ရန်ကုန်လွင်ပြင်

ရန်ကုန်လွင်ပြင် ရန်ကုန်လွင်ပြင်သတင်းစုံ

01/11/2025

အကြိမ် (၈၀) မြောက် အောင်ဘာလေ ထီပေါက်စဉ်တိုက်ရန်

သိန်း ၅၀၀၀ အထူးဆုကြီး
ည ၉၈၁၆၁၂

သိန်း ၂၀၀၀ အထူးဆုကြီး
ခ ၇၅၀၃၇၃

ကျပ်သိန်း ၂၀၀၀ အထူးဆုကြီး
ခ ၃၁၆၄၃၂

ကျပ်သိန်း ၁၀၀၀ အထူးဆုကြီး
င ၄၁၀၉၅၄

ကျပ်သိန်း ၁၀၀၀ အထူးဆုကြီး
ဈ ၇၉၁၂၀၀

ကျပ်သိန်း ၅၀၀ အထူးဆုကြီး
ဈ ၅၃၈၄၉၄

ကျပ်သိန်း ၅၀၀ အထူးဆုကြီး
ဈ ၈၅၀၂၀၅

ကျပ်သိန်း ၅၀၀အထူးဆုကြီး
ဇ ၅၀၉၄၀၀

ကျပ်သိန်း ၅၀၀ အထူးဆုကြီး
ဇ ၃၂၇၉၂၉

ကျပ်သိန်း ၂၀၀ အထူးဆုကြီး
ဋ ၉၅၇၂၁၅

ကျပ်သိန်း ၂၀၀ အထူးဆုကြီး
ဃ ၆၄၇၆၄၃

ကျပ်သိန်း ၂၀၀ အထူးဆုကြီး
ဃ ၃၉၇၇၇၅

ကျပ်သိန်း ၂၀၀ အထူးဆုကြီး
င ၂၈၉၉၉၈

ကျပ်သိန်း ၂၀၀ အထူးဆုကြီး
ဈ ၅၉၅၈၉၆

ကျပ်သိန်း ၂၀၀ အထူးဆုကြီး
က ၉၃၉၅၁၄

ကျပ်သိန်း ၁၀၀ အထူးဆုကြီး
ဋ ၃၁၁၉၈၀

ကျပ်သိန်း ၁၀၀ အထူးဆုကြီး
က ၂၆၂၅၃၂

ကျပ်သိန်း ၁၀၀ အထူးဆုကြီး
က ၉၅၈၄၅၂

ကျပ်သိန်း ၁၀၀ အထူးဆုကြီး
ဋ ၆၄၄၀၈၄

ကျပ်သိန်း ၁၀၀ အထူးဆုကြီး
စ ၃၄၂၃၄၃

ကျပ်သိန်း ၁၀၀ အထူးဆုကြီး
ဋ ၃၈၀၇၉၂

ကျပ်သိန်း ၁၀၀ အထူးဆုကြီး
က ၆၈၈၄၉၀

ကျပ်သိန်း ၅၀ အထူးဆုကြီး
စ ၅၅၁၄၃၄

ကျပ်သိန်း ၅၀ အထူးဆုကြီး
ဇ ၆၇၂၀၆၇

ကျပ်သိန်း ၅၀ အထူးဆုကြီး
စ ၇၅၆၁၈၉

ကျပ်သိန်း ၅၀ အထူးဆုကြီး
ဇ ၂၂၃၀၉၉

ကျပ်သိန်း ၅၀ အထူးဆုကြီး
ည ၆၃၀၈၂၇

ကျပ်သိန်း ၅၀ အထူးဆုကြီး
ဇ ၂၁၂၁၀၆

ကျပ်သိန်း ၅၀ အထူးဆုကြီး
စ ၆၆၁၃၂၂

ကျပ်သိန်း ၅၀ အထူးဆုကြီး
ဇ ၃၈၉၄၀၆

ကျပ်သိန်း ၅၀ အထူးဆုကြီး
ခ ၆၉၇၄၅၉

ကျပ်သိန်း ၅၀ အထူးဆုကြီး
ဆ ၈၂၇၈၂၈

ကျပ်သိန်း ၅၀ အထူးဆုကြီး
ဆ ၇၅၄၈၀၀

ကျပ်သိန်း ၅၀ အထူးဆုကြီး
ခ ၈၂၁၀၆၁

ကျပ်သိန်း ၅၀ အထူးဆုကြီး
ဇ ၄၉၈၂၀၇

ကျပ်သိန်း ၂၀ အထူးဆုကြီး
ဈ ၇၈၆၂၉၆

ကျပ်သိန်း ၂၀ အထူးဆုကြီး
ဂ ၃၅၅၂၈၈

ကျပ်သိန်း ၂၀ အထူးဆုကြီး
ဇ ၃၈၆၇၄၃

ကျပ်သိန်း ၂၀ အထူးဆုကြီး
ဋ ၉၀၂၄၉၁

ကျပ်သိန်း ၂၀ အထူးဆုကြီး
စ ၄၄၂၃၇၂

ကျပ်သိန်း ၂၀ အထူးဆုကြီး
စ ၂၅၉၂၈၄

ကျပ်သိန်း ၂၀ အထူးဆုကြီး
ဂ ၅၈၅၀၈၅

ကျပ်သိန်း ၂၀ အထူးဆုကြီး
င ၂၅၅၄၃၃

ကျပ်သိန်း ၂၀ အထူးဆုကြီး
ခ ၃၅၁၉၃၂

ကျပ်သိန်း ၂၀ အထူးဆုကြီး
ခ ၈၄၂၈၉၀

ကျပ်သိန်း ၂၀ အထူးဆုကြီး
ဈ ၄၅၉၃၅၉

ကျပ်သိန်း ၂၀ အထူးဆုကြီး
ဂ ၂၃၉၉၇၈

ကျပ်သိန်း ၂၀ အထူးဆုကြီး
ဇ ၃၂၈၃၁၄

ကျပ်သိန်း ၂၀ အထူးဆုကြီး
ည ၇၀၈၆၃၆

ကျပ်သိန်း ၂၀ အထူးဆုကြီး
ဃ ၄၁၆၈၂၀

