Explosix Media Records

Explosix Media Records “Since 2018, Explosix Media Records has stood as Myanmar’s first and leading media platform dedicated to the metal music industry.”

မြန်မာပြည်က Metal Scene ကို ပြောမယ်ဆိုရင် ဒီနာမည်ကိုတော့ မေ့ထားလို့မရပါဘူး။ သူကတော့ NIGHTMARE  Band ရဲ့ ရှေ့တန်းက Frontm...
01/11/2025

မြန်မာပြည်က Metal Scene ကို ပြောမယ်ဆိုရင် ဒီနာမည်ကိုတော့ မေ့ထားလို့မရပါဘူး။ သူကတော့ NIGHTMARE Band ရဲ့ ရှေ့တန်းက Frontman ကျော်ဖြိုးခိုင် ပဲ။
လက်ဝှေ့လောက မှာတော့ ခွန်ကျော်လို့ သိကြပါတယ်။ အမှန်တော့ သူက Microphone ကို ကိုင်ဖို့ စိတ်ကူးယဥ်ခဲ့တာ မဟုတ်ပါဘူး။ သူ့ရဲ့အိပ်မက်က ဂစ်တာသမား တစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ ဒီတော့သူရဲ့ ဂီတဘ၀၊ Vocal techniques တွေ၊ ခံယူချက်အကြောင်းတွေကို သူ့ရဲ့မွေးနေ့မှာ ပြောပြပေးသွားပါမယ်။

ကျော်ဖြိုးခိုင် ဟာ ငယ်စဉ်ကတည်းက ညီအစ်ကိုတွေနဲ့ အနေများတာကြောင့် IC, ဦးညီထွဋ် နဲ့ နိုင်ငံတကာ Metal ဂီတ (Limp Bizkit, Korn, Slipknot) တို့ကို နားထောင်ရင်း ကြီးပြင်းလာခဲ့တယ်။ သူ့ရဲ့ မူလရည်မှန်းချက်ကတော့ ဂစ်တာသမားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဆယ်တန်းလောက်မှာ ဆရာ ညီညီထွေး နဲ့ ကိုအောင်မျိုးလင်း တို့ဆီ ဂစ်တာတီး သင်ယူခဲ့တယ်။ အဲ့ဒီအချိန်တုန်းက တစ်ဖက်မှာလဲ ဝါသနာအရ လက်ဝှေ့ထိုး နေတဲ့အချိန်ဆိုတော့ လက်မှာဒဏ်ရာတွေ မကြာခဏ ရခဲ့တာကြောင့် ဂစ်တာတီးခတ်မှုအပိုင်းမှာ အခက်အခဲတွေ ကြုံခဲ့တော့ Vocal ဘက်ကို ပြောင်းလေ့လာဖြစ်ခဲ့တယ်။

Metal ဂီတက သူ့အတွက် စိတ်ထွက်ပေါက်တစ်ခုနဲ့ ပျော်ရွှင်မှုတစ်ခု ကို ပေးတယ် လို့ခံယူပြီး Metal ကိုစပြီး ဈာန်၀င်စားခဲ့တယ်။ Nightmare ကို မရောက်ခင် သူငယ်ချင်းတွေနဲ့ အပျော်တမ်းသီချင်းတွေ ဖန်တီးခဲ့ဖူးပေမဲ့ Nightmare က ပထမဆုံး band အနေနဲ့စလုပ်ဖြစ်ခဲ့တယ်။ Vocal ဘက်ကိုပြောင်းလဲရန် ဆရာ ညီညီထွေး ရဲ့တိုက်တွန်းမှုနဲ့ လှုံ့ဆော်မှုက အဓိက ကျခဲ့တယ်။ Metal Vocal နည်းစနစ်တွေကို လေ့လာရာမှာ ပြည်တွင်းက Metal Vocalist တွေဖြစ်တဲ့ ကိုဝေယံ (Ex-Last Days Of Beethoven) နဲ့ ကိုဖုန်း (Frontman of Sacrifice For Doom) တို့ရဲ့ သင်ကြားလမ်းညွန်မှုတွေနဲ့ လေ့လာခဲ့ရင်း တိုးတက်လာခဲ့တယ်။

