Ibet 789 Ar Kar

Ibet 789 Ar Kar ဘောလုံးအကောင့်သစ်ဖွင့်ရန်

Viber- Telegram 09 774 890 384

နာမည်ပျက် လုံး၀ လုံး၀ မရှိ✅

Since -2021

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဘယ်နောက်ခံကစားသမား မာလာစီယာ ကို ပထမအသင်း ကစားသမားစာရင်းတွင် ပြန်လည်ထည့်သွင်းပြီး အသင်းနဲ့အတ...
01/10/2025

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဘယ်နောက်ခံကစားသမား မာလာစီယာ ကို ပထမအသင်း ကစားသမားစာရင်းတွင် ပြန်လည်ထည့်သွင်းပြီး အသင်းနဲ့အတူ ပူးပေါင်းစေခဲ့တယ်လို့သိရပါတယ်။

မာလာစီယာ ကို ယူနိုက်တက် အသင်း ရဲ့ အခုနှစ် ပရီးမီးယားလိဂ်ရာသီ ၂၅ ယောက်လူစာရင်းတွင်ထည့်သွင်းထားပေမယ့်လည်း အစောပိုင်းအချိန်များက အသင်းရဲ့ ယူ၂၁ အသင်းနဲ့သာ လေ့ကျင့်ခန်းဆင်းနေရတာဖြစ်ပါတယ်။

သူ့ရဲ့ စွမ်းဆောင်ရည် နှင့် ရပ်တည်ချက်များကြောင့်သာ ပထမအသင်း ရဲ့ လေ့ကျင့်ခန်းအစီအစဉ်များသို့ ပြန်လည်ပူးပေါင်းစေခဲ့တာဖြစ်နိုင်ကြောင်း သတင်းများအရသိရပါတယ်။


ဖရန့်ဖတ်ကို ၅-၁ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဥ်မှာ သွင်းဂိုး တစ်ဂိုး ရယူပေးခဲ့ပြီးနောက် အန်တိုနီ ဂရက်ဇ်မန်းကတော့ အ...
01/10/2025

ဖရန့်ဖတ်ကို ၅-၁ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဥ်မှာ သွင်းဂိုး တစ်ဂိုး ရယူပေးခဲ့ပြီးနောက် အန်တိုနီ ဂရက်ဇ်မန်းကတော့ အက်သလက်တီကိုအသင်းအတွက် သွင်းဂိုး ၂၀၀ ပြည့်သွားခဲ့ပါပြီ ။

၂၀၁၄ မှာ ဆိုစီဒက်ကနေ ရောက်လာတဲ့ ပြင်သစ်လူငယ်တစ်ယောက်ဟာ ၁၁ နှစ်ဝန်းကျင် အကြာမှာတော့ အက်သလက်တီကို အသင်းသမိုင်းရဲ့ ထာ၀ရ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ် ။ ၂၀၂၅ ခုနှစ်ထဲမှာ ဂရက်ဇ်မန်းဟာ ဂိုးပေါက်ပျောက်ဆုံးခဲ့မှုနဲ့အတူ ရုန်းကန်ခဲ့ရတယ် ။ အခုတော့ သူ ပြန်လာပါပြီ ။


နည်းပြအာနေးစလော့ရဲ့ လီဗာပူး အသင်းကတော့ နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့တာကြောင့် ဘာမှားနေလဲဆိုတာ အဖြေရှာရတော့မှာပါ ။ စံချိန်တင် လ...
01/10/2025

နည်းပြအာနေးစလော့ရဲ့ လီဗာပူး အသင်းကတော့ နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့တာကြောင့် ဘာမှားနေလဲဆိုတာ အဖြေရှာရတော့မှာပါ ။ စံချိန်တင် လူအင်အားဖြည့်တင်းမှုတွေ လုပ်ခဲ့ပေမယ့် ကျေနပ်လောက်စရာ အနေအထားမှာ ရှိမနေတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပဲလေ့စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးအသင်းကတော့ အခုညပွဲမှာလည်း ဂါလာတာစာရေးအသင်းကို ထပ်မံရှုံးနိမ့်သွားခဲ့ပြန်ပါပြီ ။ မိုဆာလာ ၊ အီဆက် ၊ မက်အလစ္စတာတို့ ပွဲထွက်စာရင်းမှာ မပါဝင်ခဲ့တဲ့လီဗာပူးဟာ အခုပွဲမှာ ကစားပုံမကောင်းခဲ့ပါဘူး ။

