Win Moh Moh Ko

Win Moh Moh Ko Insights | Stories | Growth

“No matter what, you will be judged”ဖတ်မိတဲ့ စာစုလေးတစု ။ မြန်မာလို ဆိုရင်တော့ “သင်ဘာပဲ ဖြစ်ဖြစ် ဝေဖန်ဆုံးဖြတ်ခံရလိမ့်မယ...
16/07/2025

“No matter what, you will be judged”
ဖတ်မိတဲ့ စာစုလေးတစု ။
မြန်မာလို ဆိုရင်တော့ “သင်ဘာပဲ ဖြစ်ဖြစ် ဝေဖန်ဆုံးဖြတ်ခံရလိမ့်မယ်”…

လူတွေဟာ ကိုယ့်အတွေးနဲ့ကို သူများကို ဆုံးဖြတ်တယ်။ မြင်တယ်။ ပြောဆိုဝေဖန်နေတတ်ကြတယ်။ ဒါလည်း လူ့သဘာဝမို့ မဆန်းပါဘူး။

ကျမတို့ရဲ့ ဘဝမှာ Judgement နဲ့ လွတ်တဲ့သူဆိုတာ မရှိပါဘူး။

အဲ့လို Judgement တွေကို ကြောက်ပြီး ဘာမှ မလုပ်ရင်လည်း Judge လုပ်ခံရမှာ ဖြစ်သလို မလုပ်ရင်လည်း Judge လုပ်ခံရမှာပါ။
ကောင်းတာ လုပ်ရင်လည်း ကောင်းလို့ ဆိုးတာ လုပ်ရင်လည်း ဆိုးလို့ Judge လုပ်ခံရလေ့ ရှိတယ်။

အဲ့တော့ သူ့များ Judgement တွေကို အာရုံဆိုပြီး ရှင်သန်မဲ့အစား ကိုယ့်ကိုယ်ကို focus လုပ်ပြီး ပိုကောင်းတဲ့ လူတယောက် ဖြစ်အောင် တည်ဆောက်ပါ။

No matter what, you will be judged, so focus on yourself and build better self!!!!

No matter what, you will be judged!

Labeling (တံဆိပ်တပ်ခြင်း)နဲ့ ကျမတို့ နေ့စဉ်ဘဝ ကျမတို့တွေ ငယ်စဉ်ကတည်းက မိဘပေးတဲ့ နာမည်အပြင် ကျမတို့ရဲ့ ဝိသေသ လက္ခဏာတွေ အက...
14/07/2025