ကျော်ဖြိုးခိုင် ဟာ Nightmare ရဲ့နောက်ပိုင်းအောင်မြင်မှုများအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေလဲပါဝင်ခဲ့တယ်။ သူ့ရဲ့ အားကောင်းတဲ့ Vocal Technique တွေကတော့ Fry scream နဲ့ False Chord တွေကို အဓိက အသုံးပြုတယ်။ သူ့ရဲ့ဆိုပုံဆိုပေါက်ကို Band ရဲ့ Groove Metal genre နဲ့ လိုက်လျောညီထွေဖြစ်စေဖို့ Guttural နဲ့ Tunnel သံတွေကိုလည်း ညှပ်ပြီးဆိုလေ့ရှိတယ်။ Metal Vocalist တစ်ယောက်ရဲ့ အဓိက အသက်က လည်ချောင်းနဲ့ အဆုတ်ပါပဲ။ သူကလည်း စင်ပေါ်ရောက်ရင် အသံကို အဆုံးထိ တွန်းထုတ်ပြီး ပေါက်ကွဲတတ်သူဆိုတော့ အသံကို ဘယ်လိုဂရုစိုက်လဲဆိုတာကို မေးမြန်းဖြစ်ခဲ့ပါတယ်။

Warm-up လုပ်တဲ့ ပုံစံချင်းတော့ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ဘဲ စာနဲ့ပြောပြဖို့လည်း ခက်ပြီး Vocalist တစ်ယောက်အနေနဲ့ ရှောင်ကိုရှောင်ရမယ့် အရာတွေကတော့ သေသေချာချာ ရှိတယ် လို့ဆိုပါတယ်။ ဘယ်အချိန်တွေမှာ ရှောင်လဲဆိုတော့ လေ့ကျင့်ချိန်တွေမှာ Recording မလုပ်ခင် နီးတဲ့အခါ Show ပွဲတွေ တီးနေတဲ့ ကာလအတွင်းမှာ ဆေးလိပ်၊ ရေခဲရေ၊ ဘီယာနဲ့ အရက် ဒီ ၄ မျိုးကိုတော့ သူလုံးဝရှောင်တယ်လို့ ပြောပါတယ်။ တကယ်လို့ Metal Vocal Warm-up နဲ့ ပတ်သက်ပြီး သေသေချာချာ သိချင်တယ်ဆိုရင် သူ့ကို Messenger မှာ လာမေးလို့ရတယ် လို့လဲ ပွင့်ပွင့်လင်းလင်းပြောပါတယ်။

သီချင်းတွေ ဖန်တီးတဲ့အခါမှာလဲ စာသား တွေမရေးခင် အကြောင်းအရာကို သေချာ စဉ်းစားပြီးမှ စကားလုံးတွေကို စုလေ့ရှိတယ်။ Vocal Arrangement ကို Band အဖွဲ့သားတွေနဲ့ အတူတူ ဆွေးနွေးတိုင်ပင်ပြီး Teamwork နဲ့လုပ်တယ်။ သူက Metal ဂီတအမျိုးအစားကိုပဲနားထောင်တာမဟုတ်ဘဲ စိတ်ခံစားမှုပေါ်မူတည်ပြီး ဂီတ အမျိုးအစားအားလုံးကို နားထောင်လေ့ရှိတယ်။ ဂီတက လူတွေရဲ့စိတ်ကို အများကြီးအထောက်အကူပြုတယ်လို့လဲ ခံယူထားသူဖြစ်တယ်။ ဂီတမလုပ်တဲ့ အားလပ်ချိန်တွေမှာလဲ Challenge ဖြစ်တဲ့ အားကစားတွေကိုလုပ်ဆောင်ရတာ နှစ်သက်တယ်။

သူကြိုက်တဲ့ Artist တွေကတော့ Local band တွေထဲမှာ Idiots နဲ့ SIR တို့ကို ဖြစ်ပြီး International ထဲမှာ Will Ramos နဲ့ CJ McCreery တို့ကို လေးစားအားကျတယ်။ သူ့ယုံကြည်ချက်က ဒီဂီတနယ်ပယ်မှာ ရပ်တန့်မနေဘဲ အသစ်အသစ်တွေကို အမြဲလေ့လာနေဖို့ အရေးကြီးတယ် လို့လဲ ဆိုပါတယ်။

ကျော်ဖြိုးခိုင်က Metal ဂီတကိုလုပ်နေတဲ့သူတွေအတွက်ရော လုပ်ချင်တဲ့သူတွေအတွက်ရော "သတ္တိရှိရှိလုပ်ပါ ခံယူချက်နဲ့လုပ်ပါ စိတ်ဓာတ်နဲ့လုပ်ပါ အပျော်တမ်းလုပ်ချင်ရုံနဲ့တော့ဒီလောကထဲမနေပါနဲ့ တန်ဖိုးရှိတဲ့အချိန်တွေကုန်တာပေါ့ဗျာ တကယ်လုပ်တော့မယ်လို့စိတ်ပိုင်းဖြတ်ပီးပီဆိုလုပ်ဗျာ Metal band တွေက ဘဲတွေက အေးဆေးပါ မသိတာရှိရင်ကြိုက်တဲ့လူကိုမေးလို့ရတယ် အကုန်လုံးအေးဆေးညီကိုတွေပဲ" လို့ ပြောပါတယ်။