ကျပ်သိန်း ၂၀ အထူးဆုကြီး
ဇ ၅၄၄၁၉၃

ကျပ်သိန်း ၂၀ အထူးဆုကြီး
စ ၁၄၆၄၂၆

ကျပ်သိန်း ၂၀ အထူးဆုကြီး
ခ ၄၆၁၇၀၀

ကျပ်သိန်း ၁၀ အထူးဆုကြီး
ဇ ၆၀၀၀၀၅

ကျပ်သိန်း ၁၀ အထူးဆုကြီး
ည ၉၈၆၀၈၄

ကျပ်သိန်း ၁၀ အထူးဆုကြီး
က ၉၅၅၇၅၃

ကျပ်သိန်း ၁၀ အထူးဆုကြီး
ည ၆၀၅၆၅၀

ကျပ်သိန်း ၁၀ အထူးဆုကြီး
ဈ ၃၆၇၈၀၄

ကျပ်သိန်း ၁၀ အထူးဆုကြီး
ဋ ၅၂၅၃၄၀

ကျပ်သိန်း ၁၀ အထူးဆုကြီး
ဇ ၃၈၄၇၃၀

ကျပ်သိန်း ၁၀ အထူးဆုကြီး
က ၄၂၉၆၉၃

ကျပ်သိန်း ၁၀ အထူးဆုကြီး
ဆ ၅၆၄၁၆၄

ကျပ်သိန်း ၁၀ အထူးဆုကြီး
ဋ ၃၀၇၇၉၃

ကျပ်သိန်း ၁၀ အထူးဆုကြီး
ခ ၁၈၄၂၈၆

ကျပ်သိန်း ၁၀ အထူးဆုကြီး
ဃ ၄၄၆၉၃၇

ကျပ်သိန်း ၁၀ အထူးဆုကြီး
ဃ ၄၁၃၉၀၅

ကျပ်သိန်း ၁၀ အထူးဆုကြီး
ဇ ၂၀၀၀၆၄

ကျပ်သိန်း ၁၀ အထူးဆုကြီး
င၇၆၄၀၅၆

ကျပ်သိန်း ၁၀ အထူးဆုကြီး
ဃ၃၇၁၆၂၁

ကျပ်သိန်း ၁၀ အထူးဆုကြီး
ဈ ၆၈၆၈၀၃

ကျပ်သိန်း ၁၀ အထူးဆုကြီး
က ၄၈၃၈၆၁

ကျပ်သိန်း ၁၀ အထူးဆုကြီး
က ၄၉၈၅၉၂

ကျပ်သိန်း ၁၀ အထူးဆုကြီး
ဆ ၆၃၁၅၃၅

ဝေဝေဆာဆာ ပဒေသာ (၃) သိန်းဆုများ

က ၉၇၉၃၀

ဇ ၄၁၁၉၂

စ ၁၈၂၇၅

ဝေဝေဆာဆာ ပဒေသာ (၂) သိန်းဆုများ

ဋ ၃၂၅၉

ဇ ၁၂၇၅

ဇ ၇၉၁၂

ဈ ၈၆၉၀

စ ၆၆၈၄

ည ၂၇၀၂

ဇ ၆၇၃၈

ခ ၄၂၃၈

ဝေဝေဆာဆာ ပဒေသာ (၁) သိန်းဆုများ

င ၄၈၅

င ၃၆၄

ဇ ၆၆၀

ဇ ၇၄၂

ဆ ၇၇၉

ဝေဝေဆာဆာ ပဒေသာ (၅) သောင်းဆုများ

ခ ၅၇

င ၅၀

ဋ ၅၀

က ၉၉

င ၅၄

ဇ ၆၈

ဝေဝေဆာဆာပဒေသာ (၁)သောင်းဆု

ဂ ၈

ကံထူးကံကောင်းကြပါစေ။

အရေးကြီးတာလေးပါ " K p a y အကောင့်ဖုန်းနံပါတ်မှား ငွေမှားလွှဲမိရင် ပြန်ပေးရန် တောင်းဆို မရပါက လုပ်ဆောင်ရန်ဖြစ်ပါတယ် "----...
30/10/2025

အရေးကြီးတာလေးပါ
" K p a y အကောင့်ဖုန်းနံပါတ်မှား ငွေမှားလွှဲမိရင် ပြန်ပေးရန် တောင်းဆို မရပါက လုပ်ဆောင်ရန်ဖြစ်ပါတယ် "
-----
1. Kp ay call Center 3211 ကိုဆက်ပါ
2. Kpay call Center ကို အဲ့နံပါတ်ကို ငွေ အသွင်းအထုတ် ပိတ်ခိုင်းပါ။ (3 ရက် ဘဲ အကောင့်ပိတ်ပေးပါလိမ့်မယ်။ အဲ့ 3 ရက်အတွင်း အကောင့်ပိုင်ရှင်နဲ့ညှိပါ။ 3 ရက်ကျော်ရင် ပြန်ပွင့်သွားပါလိမ့်မယ် ဟိုဘက်အကောင့်က)
3. call center ကပေးတဲ့ Ticket No ကိုသေချာ မှတ်ထားပါ

4..ပြီးရင် အဲ့ဖုန်းပိုင်ရှင်နဲ့ အဆက်အသွယ်လုပ်ပါ။ သူ့ဘက်က ပြန်ပေးရင်တော့ အောက်က အချက်အလက်တွေ ဆက်လုပ်စရာမလိုပါဘူး။ သူ့ဘက်က ပြန်မပေးရင် အောက်ပါ အတိုင်းဆက်လုပ်ပါ။

