရန်သူနိုင်ငံဂျာမဏီအ​ပေါ် အင်္ဂလိပ်များ အာဃာတများမ​ပြေ​သေး။ ဂျာမန်ရူပ​ဗေဒဆရာများကိုသူတို့မမြင်​တွေ့ချင်။ မက်(စ)ပလန့်ကို​တော့ချွင်းချက်။)
နယူတန် နှစ်၃၀၀ပြည့်အခမ်းအနားမှာ မက်(စ)ပလန့်ကို အကြီးအကျယ် ဂုဏ်ပြု​​ပြောဆိုကြတယ်။
မကြာပါဘူး။ဂျာမဏီပြန်လာပြီး ၁၉၄၇ ခု ​အောက်တိုဘာ ၄ ရက်​နေ့မှာအသက် ၈၉ နှစ်အရွယ် ကွမ်တမ်ဖခင်ကြီး မက်(စ) ပလန့် ကွယ်လွန်ပါတယ်။

ဘိုးလှိုင်
၂၆ မတ် ၂၀၂၆

All the best Dr. Interesting work !!!Bosonic suoerconducting circuits for quantum computing!!!
07/02/2026

All the best Dr. Interesting work !!!
Bosonic suoerconducting circuits for quantum computing!!!

🌟 ၂၀၂၆ ဆာလမ် ဂုဏ်ထူးဆောင် ဟောပြောပွဲစီးရီး 🌟🔬 ထူးချွန်ထင်ရှားသော ရူပဗေဒပညာရှင်ကြီးများ ဟောကြားမည်!ပါမောက္ခ ပီတာ ဇိုလာ (ဩ...
23/01/2026

🌟 ၂၀၂၆ ဆာလမ် ဂုဏ်ထူးဆောင် ဟောပြောပွဲစီးရီး 🌟

🔬 ထူးချွန်ထင်ရှားသော ရူပဗေဒပညာရှင်ကြီးများ ဟောကြားမည်!

ပါမောက္ခ ပီတာ ဇိုလာ (ဩစတြီးယား)

ပါမောက္ခ အစ်ဂနက်စီယို စီရက် (ဂျာမနီ)

📢 အဓိက ခေါင်းစဉ်:
"ကွမ်တမ် အချက်အလက်မှ အသွင်ပြောင်းနည်းပညာများဆီသို့"

🗓 ဟောပြောပွဲ ရက်စွဲများ:

ဇန်နဝါရီ ၂၇ (စနေ) - ၃:၃၀ PM

ဇန်နဝါရီ ၂၈ (တနင်္ဂနွေ) - ၁၀:၃၀ AM & ၃:၃၀ PM

ဇန်နဝါရီ ၂၉ (တနင်္လာ) - ၉:၀၀ AM

📍 နေရာ: ICTP ဘူဒီနစ်ခ် ဟောခန်းမ
🌐 တိုက်ရိုက်လွင့်တင်မှု လည်းရှိမည်!

🎯 ရည်ရွယ်ချက်: ခေတ်မီသိပ္ပံနှင့် အနာဂတ်မျှော်မှန်းချက်များကို မျှဝေရန်
🤝 ပံ့ပိုးသူ: ကူဝိတ်သိပ္ပံအဆင့်မြှင့်တင်ရေး ဖောင်ဒေးရှင်း

👥 အားလုံးဖိတ်ခေါ်ပါသည်!
🌐 တိုက်ရိုက်လွင့်တင်မှု လည်းရှိမည်. www.ictp.it/livestream
📲 မျှဝေကြဖို့ မမေ့ပါနဲ့

Abdus Salam Distinguished Lecture Series 2026 "From Quantum Information to Transformative Technologies—A Journey of Remarkable Discoveries" by Prof. Peter Zoller, University of Innsbruck, Austria and Prof. Ignacio Cirac, Max-Planck Institut für Quantenoptik, Germany

The 2026 Salam Distinguished Lecture Series will feature theoretical physicists Prof. Peter Zoller (University of Innsbruck, Austria) and Prof. Ignacio Cirac (Max-Planck Institut für Quantenoptik, Germany).

The Salam Distinguished Lecture Series is an annual presentation of talks by renowned, active scientists. The aim is to showcase important research developments as well as provide a visionary forward view. The lecture series is generously supported by the Kuwait Foundation for the Advancement of Sciences (KFAS).

The overarching title of the four talks will be: "From Quantum Information to Transformative Technologies—A Journey of Remarkable Discoveries"

Lecture 1 by Prof. Peter Zoller
Tuesday 27 January starting at 15:30

Lecture 2 by Prof. Peter Zoller
Wednesday 28 January starting at 10:30

Lecture 3 by Prof. Ignacio Cirac
Wednesday 28 January starting at 15:30

Lecture 4 by Prof. Ignacio Cirac
Thursday 29 January starting at 09:00

The lectures will take place in ICTP's Budinich Lecture Hall.