Aquila မှာလုပ်ခဲ့တဲ့ Metal Fest Awakening Souls ပွဲတွင် သီချင်းမဆိုခင်ကားထဲမှာတောင်၀င်အိပ်နေရတဲ့အထိဖျားနေတဲ့ကြားထဲ စင်ပေါ်တက်ပြီး အားတိုက်အင်တိုက်နဲ့ ဖျော်ဖြေခဲ့ပြီးနောက် စိတ်ကိုလျှော့ချလိုက်တဲ့အချိန် လဲခဲ့တဲ့အထိ ဖြစ်ခဲ့တဲ့ အတွေ့အကြုံကို သူ့ရဲ့မမေ့နိုင်တဲ့ အမှတ်တရအဖြစ် ဖော်ပြခဲ့ပြီး Metal Fest ပွဲတွေတိုင်းကတော့ သူ့အတွက်အမှတ်တရတွေချည်းပါပဲ လို့ပြောပြခဲ့ပါတယ်။

မကြာခင်လဲ သီချင်းအသစ်တစ်ပုဒ်ကို ကြားနေကြမဟုတ်တဲ့ပုံစံမျိုးနဲ့နားထောင်ရမယ် လို့ပြောခဲ့ပါတယ်။ သူ့အနေနဲ့ လူနည်းစုကြိုက်တဲ့ Metal ဂီတကိုပဲ Nightmare နဲ့အတူထပ်မနေအောင်ဆက်လက်ပြီးဖန်တီးမယ် လို့ဆိုပါတယ်

ဒီလို သတ္တိရှိရှိ ခံယူချက်နဲ့ Metal Scene ကို ရှေ့ဆက်ဦးဆောင်နေတဲ့ Nightmare Band က Frontman ကျော်ဖြိုးခိုင် အတွက် မွေးနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် ရှေ့ဆက်မယ့် ဂီတခရီးမှာလည်း လူနည်းစုကြိုက်တဲ့ Metal ကို ထပ်မနေအောင် အသစ်အဆန်းတွေ ဆက်လုပ်ဖို့ စိတ်ဓာတ်တွေ ဖန်တီးနိုင်တဲ့အားတွေ
အပြည့်အဝပိုင်ဆိုင်ပါစေ။ စင်ပေါ်က Vocal Scream တွေက အမြဲတမ်း မီးစာတစ်ခုလို့အမြဲတောက်လောင်ပြီးအားကောင်းနေပါစေလို့ Nightmare Band နဲ့တကွ Metal ရဲဘော်ရဲဘက်တွေက ဆုတောင်းပေးလိုက်ပါတယ်!

Happy Birthday ပါ ကျော်ဖြိုးခိုင်ရေ🤘🔥

Keep on Screaming, Keep on Rocking!🤘




ကျွန်တော်တို့ မြန်မာ Metal ဂီတလောကအတွက် တော်တော်လေးကို ဆိုးရွားတဲ့ နှစ်ကုန်ပိုင်းကာလတစ်ခုကို ဖြတ်သန်းနေရပါတယ်😢မကြာသေးမီက...
29/10/2025

ကျွန်တော်တို့ မြန်မာ Metal ဂီတလောကအတွက် တော်တော်လေးကို ဆိုးရွားတဲ့ နှစ်ကုန်ပိုင်းကာလတစ်ခုကို ဖြတ်သန်းနေရပါတယ်😢

မကြာသေးမီကမှ Adino ကို ဆုံးရှုံးခဲ့ရပြီးနောက် Nightmare ရဲ့ ဒုတိယမြောက် Former Vocalist ဖြစ်တဲ့ ရွှေလင်းအောင် က ဒီနေ့အောက်တိုဘာလ ၂၉ ရက်၊ ၂၀၂၅ ခုနှစ် နံနက် ၁:၂၅ နာရီတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း မိသားစုဝင်များက အတည်ပြုသတင်းထုတ်ပြန်ခဲ့ပါတယ်။

ရွှေလင်းအောင် က Acute Pancreatitis (ပြင်းထန်ပန်ကရိယ ရောင်ရမ်းခြင်း) ရောဂါဝေဒနာကို ကြာရှည်စွာခံစားခဲ့ရပြီးနောက် အခုလို ဆုံးပါးသွားခဲ့ပါတယ်။
Nightmare နဲ့အတူ သီချင်း‌တွေလုပ်ခဲ့ပြီး Sample ထွက်ခဲ့တာတော့မရှိပေမဲ့ UG show ပွဲတွေမှာပါ၀င်ဖျော်ဖြေခဲ့ဖူးတယ်။ နောက်ပိုင်းမှာ Nightmare က‌ အနားယူခဲ့တယ်။ ရွှေလင်းအောင်က အမြဲပျော်ပျော်ရွင်ရွှင်နေတက်ပြီး အစအနောက်လဲအရမ်းသန်သလို သူနှင့်အတူရှိသူတိုင်း ပျော်ရွှင်ရယ်မောစေရန် ရယ်စရာ‌တွေ အမြဲဖန်တီးပေးတတ်သူတစ်ယောက်ဖြစ်တယ်။

