19/09/2025
ဘဝအဆင့်အတန်း တိုးတက် အောင်မြင်လိုပါသလား ဓမ္မစကြာ ရွတ်ပါ
ဂုဏ်အရှိန်အဝါ ဂုဏ်ကျက်သရေတိုးချင်ပါသလား ဓမ္မစကြာ ရွတ်ပါ
သူတော်ကောင်းများနှင့်ကြုံတွေ့ချင်ပါသလား ဓမ္မစကြာ ရွတ်ပါ
နတ်ဒေဝါများ ချစ်ခင်ပြီး ကောင်းချီး မင်္ဂလာ ပေးခြင်း ခံရလိုပါသလား ဓမ္မစကြာ ရွတ်ပါ
အမှန်ကိုမြင်တတ်သော ပညာနှင့်ပြည့်စုံလိုပါသလား ဓမ္မစကြာ ရွတ်ပါ
ကိလေသာရောဂါကင်းဝေးမှု ၊
စိတ်ချမ်းသာမှု ၊ ကိုယ်ကျန်းမာမှု ၊
အဆင်းလှမှု ၊ အသက်ရှည် နုပျိုမှုတို့ရလိုပါသလား ဓမ္မစကြာ ရွတ်ပါ
တရားထူး တရားမြတ်များ နာယူခွင့်
ကြည်ညိုခွင့် ၊ ကျင့်ခွင့်တို့နှင့် ဆုံစည်းရလိုပါသလား ဓမ္မစကြာ ရွတ်ပါ
ဒါကြောင့် ဆရာမ မိတ်ဆွေများအနေဖြင့် ဓမ္မစကြာတရားတော်ကို နေ့စဉ် မရွတ်နိုင်ရင်တောင် ၁ ပတ် ၁ ခါ ,၁ လ ၁ ခါ လောက်တော့ ပူဇော်ပေးနိုင်ရင် အကျိုးကြီးပါလိမ့်မယ်။ ....
Credit : ဆရာမ ပုညကလျာဏီ..............................
အကျိုးတော်ဆောင်
တရားဓမ္မစာပေဖြန့်ဖြူးရေးနှင့် ဓမ္မဒါနကုသိုလ်ပြုအကျိုးတော်ဆောင်လုပ်ငန်း