19/08/2026
မန်စီးတီးအသင်းရဲ့ သမိုင်းတလျှောက်အကောင်းဆုံးအချိန်တွေဖြစ်ခဲ့တဲ့ ဖလားသုံးလုံးချန်ပီယံ(Triple Winner)ဖြစ်ခဲ့တဲ့ အချိန်မှာ အတူတွဲဖက် ကစားခဲ့ကြတဲ့ ကွင်းလယ်လူတွေဖြစ်တဲ့ ဘာနာဒိုဆေးဗား နှင့် ရိုဒရီတို့ဟာ အခုချိန်မှာတော့ ပြိုင်ဖက်တွေအနေနဲ့ ဆုံတွေ့ကြတော့မှာပါ။ ပြိုင်ဘက်တောင် ရိုးရိုးပြိုင်ဘက်မဟုတ်ပဲ ဘာစီလိုနာနှင့်ရီးရဲလ်မက်ဒရစ် တို့ရဲ့ အယ်ကလက်စီကိုပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရတော့မှာပါ။ ဒါပေမယ့် သူတို့ရဲ့ ငယ်ဘဝမှာ ကြိုက်နှစ်သက်ခဲ့ကြတဲ့အသင်းတွေနှင့် ယခုလက်ရှိရောက်ရှိနေကြတဲ့အသင်းတွေကတော့ တခြားစီဖြစ်နေခဲ့ပါတယ်။