အခုလိုအချိန်မှာ မိသားစုဝင်များအနေဖြင့် ဝမ်းနည်းပူဆွေးနေရတာကြောင့် ဖုန်းခေါ်ဆိုခြင်း၊ စာပို့ခြင်းများအား ချက်ချင်းအကြောင်းပြန်ရန် အခက်အခဲရှိနေပါသဖြင့် နားလည်ပေးပါရန်လဲ မေတ္တာရပ်ခံထားပါတယ်။

Nightmare နဲ့တကွ မြန်မာ Metal အသိုင်းအဝိုင်းတစ်ခုလုံးမှ ကွယ်လွန်သူ ရွှေလင်းအောင်အတွက် မိသားစုနဲ့အတူထပ်တူဝမ်းနည်းရပါတယ်။ ငြိမ်းချမ်းရာဘုံဘဝသို့ ကောင်းမွန်စွာ ကူးမြောက်နိုင်ပါစေကြောင်း ဆုတောင်းပေးပါတယ်။🤘

https://www.facebook.com/share/17LND1aT2B/

Source - Thiri Zun


28/10/2025

Our hearts are broken as we say a final goodbye to our beloved brother and friend, Adino of Fever 109, an unbelievable talent and a kind-hearted soul. As a man of unwavering faith, we are comforted knowing he has entered the eternal life promised by his Lord and Savior, resting in perfect peace. We are eternally grateful for his friendship and the light he brought into our lives. We love you, brother, and look forward to the day we’ll see you again. May his soul rest in peace...

💥  Explosix Media Records အနေဖြင့် မကြာသေးမီက ကွယ်လွန်သွားသော ကျွန်တော်တို့ရဲ့ညီအကို  Adino ရဲ့ ဈာပနအခမ်းအနားသို့ သွားရေ...
28/10/2025

💥 Explosix Media Records အနေဖြင့် မကြာသေးမီက ကွယ်လွန်သွားသော ကျွန်တော်တို့ရဲ့ညီအကို Adino ရဲ့ ဈာပနအခမ်းအနားသို့ သွားရောက်ကာ နောက်ဆုံး ဂါရဝပြုခဲ့ပြီး မှတ်တမ်းတင်ဗီဒီယို(Documentary)ကိုလည်း ရိုက်ကူးခဲ့ပါတယ်။

ဒါပေမဲ့လဲ ကျွန်တော်တို့အနေနဲ့ ကျန်ရစ်သူ မိသားစုရဲ့ စိတ်ခံစားမှုနှင့် အားနာမှုကို အလေးထားသောအားဖြင့် ထို မှတ်တမ်းကို လူအများမြင်သာစေရန် ထုတ်လွှင့်မည် မဟုတ်ပါ။

ဒီလို တန်ဖိုးဖြတ်လို့မရတဲ့ ဗီဒီယိုမှတ်တမ်းကို မြန်မာ Metal သမိုင်းမှာတွင်ကျန်‌စေမဲ့ Record တစ်ခုအဖြစ်သာ Explosix Media Records တွင် လျှို့ဝှက် သိမ်းဆည်းထားပါမယ်။ ဒါကို နားလည်ပေးကြပါရန်နှင့် Adino ရဲ့ မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။

Adino က သူရဲ့ Metal ကောင်လို လမ်းသရဲဆန်တဲ့ဘ၀ ကို ဂုဏ်ယူပြီး နောင်တတစ်စက်မှ မရှိဘဲဖြတ်သန်းသွားခဲ့တယ်။ လောကဓံရဲ့ရိုက်ချက်တွေကနေ ရရှိလာတဲ့ ခံစားချက်အားလုံးကို သီချင်းတွေ အဖြစ် ပြောင်းလဲဖန်တီးပြီး သူ့ရဲ့ဂီတအမွေအနှစ်အားလုံးကို ကျွန်တော်တို့အားလုံးအတွက် ထားရစ်ခဲ့တယ်။ ဒီဘ၀ ဒီခန္ဓာ ချုပ်ငြိမ်းသွားပေမဲ့လည်း သူရဲ့ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ အသံတွေက ကျွန်တော်တို့ကြားထဲမှာပဲ့တင်ထပ်နေအုံးမှာပါ🤘

Rest In Peace, Adino \F/
(Sep 4 1988 - Oct 25 2025)

💔 Fever 109 က ကျွန်တော်တို့ရဲ့ Adino ကွယ်လွန်သွားပါပြီ။အောက်တိုဘာလ ၂၅  ရက်နေ့ ညပိုင်း Idiots Farewell မှာဖျော်ဖြေနေစဉ် ရ...
25/10/2025