Labeling (တံဆိပ်တပ်ခြင်း)နဲ့ ကျမတို့ နေ့စဉ်ဘဝ

ကျမတို့တွေ ငယ်စဉ်ကတည်းက မိဘပေးတဲ့ နာမည်အပြင် ကျမတို့ရဲ့ ဝိသေသ လက္ခဏာတွေ အကျင့်စရိုက်တွေ ပေါ် မူတည်ပြီး တံဆိပ်တွေ ကပ်လေ့ ရှိတယ် ဝဝ ကစ်ကစ် တုတ်တုတ်လေး ဆို ဝတုတ်လေးတို့ သွက်သွက်လက်လက် ကလေးလေးဆို အသွက်တို့ အစွာတို့ အမျိုးမျိုးပေါ့လေ
ကျမငယ်ငယ်ကဆိုလည်း အဲ့လိုဘဲ ကျမ ငယ်ငယ်တုန်းက သိုင်းကားတွေ တရုတ် သိုင်းကွက်တွေကို သဘောကျပြီး မှန်ကြည့်ပြီး လျောက်လုပ်တာပေါ့ Cousin တွေထဲမှ ကျမက အသားအညိုဆုံး၊ကြိုက်တာက လိုက်လုပ်တာက တရုတ်သိုင်းကွက်ဆိုတော့ အဒေါ်တယောက်က ကျမကို ခေါ်တယ် တရုတ်ငချိတ်ပေါ့ (တရုတ်သိုင်းရူး အမဲကောင်မလေး) ပေါ့လေ
ကျောင်းမှာဆို မျက်နှာကလည်း အမြဲ ရုပ်တည်နဲ့ ဆိုတော့ ဝင်းမို့မို့ကို ဆိုတာနဲ့ “မာနကြီးတယ်” တခါထဲပါပြီးသားဘဲ အဲ့လိုတွေ ပြောခံရလည်း စိတ်မဆိုးကြဘူး
ဘာလို့လဲဆို ဒါတွေက လူနေမှုဘဝရဲ့ တစိတိတပိုင်း ပြောဆို ခေါ်ဆိုနေကြတာလေ
ကျမ အသက်ကြီးလာတဲ့ အခါ အထူးသဖြင့် ကျမ အသက်မွေးဝမ်းကျောင်းကို လုပ်လာတဲ့ အခါမှာ လူတွေဟာ တစ်ဦးအပေါ်တစ်ဦး အမြင်နဲ့ အထင်နဲ့ (တံဆိပ်ကပ်)labeling တွေ ပိုများလာတာ တွေ့ရတယ်။
ဒါပေမယ့် လူ့သဘောသဘာဝ အရ ကိုယ့်ကို အမြင်တစ်ခုနဲ့ တံဆိပ်ကပ်ခံရရင် မကြိုက်ကြပေမဲ့ သူများကိုဆို label တံဆိပ်တွေ ကပ်နေကြတုန်းဘဲ။ အထူးသဖြင့် ကောင်းတဲ့ တံဆိပ်ကပ်ရင် ဘာမှ မဖြစ်ပေမဲ့ မကောင်းတဲ့ တံဆိပ်ဆို မခံနိုင်ကြတော့ဘူး
တခါ မှတ်မိသေးတယ် ကျမ consulting လုပ်တဲ့ ကုမ္ပဏီတခုက HR က သူ့ရုံးကဝန်ထမ်းကို “စုန်းပြူး” တဲ့ ။
OMG ကျမတို့ HR ကိုယ်တိုင်က အဲ့လို မြင်နေမှတော့ သူများတွေ အဲ့တယောက် ကို ဘယ်လို မြင်မလဲ နော်…
တော်တော် ပြောပြလိုက်ရတယ် အဲ့လို တံဆိပ်တွေ မကပ်ဖို့… လူတွဟာ behavior တွေ characteristics တွေပေါ်မှာ လိုက်ကြည့်ပြီး တံဆိပ်ကပ်တယ် ဆိုပေမဲ့ တကယ်တမ်းမှာ တချို့လူတွေက အဲ့တံဆိပ်တွေကြောင့် ဘဝ သေသွားတာတွေ ရှိတယ်။
ကျမကတော့ အဲ့လိုတံဆိပ်ကပ်ခံထားရတဲ့ သူတွေ အများကြီးနဲ့ ပေါင်းဖူးတယ်။ သေချာလည်း အဲ့လို ရွေးပေါင်းတယ် ။
အခုရုံးမှာလည်း ဘယ်သူနဲ့မှ မတည့်တဲ့ ပွကြီး ဆရာကြီး ဆိုပြီး တံဆိပ်ကပ်ခံရတဲ့ ကျမတို့လို level တူ ဥရောပက နိုင်ငံခြားသား တယောက်ရှိတယ်။
ကျမနဲ့တော့ အဆင်ပြေတယ် မိတ်ဆွေတွေလိုဘဲ ကိုယ့်အပေါ်မှာလည်း လေးစားတယ် …
ဆိုလိုချင်တာက ကျမက အဲ့လို တံဆိပ်တွေကို တတ်နိုင်သလောက် ခွါကြည့်တယ် တကယ်တော့ လူသားချင်းတူတူပါဘဲ
အာ့ကြောင့် open-minded လေးနဲ့ စိတ်လေး ဖွင့်ပြီး ကြည့်တတ်ဖို့ဘဲ လိုတာပါ နော်…
ဒီအပတ်တော့ စာတွေဆို ပျင်းနေမှာဆိုးလို့ လူသဘော လူမနောလေး တင်ပေးချင်လို့ ရေးလိုက်မိပါတယ်။
ပေါ့ပေါ့ပါးပါး တစ်နေ့တာစာစုလေးပါပဲ။





မင်းဂွတ်သီးစားဖို့ ပြင်ရင်း အတွေးလေး တဖြတ်…မင်းဂွတ်သီးလေးတွေ ခွါနေရင်း၂ လုံး ၃ လုံးလောက် ရှိလာတော့ သတိပြုမိတာလေး ရှိတယ်အ...
05/07/2025

မင်းဂွတ်သီးစားဖို့ ပြင်ရင်း အတွေးလေး တဖြတ်…

မင်းဂွတ်သီးလေးတွေ ခွါနေရင်း၂ လုံး ၃ လုံးလောက် ရှိလာတော့ သတိပြုမိတာလေး ရှိတယ်

အညှာလေးက စိမ်းစိမ်းလေး ဖြစ်နေတဲ့ အသီးဆို ပိုကောင်းမယ် လို့ ထင်ထားတာ တကယ်တမ်းကျ ကောင်းချင်မှ ကောင်းတာ။

