Aung Zaw Myint 2457

Aung Zaw Myint 2457 သတင်းနှင့် ဗဟုသုတမျှဝေပါမည်

28.12.2025 နေ့တွင် ရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပမည့် (၁၀၂) မြို့ နယ်။ #ရွေးကောက်ပွဲအပိုင်း၁  #ရွေးကောက်ပွဲ  #အပိုင်း၁
27/12/2025

28.12.2025 နေ့တွင် ရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပမည့် (၁၀၂) မြို့ နယ်။

#ရွေးကောက်ပွဲအပိုင်း၁ #ရွေးကောက်ပွဲ #အပိုင်း၁

27.12.2025************မြဝတီမြို့တွင်း ယနေ့ညပြည်ထောင်စုံကြံ့ခိုင်ရေးပါတီရုံးအနီးတွင်တစ်လုံး ရက်ကွက် ၂ ဘက်တွင် တစ်လုံး မို...
27/12/2025

27.12.2025
************

မြဝတီမြို့တွင်း ယနေ့ညပြည်ထောင်စုံကြံ့ခိုင်ရေးပါတီရုံးအနီးတွင်တစ်လုံး ရက်ကွက် ၂ ဘက်တွင် တစ်လုံး မိုင်းဖြင့်တိုက်ခိုက်ခံရ

ပြည်ထောင်စုကြံ့ခိုင်ရေးရုံးအနီးပေါက်ကွဲမှု့မှာ လူထိခိုက်မှု့ရှိတယ်လို့ကနဦးသိရ

#နတ်နေကိုင်း

အသိပေး ကြေညာချက်
27/12/2025

အသိပေး ကြေညာချက်

အင်းစိန်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ*********************************နေပြည်တော်၊ ဒီဇင်ဘာ ၂၇ဒီဇင်ဘာလ...
27/12/2025

အင်းစိန်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
*********************************

နေပြည်တော်၊ ဒီဇင်ဘာ ၂၇

ဒီဇင်ဘာလ ၂၆ ရက်နေ့ ၁၆၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်း အရ သက်သေများနှင့်အတူ အင်းစိန်မြို့နယ်၊ ဈေးကုန်း(အနော)ရပ်ကွက်တွင် လမ်းလျှောက်လာသူ အောင်ဖြိုးနိုင်(ခ)ကိုဖြိုး အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူး သွပ်ဆေးပြား ၁၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်ဖြိုးနိုင်(ခ)ကိုဖြိုး(၃၄)နှစ်အား အင်းစိန်မြို့မရဲစ ခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော် ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။

မိုင်းရယ်မြို့တွင်ငွေကျပ် ၁,၁၂၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များနှင့် ပစ္စတိုသေနတ် ၁ လက် ဖမ်းဆီးရမိ***...
27/12/2025

မိုင်းရယ်မြို့တွင်ငွေကျပ် ၁,၁၂၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များနှင့် ပစ္စတိုသေနတ် ၁ လက် ဖမ်းဆီးရမိ
*********************************

နေပြည်တော်၊ ဒီဇင်ဘာ ၂၇

ဒီဇင်ဘာလ ၂၆ ရက်နေ့ ၁၄၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သောပူး ပေါင်း အဖွဲ့သည်သတင်း အရ သက်သေများနှင့်အတူ မိုင်းရယ်မြို့၊ အမှတ် (၃) ရပ်ကွက်ရှိ တည်းခိုခန်းအမှတ် --- တွင် တည်းခိုနေထိုင်သူစိုင်းလှရွှေ (ခ) အိုက်ရွှေ နှင့် စိုင်းလောင် (ခ)အစိုင်းတို့အား စစ် ဆေးရှာဖွေရာ ၎င်းတို့ထံမှစိတ်ပြောင်းဆေးဝါး Happy Water အလေး ချိန် ၂.၂၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁,၁၂၅ သိန်း)၊ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၆ တောင့်၊ ကျည်အိမ် ၁ ခု၊ ၎င်းတို့မောင်းနှင်လာသည့် HUMMER အမျိုးအစား မော်တော် ယာဉ် ၁ စီး၊ မော်တော် ဆိုင်ကယ် ၁ စီးနှင့် လက် ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းလှရွှေ (ခ) အိုက်ရွှေ(၂၉)နှစ် နှင့် စိုင်းလောင်(ခ)အစိုင်း (၂၄)နှစ်တို့အား မိုင်းရယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြော င်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော် ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။

တာချီလိတ်မြို့တွင် ငွေကျပ် ၁,၅၅၂သိန်းတန်ဖိုး ရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ*********************************နေပြည်...
27/12/2025

တာချီလိတ်မြို့တွင် ငွေကျပ် ၁,၅၅၂သိန်းတန်ဖိုး ရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
*********************************

နေပြည်တော်၊ ဒီဇင်ဘာ ၂၇

ဒီဇင်ဘာလ ၂၅ ရက်နေ့ ၁၇၂၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်း အရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ကားဂိတ်တွင် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်နှင့် ပါ ဆယ်ပစ္စည်းလာရောက်ထုတ်သူ စိုင်းခမ်းအွန် အား စစ်ဆေးရှာဖွေရာ ၎င်းထုတ်ယူသည့် စက္ကူဂျပ်ဖာအတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၄၀၀ ဂရမ်(ဒေသကာလတန် ဖိုးငွေကျပ်သိန်း ၄၄၀) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်း ဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ၁၇၃၀ အချိန် ၎င်းနေထိုင်သည့် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေး ချိန် ၉၂၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၁,၀၁၂ သိန်း)နှင့် ကက်တမင်း အလေးချိန် ၁ ကီလို(ဒေသကာလတန် ဖိုးငွေကျပ်သိန်း ၁၀၀)တို့အား ထပ်မံတွေ့ရှိသိမ်း ဆည်းရမိခဲ့သဖြင့် စိုင်းခမ်းအွန်(၂၇)နှစ်အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပ ဒေအရ အမှုဖွင့် အရေး ယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။

