Dhamma and Donation - D&D

Dhamma and Donation - D&D Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dhamma and Donation - D&D, Digital creator, Yangon.

ကဆုန်လပြည့် ဗုဒ္ဓနေ့===============ဒီနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ဟာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ အထွတ်အမြတ်ထားရာ နေ့ထူး...
30/04/2026

ကဆုန်လပြည့် ဗုဒ္ဓနေ့
===============
ဒီနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ဟာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။

''ဗျာဒိတ်တော်ခံ၊ ဖွား၊ ပွင့်၊ စံ၊ မှတ်ရန် ​ဗုဒ္ဓနေ့''လို့ ဆိုကြတဲ့ ဒီနေ့ဟာ ညောင်ရေသွန်းပွဲတော်နေ့လည်း ဖြစ်ပါတယ်။

ဒီလို နေ့ထူးနေ့မြတ်အခါသမယမှာ တရားချစ်ခင် သူတော်စင် ဓမ္မမိတ်ဆွေအပေါင်း ဥပုသ်သီတင်းဆောက်တည်ပြီး ဒါန၊ သီလ၊ ဘာဝနာကုသိုလ်များ ပွားများအားထုတ်နိုင်ကြပါစေ။

စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒပြည့်ဝကြပါစေ။

𝐃𝐡𝐚𝐦𝐦𝐚 𝐚𝐧𝐝 𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧 - 𝐃&𝐃

ဥက္ကလာပမင်းကြီးရုပ်တု=================ရွှေတိဂုံစေတီတော်မြတ်ကြီးကို စတင်တည်ထားပူဇော်ခဲ့သည့် မူလဘုရားဒါယကာ ဥက္ကလာပမင်းကြီး...
02/04/2026

ဥက္ကလာပမင်းကြီးရုပ်တု
=================
ရွှေတိဂုံစေတီတော်မြတ်ကြီးကို စတင်တည်ထားပူဇော်ခဲ့သည့် မူလဘုရားဒါယကာ ဥက္ကလာပမင်းကြီး၏ ရုပ်တုတော်သည် စေတီတော်ကြီး ပန်းတင်ခုံ၏ စနေထောင့် စိန်တောင်၌ တည်ရှိသည်။

𝐃𝐡𝐚𝐦𝐦𝐚 𝐚𝐧𝐝 𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧 - 𝐃&𝐃

🌸 ပန်းလှူအကျိုးလင်္ကာ 🌸===================🔹 ပန်းလို လှပ၊ ဘဝရုပ်ရည်🔹 ခန္ဓာကိုယ်တွင်း၊ သန့်ရှင်းပေသည်🔹 နံစော်ကင်းလို့၊ ခံတ...
02/04/2026

🌸 ပန်းလှူအကျိုးလင်္ကာ 🌸
===================
🔹 ပန်းလို လှပ၊ ဘဝရုပ်ရည်
🔹 ခန္ဓာကိုယ်တွင်း၊ သန့်ရှင်းပေသည်
🔹 နံစော်ကင်းလို့၊ ခံတွင်းမွှေးကြည်
🔹 ပန်းလှူကျိုး သုံးမျိုး ရနိုင်သည်။

ပန်းလှူအကျိုး (၃) ပါး
°°°°°°°°°°°°°°°°°°°°°°
(၁) ပန်းလေးများကဲ့သို့ ရုပ်ရည်ချောမောလှပခြင်း
(၂) ခန္ဓာကိုယ် သန့်ရှင်းစင်ကြယ်ခြင်း
(၃) ခံတွင်းရနံ့ မွှေးပျံ့ခြင်း

တရားချစ်ခင် သူတော်စင် ဓမ္မမိတ်ဆွေအပေါင်း
ပန်းလှူအကျိုးများနှင့် ပြည့်စုံပြီး
ပဒုမ္မာ ရွှေကြာပန်းကဲ့သို့ လန်းဆန်းလှပနိုင်ကြပါစေ...။

𝐃𝐡𝐚𝐦𝐦𝐚 𝐚𝐧𝐝 𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧 - 𝐃&𝐃

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်တန်ဆောင်း၊ ရင်ပြင်တော်ပေါ်ရှိ အရှေ့၊ အနောက်၊ တေ...
31/03/2026

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်တန်ဆောင်း၊ ရင်ပြင်တော်ပေါ်ရှိ အရှေ့၊ အနောက်၊ တောင်၊ မြောက် အာရုံခံတန်ဆောင်းများအပါအဝင် တန်ဆောင်းအရေအတွက် စုစုပေါင်း (၈၄)ခု ရှိပါသည်။