အခွံက နည်းနည်း နွမ်းသလို ဖြစ်နေပေမဲ့ အထဲကအဆံက ဖြူဖြူလေးနဲ့ ကောင်းနေ ပြန်ရော

အခွံက တောင့်တောင့်လေး ဖြစ်နေပေမဲ့ အထဲအဆံက ပိုးပါချင်ပါနေတာ

ဒီမင်းဂွတ်သီးလေး ခွါရင်းနဲ့တောင် အော် လူတွေလည်း အဲ့လိုဘဲ လို့

အပြုံးတွေ ဝေဆာနေပြီး ကိုယ့်ကိုယ် ခင်လှပါတယ် ဆိုတဲ့ သူတွေဘဲ သစ္စာဖောက်သွားကြတာ

အမြဲတမ်း ဘာမှ မပြောဘဲ ဘေးကနဲ့ support လုပ်နေတဲ့ သူငယ်ချင်းတွေကြတော့ အရမ်းထင်ပေါ်အောင် မနေဘူး။ ဒါမဲ့ ကိုယ့်ပေါ် အမြဲ ကောင်းပေးနေကြတယ်။

စသဖြင့်ပေါလေ့….
လူတွေဟာလည်း အမျိုးစုံ၊ မျက်နှာဖုံးတွေ ရှိနေနိုင်တာပေါ့…..

ဒါကြောင့် မင်းဂွတ်သီး အခွံကြည့်ပြီး ဆုံးဖြတ်လို့မရသလို လူတိုင်းရဲ့ မျက်နှာဖုံးအောက်က ture identify တွေ ကိုယ့်ကိုယ် ပြောဆိုဆက်ဆံတာ ကြည့်ပြီးလည်း မသိနိုင်ပါဘူး….

“A little thought while preparing to enjoy some mangosteen…

As I was peeling them, I noticed something.
When I’d opened two or three, I realised —
I always thought the greener, fresher-looking fruits would taste better.
But in truth, what really matters is what’s inside.

Sometimes, the rind may look dull and soft,
yet inside, the flesh is pure white and sweet.

Other times, the rind looks firm and perfect,
but inside, the segments are already infested or spoiled.

While peeling these mangosteens, it struck me —
people can be just the same.

Those who always smile sweetly and claim to care for you
can be the ones who betray you in the end.

But the friends who don’t say much,
who quietly stand by your side and support you,
may not shine in the spotlight,
but they’re the ones who truly wish you well.

People come in all types, wearing different masks.

Just like you can’t judge a mangosteen by its rind,
you can’t truly know everyone’s real identity
just by the way they act or speak to you.” ✨

Translation-Credit to AI





Shared by Moh

One of my webinar sessions for Myanmar Community. Please feel free join and this is a free webinar for you all. See you ...
02/07/2025

One of my webinar sessions for Myanmar Community. Please feel free join and this is a free webinar for you all. See you on 19th July. Shared by Moh

𝑸𝙃𝑹𝙈 𝙒𝙚𝙗𝙞𝙣𝙖𝙧 : 𝙋𝙤𝙬𝙚𝙧 𝙎𝙠𝙞𝙡𝙡𝙨 𝙞𝙣 𝙩𝙝𝙚 𝘼𝙄 𝙀𝙧𝙖
( Upcoming )

Register Now - 👇🏽👇🏽👇🏽

d9e6e144-089e-4014-bd93-32e07f6e2501@ae34c15d-7a55-42f6-b227-e97ee4d57b48" rel="ugc" target="_blank">https://events.teams.microsoft.com/event/d9e6e144-089e-4014-bd93-32e07f6e2501@ae34c15d-7a55-42f6-b227-e97ee4d57b48

We invite you to an insightful webinar featuring 𝗪𝗶𝗻 𝗠𝗼𝗵 𝗠𝗼𝗵 𝗞𝗼 ( SHRM-SCP, HRCi-SPHRi ) who will share her expertise on developing and strengthening power skills in today’s rapidly evolving AI landscape.

As automation and AI reshape the way
we work, power skills — including strategic thinking, effective communication, problem-solving, and adaptability — are becoming essential
for professionals and leaders alike. This session will explore how to cultivate these skills to remain competitive and resilient
in the modern workplace.

𝗦𝗽𝗲𝗮𝗸𝗲𝗿 : Win Moh Moh Ko — ( SHRM-SCP, HRCi-SPHRi )
𝗧𝗼𝗽𝗶𝗰 : Power Skills in the AI Era
𝗗𝗮𝘁𝗲: Saturday, 19 July 2025
𝗧𝗶𝗺𝗲: 1:00 PM to 3:00 PM

We look forward to welcoming you to
this valuable session on elevating human capabilities alongside technological advancement.

Reserve your spot and get ready
to future-proof your career. 📍📍

Used by 300+ Myanmar businesses.
Fully compliant & customizable

Contact Us :

📩[email protected]
📞 +95 9791 243682
🌐www.qhrm.io

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Win Moh Moh Ko posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share