1. ရဲစခန်းမှာ Kpay က မှားလွှဲမိကြောင်း အဲ့တာကို ပြန်ရယူရန် အဆင့်များအား သက်ဆိုင်ရာဋ္ဌာနမှ အဆင်ပြေသလိုစီစဥ်ပေးရန် ဆိုတဲ့ ရဲစာ လုပ်ပါ။ (Transaction No, Ticket No နဲ့တကွ လွှဲမိတဲ့ အချိန် နေရက် ပါအပါ)
2.Kpay call Center ကို email တောင်းပါ။
3. အဲ့ Email ကို စာကို ဓာတ်ပုံ ရိုက်ပြီး ပို့ပေးပါ။ ရဲစာ email ရ ရင် အဲ့ အကောင့်က ကိုယ့်ဘက်က ဖြေရှင်း မပြီးမချင်း အကောင့်ပိတ်ထားပါလိမ့်မယ် ဟိုဘက်အကောင့်ကို
4.အလုပ်ဖွင့်ရက် 10 ရက် အတွင်း Kpay Call Center က ဖုန်းခေါ်ပါလိမ့်မယ် ။ သူတို့က အချင်းချင်း ဘဲ ညှိ ခိုင်းပါလိမ့်မယ်။
5. ညှိလို့မရ လို့ ဒီအဆင့်ထိ သွားတာ ဆိုရင်တော့ နောက်ဆုံး နီးစပ်ရာ Kpay Center ရှိတဲ့ ဘဏ် သို့သွားပါ။ဖြစ်ကြောင်းကုန်စဥ်ပြောပြထားပါ။ အဲ့ရောက်တာနဲ့ Call Center ကို ဖုန်းခေါ်ပြီး ဖြစ်စဥ်အကုန် သူတို့ ချင်း ပေးပြောလိုက်ပါ။
6. 10 ရက် အတွင်း call center က ဖုန်းခေါ်ပြီး နှစ်ဦးနှစ်ဖက်ကို ညှိနှိုင်းပါလိမ့်မယ်။
7. နောက်ဆုံး မှာ 4 ရက်အတွင်း Auto Reversal ပြန်ရောက်လာပါလိမ့်မယ် ကိုယ့် အကောင့်ထဲ
8. Reversal ရောက်ရောက်ပြီးချင်း လဲ အဲ့ ပိုက်ဆံ ထုတ်မရသေးပါဘူး ။ Kpay အလွှဲအထုတ်ကို မရတော့တာပါ။ နီးစပ်ရာ Kpay Center မှာ သူတို့ပေးတဲ့ ဖောင်ဖြည့်ရပါတယ် ပြီးမှ နောက်ရက်မှ စထုတ်လို့ရပါမယ်။

အားလုံးပေါင်း ပိုက်ဆံ ပြန်ရ နိုင်မယ့် ကြာချိန် က 3 ပတ်လောက် ဖြစ်သွားပါမယ်။ ဖြစ်စဥ်အကုန်အပြီး။

Credit..

​မေတ္တာဖြင့် ကူးယူမျှဝေပါသည်။

တန်ဆောင်တိုင်အရုပ်လွှတ်မီးပုံးပျံပြိုင်ပွဲအားဒုတိယနေ့အဖြစ်ဆက်လက်ကျင်းပပြုလုပ်တောင်ကြီး -အောက်တိုဘာ၂၉ရှမ်းပြည်(တောင်ပိုင်...
29/10/2025

တန်ဆောင်တိုင်အရုပ်လွှတ်မီးပုံးပျံ
ပြိုင်ပွဲအားဒုတိယနေ့အဖြစ်ဆက်လက်ကျင်းပပြုလုပ်

တောင်ကြီး -အောက်တိုဘာ၂၉

ရှမ်းပြည်(တောင်ပိုင်း)တောင်ကြီးမြို့
တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲတွင်
အရုပ်လွှတ်မီးပုံးပျံပြိုင်ပွဲအားပြိုင်
ပွဲအရုပ်အရေအတွက်(၃၅၀)ကျော်ရှိ
သည့်အတွက်ပြိုင်ပွဲအား(၂)ရက်ကြို
တင်စတင်ယှဥ်ပြိုင်ခဲ့ရာယမန်နေ့
အောက်တိုဘာ(၂၇)ရက်နေ့တွင်စတင်
ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအရုပ်လွှတ်ပြိုင်ပွဲတွင်ခြေ
နှစ်ချောင်းခြေလေးချောင်းအရုပ်များ
ပါဝင်ယှဥ်ပြိုင်လျက်ရှိပြီးဒုတိယ
နေ့အဖြစ်ယနေ့အောက်တိုဘာ(၂၈)
ရက်နံက်ပိုင်းမှစတင်ယှဥ်ပြိုင်လျက်
ရှိကြောင်းသိရကာမနက်ဖန်အောက်
တိုဘာ(၂၉)ရက်တွင်တန်ဆောင်တိုင်
မီးပုံးပျံပြိုင်ပွဲဖွင့်ပွဲအစီအစဥ်အား
အဝေယျာကွင်း၌စည်ကားသိုက်
မြိုက်စွာကျင်းပပြုလုပ်သွားမည်
ဖြစ်ကြောင်းပြိုင်ပွဲကျင်းပရေး
ကော်မတီထံမှသိရသည်။

မြန်မာနိုင်ငံရှိ မွေးရာပါနှလုံးရောဂါရှင် ကလေးငယ်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးစွမ်းနိုင်ရန် မလေးရှားနိုင်ငံရှိ...
27/10/2025

မြန်မာနိုင်ငံရှိ မွေးရာပါနှလုံးရောဂါရှင် ကလေးငယ်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးစွမ်းနိုင်ရန် မလေးရှားနိုင်ငံရှိ IJN ဆေးရုံနှင့် YOMA QUE ပန်းလှိုင်ဆေးရုံတို့ သဘောတူညီမှု လက်မှတ်ရေးထိုး

ရန်ကုန်- အောက်တိုဘာ (၂၇)

မလေးရှားနိုင်ငံရှိ အဆင့်မြင့် နှလုံးကုသရေး သင်တန်းကျောင်းနှင့် ဆေးရုံတစ်ခုဖြစ်သော Institut Jantung Negara (UN) နှင့် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဆေးရုံကွန်ယက်တစ်ခုဖြစ်သော YOMA QUE ပန်းလှိုင်ဆေးရုံများ လုပ်ငန်းစုတို့သည် မြန်မာနိုင်ငံရှိမွေးရာပါနှလုံးရောဂါရှင် ကလေးငယ်များအတွက် တိကျသေချာသော ပြုပြင် ခွဲစိတ်ကုသမှုပေးနိုင်ရန် ပူးပေါင်းမှု သဘောတူစာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါသည်။ အဆိုပါပူးပေါင်းမှုသည် မွေးရာပါနှလုံးရောဂါရှိသော ကလေးငယ်များနှင့် မိသားစုများအတွက် အကျိုးရလာဒ် များစွာကို ဖြစ်ထွန်းစေမှာ ဖြစ်ပါသည်။