အဓိကဂိုးသမား အဲလစ်ဆင်ဘက်ကာ injury ရရှိသွားခဲ့သလို နောက်ထပ်ရင်ဆိုင်ရမယ့် ပွဲစဉ်ကလဲ ချဲလ်ဆီးအသင်းဖြစ်နေတာကြောင့် လီဗာပူးတို့ သုံးပွဲဆက် ရှုံးနိမ့်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ ။

မန်ယူအသင်းရဲ့ ထာ၀ရသွင်းဂိုးအများဆုံးကစားသမား ဝိန်းရွန်နီက သူ့ရဲ့ကစားသမားဘ၀တုန်းက အရက်သောက်ခဲ့တာတွေနဲ့ပတ်သက်ပြီး သူ့ဘေးမှ...
30/09/2025

မန်ယူအသင်းရဲ့ ထာ၀ရသွင်းဂိုးအများဆုံးကစားသမား ဝိန်းရွန်နီက သူ့ရဲ့ကစားသမားဘ၀တုန်းက အရက်သောက်ခဲ့တာတွေနဲ့ပတ်သက်ပြီး သူ့ဘေးမှာ ဇနီးဖြစ်သူ ကောလင်းသာ မရှိနေဘူးဆိုရင် သူဟာ သေဆုံးသွားခဲ့နိုင်တယ်လို့ အသင်းဖော်ဟောင်း ဖာဒီနန်နဲ့ ပြုလုပ်ခဲ့တဲ့ podcast အစီအစဉ်မှာ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

အသက် ၁၆ နှစ်အရွယ်မှာ ကောလင်းနဲ့ ချစ်သူတွေဖြစ်ခဲ့တဲ့ ရွန်နီဟာ ၂၀၀၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး လက်ရှိအချိန်မှာ သားလေးယောက် ထွန်းကားခဲ့ပါတယ်။

ကစားသမားဘ၀တုန်းက အရက်သေစာသောက်စားခဲ့ခြင်းနဲ့ပတ်သက်ပြီး ရွန်နီက " ကျွန်တော် အတိတ်မှာ အမှားတွေကျူးလွန်ခဲ့ဖူးပါတယ်။ ကစားသမားဘ၀ နှစ်ပေါင်း ၂၀ ကျော်လောက်ကို လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနိုင်အောင် သူ(ဇနီးသည်) က ထိန်းကျောင်းပေးခဲ့တာပါ "

" ကျွန်တော်က အရက်ကို စွဲစွဲမြဲမြဲသောက်တဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အားလပ်ရက် ၂ ရက်လောက်ရပြီဆိုရင်တော့ သောက်တော့တာပါပဲ။ တခါတလေမှာ ကောလင်းက ကျွန်တော့်ဆီကနေ ထွက်သွားနိုင်လောက်တဲ့ အခြေအနေတွေရှိခဲ့ပေမဲ့ ကျွန်တော်တို့က တစ်ယောက်ကိုတစ်ယောက်ချစ်ကြတဲ့အတွက် အဲဒီလိုမဖြစ်ခဲ့ပါဘူး။ သူက ကျွန်တော့်ကို လမ်းမှားမရောက်အောင် ထိန်းနိုင်ခဲ့ပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။


30/09/2025

ရက်ဆက်နိုင်တာကိုမှ သဘောကျတဲ့ ညီကိုတို့အတွက် ရှယ်ပလန်နဲ့လန်းမယ့် Channel လေးဖြစ်တာမလို့ မျှဝေပေးလိုက်ပါတယ်။

ဆရာကျတဲ့ ဘောပွဲ Tip အလန်းစားတွေကို နေ့စဥ် တင်ဆက်ပေးနေပါတယ်။

𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐋𝐢𝐧𝐤 👏👏

မန်ချက်စတာ ယူနိုက်တက်ကစားသမားတွေကို ဆိုရှယ်မီဒီယာအသုံးမပြုဖို့ နည်းပြ ရူဘင် အမော်ရင်က တိုက်တွန်းထားကြောင်း သိရပါတယ် ။အသင...
30/09/2025

