KHIN LAY

KHIN LAY Hello Everyone

ဘဝ မှာ လွယ်လွယ်နဲ့ ရတဲ့အရာက တန်ဖိုးမရှိသလိုတန်ဖိုးရှိတဲ့အရာကလဲ လွယ်လွယ်နဲ့ မရဘူး ။ စစ်မှန်တဲ့ အောင်မြင်မှုတိုင်းမှာမှန်က...
06/11/2025

ဘဝ မှာ လွယ်လွယ်နဲ့ ရတဲ့အရာက တန်ဖိုးမရှိသလို
တန်ဖိုးရှိတဲ့အရာကလဲ လွယ်လွယ်နဲ့ မရဘူး ။

စစ်မှန်တဲ့ အောင်မြင်မှုတိုင်းမှာ
မှန်ကန်တဲ့ ကြိုးစားအားထုက်မှုဆိုတာ ရှိကို ရှိတယ် ။

ဒုက္ခနဲ့ ဝေဖန်ခံရမှုကလွဲရင်
ကျန် တာ အ လ ကား မ ရ ဘူး
ရောက်ချင်ရင် လျှောက်ရမယ်
ရ ချင် ရင်…ကြိုး စား ရ မယ်
ပိုတော်ချင်ရင် ပိုလေ့ကျင့်ရမယ် ။

သူများထက်ပိုသိချင်ရင် သူများထက်ပိုလေ့လာရမယ်
ဘယ်အရာပဲဖြစ်ဖြစ် တန်ရာတန်ရာတော့ ပေးရတာပဲ
သူကြိုးစားနေတဲ့အချိန်မှာ ကိုယ်ကအိပ်နေပြီး
ကိုယ်ကျရှုံးချိန်မှာ သူအောင်မြင်သွားမှ
မင်းက ကံကောင်းတယ်လို့ သွား မ ပြော နဲ့
ကိုယ့်ရဲ့ ကြိုစားအားထုက်မှုဟာ ကိုယ့်ဘဝဖြစ်လာမှာပဲ ။

လိုချင်တာတစ်ခု ရဖို့
အခက်အခဲ များစွာကျော်ဖြတ်ရသလို
ပန်းတိုင်ကို ရောက်ဖို့ဆိုတာလည်း
အတားအဆီးတွေကို ရင်ဆိုင်ဖြေရှင်းပြီး
ကြိုးကြိုးစားစား ဇွဲလုံလနဲ့ သွားနိုင်မှ ရတာပါ ။

ကိုယ့်ကိုယ်ကို ပြန်မေးပါ
ဒီအရာကို ငါ တကယ်လိုချင်တာဟုတ်ရဲ့လားလို့
တ ကယ် လို ချင် တယ် ဆို ရင်
တကယ်ကြိုးစားပါ ဘယ်တော့မှ အားမလျှော့နဲ့ ။

ဝိရီယထားပြီး လိုချင်စိတ်နဲ့ လုပ်တဲ့သူအတွက်
ထိုက် တန် တဲ့ နေ ရာ တစ် ခု တော့ . ရှိ စ မြဲ ပါ ပဲ
အ ရေး ကြီး တာ က
မင်း အား မ လျှော့ လိုက် ဖို့ ပဲ လို တယ်… ။

ဘဝမှာ အရမ်းခက်ခဲလာတဲ့အခါ~၁။ လမ်းလျှောက်ပါ လမ်းလျှောက်ခြင်းက စိတ်ကိုကြည်လင်စေတယ်။ ၂။ အနားယူပါ ကိုယ်လုပ်ချင်တာတွေကို လုပ်ဖ...
25/10/2025

ဘဝမှာ အရမ်းခက်ခဲလာတဲ့အခါ~

၁။ လမ်းလျှောက်ပါ
လမ်းလျှောက်ခြင်းက စိတ်ကိုကြည်လင်စေတယ်။

၂။ အနားယူပါ
ကိုယ်လုပ်ချင်တာတွေကို လုပ်ဖို့အတွက် တစ်နေ့တာ အနားယူလိုက်ပါ။

၃။ ရက်ရောပါ
သူစိမ်းတစ်ယောက်ကို တစ်ခုခုပေးပါ ။ ပေးကမ်းခြင်းတွေဟာ မိမိရဲ့ စိတ်အတွင်းပိုင်းထဲထိ နွေးထွေးစေပါတယ် ။