All are welcome to attend. The lectures will also be livestreamed at
www.ictp.it/livestream

https://indico.ictp.it/event/11243

"သိပ္ပံပညာရှင်တွေရဲ့ အိပ်မက်ကတော့... စူးစမ်းတွေ့ရှိခဲ့သမျှ အချက်အလက်အားလုံးကို ချည်နှောင်ပေးပြီး၊ သိပ်ကို လှပ ရိုးရှင်းတ...
19/01/2026

"သိပ္ပံပညာရှင်တွေရဲ့ အိပ်မက်ကတော့... စူးစမ်းတွေ့ရှိခဲ့သမျှ အချက်အလက်အားလုံးကို ချည်နှောင်ပေးပြီး၊ သိပ်ကို လှပ ရိုးရှင်းတဲ့ သဘောတရားကြီး တစ်ရပ်အောက်မှာ ပေါင်းစည်းနိုင်မယ့် စနစ်ကောင်းတစ်ခုကို ရှာဖွေဖို့ပါပဲ။ ဒါဟာ ကျွန်တော်တို့ရဲ့ အိပ်မက်လေ။"

· အဲလ်ဘတ် အိုင်းစတိုင်၊ ၁၉၃၂ ခုနှစ်၊ UCLA တက္ကသိုလ်မှာ သူ့ရဲ့ လျှပ်စစ်သံလိုက် နဲ့ ဆွဲငင်အားကို 'အရာအားလုံးရဲ့ သီအိုရီ' တစ်ခုတည်းအဖြစ် ပေါင်းစည်းဖို့ ကြိုးပမ်းနေမှုတွေကို ပြောပြခဲ့စဉ်က။

"Science is seeking a system which will bind together the observed facts to make for the greatest possible simplicity."

- Albert Einstein, speaking at UCLA on February 15, 1932 about his attempts to unify electromagnetism and gravitation into a single 'theory of everything'

တကယ့် အာကာသမုဆိုး တွင်းနက်တွေရဲ့ လျှို့ဝှက်ချက် 🔥🌟 ကြယ်ကြီးတစ်လုံး ပေါက်ကွဲပြိုကျပြီး တွင်းနက်ဖြစ်လာတဲ့အခါ…⚠️ အလင်းတောင်...
18/01/2026

တကယ့် အာကာသမုဆိုး တွင်းနက်တွေရဲ့ လျှို့ဝှက်ချက် 🔥

🌟 ကြယ်ကြီးတစ်လုံး ပေါက်ကွဲပြိုကျပြီး တွင်းနက်ဖြစ်လာတဲ့အခါ…
⚠️ အလင်းတောင် လွတ်မြောက်နိုင်တဲ့ အာကာသမှာ မရှိတော့ပါဘူး။
🕳️ တွင်းနက်ရဲ့ "နယ်နိမိတ်စည်း" (Event Horizon) ကို ဖြတ်သွားသမျှ အရာအားလုံး ပြန်မထွက်နိုင်တော့ဘူးလေ။
⏳ အဲဒီမှာ "အချိန်" က "အာကာသ" နေရာကို ဝင်ယူသွားတယ်။
🌀 အရာအားလုံးဟာ သိပ်သည်းဆ အနန္တဖြစ်တဲ့ "စင်ဂူလာရေတီ" ဆီကို ဆွဲငင်ခံရပြီး…
✖️ အချိန်တောင် အဆုံးသတ်သွားတယ်။

🎖️ ၂၀၂၀ ရူပဗေဒ နိုဘယ်ဆုရှင် ရောဂါ ပင်န်းရိုးစ် က ဒီဖြစ်စဉ်ကို သင်္ချာနည်းအရ ပထမဆုံး သက်သေပြနိုင်ခဲ့သူပါ။
📜 သူ့ရဲ့ စာတမ်းကို ၁၉၆၅ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က စတင်ထုတ်ဝေခဲ့တယ်။

🔗 စာတမ်းအပြည့်အစုံကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ် 👇
https://bit.ly/388OECM

---

သိချင်စိတ်ဝင်စားတယ်ဆိုရင် ❤️ like, 💬 comment, 🚀 share လုပ်ခဲ့ပါနော်!
#တွင်းနက် #အာကာသ #ရူပဗေဒ #နိုဘယ်ဆု #သိပ္ပံစိတ်ကူး

When a massive star collapses under its own gravity, it forms a black hole that is so heavy that it captures everything that passes its event horizon. Not even light can escape. At the event horizon, time replaces space and points only forward. The flow of time carries everything towards a singularity furthest inside the black hole, where density is infinite and time ends (see figure).

Roger Penrose – awarded the 2020 Nobel Prize in Physics – invented ingenious mathematical methods to explore Albert Einstein’s general theory of relativity. He showed that the theory leads to the formation of black holes, those monsters in time and space that capture everything that enters them.

His paper 'Gravitational collapse and Space-time singularities' was published on 18 January in 1965.

Read his paper here: https://bit.ly/388OECM

Interesting thesis title!!!
17/01/2026

Interesting thesis title!!!

21/12/2025

Address

Yangon

Alerts

Be the first to know and let us send you an email when IYQ2025-Quantum Centenary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share