မန်ချက်စတာ ယူနိုက်တက်ကစားသမားတွေကို ဆိုရှယ်မီဒီယာအသုံးမပြုဖို့ နည်းပြ ရူဘင် အမော်ရင်က တိုက်တွန်းထားကြောင်း သိရပါတယ် ။

အသင်းရလဒ်ဆိုးရွားနေချိန်မှာ ဝေဖန်မှုတွေရှိနေတဲ့အပေါ် စိတ်ဖိစီးမှု မဖြစ်စေဖို့အတွက် ဆိုရှယ်မီဒီယာအသုံးမပြုဖို့ နည်းပြက တိုက်တွန်းထားတာပါ ။

အခုခေတ်ကာလမှာ ဆိုရှယ်မီဒီယာကနေ တဆင့် ဆိုးကျိုးတွေရှိနေပြီး အရေးကြီးဆုံးက ဆိုရှယ်မီဒီယာတွေရဲ့အပြင်ဘက်ဘဝက ကလပ်အသင်းနဲ့ မိတ်ဆွေတွေဖြစ်ကြောင်း နည်းပြ အာမိုရင်က ပြောပါတယ် ။


ဘာစီလိုနာဟာ လာမယ့်လ ဂျော်ဂျီယာ၊ ဘူလ်ဂေးရီးယားတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအတွက် စပိန်အသင်းမှ လာမိုင်းယာမဲလ်အား ရွ...
30/09/2025

ဘာစီလိုနာဟာ လာမယ့်လ ဂျော်ဂျီယာ၊ ဘူလ်ဂေးရီးယားတို့နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအတွက် စပိန်အသင်းမှ လာမိုင်းယာမဲလ်အား ရွေးချယ်လာမှုကို ပိတ်ပင်လာမှာ ဖြစ်ကြောင်း သိရပါတယ် ။

ဘာစီလိုနာဟာ ယခုလအစောပိုင်း ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များမှာ အသက် ၁၈ နှစ်ရှိ ကစားသမားမှာ လေ့ကျင့်ခန်းဆင်းနိုင်ခြင်း မရှိပေမယ့်လည်း အကိုက်အခဲပျောက်ဆေးသောက်စေကာ ပွဲကစားစေခဲ့တဲ့ စပိန်အသင်းရဲ့ လုပ်ရပ်အပေါ် ဒေါသထွက်နေပါတယ် ။


"ဇာဗီ ဘက်က ပရီးမီးယားလိဂ်ကိုလေ့လာမှုတွေလုပ်နေပါတယ်။ ဥရောပပြိုင်ပွဲမကန်ရရင်တောင်မှ ယူနိုက်တက်ဘက်က ခေါ်ရင် ဇာဗီက တန်းလာမှာ...
29/09/2025

"ဇာဗီ ဘက်က ပရီးမီးယားလိဂ်ကိုလေ့လာမှုတွေလုပ်နေပါတယ်။ ဥရောပပြိုင်ပွဲမကန်ရရင်တောင်မှ ယူနိုက်တက်ဘက်က ခေါ်ရင် ဇာဗီက တန်းလာမှာသေချာပါတယ်။ ဒါပေမယ့် လက်ရှိချိန်မှာ ယူနိုက်တက်ဘက်က တစ်စုံတစ်ရာ ဆက်သွယ်ထားခြင်းမရှိသေးပါဘူး" 🚨🔴

🗣️ဖာဘရီဇီယို ရိုမာနို (Youtube)


မန်ယူနိုက်တက် နည်းပြ အမော်ရင်ရဲ့ နေရာအတွက် တခြားနည်းပြတွေ လျာထားတယ်ဆိုတဲ့ သတင်းတွေကို ယူနိုက်တက် ဘုတ်အဖွဲ့ဘက်က တရားဝင်ငြ...
29/09/2025

မန်ယူနိုက်တက် နည်းပြ အမော်ရင်ရဲ့ နေရာအတွက် တခြားနည်းပြတွေ လျာထားတယ်ဆိုတဲ့ သတင်းတွေကို ယူနိုက်တက် ဘုတ်အဖွဲ့ဘက်က တရားဝင်ငြင်းပယ်ထားကြောင်း သိရပြီး လက်ရှိအချိန်ထိ မည်သူ တဦးတယောက်ကိုမှ အမော်ရင်ရဲ့ နေရာမှာ အစားထိုးဖို့ စိတ်ကူးရော ၊ စီစဥ်မှုရော မရှိထားဘူးလို့ သိရပါတယ် ။


