OYCM Squad

OYCM Squad Oreo, Yoyo, Choco, Milo �

တကယ်ဒီတိုင်းပါရှင် 😂 ဒီမေမေ မပျော်တော့ပါ 😂😂  ပါရှင် 💕
11/06/2026

တကယ်ဒီတိုင်းပါရှင် 😂
ဒီမေမေ မပျော်တော့ပါ 😂😂

ပါရှင် 💕

ဝုတို့မေမေ Personal Acc ကနေ Oreo က တစ်ခါဒီ Page လေးကနေ Milo လေးက တစ်ခါ GA လက်မှတ်တွေရပါတယ်ရှင် 💕 သားတွေကျေးဇူးနဲ့   ကြည်...
17/05/2026

ဝုတို့မေမေ Personal Acc ကနေ Oreo က တစ်ခါ

ဒီ Page လေးကနေ Milo လေးက တစ်ခါ GA လက်မှတ်တွေရပါတယ်ရှင် 💕

သားတွေကျေးဇူးနဲ့ ကြည့်ရတော့မယ်ရှင် 😍

Milo 🐾 ဒါလေးကတော့ ညီအကို ၄ကောင်ထဲက အငယ်ဆုံးလေး ကိုကို Milo ပါ 💕Milo လို့ နာမည်ပေးဖြစ်တာက …. သူ့ခေါင်းပေါ်က အညိုရောင်အမွှ...
14/05/2026

Milo 🐾

ဒါလေးကတော့ ညီအကို ၄ကောင်ထဲက အငယ်ဆုံးလေး ကိုကို Milo ပါ 💕

Milo လို့ နာမည်ပေးဖြစ်တာက …. သူ့ခေါင်းပေါ်က အညိုရောင်အမွှေးတွေကြားမှာ အဖြူရောင် “M” ပုံစံလေး ပါနေလို့ 😁🤎

အဲ့ဒါကြောင့် M နဲ့လဲ စပြီး၊ သူ့အကိုတွေလို O နဲ့ဆုံးမယ့် မုန့်နာမည်လေးရှာရင်း “Milo” ဆိုပြီး ပေးဖြစ်ခဲ့တာ 🐶

Milo ဆိုတဲ့အတိုင်း အပူလည်းသောက်လို့ရ၊ အအေးလည်းသောက်လို့ရတာလိုပဲ

သားလေးကလည်း ရာသီဥတု ဘယ်လောက် ပူပူ/အေးအေး အဖေ အမေနားမှာပဲ အမြဲကပ်ချွဲနေတတ်တဲ့ အငယ်ဆုံး အချွဲဆုံးကလေးလေး ပေါ့ကွယ် 🤎






Choco 🐾 🥺 အနားမှာမရှိတော့တဲ့ သားငယ်လေးက ညီအကိုတွေကြား တတိယမြောက် သားလေးပေါ့ ❤️ ဗိုက်ထဲက ထွက်လာလာချင်းကတည်းက သူ့တစ်ခေါင်း...
14/05/2026

Choco 🐾 🥺

အနားမှာမရှိတော့တဲ့ သားငယ်လေးက ညီအကိုတွေကြား တတိယမြောက် သားလေးပေါ့ ❤️

ဗိုက်ထဲက ထွက်လာလာချင်းကတည်းက သူ့တစ်ခေါင်းလုံး က မဲမဲလုံးလုံးလေးနဲ့မို့ chocolate လုံးကြီးတစ်လုံးလို ချစ်ဖို့ကောင်းနေလို့ “Choco” ဆိုတဲ့နာမည်လေးကို ပေးဖြစ်ခဲ့တာ… 🖤

ဒါပေမဲ့လေ ..
သားလေးက အသက် ၅လပဲရှိသေးတဲ့အချိန်မှာ rainbow bridge ကို ဖြတ်သန်းသွားခဲ့ပြီ 🌈

အချိန်တိုတိုလေးပဲ အတူရှိခဲ့ရပေမဲ့ သားလေးက ပေးခဲ့တဲ့ပျော်ရွှင်မှုတွေရယ် .. အမှတ်တရတွေရယ်ကို အခုထိ ဘယ်သူမှမမေ့နိုင်သေးပါဘူး ကလေးရေ … 💔

ခုထိလဲ အရမ်းလွမ်းနေရဆဲပဲ ကလေးရေ … 🥺💔






YoYo 🐾 မွေးကာစက ၄ကောင်ထဲမှာ သူက ဒုတိယမြောက်ကလေးလေး ❤️ မွေးထဲက အသံအကျယ်ဆုံးလေးပေါ့ … အကောင်ပိစိသေးသေးလေးနဲ့ “တအီအီ” ဆိုပြ...
14/05/2026