ထိုသို့ နိုင်ငံရပ်ခြား ပူးပေါင်းဆောင်ရွက်မှုဖြင့် UN ဆေးရုံမှ ကလေးနှလုံးခွဲစိတ်အထူးကု ဆရာဝန်ကြီးများမှ မြန်မာနိုင်ငံရှိ ပန်းလှိုင်ဆေးရုံကြီးသို့ ပုံမှန်လာရောက်ကာ လူနာများနှင့် တိုက်ရိုက် တိုင်ပင်ဆွေးနွေးခြင်းဖြင့် ရှာဖွေလေ့လာမှုဆိုင်ရာ ကုထုံးများ၊ အသက်ကယ်ဆယ်မှုဆိုင်ရာ နှလုံးခွဲစိတ်ကုသမှုများကို ပြုလုပ်သွားမှာ ဖြစ်ပါသည်။ ထို့အပြင် အဆင့်မြင့်ကုသမှု ခံယူရန် လိုအပ်သော ကလေးငယ်များကိုလည်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ကမ္ဘာ့အဆင့်မီ ဆေးရုံကြီးဖြစ်သော UN ဆေးရုံကြီးသို့ ခေါ်ဆောင်ကာ အထူးကြပ်မတ် ကုသပေးသွားမည်ဖြစ်သည်။

"အခုလို ပူးပေါင်းဆောင်ရွက်မှုက ကမ္ဘာ့အဆင့် နှလုံးကျန်းမာရေးစောင့်ရှောက်မှုကို မလေးရှားနိုင်ငံတွင်သာမက အခြားနိုင်ငံရပ်ခြားများအထိပါ ပေးစွမ်းမည် ဟူသောlJN ၏ ပြတ်သားသော ကတိတဝတ်ကို ထင်ဟပ်ပြီးပြသခဲ့ပြီးဖြစ်တယ်"ဟု IJNဆေးရုံကြီးမှ Chief Clinical Officer Datuk Dr. Shaiful Azmi Yahaya မှပြော
ကြားခဲ့ပါသည်။

ယခုကဲ့သို့ဘပူး​ပေါင်းရွက်ခြင်းဖြင့် မြန်မာ
နိုင်ငံသားများအနေဖြင့် အဆင့်ဖြင့် ကလေးနှလုံး ကျန်းမာရေး ကုသမှု အစီအစဥ်များကိုCall Center (သို့ ) HEAL by Pun Hlaing Application မှတစ်ဆင့် လွယ်ကူစွာ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် လိုအပ်သော ဆေးဝါးကုသမှု ကုန်ကျစရိတ်များကိုလည်း ဘဏ်များနှင့် ချိတ်ဆက်ကာ ချေးငွေများလည်း ရယူနိုင်မှာ ဖြစ်ပါသည်။

YOMA-OUE Healthcare သည် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားအားလုံးအတွက် ပိုမိုကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုပေးရန် ရည်ရွယ်ခဲ့ပြီး ပထမဦးဆုံးဆေးရုံဖြစ်သော ပန်းလှိုင်ဆေးရုံ-လှိုင်သာယာကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ JCI လက်မှတ်ကို ၃ ကြိမ်တိုင်တိုင် ရရှိခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ နှလုံးရောဂါခံစားနေရသော ကလေးငယ်များအတွက် ပိုမိုအဆင့်အတန်းမြင့်မားသော ကုသမှုအား မည်သူ့ကိုမဆို ဆောင်ကျဉ်းပေးခြင်းအားဖြင့် ယင်းတို့၏ ရှင်သန်နိုင်မှု သက်တမ်းကို တိုးမြှင့်လာစေရန်၊ ပြန်လည်သက်သာနှုန်း ပိုမိုမြန်ဆန်လာစေရန် နှင့် ပိုမိုအရည်အသွေးကောင်းမွန်သော ဘဝများကို ပိုင်ဆိုင်နိုင်စေရန် ရည်ရွယ်ပါသည်။ သို့ဖြစ်၍ ယခုပူးပေါင်းဆောင်ရွက်မှုသည် ကျန်းမာရေးဝန်ဆောင်မှုထက် ပိုကာ၊ နိုင်ငံ၏ ကျန်းမာရေးကဏ္ဍ ပိုမိုကောင်းမွန်စေရန် အရှိန်အဟုန်မြှင့်တင်ခြင်း၏ ခြေလှမ်းအစပင် ဖြစ်ပါသည်။

"နှလုံးခုန်သံတိုင်းဟာ အရေးကြီးပါသည်။ ပန်းလှိုင်ဆေးရုံများလုပ်ငန်းစုအနေဖြင့် lJN ဆေးရုံကြီးနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံပြည်သူများအတွက် အဆင့်မြင့် နှလုံးကုသခြင်းဝန်ဆောင်မှုအား ယူဆောင်လာခြင်းသည် ကိုယ်ချင်းစာတရား၊ စေတနာနှင့် စိတ်အားထက်သန်မှုတို့ကို ထင်ဟပ်ပြသနေခြင်း ဖြစ်ပါတယ်” ဟု ပန်းလှိုင်ဆေးရုံများလုပ်ငန်းစု၏ Chief Operating Officer ဒေါက်တာ ဇော်ဝင်းစန္ဒီ မှ ပြောကြားသွားခဲ့သည်။

ပန်းလှိုင်ဆေးရုံများလုပ်ငန်းစု အနေဖြင့် နှလုံးခွဲစိတ်ကုသမှုအတွက် လိုအပ်သော ခွဲစိတ်ခန်း၊ လူနာနားနေခန်း၊ ခွဲစိတ်ပြီးနောက် စဉ်ဆက်မပြတ် စောင့်ကြည့်ကုသမှု နှင့် ကုသမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးများကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး
IJNဆေးရုံကြီးမှ ခွဲစိတ်ကုသမှုနှင့် ဆေးပညာရပ် မျှဝေသင်ကြားရေးကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်မည် ဖြစ်ပါသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုတွင် နှလုံးခွဲစိတ်ကုသမှုအပြင် ကျန်းမာရေး ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးခြင်း၊ သင်တန်းပို့ချခြင်း၊ လက်တွေ့ ကွပ်ကဲကြည့်ရှုပေးခြင်း စသည်တို့ ပါဝင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” (MONTHA) သတင်း အမှတ်စဉ်(၀၇/၂၀၂၅) ===========================================၂၀၂၅ ခုနှစ်၊ ...
27/10/2025

ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” (MONTHA) သတင်း အမှတ်စဉ်(၀၇/၂၀၂၅)
===========================================
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် ၁၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်
-----------------------------------------------------------------------
(က) ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” (MONTHA) အခြေအနေ

(၁) ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” (MONTHA) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၅၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၂၆၀ မိုင်ခန့်၊ ကာကီနာဒါမြို့ (Kakinada) ၏ အရှေ့တောင်ဘက် ရေမိုင် ၃၀၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂) ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” ၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” သည် မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၁၂.၅ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၄.၇ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား ၉၉၆ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင်မှ မိုင် ၅၀ နှုန်းခန့် ဖြစ်ပါသည်။

(ဂ) နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ၂၈-၁၀-၂၀၂၅ ရက်နေ့၌ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်ကာ ယင်းနေ့ညပိုင်းတွင် အင်ဒရာ ပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ) သတိပေးနှိုးဆော်ချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” ၏ အရှိန်ကြောင့် ယနေ့နံနက်မှ ၂၈-၁၀-၂၀၂၅ ရက်နေ့အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ ကျဲကျဲမှ နေရာစိပ်စိပ်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။ မြစ်ဝ ကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်း အမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

သို့ဖြစ်ပါ၍ ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” ၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ရေလျှံမှုများကို ကြိုတင်သတိပြုနိုင် ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးလေဝသနှင့်ဇလဦးစီးဌာမှ အသိပေး နှိုးဆော်ထားပါသည်။

ငွေကျပ် ၃ သိန်းကျော်မှစတင်တဲ့ အသက်သာဆုံးစျေးစျေးနှုန်း၊ ၂ နှစ်ကြာကာကွယ်ပေးထားမယ့် Samsung Care+ နှင့် ၆ နှစ်ထိ စိတ်ကြိုက...
23/10/2025

ငွေကျပ် ၃ သိန်းကျော်မှစတင်တဲ့ အသက်သာဆုံးစျေးစျေးနှုန်း၊ ၂ နှစ်ကြာကာကွယ်ပေးထားမယ့် Samsung Care+ နှင့် ၆ နှစ်ထိ စိတ်ကြိုက်သုံးနိုင်မယ့် Samsung Galaxy A07 စမတ်ဖုန်းအသစ်

ရန်ကုန်-အောက်တိုဘာ ( ၂၃)

Samsung Myanmar ကနေ ရိုးရှင်းလှပပြီး အဆင့်မြှင့်တင်ထားသောလုပ်‌ဆောင်ချက်များ ပါဝင်လာတဲ့ Galaxy A07 စမတ်ဖုန်းအသစ်ကို မြန်မာနိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အသစ်မိတ်ဆက်ပေးလိုက်တဲ့ Galaxy A Series စမတ်ဖုန်းတွေကို ငွေကျပ် “၃ သိန်း” ကျော်မှစတင်တဲ့ အသက်သာဆုံးစျေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး Galaxy A07 Series စမတ်ဖုန်း မော်ဒယ်တွေမှာ ပထမဆုံးအနေနဲ့ ပါဝင်လာတဲ့ iP54 အဆင့်ရေစိုဒဏ်ခံနိုင်စွမ်းအပြင် မတော်တဆ ထိခိုက်မှန်ကွဲခြင်းအတွက် Samsung Care+ ဖြင့် “၂ နှစ်အထိ” တိုးမြင့်ကာကွယ်ပေးထားတဲ့အတွက် ရည်ရှည်စိတ်ချစွာအသုံးခံနိုင်မှာပါ။ OS Update နှင့် Security Upgrade ကိုလည်း ၆ နှစ်ထိ ပေးသွားမှာဖြစ်လို့ “၆နှစ်အထိ” စိတ်ကြိုက်သုံးနိုင်စေမှာဖြစ်ပါတယ်။

Galaxy A07 စမတ်ဖုန်းအသစ်ကိုတော့ ခေတ်မှီလှပသော ကင်မရာဒီဇိုင်း၊ သပ်ရပ်လှပသော ဘေးဘောင်ဒီဇိုင်းများကြောင့် ပရီမီယမ်ဆန်တဲ့ ခံစားမှုများကို ရရှိနိုင်မှာပါ။ 184g သာ ရှိပြီး GFRP Materials ကို အသုံးပြုထားတာကြောင့် ပေါ့ပါးကျစ်လျစ်လှပပြီး အကြမ်းခံမှုကို ခံစားနိုင်မှာဖြစ်ပါတယ်။ 6.7” PLS LCD Display နှင့် 90Hz refresh rate ကို အသုံးပြုပေးထားပြီး Performance ပိုင်းတွင်လည်း MediaTek Helio G99 (6nm) AP ကို အသုံးပြုပေးထားတာကြောင့် ပိုမိုကောင်းမွန်လာပြီး ရုပ်ရှင်ကြည့်ခြင်း၊ Gaming ပိုင်းနှင့် multi-tasking ပိုင်းများကို စိုပြေတောက်ပတဲ့မျက်နှာပြင်နှင့် သွက်လက်အမြန်ဆန်ဆုံးဖြင့် အသုံးပြုနိုင်ပါတယ်။ 5,000 mAh ဘက်ထရီကိုထည့်သွင်းပေး ထားလို့ ကြာရှည်စွာ အသုံးပြုနိုင်မှာဖြစ်ပြီး 25W Super-Fast Charging ပါဝင်တာကြောင့် ပြန်လည်အားသွင်းရာမှာလည်း အထူးမြန်ဆန်စေဦးမှာဖြစ်ပါတယ်။ ကင်မရာအပိုင်းမှာလည်း 50MP Main ကင်မရာ နဲ့ 2MP Depth ကင်မရာ တို့ ပါဝင်လာတဲ့အတွက် ပိုမိုကျယ်ပြန့်ပြီး ဝေဝါးမှုနည်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်စေမှာပါ။ 8MP Selfie ကင်မရာ ကို အသုံးပြုထားပြီး Studio Quality ဆန်တဲ့ Self Portraits များကိုလည်း ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ စိတ်အချရဆုံး လုံခြုံရေးစနစ်ကို ပေးစွမ်းနိုင်စေဖို့ EAL5+ ရဲ့ ကမ္ဘာ့အဆင့်မီ လုံခြုံရေးစနစ်အသိအမှတ်ပြုလက်မှတ် ရရှိထားတဲ့ Samsung Knox Vault ကိုလည်း Galaxy A07 မှာ ထည့်သွင်းပေးထားတာကြောင့် Samsung Knox Vault က မိုဘိုင်းဖုန်းရဲ့ Software ပိုင်း နဲ့ Hardware ပိုင်း ၂ မျိုးလုံးကို ကာကွယ်ပေးနိုင်မှာဖြစ်ပြီး End-to-end data encryption ပြုလုပ်ပေးထားတာဖြစ်လို့ မည်သည့်အခြေအနေမှာမဆို မိမိရဲ့ ဒေတာတွေကို အခြားတစ်စုံတစ်ယောက်က ခိုးယူဝင်ရောက်ခြင်းမပြုနိုင်အောင် တားဆီးပေးထားနိုင်မှာ ဖြစ်ပါတယ်။