၄။ တစ်ယောက်တည်း အထီးကျန်တာတွေ မဖြစ်အောင် ကော်ဖီဆိုင်၊ ဒါမှမဟုတ် လူရှုပ်တဲ့လမ်းမှာထိုင်ပြီး မိမိရဲ့ပတ်ဝန်းကျင်ထဲမှာ နှစ်မြုပ်လိုက်ပါ။ လူတွေနဲ့စကားပြောစရာမလိုဘူး။

၅။ လေ့လာပါ
မိမိတွေ့ကြုံနေရတဲ့အရာကို ရှာဖွေပါ။ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အသိပညာ နဲ့ အရင်းအမြစ်တွေကို ရှာဖွေလေ့လာပါ။

၆။ ကြိုတင်ပြင်ဆင်ပါ
တစ်နေ့တာလုပ်ဆောင်ရမည့် စာရင်းကို ညကတည်းက ချရေးထားပြီး ပြင်ဆင်ထားပါ။

၇။ အားသာချက်များ
မိမိမှာ အားနည်းချက်ပဲရှိနေတာ မဟုတ်ပါဘူး။ အားသာချက်တွေလည်း ရှိတယ်ဆိုတာ သတိရအောင် အားသာ ချက် အချက် ၂၀ စာရင်းကို ချရေးပါ။

၈။ ရှေ့ကိုဆက်သွားပါ
ဘာပဲဖြစ်ဖြစ် သေးငယ်တဲ့ ခြေလှမ်းတွေကို ဆက်လှမ်းပါ ။ ဘာမှမလုပ်ဘဲ ငြိမ်နေခြင်းသည် ခက်ခဲတာတွေကို ပိုတွေးမိစေပါတယ်။

၉။ ဟင်းချက်တာ၊ ဓာတ်ပုံရိုက်တာလိုမျိုး ဝါသနာဟောင်းတစ်ခုကို ပြန်လုပ်ပါ။ တစ်ခုမှမရှိလျှင် တစ်ခုခု ဖန်တီးပါ။

၁၀။ ဦးစားပေးပါ
အရေးကြီးတာတွေကို အခုပဲ ဆုံးဖြတ်ပြီး လုပ်ပါ။
မလိုအပ်တဲ့ အပိုအလုပ်တွေကို ငြင်းဆိုပါ။

၁၁။ စိတ်ကြည်အောင် အိပ်ရေးဝဝအိပ်ပါ
ညတိုင်း ခုနှစ်နာရီကနေ ကိုးနာရီကြာအောင် အိပ်စက်အနားယူပါ။

၁၂။ ရူးသွပ်ပါ
ငယ်ငယ်က လုပ်ချင်ခဲ့တဲ့ အလုပ်တစ်ခုခုကို လုပ်ပါ ။ ဘဝကို အရမ်းအလေးအနက် မထားပါနဲ့။

၁၃။ ငိုချပါ
စိတ်ညစ်နေတဲ့ စိတ်ခံစားချက် အားလုံးကို လွှတ်ပေးလိုက်ပါ ။ ပိုကောင်းလာမယ်။

၁၄။ သင့်ကိုယ်သင် ပြောဆိုမှုတွေကို စစ်ဆေးပါ
မိမိကိုယ်ကို အပျက် သဘောဆောင်တဲ့ ပြောဆိုမှုတွေကိုရှောင်ပါ။

၁၅။ ချရေးပါ
စိတ်ခံစားချက်တွေကို ချရေးတဲ့ အလေ့အထကို မွေးမြူပါ ။ ဒါက သင့်စိတ်ကို လွတ်မြောက်အောင် ကူညီပေးပါလိမ့်မယ်။

၁၆။ ဘဝသည် ခရီးတစ်ခုဖြစ်ကြောင်း သင့်ကိုယ်သင်သတိပေးပါ ။ အခုကြုံတွေ့နေရတဲ့ အခက်အခဲတွေဟာ ယာယီဖြစ်ပြီး ပြီးဆုံးသွားမှာဖြစ်ကြောင်း သတိပေးပါ။ အခုအချိန်မှာ ဘဝက ခက်ခဲနေရင် အထက်ပါ အချက်လေး တွေကို လုပ်ကြည့်ပါ။