💔 Fever 109 က ကျွန်တော်တို့ရဲ့ Adino ကွယ်လွန်သွားပါပြီ။

အောက်တိုဘာလ ၂၅ ရက်နေ့ ညပိုင်း Idiots Farewell မှာဖျော်ဖြေနေစဉ် ရုတ်တရက် နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း နီးစပ်သူများထံမှ သိရပါတယ်။

ကွယ်လွန်ချိန်တွင် အသက် ၃၇ နှစ် အရွယ်ရှိပြီး
ဒီနေ့ညက Eastern Yangon Park တွင် ပြုလုပ်သော Idiots Farewell စင်ပေါ်တွင် Heart Attack ဖြင့်ရုတ်တရက် လဲကျပြီးနောက် ဆေးရုံသို့ အရေးပေါ်
တင်ပို့ခဲ့ရကြောင်း၊ ဆေးရုံသွားတဲ့လမ်းမှာတင် Heart Attack ဖြင့်ကွယ်လွန်သွားခြင်း ဖြစ်ပါတယ်။

Raymond နဲ့အတူ Farewell လုပ်သွားတာလား နောင်တမရလို့ တကယ်ကိုသီချင်းတွေနဲ့ အတူထားသွားခဲ့တာ ကျွန်တော်တို့အားလုံးအတွက် အစားထိုးမရတဲ့ဆုံးရှုံးမှုကြီးပါပဲ

Rest In Peace ပါ Adino! \F/ 💔🤘
( Sept 4,1988 - Oct 25, 2025)

Explosix Media Records မှ ဖန်တီးထားသောပုံဖြစ်ပါတယ်။ Post share လုပ်ခြင်းကို ကြိုဆိုသော်လည်း၊ ပုံအားကူးယူပြီးဖြစ်စေ၊တခြားရည်ရွယ်ချက်တစ်မျိုးမျိုးဖြင့် ပြန်လည်အသုံးပြုခြင်းကိုဖြစ်စေ ခွင့်မပြုပါ။

မြန်မာ့ Metal ဂီတကို ဆက်လက်ရှင်သန်အောင်အသက်သွင်း‌နေသူ ကိုအောင်မျိုးလင်း (ခေါ်) အာစရိ ရဲ့မပြိုလဲသောစိတ်ဓာတ်နှင့် Metal ဂီ...
11/10/2025

မြန်မာ့ Metal ဂီတကို ဆက်လက်ရှင်သန်အောင်အသက်သွင်း‌နေသူ ကိုအောင်မျိုးလင်း (ခေါ်) အာစရိ ရဲ့မပြိုလဲသောစိတ်ဓာတ်နှင့် Metal ဂီတခရီး

တစ်ခါတစ်ရံမှာ ဂီတအမျိုးအစားတစ်ခုရဲ့ ကံကြမ္မာဟာ လူတစ်ဦးရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေတတ်ပါတယ်။ ကိုအောင်မျိုးလင်းဟာ မြန်မာနိုင်ငံရဲ့ Metal ဂီတကို ၂၀၀၀ ပြည့်နှစ်များအစောပိုင်းကတည်းက တည်တံ့အောင် ထိန်းသိမ်းခဲ့သူ၊ Nightmare တီးဝိုင်းရဲ့ စိတ်ဝိညာဉ်ကို ထိန်းသိမ်းခဲ့သူပဲ ဖြစ်ပါတယ်။

ကိုအောင်မျိုးလင်းဟာ အသက် ခုနစ်တန်း၊ ရှစ်တန်း အရွယ်ကတည်းက ဂစ်တာနဲ့ စတင်ထိတွေ့ခဲ့ပါတယ်။ အိမ်မှာရှိတဲ့ ဦးလေးရဲ့ Acoustic Guitar ကို ဦးလေးမရှိတဲ့အချိန်မှာ ခိုးကိုင်ပြီး တီးခတ်ကြည့်ရာကနေ ဂစ်တာကို ဝါသနာပါလာခဲ့တာပါ။ အစပိုင်းမှာ ဦးလေးရဲ့ သူငယ်ချင်းများ၊ ဂစ်တာအခြေခံစာအုပ်များကနေ ကိုယ်တိုင်လေ့လာခဲ့ပြီး နောက်ပိုင်းမှသာ ဆရာ ညီညီထွေး ဆီမှာ စနစ်တကျ သင်ယူခဲ့ပါတယ်။