Galaxy A07 စမတ်ဖုန်းအသစ်များကို လူငယ်ဆန်ပြီး လှပတဲ့ အရောင်တွေနဲ့ ရရှိနိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံ ဈေးကွက်အတွင်းမှာ အောက်ပါ အရောင်နဲ့ ဈေးနှုန်းတွေ အတိုင်း ဝယ်ယူရရှိနိုင်မှာပါ။
• Galaxy A07 (6/128 GB) – ၅၃၇,၀၀၀ ကျပ်
• Galaxy A07 (4/128 GB) – ၄၇၄,၀၀၀ ကျပ်
• Galaxy A07 (4/164 GB) – ၃၉၉,၀၀၀ ကျပ်
• ရရှိနိုင်မည့်အရောင်များ - Black၊ Light Violet၊ Green
Galaxy A07 စမတ်ဖုန်းအသစ်ကို နီးစပ်ရာ Samsung Showroom နဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်သလို Samsung ရဲ့ တရားဝင် eStore လင့်ခ် (https://bit.ly/buy-galaxya07) မှတစ်ဆင့်လည်း နှစ်သက်ရာ အရောင်၊ Memory စသည်တို့ကို ရွေးချယ်ပြီး လွယ်ကူအဆင်ပြေစွာဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Galaxy A07 စမတ်ဖုန်းအသစ်တွေကို ဝယ်ယူမယ်ဆိုရင် အောက်ပါအထူးခံစားခွင့်နှင့် လက်ဆောင်တွေကိုလည်း ရရှိသွားနိုင်ဦးမှာပါ။
· လက်ဆောင်အနေနဲ့ 25W Charger နဲ့ Silicone Cover တို့ပါဝင်တဲ့ Free Gift Bundle Box ကို ပစ္စည်းလက်ကျန်ရှိသလောက် ရယူနိုင်မှာဖြစ်ပါတယ်။
· အတိုးမဲ့ အရစ်ကျ အစီအစဉ် အနေနဲ့လည်း AYA Pay (သို့) Blue Season အစီအစဥ်များနဲ့ ချိတ်ဆက်ပြီး (၆) လအရစ်ကျ စနစ်နဲ့ ဝယ်ယူသွားနိုင်ဦးမှာဖြစ်ပါတယ်။
· ATOM SIM Card ကို လက်ရှိအသုံးပြုနေသူနဲ့ SIM Card အသစ် ဝယ်ယူအသုံးပြုသူတွေအနေနဲ့လည်း လစဉ် ကျပ် ၁၀,၀၀၀ (သို့) ၅,၀၀၀ (သို့) ၃,၀၀၀ တန်ဖိုးရှိ ဖုန်းဘေလ် ဖြည့်သွင်းရုံနဲ့ ဖြည့်သွင်းတဲ့ ငွေပမာဏအလိုက် ဒေတာ 3GB မှ 8GB အထိကို ၆ ကြိမ် အခမဲ့ ရရှိသွားမှာပါ။
· Samsung Care+ ရဲ့ No Worry Crack ဝန်ဆောင်မှုအနေနဲ့ မတော်တဆဖြစ်ပြီး ဖုန်းအနောက် မျက်နှာပြင် ပျက်စီးခြင်း အတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၁၀၀ % သက်သာခွင့်၊ ဖုန်းအရှေ့မျက်နှာပြင် ပျက်စီးခြင်းအတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၆၀ % သက်သာခွင့် တွေကို ဝယ်ယူတဲ့နေ့မှ ၂ နှစ်အတွင်း ခံစားခွင့် ၁ ကြိမ်ကိုလည်း ရရှိသွားနိုင်ဦးမှာပါ။

Galaxy A07 စမတ်ဖုန်းအသစ် အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက Samsung Myanmar page မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

မြေငလျင်ငယ်သတင်း17/10/2025မဂ္ဂနီကျု ၃.၉ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့ည ၁၁:၀၉ နာရီ။မြေအောက်အနက် ၄ မိုင်။မြေငလျင်သတင်းစင်တာ
17/10/2025

မြေငလျင်ငယ်သတင်း
17/10/2025
မဂ္ဂနီကျု ၃.၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့
ည ၁၁:၀၉ နာရီ။
မြေအောက်အနက် ၄ မိုင်။

မြေငလျင်သတင်းစင်တာ

ချောမွေ့မြန်ဆန်သည့် မိုဘိုင်းလ်ခေတ်သစ်တစ်ခုကို ယူဆောင်လာမည့် vivo ၏ OriginOS ကို နိုင်ငံတကာတွင်စတင်မိတ်ဆက်ခဲ့  ရန်ကုန်- ...
16/10/2025

