
21/08/2025
အခြားမင်းသားတွေထက် သာလွန်ပြီး အီတလီရုပ်ရှင်ပွဲတော်မှာ ဆုရဖို့ ဆန်ကာတင်စာရင်းထဲ ဝင်သွားတဲ့ နေမင်း
အားလုံးပဲ မင်္ဂလာပါ။ Cele News Page ကနေ ကြိုဆိုလိုက်ပါတယ်။
သဘာဝမင်းသားဖြစ်တဲ့ နေမင်းက ရုပ်ရည်ကို အဓိကမထားဘဲ သရုပ်ဆောင်တာကို အဓိကထားပြီး အောင်မြင်လာခဲ့သူပါ။ တည်ငြိမ်အေးဆေးတဲ့အရွယ်ကို ရောက်သွားပြီဖြစ်တဲ့နေမင်းရဲ့ သရုပ်ဆောင်ပုံတွေက အခြားသူတွေနဲ့မတူဘဲ ကွဲပြားခြားနားနေပါတယ်။ မြန်မာနိုင်ငံက ပေးအပ်တဲ့ အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ဖူးတဲ့ နေမင်းက အခုတော့ အီတလီရုပ်ရှင်ပွဲတော်မှာ ဆုရဖို့ နီးစပ်လာပြီဖြစ်ပါတယ်။
နေမင်းက Live in Live ဆိုတဲ့ short film တစ်ခုမှာ သရုပ်ဆောင်ထားတာပါ။ ဒီရုပ်ရှင်ကို အီတလီနိုင်ငံက Paladino D'Oro ရုပ်ရှင်ပွဲတော်မှာ သွားရိုက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးအဆင့် ဆန်ကာတင် စာရင်းကိုဝင်သွားခဲ့ပါတယ်။ ရုပ်ရှင်ပွဲတော်ကိုတော့ နိုင်ငံတကာက ရုပ်ရှင်တွေကလည်း ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။ နေမင်းရဲ့ ရုပ်ရှင်ကတော့ ဆန်ကာတင်စာရင်းကို ဝင်သွားပြီဖြစ်တာကြောင့် ဆုရဖို့အတွက်လည်း နီးစပ်နေပြီဖြစ်ပါတယ်။ ဆန်ကာတင် စာရင်းကို ဝင်ရောက်သွားတဲ့ နေမင်းက အီတလီကို ရုပ်ရှင်ပွဲတော်တက်ရောက်ဖို့ ဖိတ်ကြားခံထားရပါတယ်။ လာမယ့်ဒီဇင်ဘာလမှာတော့ ဆုပေးပွဲကို ကျင်းပမှာဖြစ်ပြီး ဆုရတဲ့စာရင်းကိုလည်းသိရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်အတိုလေးမှာ နေမင်းတစ်ယောက်တည်း သရုပ်ဆောင်ထားတာဖြစ်ပြီး လန်ဒန်က Film school က ပညာရှင်၊ ဟောင်ကောင်နဲ့ အိန္ဒိယက ပညာရှင်တွေက ရိုက်ကူးပေးထားတာပါ။ ဇာတ်လမ်း၊ ဇာတ်ညွန်းအသေးစိတ်ကို ပြင်ဆင်ပြီး ရိုက်ကူးထားရတာ ဖြစ်တာကြောင့် မြင်နေကျ မြန်မာရှပ်ရှင်တွေနဲ့လည်း ကွဲပြားနေပါတယ်။