နယူးကာဆယ်ကို အဝေးကွင်းမှာ နောက်ကျဂိုးတွေနဲ့ အနိုင်ယူပြခဲ့တဲ့ အာဆင်နယ် အသင်းဟာ  ချဲလ်ဆီး၊ လီဗာပူးတို့ ရှုံးထားတာကို အခွင်...
29/09/2025

နယူးကာဆယ်ကို အဝေးကွင်းမှာ နောက်ကျဂိုးတွေနဲ့ အနိုင်ယူပြခဲ့တဲ့ အာဆင်နယ် အသင်းဟာ ချဲလ်ဆီး၊ လီဗာပူးတို့ ရှုံးထားတာကို အခွင့်ကောင်းယူပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၂) နေရာကို ရောက်လာခဲ့ပါပြီ ။ နောက်ပြီး ဇယားထိပ်ဆုံးမှာ ရောက်နေတဲ့ လက်ရှိချန်ပီယံ လီဗာပူးကိုလည်း (၂) မှတ်အကွာနဲ့ ဖိအားပေးလိုက်ပါပြီ ။

တစ်ပွဲလုံး ၁-၀ ဂိုးနဲ့ ရှုံးနေပြီး နောက်ဆုံးအခိုက်အတန့်တွေမှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေရခဲ့တာက အာဆင်နယ်ပရိသတ်တွေအတွက် အရမ်းကို ချိုလွန်းပါတယ် ။ မယ်ရီနိုက ခေါင်းတိုက် ချေပဂိုး ၊ ဂါဘရီရယ်ကလည်း နာကျင်အချိန်ပို (၆) မိနစ်မှာ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်း ပေးခဲ့ပါတယ် ။


ပြီးခဲ့တဲ့ မက်ဒရစ်ဒါဘီပွဲမှာ အယ်လ်ဗာရက်ဇ်ရဲ့ ထူးခြားတဲ့ ဖရီးကစ်သွင်းဂိုးနဲ့အတူ အက်သလက်တီကိုအသင်းက ရီးရဲလ်မက်ဒရစ်ကို ၅-၂ ...
28/09/2025

ပြီးခဲ့တဲ့ မက်ဒရစ်ဒါဘီပွဲမှာ အယ်လ်ဗာရက်ဇ်ရဲ့ ထူးခြားတဲ့ ဖရီးကစ်သွင်းဂိုးနဲ့အတူ အက်သလက်တီကိုအသင်းက ရီးရဲလ်မက်ဒရစ်ကို ၅-၂ ဂိုးနဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့တာဟာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ် ။

ဒီပွဲမှာ အယ်လ်ဗာရက်ဇ်ဟာ ပင်နယ်တီတစ်ဂိုးအပါအဝင် နှစ်ဂိုးသွင်းယူပြီး အသင်းအတွက် အဓိက အနိုင်ရရှိအောင် ကူညီပေးခဲ့ပါတယ် ။ အယ်လ်ဗာရက်ဇ် ဦးဆောင်တဲ့ တိုက်စစ်ဟာ ရီးရဲလ်ခံစစ်ကို ကောင်းကောင်းကြီး ဒုက္ခပေးခဲ့တာပါ ။


နိုင်ငံနဲ့ ကလပ်အသင်းအတွက် ဒီနှစ်ဘောလုံးရာသီ ဟာလန်းရဲ့ စွမ်းဆောင်ရည် :🏟 9 ပွဲကစား⚽️ 15 ဂိုးသွင်း🅰️ 3 ဂိုးဖန်တီးဂိုးသွင်းစ...
28/09/2025

နိုင်ငံနဲ့ ကလပ်အသင်းအတွက် ဒီနှစ်ဘောလုံးရာသီ ဟာလန်းရဲ့ စွမ်းဆောင်ရည် :

🏟 9 ပွဲကစား
⚽️ 15 ဂိုးသွင်း
🅰️ 3 ဂိုးဖန်တီး

ဂိုးသွင်းစက်ကြီးကတော့ သူ့တာဝန်ကို ကျေပွန်နေဆဲပါ 🤖

[TNT Sports]

Address

Yangon

Alerts

Be the first to know and let us send you an email when Ibet 789 Ar Kar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share