ဂီတခရီးစနှင်ချိန်မှာတော့ Electric Guitar ကိုင်ပြီး ကိုယ်ပိုင်သံစဉ်မဖန်တီးခင်၊ Pantera၊ Metallica၊ Slayer စတဲ့ Thrash Metal ဂီတတွေရဲ့ Cover သီချင်းတွေကို တီးခတ်တဲ့ Band မှာ ပါဝင်ခဲ့ဖူးပါတယ်။ အဲ့ဒီကနေရရှိတဲ့ အတွေ့အကြုံတွေနဲ့ "တတလင်းချိတ်" တီးဝိုင်းမှာ ကိုယ်ပိုင်သံစဉ် (Own Creation) တွေကို စတင်စမ်းသပ်ဖန်တီးတဲ့ အလေ့အထကို စတင်ခဲ့ပါတယ်။

Nightmare ဆိုတာရှောင်လွှဲမရတဲ့ အိပ်မက်ဆိုး (၂၀၀၄ - ယနေ့ထိ)

ကိုအောင်မျိုးလင်းဟာ ၂၀၀၄ ခုနှစ် ဝန်းကျင်မှာ ကိုယ်ပိုင်စိတ်ကြိုက်ပုံစံ Metal ဂီတကို အကောင်အထည်ဖော်ဖို့ Nightmare တီးဝိုင်းကို တည်ထောင်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် ဝန်းကျင်ဟာ Underground Metal Band တွေအတွက် အခက်ခဲဆုံးအချိန်တွေထဲက တစ်ခုဖြစ်ပါတယ်။ Music production အပိုင်းတွေ၊ Live Show တွေရှားပါးခြင်း ၊ Commercial ပွဲတွေမှာ Mainstream ဂီတတွေသာ နေရာယူပြီး Metal Band တွေအတွက် ဖျော်ဖြေပွဲတွေ အရမ်းနည်းပါးခဲ့ခြင်း၊ Live Show တွေနည်းပါးတဲ့အတွက် Metal ဂီတဟာ မြန်မာပြည်မှာ နှေးကွေးစွာပဲ တိုးတက်ခွင့်ရခဲ့ခြင်း စတဲ့အချက်တွေကပဲသူတို့ကိုတွန်းအားဖြစ်စေခဲ့တယ်။ ဒီလိုအခက်အခဲတွေကြားကပဲ Nightmare အပါအဝင် ထိုခေတ်က Metal Band တွေက ရအောင် Show ပွဲတွေလုပ်ပြီး ဒီဂီတကို မရပ်တန့်ဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ရပ်တည်ခဲ့ကြပါတယ်။

"Nightmare" လို့ အမည်ပေးရခြင်းရဲ့ အဓိပ္ပာယ်ကတော့ "လူတွေဟာ အိပ်မက်ဆိုးကို ရှောင်လွှဲလို့ မရနိုင်သလိုပဲ၊ Metal ဂီတနဲ့ ပတ်သက်လာရင်လည်း Nightmare ဟာ အမြဲတမ်း ရှိနေမယ်၊ မလွန်ဆန်နိုင်တဲ့ တည်ရှိမှုတစ်ခု ဖြစ်နေစေရမယ် ဆိုတဲ့ ခံယူချက်ပဲ ဖြစ်ပါတယ်။

ဂီတပုံစံအနေနဲ့ ကိုအောင်မျိုးလင်းဟာ Old School Metal ကိုလည်း ကြိုက်နှစ်သက်သလို၊ New School Metal ကိုလည်း သဘောကျပါတယ်။ ဒါကြောင့် Nightmare ရဲ့ ဂီတဖန်တီးမှုမှာ Lamb of God နဲ့ Slipknot တို့လို Groove Metal၊ As I Lay Dying တို့လို Metalcore လိုင်းတွေကနေ Reference ယူပြီး သူကိုယ်တိုင် အနှစ်သက်ဆုံး ပုံစံတစ်ခုကို ပေါင်းစပ်ဖန်တီးခဲ့ပါတယ်။ သီချင်းဖန်တီးမှုမှာဆိုရင် အများအားဖြင့် Guitar Riff ကနေ စတင်ပြီး Riff တွေနဲ့အတူ သီချင်းရဲ့ Structure (ပုံစံ)၊ Intro, အသွားအလာနဲ့ ရည်ရွယ်ချက်ကို စဉ်းစားကာ တည်ဆောက်လေ့ရှိပါတယ်။ ဒီလို တစ်ကိုယ်တော် စတင်မှု ကမှ အဖွဲ့သားတွေနဲ့ ဆွေးနွေးတဲ့အခါ ကောင်းကွက်ဆိုးကွက်တွေကို ပိုမိုထိရောက်စွာ ဖန်တီးနိုင်တယ်လို့ သူက ယုံကြည်ပါတယ်။