𝐃𝐡𝐚𝐦𝐦𝐚 𝐚𝐧𝐝 𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧 - 𝐃&𝐃

ရွှေတိဂုံစေတီတော်ရှိ ရုပ်ပွားတော်များအနက် အကြီးဆုံးဖြစ်သည့် ချမ်းသာကြီးဗုဒ္ဓရုပ်ပွားတော်================================...
22/03/2026

ရွှေတိဂုံစေတီတော်ရှိ ရုပ်ပွားတော်များအနက် အကြီးဆုံးဖြစ်သည့် ချမ်းသာကြီးဗုဒ္ဓရုပ်ပွားတော်
================================
ရွှေတိဂုံစေတီတော်ရှိ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးနှင့် အရွယ်အစား အကြီးဆုံးဖြစ်သည့် ချမ်းသာကြီးဗုဒ္ဓရုပ်ပွားတော်သည် ရာဟုထောင့် အောင်မြေအနီးတွင် တည်ရှိသည်။

၁၈၈၂ ခုနှစ်တွင် ဦးစံထွန်း+ဒေါ်နှစ်တို့ လှူဒါန်းခဲ့သော တန်ဆောင်းအတွင်း တည်ရှိခြင်း ဖြစ်သည်။

ဉာဏ်တော်အမြင့် ပေ ၃၀ ကျော် ရှိပြီး ပန်းပုဆရာကြီး ဆရာဉာဏ်က ထုလုပ်ခဲ့ခြင်းဖြစ်သည်။ ယခင်က နေပူခံဘုရားကြီးဟုလည်း ဘွဲ့အမည်ခေါ်တွင်ခဲ့သည်။

ရုပ်ပွားတော်၏ ဦးခေါင်းတော်ထက်တွင် ကြီးမားသော လေယပ်ကြီးတစ်ခုရှိပြီး ဘုရားဖူးများအနေဖြင့် အဆိုပါ လေယပ်ကြီးကို ကြိုးဆွဲ၍ လေအေးများဖြင့် ကုသိုလ်ပြုနိုင်သည်။

ချမ်းသာကြီးရုပ်ပွားတော်သည် ကြီးကိုးကြီးအဓိဋ္ဌာန်ဝင်ရာတွင် ဖူးမြော်ရမည့် ဘုရားများအနက် တစ်ဆူအပါအဝင်လည်း ဖြစ်သည်။

အနီးတွင် ရွှေတိဂုံစေတီတော် အောင်မြေ၊ ရှင်စောပုဘုရား စသည်တို့ တည်ရှိသည်။

𝐃𝐡𝐚𝐦𝐦𝐚 𝐚𝐧𝐝 𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧 - 𝐃&𝐃

ရွှေတိဂုံစေတီတော်ရင်ပြင်တော်တွင် တန်ဆောင်းပေါင်း မည်မျှ ရှိပါသနည်း။ အဖြေမှန်ကို ရွေးပါ။(က)  ၈၄(ခ)  ၉၆(ဂ)  ၇၂𝐃𝐡𝐚𝐦𝐦𝐚 𝐚𝐧𝐝 𝐃...
20/03/2026

ရွှေတိဂုံစေတီတော်ရင်ပြင်တော်တွင် တန်ဆောင်းပေါင်း မည်မျှ ရှိပါသနည်း။ အဖြေမှန်ကို ရွေးပါ။

(က) ၈၄
(ခ) ၉၆
(ဂ) ၇၂

𝐃𝐡𝐚𝐦𝐦𝐚 𝐚𝐧𝐝 𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧 - 𝐃&𝐃

ပိတုန်းပဒိုင်းဘုရား=============ပိတုန်းပဒိုင်းဘုရားသည် ရွှေတိဂုံစေတီတော် ရင်ပြင်တော်အရှေ့ဘက် တနင်္လာထောင့်နှင့် အင်္ဂါထေ...
20/03/2026

ပိတုန်းပဒိုင်းဘုရား
=============
ပိတုန်းပဒိုင်းဘုရားသည် ရွှေတိဂုံစေတီတော် ရင်ပြင်တော်အရှေ့ဘက် တနင်္လာထောင့်နှင့် အင်္ဂါထောင့်ကြားရှိ စိန်မပုတန်ဆောင်းအတွင်း တည်ရှိသည်။