#မိမိကိုယ်ကိုယုံကြည်မှုတည်ဆောက်ခြင်း
#ကြိုးစားနေဆဲလူငယ်

22/10/2025

အလုပ်ပြန်အမှတ်တရ ရန်ကုန်မြို့ရဲ့တနေရာ😍😍😍 ゚viralシfypシ゚ ゚viralシfypシ゚viralシ

အထင်လွဲခံရပြီး ဘာမှ ပြန်မပြောခြင်းဟာသဘောထားကြီးမှု တစ်မျိုးပါအဖြစ်အပျက် အမှန်ဆိုတာအချိန်က စကားပြောသွားပါလိမ့်မယ်စိတ်ထိခိ...
21/10/2025

အထင်လွဲခံရပြီး ဘာမှ ပြန်မပြောခြင်းဟာ
သဘောထားကြီးမှု တစ်မျိုးပါအဖြစ်အပျက် အမှန်ဆိုတာအချိန်က စကားပြောသွားပါလိမ့်မယ်

စိတ်ထိခိုက်သွားပြီးဘာမှ ပြန်မပြောခြင်းဟာ
စိတ်ရင်းကောင်းမှုတမျိုးပါမေတ္တာရဲ့ အအေး အနွေး ဟာ
အချိန်ကသာ သက်သေပြ သွားပါလိမ့်မယ်

အစော်ကား ခံလိုက်ရပြီးဘာမှ ပြန်မပြောခြင်းဟာ ခွင့်လွှတ်ခြင်း တမျိုးပါအကျင့် ကောင်းတယ် မကောင်းဘူး ဆိုတာအချိန်က ရှင်းလင်း ပေးသွားပါလိမ့်မယ်

ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ်စိတ်လောပြီး မငြင်းဆိုပါနှင့်
ဘာအကြောင်းအရာကိုမှစိတ်လောပြီး မရှင်းပြပါနှင့်

နားလည်ပြီးသား သူအတွက်ရှင်းပြဖို့ မလိုအပ် သလို......

နားမလည်ချင်တဲ့ သူအတွက်ရှင်းပြလည်း အပိုဖြစ်နေတတ်တယ်

စကားပြောတတ်ဖို့နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့
ပါးစပ် ပိတ်တတ်ဖို့သင့်တစ်တသက်တာ ကြိုးစား ကြည့်လိုက်ပါဦး

ဝမ်းနည်းစရာ ကောင်းတာကအခုထက်ထိ ပါးစပ်က
လွှတ်ခနဲ ဖြစ်လို့ကောင်းတုန်း ဘဝ

အမြင့်ဆိုတာ...ပညာ ဘယ်လောက်တတ်တယ်
ဗဟုသုတ ဘယ်လောက် ရှိတယ်ဆိုတာနဲ့ မသက်ဆိုင်ပါ

ဒေါင်ကျကျ ပြားကျကျအပြုံး မပျက်တဲ့
မဟာ သဘောထား မျိုးကိုဆိုလိုပါတယ်

စိတ်သဘောထား ကြီးတယ်ဆိုလဲသင် လူဘယ်လောက်များများ သိတယ်ဘယ်လောက်များများ ခင်မင် တာနဲ့လဲ
မသက်ဆိုင်ပါ....

သင်လူဘယ်လောက်များများကို
လက်ခံခွင့်လွှတ်နိုင်တာနဲ့ ပိုမိုသက်ဆိုင်ပါတယ်

လောက နိယာမအရ...