YoYo 🐾

မွေးကာစက ၄ကောင်ထဲမှာ သူက ဒုတိယမြောက်ကလေးလေး ❤️
မွေးထဲက အသံအကျယ်ဆုံးလေးပေါ့ …
အကောင်ပိစိသေးသေးလေးနဲ့ “တအီအီ” ဆိုပြီး အော်သံက ညဘက်ဆို တိတ်နေတဲ့အခန်းထဲ ဟိန်းထွက်နေတာမို့ တောဘုရင်ခြင်္သေ့ပေါက်လေးဆိုပြီး Leo လို့စပေးဖြစ်ခဲ့တာ 🦁

ဒါပေမဲ့… နာမည်က အရမ်းကြီးသွားလို့လားမသိဘူး
Leo လေးက တခြားကောင်တွေလို မထွားလာဘဲ ညှပ်စိပိစိလေးနဲ့ ချစ်စရာကလေးလေးပဲ ဖြစ်နေခဲ့တယ် 🥲

အဲ့ဒါနဲ့ပဲ သူ့အကို “Oreo” နဲ့လည်း နာမည်ဆင်ချင်၊
မုန့်နာမည်လေးလို ချစ်စရာကောင်းတာလည်း ဖြစ်ချင်၊ နာမည်အဆုံးမှာလည်း “O” လေးတူနေစေချင်တာကြောင့် နောက်ဆုံး “YoYo” ဆိုပြီး Jelly နာမည် ပြောင်းပေးဖြစ်ခဲ့တာ 😆❤️

( ဒီအမေ တော်တယ်မလား 😆)
အခုတော့ YoYo ဆိုတဲ့နာမည်လေးအတိုင်း Jelly လို Snack size ပိစိသေးသေးလေးနဲ့ တနေကုန် ခုန်ပေါက်ပြေးလွှားနေတဲ့ ကောင်ဆိုးလေး ဖြစ်နေပြီ ❤️






Oreo 🐾သား ကို ဗိုက်ထဲက ပထမဆုံး ကိုယ်စထုတ်လိုက်တဲ့အချိန်မှာထဲက သူက Oreo cookie မှာလိုပဲ ချောကလက် cookie နှစ်ချပ်ကြားမှာ c...
14/05/2026

Oreo 🐾

သား ကို ဗိုက်ထဲက ပထမဆုံး ကိုယ်စထုတ်လိုက်တဲ့အချိန်မှာထဲက သူက Oreo cookie မှာလိုပဲ ချောကလက် cookie နှစ်ချပ်ကြားမှာ cream အဖြူလေးရှိသလို
သူ့ခေါင်းပေါ်က အမွှေးလေးတွေမှာလည်း အမဲရောင်နှစ်ဖက်ကြားက အဖြူချောင်းလေးတစ်ကြောင်း ပါနေတယ်။

အဲ့ဒီပုံစံလေးကလေ တကယ်ချစ်ဖို့ကောင်းပြီး Oreo cookie လေးနဲ့ တစ်ပုံစံတည်းတူနေတော့ “Oreo” ဆိုတဲ့နာမည်လေးကိုပဲ သူနဲ့ ကွက်တိ ပေးဖြစ်သွားတာ 🐶

အခုတော့ Oreo ကြီးဆိုတာ နာမည်တစ်ခုထက်ပိုပြီး…
မြင်လိုက်တိုင်း စိတ်ပျော်စေတဲ့ အပြုံးလေးတွေနဲ့ရယ်ပြနေတတ်တဲ့ ကလေးလေး ..
ဖက်ထားလိုက်တိုင်း အကောင်အကြီးကြီးနဲ့ တအားနွေးစေတဲ့ ကိုယ့်ရဲ့ ပျော်ရွှင်မှုအသေးလေးတစ်ခုလိုတောင် ဖြစ်နေပြီ ❤️






အနေထား တပေါက် ကို ရှိုးနော် 🤣ကိုယ်တိုင် OG လုပ်မွေးပေးခဲ့လို့သာယုံနေရတာ .. ထွားတဲ့ ခန္ဓာကိုယ် အနေထားရော မွှေတာရော ပြန်ခံ...
13/05/2026

အနေထား တပေါက် ကို ရှိုးနော် 🤣

ကိုယ်တိုင် OG လုပ်မွေးပေးခဲ့လို့သာယုံနေရတာ .. ထွားတဲ့ ခန္ဓာကိုယ် အနေထားရော မွှေတာရော ပြန်ခံပြောတာတွေရောက Spaniel နဲ့လဲ တူမနေဘူးဟယ် 🥹




Puppy And Buddy က‌နေ Giveaway ပေါက်တဲ့အထုတ်လေး ရောက်လာတာ ..Ko Ko Milo ဆိုတာာသူ့မုန့်မှန်းသူသိတယ်နော် .. ပြန်တောင်းလို့မရ...
13/05/2026

Puppy And Buddy က‌နေ Giveaway ပေါက်တဲ့အထုတ်လေး ရောက်လာတာ ..
Ko Ko Milo ဆိုတာာသူ့မုန့်မှန်းသူသိတယ်နော် .. ပြန်တောင်းလို့မရတော့ဘူး 🤣
မေမေ ဖောက်ကျွေးမယ်လေ ဆိုမှပြန်ပေးတယ် ... 😌