Nightmare ဟာ နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့တဲ့ လျှို့ဝှက်ချက်ကတော့ "မလုပ်ရင် မလုပ်ဘူး၊ လုပ်ပြီဆိုရင် မရပ်တော့ဘူး" ဆိုတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ ကြားထဲမှာ Member အပြောင်းအလဲတွေရှိခဲ့ပေမယ့် လုပ်နိုင်သရွေ့ တတ်နိုင်သရွေ့ လုပ်သွားမယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ အဖွဲ့သားအားလုံးရဲ့ Supporting ပူးပေါင်းဆောင်ရွက်မှုကြောင့် အခုချိန်ထိ မပြိုလဲဘဲ ရှိနေတာ ဖြစ်တယ်လို့ ကိုအောင်မျိုးလင်းက ဆိုပါတယ်။

Metalfest ရဲ့အရေးပါတဲ့အခန်းကဏ္ဍ

ကိုအောင်မျိုးလင်းရဲ့ ဂုဏ်ယူစရာ အကောင်းဆုံး မှတ်တိုင်တွေထဲက တစ်ခုကတော့ "Metalfest" ပွဲတော်တွေကို Artist တစ်ဦးအနေနဲ့ရော၊ Organizer တစ်ဦးအနေနဲ့ပါ ဖန်တီးနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
Metalfest စတင်တဲ့အချိန်ဟာ နိုင်ငံရေးအရ အခြေအနေ တင်းမာနေပြီး Metal ဂီတလုပ်ဖို့ အင်မတန် ခက်ခဲတဲ့အချိန် ဖြစ်ပါတယ်။ Mainstream ဂီတတွေသာ လွှမ်းမိုးနေပြီး Metal Band တွေအတွက် Live Show တွေ နည်းပါးနေချိန်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေကြားက Metal Music လဲ ဆက်ပြီးရှင်သန်နိုင်အောင်၊ ဒီမှာကျန်ခဲ့တဲ့ Metal Band တွေ ဆက်ပြီး ပွဲတီးနိုင်ဖို့အတွက် ရည်ရွယ်ချက်နဲ့ အဓိက Metalfest တွေ လုပ်တာဖြစ်တယ်လို့ ကိုအောင်မျိုးလင်းက Metalfest ရဲ့ရည်ရွယ်ချက်ကို ရှင်းပြခဲ့ပါတယ်။ ဒီပွဲတွေကြောင့် Metal Music ဟာ ရှင်သန်ခွင့်ရခဲ့ပြီး ရလဒ်ကောင်းတွေ ရခဲ့တာကြောင့်လည်း Metalfest တွေ ဆက်ပြီးလုပ်နေတာပဲ ဖြစ်ပါတယ်။

Nightmare အပြင် ကိုအောင်မျိုးလင်းဟာ ဆရာ ညီညီထွေး ရဲ့ သင်တန်းမှာ ၁၀ နှစ်ခန့် လက်ထောက်လုပ်ခဲ့တဲ့ အတွေ့အကြုံတွေကို အရင်းခံပြီး Next Guitar Class ကို တည်ထောင်ခဲ့ပါတယ်။ Next Guitar Class ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သူလေ့လာခဲ့သမျှ၊ သင်ယူခဲ့ရသမျှကို နောက်မျိုးဆက်သစ်တွေအတွက် ပြန်လည် ဝေမျှပေးချင်လို့ ပါပဲ။ သင်တန်းသားတွေကို အခြေခံမှစ၍ Music Composing အပိုင်းအထိ စနစ်တကျ သင်ပေးဖို့ ရည်ရွယ်ထားပါတယ်။

Metal ဂစ်တာသမားတွေအတွက် သူပေးတဲ့ အကြံပြုချက်ကတော့ Techniques တွေဖြစ်တဲ့ Alternate Picking၊ Sweep Picking၊ Vibrato စတာတွေအပြင် Guitar Effects ချိန်တာအထိ အားလုံးကို လေ့လာထားရပါမယ်။ "ကိုယ်က ဘယ်လိုင်းကိုပဲ တီးတီး၊ Techniques အားလုံးကို အနည်းနဲ့အများ လေ့လာထားရမယ်၊ သိထားရမယ်။ ပြီးတော့မှသာ ကိုယ်ကြိုက်တဲ့ Form၊ ကိုယ်သွားချင်တဲ့ Trend ကို သွားတာ ကောင်းတယ်" လို့ သူက အခိုင်အမာ ပြောခဲ့ပါတယ်။

ကိုအောင်မျိုးလင်းရဲ့ အမြင်အရ ဂစ်တာတီးခတ်ရာမှာ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု နဲ့ ခံစားမှု (Feeling) နှစ်ခုလုံးက အရေးကြီးပါတယ်။ နည်းပညာမကျွမ်းကျင်ဘဲနဲ့ Feeling ထည့်နေရင် အလကားပဲ ဆိုတဲ့အတိုင်း နည်းပညာပိုင်းကို အရင်ကျွမ်းကျင်အောင် လေ့လာပြီးမှ ခံစားမှုနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှသာ သီချင်းကောင်းတစ်ပုဒ်ထွက်လာမယ်၊ ဂစ်တာသမားကောင်းတစ်ယောက် ဖြစ်လာနိုင်မယ်လို့ ဆိုပါတယ်။