အနစ်နာခံတဲ့လူဟာနောက်ဆုံးမှာ တကယ်မနစ်နာသလို

ငြင်းခုံမှုမှာ အရှုံးပေးတဲ့ သူဟာလဲ
နောက်ဆုံး တကယ် မရှုံးပါဘူး...။

ကိုယ့်ကိုကိုယ် ဆုံးမဖို့ မေတ္တာဖြင့်မျှဝေပေးလိုက်ပါတယ်။

#လူငယ်များအတွက်
#ဘဝအတွက်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ

မိဘရှိနေတဲ့အချိန်ဟာ ကံအကောင်းဆုံးအချိန်ပါဘဲ 🙏🙏🙏
21/10/2025

မိဘရှိနေတဲ့အချိန်ဟာ ကံအကောင်းဆုံးအချိန်ပါဘဲ 🙏🙏🙏

Morning ပါရှင့်မိသားစုနဲ့ ခွဲခွာပြီး ရပ်ဝေးမှာ နေနေရတာဟာ... ငွေကြောင့်ပါ။"​ဒီစကားက ရိုးရှင်းပေမဲ့ အမှန်တရားပါ။ ဒါကြောင့်...
13/10/2025

Morning ပါရှင့်
မိသားစုနဲ့ ခွဲခွာပြီး ရပ်ဝေးမှာ နေနေရတာဟာ...
ငွေကြောင့်ပါ။"
​ဒီစကားက ရိုးရှင်းပေမဲ့ အမှန်တရားပါ။ ဒါကြောင့်ပဲ ကိုယ့်ဘဝကို ကယ်တင်ဖို့ ငွေကို ကြိုးစားရှာရမယ်။ ပိုက်ဆံရှာဖို့ ခက်ခဲတာမို့ ချွေချွေတာတာနဲ့ သုံးစွဲပါ။
​ငွေကို လွယ်လွယ်ရတယ်လို့ ထင်နေရင်တော့ လုံးဝ မှားသွားပါလိမ့်မယ်။
သူများ ပိုက်ဆံကို လွယ်လွယ်နဲ့ ဘယ်ရပါ့မလဲဗျာကျွန်တော်တို့ တွေ ရဲ့ အရွယ်ကောင်း တဲ့လူငယ်ဘဝအချိန်တွေ ပေးဆပ်ရတယ် ပြီးတော့ သူတို့မလုပ်ချင်တဲ့ အလုပ်တွေ အန္တရာယ် များတဲ့ လုပ်ငန်းခွင် တွေကြားမှာ ကျွန်တော်တို့တွေ တနေ့ပြီးတနေ့ ခက်ခဲ ပင်ပန်းစွာရုန်းကန်နေကြရတာကို သိစေချင်တယ်။တစ်ချို့တွေဆိုရင် အိမ်ပြန်မရောက်နိုင်ခဲ့ကြဘူးလေ။
​သူငယ်ချင်းရေ ၊ နိုင်ငံခြားဆိုတာက မင်းထင်ထားတာထက် အများကြီး ခက်ခဲပြီး ကြမ်းတမ်းပါတယ်။ မိသားစုရဲ့ အနွေးဓာတ်ကို စွန့်လွှတ်ပြီး ရှာဖွေရတဲ့ ဒီငွေတွေဟာ နဖူးကချွေး၊ ခြေဖျားရောက်တဲ့ မျက်ရည်တွေ နဲ့ ရင်းနှီးထားတာပါ။
ငွေလည်းရှာ ကျမ္မာရေး ကော ဂရုစိုက်ကြပါနော်။
ဒါကြောင့် ကိုယ့်ဘဝနဲ့ အနာဂတ်အတွက် စနစ်တကျ ကြိုးစားပြီး လျှောက်လှမ်းပါလို့ ရင်ထဲကနေ တိုက်တွန်းပါရစေ။

"ကိုယ့်ရဲ့ ရပ်တည်မှုက ရိုးရှင်းပါတယ်။ ကိုယ့်ထက်သာတဲ့သူကိုလည်းမနာလိုတဲ့စိတ် မရှိခဲ့ဘူး ကိုယ်ပြောလို့ရတယ် ဆိုတိုင်းလည်းနို...
13/10/2025

"ကိုယ့်ရဲ့ ရပ်တည်မှုက ရိုးရှင်းပါတယ်။
ကိုယ့်ထက်သာတဲ့သူကိုလည်း
မနာလိုတဲ့စိတ် မရှိခဲ့ဘူး