ချောမွေ့မြန်ဆန်သည့် မိုဘိုင်းလ်ခေတ်သစ်တစ်ခုကို ယူဆောင်လာမည့် vivo ၏ OriginOS ကို နိုင်ငံတကာတွင်စတင်မိတ်ဆက်ခဲ့


ရန်ကုန်- အောက်တိုဘာလ (၁၆)

ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခု ဖြစ် သော vivo သည် အဆင့်မြင့်ဆုံးနည်းပညာပါဝင်လာသည့် ဖုန်း၏ ဆော့ဖ်ဝဲလ် လည်ပတ်သည့််စနစ် ဖြစ်သော OriginOS ကို နိုင်ငံတကာတွင် စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း အောက်တိုဘာလ (၁၅) ရက်တွင် ကြေညာခဲ့သည်။

“နှစ်ပေါင်းများစွာကြာအောင် vivo က နိုင်ငံတကာနည်းပညာနယ်ပယ်မှာ ခိုင်မာစွာရပ်တည်နိုင်စေဖို့ “More Local, More Global” ခေါင်းစဉ်အောက်မှာ သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ထုတ်ကုန်တွေနဲ့ အတွေ့အကြုံအသစ်တွေကို ဆက်လက်ဖန်တီးသွားမှာဖြစ်တယ်” လို့ vivo ၏ Senior Vice President and Chief Technology Officer တာဝန်ရှိသူ SHI Yujian က ဆိုသည်။ဆက်လက်၍ “vivo ရဲ့ နှစ်(၃၀)ပြည့် အထိမ်းအမှတ်အနေနဲ့ နောက်ထပ်ခြေလှမ်း တစ်ခုဖြစ်တဲ့ OriginOS ကို နိုင်ငံတကာမှာစတင်မိတ်ဆက်ခဲ့ပါတယ်။ “Origin Design”လမ်းညွှန်ချက် ဖြင့် အဓိကအခန်းကဏ္ဍ (၃)ခုဖြစ်သော ချောမွေ့မှု၊ ဒီဇိုင်း၊ AI ပိုင်းကို အခြေခံပြီး လူတွေနဲ့ ဒီဂျစ်တယ် ကမ္ဘာကိုချိတ်ဆက် ပုံဖော်နိုင်ဖို့ OriginOS6 ကို လုပ်ဆောင်ခဲ့တာပါ” ဟုပြောကြားသည်။

လုပ်ဆောင်ချက်တိုင်းတွင်လွယ်ကူချောမွေ့မြန်ဆန်စေမည်
OrigionOS6 ၏ အဓိကအနှစ်သာရဖြစ်သော ချောမွေ့သွက်လက်မှုသည် လုပ်ဆောင်ချက်တစ်ခုထက် ကို သာလွန်နေပြီး ကျွမ်းကျင်မှု၏စံနှုန်းသစ်တစ်ခုအဖြစ် ကိုယ်စားပြုတည်ရှိနေသည်။ Origin Smooth Engine အသစ်သည် နည်းစနစ်၏ အဓိကအပိုင်းများ၊ လုပ်ဆောင်ချက်၊သိုလှောင်မှုနှင့် မျက်နှာပြင်တို့ ကြား ချိတ်ဆက်မှုကို အံဝင်ခွင်ကျဖြစ်စေပြီး ဘက်ပေါင်းစုံတွင် ပြည့်စုံချောမွေ့သွက် လက်သည့် အတွေ့အကြုံကို ယူဆောင်လာမည်ဖြစ်သည်။

8+1 Ultra-Core ၏ တွက်ချက်လုပ်ဆောင်မှုသည် အရေးကြီးသောကဏ္ဍများကို ဦးစွာဆောင်ရွက်စေ ပြီး အက်ပလီကေးရှင်းစတင်ဖွင့်သည့် app cold-start နှုန်းကို ၁၈.၅ ရာခိုင်နှုန်းနှင့် Frame-rate တည်ငြိမ်မှုကို ၁၀.၅ ရာခိုင်နှုန်းအထိ တိုးလာစေမည်ဖြစ်သည်။ များစွာသော လုပ်ဆောင်ချက်များ ကြားတွင် Dual Rendering သည် ရွေ့လျားလုပ်ဆောင်ချက်ကို ၃၅ရာခိုင်နှုန်း အထိတိုးမြှင့်စေပြီးနှင့် Frame-rate ကို ၁၁ရာခိုင်နှုန်းအထိ တည်ငြိမ်အောင်ထိန်းထားပြီး မှတ်ဉာဏ် ပူးပေါင်းလုပ်ဆောင်မှု ကြောင့် ဒေတာများဆောင်ရွက်ခြင်းကို ၁၀၆ရာခိုင်နှုန်းအထိမြှင့်တင်ပေးသည်။

Origin Animation စနစ်မှတစ်ဆင့် ချောမွေ့သွက်လက်မှုကို မျက်နှာပြင်တွင် ပထမဆုံးတွေ့မြင်ရမှာ ဖြစ်ပြီး သက်ဝင်လှုပ်ရှားနေသည့် ပုံရိပ်အတွေ့အကြုံများကို Spring Animation၊ Blur Transition၊ Morphing Animation နှင့် One Shot Animation မှတစ်ဆင့် မြင်တွေ့ရမည့်အပြင် တစ်ချက်နှိပ်လိုက် တိုင်းတွင် သဘာဝစည်းချက်နှင့် ပုံရိပ်ချိတ်ဆက်မှုကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

နည်းပညာနယ်ပယ်တွင် ပထမဦးဆုံး vivo ၏ Snap-Up Engine သည် မြန်ဆန်စွာလုပ်ဆောင်နိုင် ခြင်းကို အသားပေးပြီး လျင်မြန်စွာလုပ်ဆောင်ရသည့် ကိစ္စရပ်များဖြစ်သော လက်မှတ်ဝယ်ခြင်း စသည့် လုပ်ဆောင်မှုတွေမှာ အသုံးပြုသူတွေကို ခြေတစ်လှမ်းသာစေမည်ဖြစ်သည်။ အက်ပလီ ကေးရှင်းဖွင့်ရာတွင် မြန်ဆန်စွာချိတ်ဆက်စေပြီး တစ်ပြိုင်နက်တည်း အက်ပလီကေးရှင်း (၅၀)ခန့် လောက်ကို ၁၆ရာခိုင်နှုန်းအထိ ပိုမိုမြန်ဆန်စေပြီး ဖုန်းမျက်နှာပြင်ထိတွေ့မိမှုနှင့် လှုပ်ရှားမှုများကို သက်သောင့်သက်သာဖြစ်စေပြီး ချောမွေ့သွက်လက်စေသည့်အပြင် ၄၁ရာခိုင်နှုန်း ပိုမိုမြန်ဆန်စေ မည်ဖြစ်သည်။