၂၇.၁၂.၂၀၂၅ ရက်နေ့၊ ၁၁ ၁၂ အချိန်၊ *********************************ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အုတ် ဖိုစုရပ်ကွ...
27/12/2025

၂၇.၁၂.၂၀၂၅ ရက်နေ့၊ ၁၁ ၁၂ အချိန်၊
*********************************

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အုတ် ဖိုစုရပ်ကွက်၊ သောက်တော်တွင်း (၁)လမ်းတွင် Gas ဆိုင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် တောင်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။

Update
၁၁ ၂၃ အချိန် မီးထိန်းပါသည်။

Update
၁၁ ၂၅ အချိန် မီးငြိမ်းပါသည်။

အင်းစိန်တွင် Hijet နှင့် သဲကားတိုက်မိရာမှ  Hijet ယာဉ်မောင်း သေဆုံး*********************************Top Phoenix     ဒီဇင်...
27/12/2025

အင်းစိန်တွင် Hijet နှင့် သဲကားတိုက်မိရာမှ Hijet ယာဉ်မောင်း သေဆုံး
*********************************

Top Phoenix ဒီဇင်ဘာ ၂၇/ ၂၀၂၅

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် ပုလဲလမ်းရှိ သံမဏိစက်ရုံရှေ့တွင် ဒီဇင်ဘာ ၂၆ ရက် ည ၁၀နာရီခန့်က သဲကားနှင့် Hijet ယာဉ်တို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ယာဉ်တိုက်မှုကြောင့် Hijet ယာဉ် ဦးခေါင်းပိုင်းပျက်စီးခဲ့ပြီး ယာဉ်မော င်းတွင် ဦးခေါင်းထိခိုက်ခြေထောက်ပြတ်ရှ ဒဏ် ရာများ ပြင်းထန်စွာရရှိခဲ့ပြီး ယာဉ်အတွင်းညပ်နေ၍ မီးသတ်တပ်ဖွဲ့ဝင်များ ပရဟိတသမားများ ရောက်ရှိ၍ ကယ်ဆယ်‌ေရးလုပ်ငန်းများ ဆောင်ရွ က်ခဲ့သော်လည်း ယာဉ် မောင်းမှာ သေဆုံးသွား‌ေကြာင်း လူမှုကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်။

သေဆုံးသူ၏ ရုပ်အလောင်းကို ကနောင်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။


ခရီးသွားသတင်းသမား
#ရန်ကုန် #အင်းစိန် #ယာဉ်တိုက်မှု #လူသေဆုံး

ရန်ကုန်တိုင်းဒေသကြီးတွင် ( ကိုးကိုးကျွန်းမပါ ) ၁၄၄ ထုတ်ပြန်ထားခြင်းအား ဒီဇင်ဘာ ၂၇ ရက်နေ့မှ စ၍ရုပ်သိမ်းခြင်းကြေငြာချက်ထုတ...
26/12/2025

ရန်ကုန်တိုင်းဒေသကြီးတွင် ( ကိုးကိုးကျွန်းမပါ ) ၁၄၄ ထုတ်ပြန်ထားခြင်းအား ဒီဇင်ဘာ ၂၇ ရက်နေ့မှ စ၍ရုပ်သိမ်းခြင်းကြေငြာချက်ထုတ်ပြန်

၂၆.၁၂.၂၀၂၅ ရက်နေ့၊ ၁၆ ၁၅ အချိန်ခန့်၊ *********************************ကရင်ပြည်နယ်၊ ဘားအံမြို၊ အမှတ်(၉)ရပ်ကွက်၊ ကြာအင်းတေ...
26/12/2025

၂၆.၁၂.၂၀၂၅ ရက်နေ့၊ ၁၆ ၁၅ အချိန်ခန့်၊
*********************************

ကရင်ပြည်နယ်၊ ဘားအံမြို၊ အမှတ်(၉)ရပ်ကွက်၊ ကြာအင်းတောင်ပေါ်မှ ကျား(၁)ဦး ပြုတ်ကျမှုဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် ဘားအံခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် မာဃလူမှုကူညီရေးအသင်း၊ မြန်မာနိုင်ငံလူမှုကူညီရေးအသင်းတို့မှ အသင်းသားများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသူ ကျား(၁)ဦးအား မာဃလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ပါသည်။

❝ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် ညမထွက်ရအမိန့် ရုပ်သိမ်း❞********************************* 𝙈𝙃𝙏𝙉𝙀𝙒...
26/12/2025

❝ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် ညမထွက်ရအမိန့် ရုပ်သိမ်း❞
*********************************

𝙈𝙃𝙏𝙉𝙀𝙒𝙎《𝘿𝙀𝘾~𝟐𝟔》

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် ထုတ်ပြန်ထားသော ညမထွက်ရအမိန့်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်မှစတင်၍ ရုပ်သိမ်းလိုက်ကြောင်း နိုင်ငံပိုင်သတင်းများက အသိပေးဖော်ပြထားသည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာပြီဖြစ်ပါသဖြင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များ တိုးတက်ဆောင်ရွက်နိုင်ရေး၊ အများပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ ယင်းအမိန့်ကို ယခုလို ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဂျပန်က ပြည်ပ အလုပ်သမား၁ သန်းကျော် လက်ခံမည်။
26/12/2025

ဂျပန်က ပြည်ပ အလုပ်သမား
၁ သန်းကျော် လက်ခံမည်။

Address

Lover Lane
Yangon

Website

Alerts

Be the first to know and let us send you an email when Aung Zaw Myint 2457 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share