ကိုယ်ပြောလို့ရတယ် ဆိုတိုင်းလည်း
နိုင့်ထက်စီးနင်း
ပြုမူတယ်ဆိုတာ မရှိခဲ့ပါဘူး

ကိုယ်ကတော့သာစေ သူများတော့
နာပါစေဆိုတဲ့
အတ္တတွေနဲ့လည်း မရှင်သန်ခဲ့ဘူး

ဘယ်သူအပေါ်ကိုမှ
အနိုင်မယူတတ်ခဲ့သလို
မောက်မာချင်းမရှိခဲ့တာတောင်
ကိုယ့်အပေါ်ကိုကြ
ယုတ်မာ ကောက်ကျစ်တဲ့သူက
ခပ်များများရယ် ပါ။

ဘယ်သူတွေ ဘယ်လိုပုံစံမျိုးနဲ့
ဘဝကိုရပ်တည်နေပါစေ
ကိုယ့်ရဲ့ဘဝကိုတော့
ဖြူစင်တဲ့ စိတ်ထားနဲ့သာနေထိုင်ပါတယ်။

သူများမကောင်းတာက သူများပဲလေ
ကိုယ်ကကောင်းအောင်နေထိုင်ရမှာက
ကိုယ့်ရဲ့ တန်ဖိုးပဲ မဟုတ်လား

ကိုယ့်ရဲ့ စိတ်ထား မှန်ခဲ့ရင်
တစ်နေ့ကြ အကျိုးပေးလာလိမ့်မယ်လို့
ကျွန်မယုံကြည်မိပါတယ်...
စိတ်ထားတတ်ရင်မြတ်ပါတယ်လို့.. နော် ゚viralシfypシ゚viralシ

😬😬😬fb ကြည့်တာဒါဘဲမြင်နေရတော့ ကြည့်ရတာ ကျမရုပ်လည်းအဲလိုဖြစ်လာပီ🤣🤣🤣🤣🤣
09/10/2025

😬😬😬fb ကြည့်တာဒါဘဲမြင်နေရတော့ ကြည့်ရတာ ကျမရုပ်လည်းအဲလိုဖြစ်လာပီ🤣🤣🤣🤣🤣

My favorite Lifestyle😘😘😘
07/09/2025

My favorite Lifestyle😘😘😘

" ထက်မြက်တဲ့လူတွေ ဘယ်တော့မှ မပြောတဲ့ " " စကား ၇ မျိုး "၁. အပြင်ရောက်ရင် အလုပ်အကြောင်း မပြောဘူး။၂. အလုပ်ထဲမှာ အိမ်ကကိစ္စတ...
07/09/2025

" ထက်မြက်တဲ့လူတွေ ဘယ်တော့မှ မပြောတဲ့ " " စကား ၇ မျိုး "

၁. အပြင်ရောက်ရင် အလုပ်အကြောင်း မပြောဘူး။

၂. အလုပ်ထဲမှာ အိမ်ကကိစ္စတွေ မပြောဘူး။

၃. မအောင်မြင်သေးခင် ကြွားလုံး မထုတ်ဘူး။

၄. ရှုံးနိမ့်နေချိန်မှာ အပြစ်တင်စကား မဆိုဘူး။

၅. အောင်မြင်နေချိန်မှာ မောက်မာတဲ့စကား မပြောဘူး။

၆. စိတ်ဆိုးနေချိန်မှာ ဒေါသစကား မပြောဘူး။

၇. ကိုယ့်ရဲ့ လစာနဲ့ ခံစားခွင့်ကို လူတိုင်းကို မပြောဘူး။

*** နှုတ်ကို စောင့်ထိန်းခြင်းဟာ ဘဝကို စောင့်ထိန်း ခြင်းပါ။

*** စကားကို မပြောသင့်တဲ့အချိန်မှာ မပြောပဲ နေနိုင် ခြင်းဟာ ပညာရှိခြင်းပါ"။

*** ဒါကြောင့် တိတ်ဆိတ်စွာ အလုပ်လုပ်ပါ ၊ မင်းရဲ့ အောင်မြင်မှုကသာ မင်းရဲ့အသံ ဖြစ်ပါစေ"။

#စာပေ #ဗဟုသုတ

Address

Yangon
11011

Alerts

Be the first to know and let us send you an email when KHIN LAY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share