သူတို့4ကောင်ကို တစ်ခုစီပဲကျွေးပြီးပိုတာသိမ်းထားလိုက်တာကို သိမ်းတဲ့နေရာထိ အနံ့ခံရှာပြီး မေမေ့အလစ်မှာ ညီကိုတွေ အတူတူ ဖောက်စားလိုက်ကြတာ ဘာ vlog မှလဲ မလုပ်လိုက်ရပဲ ဒီပုံလေးပဲရလိုက်ပါတယ်ရှင် 🥹

GA ပေးတဲ့ Puppy And Buddy ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်ရှင် ❤️

ခုထပ်ပိုပြီး စီး‌ပွားတွေ ဒီရေအလားတိုးတတ်ပါစေ လို့ Milo လေးကိုယ်စား ဆုတောင်းပေးပါတယ်ရှင့် ❤️




ကျနော် Oreo ရဲ့ fashion တပေါက် နဲ့ ပထမဆု ရထားတာပါဂျ ♥️ ကျနော့် အမေ နှစ်ကူးတာမပြီးသေးလို့ ခုမှ  ဆုရမှန်းသိရတဲ့ ဝုဘဝပါဂျာ ...
20/04/2026

ကျနော် Oreo ရဲ့ fashion တပေါက် နဲ့ ပထမဆု ရထားတာပါဂျ ♥️
ကျနော့် အမေ နှစ်ကူးတာမပြီးသေးလို့ ခုမှ ဆုရမှန်းသိရတဲ့ ဝုဘဝပါဂျာ 🥹
ဆုပေးတဲ့ Zoo Villa က ကိုကိုမမများ ကျေးဇူးအများကြီးတင်ပါတယ် ဂျ 😁



🥳 “ပူလည်း Cute” နွေဖက်ရှင်ဓာတ်ပုံပြိုင်ပွဲကြီးရဲ့ ကံထူးရှင်များ ကြေညာခြင်း 🏆

ကာကာလေးတို့ စောင့်မျှော်နေကြတဲ့ ကံထူးရှင် ဝုသဲလေး (၃) ဦးကတော့...
🏆 Winner ရရှိသူ သားသားလေး Oreo
(၁ သိန်းဖိုးဆုလက်ဆောင်) – Hsu Hsu Facebook Acc ပိုင်ရှင်
🥈 1st Runner Up ရရှိသူ Phu Phu Facebook Acc ပိုင်ရှင်
(၆ သောင်းဖိုးဆုလက်ဆောင်)
🥇 2nd Runner Up ရရှိသူ Hiro
(၄ သောင်းဖိုးဆုလက်ဆောင်) – Ei Myat Hlaing Facebook Acc ပိုင်ရှင် တို့ပဲဖြစ်ပါတယ်ခင်ဗျာ…
–-----------------------
✨ ဆုထုတ်ယူရန် အစီအစဉ်
💬ကံထူးရှင်များအနေဖြင့် Page Messenger သို့ (၁) ပတ်အတွင်း ဆက်သွယ်ပေးရမည်ဖြစ်ပါသည်။
🐾🎁Zoo Villa စမ်းချောင်းဆိုင်တွင် လူကိုယ်တိုင်ဖြစ်စေ၊🚚 နယ်မှဖြစ်ပါက Free Delivery ဖြင့်ဖြစ်စေ ပေးပို့ပေးမည်ဖြစ်ပါသည်။
🏆ဆုများကို ဧပရယ်လအတွင်း လာရောက်ထုတ်ယူနိုင်မည်ဖြစ်ပါသည်။
“ပါဝင်ယှဉ်ပြိုင်သူလေးများအားလုံးကို ကျေးဇူးတင်ရှိပြီး နောက်ထပ်အစီအစဉ်တွေမှာ ပြန်ဆုံကြပါစို့🐾✨”

သားအဖ တွေ အုပ်လိုက်ကြီး ကိုယ့်အဒေါ် အိမ်ထဲက ကြောင်ကို ချောင်းနေကြတာ … 🥹ကြောင် ဆိုပေမဲ့ Size က YoYo နီးနီးရှိတယ် .. ချစ်စ...
21/03/2026

သားအဖ တွေ အုပ်လိုက်ကြီး ကိုယ့်အဒေါ် အိမ်ထဲက ကြောင်ကို ချောင်းနေကြတာ … 🥹

ကြောင် ဆိုပေမဲ့ Size က YoYo နီးနီးရှိတယ် .. ချစ်စရာကြီး ❤️

ဟိုနေ့က Milo နဲ့ လှေကားမှာဆုံတော့ သူ့ကိုဟောင်လို့တဲ့ Milo ကို မျက်နှာတွေကုတ်တာလေ 🤣 လုံးဝ မကြောက်တတ်ဘူး ..

Milo ကြီးကတော့ ကြောက်လ်ို့ နောက်ကို ဖင် တဆုတ်ဆုတ် နဲ့ ရွေ့လာတယ် 🤣🤣

Address

Yangon

Website

Alerts

Be the first to know and let us send you an email when OYCM Squad posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share