ရုပ်ပွားတော်ကိန်းဝပ်ရာ ဂန္ဓကုဋိတိုက်အပြင်ပိုင်းတွင် ပိတုန်းရုပ်နှင့် ပဒိုင်းပွင့်ပုံများ ရှိသည်။ ထို့ကြောင့် ပိတုန်းပဒိုင်းဘုရားဟု ဘွဲ့အမည်တွင်ခဲ့ပြီး ရန်အတိုက်အခံများအား အထူးအောင်မြင်​စေသည်ဟု ဆိုကြသည်။

သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင်စေတီတော်မြတ်ကြီးရှိ နဂါးရုံ အောင်တော်မူမြတ်စွာဘုရား𝐃𝐡𝐚𝐦𝐦𝐚 𝐚𝐧𝐝 𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧 - 𝐃&𝐃
20/03/2026

သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင်စေတီတော်မြတ်ကြီးရှိ
နဂါးရုံ အောင်တော်မူမြတ်စွာဘုရား

𝐃𝐡𝐚𝐦𝐦𝐚 𝐚𝐧𝐝 𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧 - 𝐃&𝐃

ရွှေထီးငါးဆင့်ဘုရား==============ရွှေတိဂုံစေတီတော်ရင်ပြင်တော် စနေဂြိုဟ်တိုင်အနီးမှ အတွင်းဘက်သို့ ဝင်သွားကာ ထူးထူးခြားခြာ...
19/03/2026

ရွှေထီးငါးဆင့်ဘုရား
==============
ရွှေတိဂုံစေတီတော်ရင်ပြင်တော် စနေဂြိုဟ်တိုင်အနီးမှ အတွင်းဘက်သို့ ဝင်သွားကာ ထူးထူးခြားခြား ဖူးမြော်နိုင်သည်က ထီးတော်ငါးဆင့်ရှိသည့် ''ရွှေထီးငါးဆင့်ဘုရား'' ဖြစ်သည်။

ဘဝအဆင့် မြင့်တက်ကာ တိုးတက်အောင်မြင်လိုသူများ၊ လုပ်ငန်းခွင်တွင် ရာထူးရာခံ တိုးတက်လိုသူများ၊ စာမေးပွဲ အောင်မြင်လိုသူများ လာရောက်ဖူးမြော်ကြပြီး ထူးခြားစွာ ဆုတောင်းပြည့်သဖြင့် ကန်တော့ပွဲနှင့် သစ်သီးဆွမ်း ကပ်လှူသူများ များပြားသည်။

လှေကားထစ်သုံးဆင့်မှ တက်ပြီး တစ်ဘက်တွင် ပြန်ဆင်းကာ ဖူးမြော်ရခြင်း ဖြစ်သည်။

အမျိုးသမီးများ တက်ရောက်ဖူးမြော်ခွင့်မရှိဘဲ အမျိုးသားများသာ တက်ရောက်ဖူးမြော်နိုင်ပါသည်။

𝐃𝐡𝐚𝐦𝐦𝐚 𝐚𝐧𝐝 𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧 - 𝐃&𝐃

ဆုတောင်းပြည့် ရန်ကုန်ဘိုးဘိုးကြီး=======================အလွန်ဆုတောင်းပြည့်သည်ဟု နာမည်ကျော်သည့် ရန်ကုန်ဘိုးဘိုးကြီးသည် ရွ...
18/03/2026

ဆုတောင်းပြည့် ရန်ကုန်ဘိုးဘိုးကြီး
=======================
အလွန်ဆုတောင်းပြည့်သည်ဟု နာမည်ကျော်သည့် ရန်ကုန်ဘိုးဘိုးကြီးသည် ရွှေတိဂုံစေတီတော် အောက်ပစ္စယာ စနေထောင့်တွင် တည်ရှိသည်။

ရန်ကုန်မြို့တွင် အိုးပိုင်အိမ်ပိုင်ရလိုသူများ၊ ရာထူးရာခံတိုးတက်လိုသူများ စသည်ဖြင့် လာရောက်ဆုတောင်းကြပြီး သိသာထင်ရှားစွာ ဆုတောင်းပြည့်သည်ဟု ဆိုကြသည်။

အဓိဋ္ဌာန်အောင် ဆုတောင်းပြည့်သဖြင့် ကန်တော့ပွဲ လာရောက်ကပ်လှူပူဇော်သူများ များပြားသည်။

𝐃𝐡𝐚𝐦𝐦𝐚 𝐚𝐧𝐝 𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧 - 𝐃&𝐃

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dhamma and Donation - D&D posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share