သူ့ရဲ့ အနှစ်သက်ဆုံးနှင့် လေးစားရဆုံး ဂစ်တာသမားကတော့ Dimebag Darrell (Pantera) ဖြစ်ပြီး Dimebag ရဲ့ Solo Creation အပိုင်းမှာ ထူးခြားတဲ့ Movement တွေကနေ အများဆုံး လေ့လာသင်ယူခဲ့တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ ကိုယ်ပိုင်တီးခတ်မှုမှာ ကြိုက်နှစ်သက်တဲ့ Techniques တွေကတော့ Chromatic Scales နှင့် Harmonic Minor Scales
Tremolo Techniques (အမြန်ဆွဲခြင်း)
Whammy Bar ဆွဲပြီး Solo ထဲမှာ ထည့်တီးခြင်း၊ Pentatonic Scales လိုသီချင်းထဲမှာ မပါမဖြစ် သုံးရတဲ့ scale မျိုးက ထူးခြားပြီး "ခပ်ကြောင်ကြောင်သံ" လေးတွေကို Stroke အမြန်နှုန်းနဲ့ ပေါင်းစပ်တီးခတ်ရတာကို သူကအထူးသဘောကျပါတယ်။
Metal ဂီတအပြင် ဘောလုံးပွဲကြည့်ရတာနဲ့ဘောလုံးကန်ရတာကိုလဲနှစ်သက်သူဖြစ်ပါတယ်။ Liverpool ရဲ့ fan တစ်ယောက်လဲဖြစ်ပါတယ်။

Nightmare အနေနဲ့ အနာဂတ်မှာ မူရင်းပုံစံမပျောက်ဘဲ Update ဖြစ်တဲ့ မိုက်တဲ့သီချင်းတွေ ဆက်လုပ်သွားမှာဖြစ်ပြီး၊ Next Guitar Class ကလည်း တပည့်တွေကို အခြေခံကနေ Composing အထိ စနစ်တကျ Supporting လုပ်ပေးဖို့ ရည်ရွယ်ထားပါတယ်။

Metal ဂီတမျိုးဆက်သစ်တွေကို ကိုအောင်မျိုးလင်းက အမှာစကားလဲပါးခဲ့ပါတယ်။ "ဖန်တီးမှုအပိုင်းမှာ လွယ်လွယ်ကူကူနဲ့တော့ Metal သီချင်းကောင်းကောင်း ထွက်လာမှာမဟုတ်ဘူး။ အချိန်ပေးရမယ်၊ ပေးဆပ်ရမယ်၊ ကြိုးစားရမယ်။ ကိုယ်က ရည်မှန်းချက်ရှိတယ်၊ Target ရှိတဲ့သူဆိုရင်တော့ စိတ်ဓာတ်မကျဖို့၊ ကြိုးစားဖို့ အချိန်အတိုင်းအတာတစ်ခုထိ ရောက်ရင် အဆင်ပြေသွားလိမ့်မယ်။"

ဒီနေ့ အောက်တိုဘာ ၁၁ ရက် ၄၃ နှစ်ပြည့်မွေးနေ့မှာ အားလုံးကိုသူပြောချင်တဲ့ စကားတစ်ခွန်းကတော့ "နောက်ဆုံးအချိန်ထိ ဒီ Metal Music နဲ့အတူ ရှိသွားမယ်" ဆိုတဲ့ ခိုင်မာတဲ့ ကတိစကားပဲ ဖြစ်ပါတယ်။ ကိုအောင်မျိုးလင်းဟာ သူချစ်တဲ့ ဂစ်တာနဲ့ Metal ဂီတကို မြန်မာပြည်မှာ ဆက်လက်ရှင်သန်စေမယ့် မီးရှူးတိုင်ကို ကိုင်စွဲထားသူပဲ ဖြစ်ပါတယ်။ ဆရာ ကိုအောင်မျိုးလင်းရဲ့ ဂီတခရီးဟာ Metal ဂီတဝါသနာရှင်များအတွက် အားကျအတုယူစရာ ဖြစ်ပြီး အားအင်တွေဖြစ်‌ပါစေလို့ Explosix ကနေ ထပ်လောင်း ဂုဏ်ပြုဆုမွန်ကောင်း တောင်းလိုက်ပါတယ်

မြန်မာ Metal ဂီတအဓွန့်ရှည်ပါစေ🤘

Address

Yangon

Alerts

Be the first to know and let us send you an email when Explosix Media Records posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Explosix Media Records:

Share