၁၅ မိနစ်ကြာတဲ့ ဒီရုပ်ရှင်အတိုလေးကို ရိုက်ကူးခဲ့တဲ့ရက်တွေက မနည်းဘဲ ရက် ၂၀ ကျော် ကြာသွားခဲ့ပါတယ်။ ပုရွက်ဆိတ်တစ်ကောင် သွားနေတာလေးကအစ အသေးစိတ်လိုက်ကြည့်ပြီး ရိုက်ကူးထားခဲ့ရတာပါ။ အကောင်းဆုံးကြိုးစားထားတာကြောင့် နေမင်းက ဆုအတွက်လည်း မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံကနေ အီတလီရုပ်ရှင်ပွဲတော်ကို သွားရောက်ယှဉ်ပြိုင်တဲ့သူတွေကတော့ ခပ်ရှားရှားဖြစ်ပြီး ဆုရတဲ့သူတွေကလည်း ရှားပါးပါတယ်။
မြန်မာနိုင်ငံမှာ မြင်နေကျဇာတ်ကားပုံစံတွေကနေ ကွဲထွက်ပြီး ၁၅ မိနစ်အတွင်းမှာ လိုရင်းကို ထိမိအောင် ရိုက်ကူးထားခဲ့တာပါ။ နေမင်းက ဇာတ်ကားတွေမှာ တွေ့ရတာနည်းလာပေမယ့်လည်း နိုင်ငံတကာအထိ ထိုးဖောက်ဖို့အထိ ရည်ရွယ်ထားပါတယ်။ မြန်မာနိုင်ငံက အကယ်ဒမီဆုကို ရဖို့ကတော့ ပိုခက်ခဲပြီး အနောက်တိုင်းရုပ်ရှင်တွေကို ယှဉ်နိုင်လောက်အောင် ရိုက်ကူးထားလည်း အကယ်ဒမီဆုနဲ့ လွဲချော်သွားတတ်ပါတယ်။ နေမင်းရဲ့ သရုပ်ဆာင်ပုံနဲ့ ရုပ်ရှင်ရဲ့အရည်အသွေးကိုတော့ အီတလီက ရုပ်ရှင်ပွဲတော်ကတောင် သဘောကျပြီး နောက်ဆုံးအဆင့်အထိ ပါသွားခဲ့တာပါ။
Paladino D'Oro ရုပ်ရှင်ပွဲတော်က ကျင်းပလာခဲ့တာ 45 နှစ်ရှိပြီဖြစ်ပြီး ဂုဏ်သိက္ခာကြီးမားတဲ့ ရုပ်ရှင်ပွဲတော်လည်း ဖြစ်ပါတယ်။ နေမင်းက မြန်မာနိုင်ငံမှာလည်း ဇာတ်ကားတွေကို ပြန်လည်ရိုက်ကူးနေပြီဖြစ်ပြီး နိုင်ငံတကာက ရုပ်ရှင်တွေကိုလည်း ထိုးဖောက်ဖို့အတွက် ကြိုးစားနေပါတယ်။ ဆန်ခါတင်စာရင်းထဲကိုတောင် ဝင်သွားပြီဖြစ်တာကြောင့် နေမင်းကတော့ ဆုရဖို့၊ မရဖို့က အကဲဖြတ်သူတွေရဲ့ အပိုင်းဖြစ်သွားပြီလို့ ဆိုပါတယ်။ နေမင်းက ဇာတ်ကားတစ်ကားမှာ သရုပ်ဆောင်ဖို့အတွက် အချိန်ကြာကြာ ပြင်ဆင်ပြီးမှ ရိုက်ကူးတတ်သူပါ။ ပရဟိတလုပ်တဲ့နေမင်းကိုတော့ ငလျင်ဘေးမှာ ပရိသတ်တွေက အရမ်းသဘောကျသွားခဲ့ကပါတယ်။
အီတလီက ရုပ်ရှင်ပွဲတော်မှာ နေမင်းလည်း ကြိုးစားထားတဲ့ Live in Live ဆိုတဲ့ short film နဲ့ ဆုရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ နေမင်းရဲ့ သရုပ်ဆောင်ပုံတွေကို သဘောကျရဲ့လားဆိုတာ comment မှာ ပြောပြခဲ့ပါဦးနော်။ ကြည့်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။