ချောမွေ့မြန်ဆန်သွက်လက်မှုသည် ခဏတာမဟုတ်ဘဲ ရေရှည်တွင်လည်း ဆက်လက်၍ ချောမွေ့အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ နောက်ဆုံးထွက် vivo X300 Pro မှာပါဝင်သည့် OriginOS6 သည် SGS certification for sustained smoothness ကိုရရှိထားပြီး (၅)နှစ်ကြာ ဆက်တိုက်သုံးစွဲမှုပြီးနောက်တွင်လည်း အဆင်ပြေချောမွေ့စေသည်။ ဤဆန်းသစ်တီထွင်မှုများ သည် vivo ၏ ချောမွေ့မြန်ဆန်မှု အတွေ့အကြုံကို အသုံးပြုသူများထံ နေ့စဉ်ယူဆောင် လာပေးမည် ဖြစ်သည်။

သဘာဝနှင့်အနီးစပ်ဆုံးပုံဖော်ထားသည့် ဒီဇိုင်း
သဘာဝတရားနှင့်နေ့စဉ်ဘဝ၏အတွေ့အကြုံများကို အခြေခံထားပြီး OriginOS 6 သည် ဒီဂျစ်တယ် ဘဝကို ပိုမိုမြင်သာစေရန်၊ သက်သောင့်သက်သာနှင့် ပျော်စရာကောင်းသော အခိုက်အတန့်များ ဖန်တီးနိုင်စေရန် လုပ်ဆောင်ထားသည်။

Origin Design စနစ်သည် အရောင်၊ပုံသဏ္ဍာန်၊သ‌င်္ကေတ၊ပုံ၊စာလုံး၊အထားအသို၊အကွာအဝေး စသည်တို့ပါဝင်သည့် မြင်တွေ့ရသည့်ပုံသဏ္ဍာန်များကို ရိုးရိုးရှင်းရှင်း တိတိကျကျပေါင်းစည်း ထားခြင်း ဖြစ်သည်။ဘရန်းဖောင့်အသစ်ဖြစ်သော vivo Sans ဖောင့်သည် ဘာသာစကား (၄၀)ကျော် ကို ရရှိနိုင်မည်ဖြစ်ပြီး သ‌င်္ကေတများကိုလည်း ရှင်းလင်းစွာ ပြင်ဆင်ထားသည်။ ကြည်လင်ပြီး တောက်ပသော Dynamic Glow နှင့် Translucent Color တို့သည် အပြန်အလှန်ပေးပို့မှုတိုင်းအတွက် ရှင်းလင်းပြီး စိုတောက်သောအရောင်ကို ဖြည့်သွင်းထားသောကြောင့် အက်ပလီကေးရှင်း အကူး အပြောင်းများတွင် သက်ဝင်စွာပြောင်းရွှေ့နိုင်မည်ဖြစ်သည်။

ဒီဂျစ်တယ်နေ့စဉ်ဘဝကို ပိုမိုလက်တွေ့ဆန်အောင် ယူဆောင်လာပြီး vivo ၏ အက်ပလီကေးရှင်း ဒီဇိုင်းသစ်ကို ထပ်မံမိတ်ဆက်ခဲ့သည်။ iManager သည် ဖုန်းအခြေအနေကိုစစ်ဆေးခြင်းပြီး Origin Health သည် ကျန်းမာရေးအခြေအနေကိုစောင့်ကြည့်ပြီး အသုံးပြုသူများ၏ လက်ရှိလုပ်ဆောင် နေသောတာဝန်များကို လွယ်ကူအေးဆေးစွာ အာရုံစိုက်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ Immersive Weather အသစ်သည် အသုံးပြုသူများအနေဖြင့် နောက်ဆုံးပေါ်ဒီဂျစ်တယ်နည်းပညာမှ ရာသီဥတု အခြေအနေကို ကြိုတင်သိနိုင်မည်ဖြစ်သည်။

OriginOS 6 သည် လူတစ်ယောက်ချင်း၏ ခံစားချက်ဖော်ပြမှုကိုလည်း ပုံဖော်ထားသည်။ Lock Screen Grid အသစ်တွင် အသုံးပြုသူများသည် မိမိစိတ်တိုင်းကျ နေရာချခြင်းနှင့် အရွယ်အစားပြောင်းခြင်း၊ ဖောင့်များကို လုပ်ခြင်း၊ ပုံများကိုပေါင်းခြင်းများလုပ်ဆောင်နိုင်သည်။ပြန်လည်ဆန်းသစ်ထားသော Home Screen Grid သည် ဖုန်းမျက်နှာပြင်ပေါ်တွင် စိတ်တိုင်းကျ အက်ပလီကေးရှင်းများကို စုစည်းထားနိုင်ပြီး၊ Flip Cards သည် နေ့စဉ်ရိုက်ကူးထားသည့် အမှတ်တရဓာတ်ပုံများကို ဖုန်းကို စောင်းလိုက်ရုံဖြင့် သဘာဝကျကျ သက်ဝင်စွာနှင့် မြင်တွေ့ရမည်ဖြစ်သည်။

ကိုယ်ပိုင်စွမ်းရည်ကို တိုးမြှင့်ပေးမည့် vivo AI
OriginOS 6 တွင် ပါဝင်လာမည့် vivo AI သည် ကိုယ်ပိုင်စွမ်းရည်ကိုနောက်တစ်ဆင့်သို့ တက်လှမ်းနိုင် အောင်ခေါ်ဆောင်ပေးမည်ဖြစ်သည်။ Google နှင့် အတူ ပူးပေါင်းမှုဖြင့် Gemini နှင့် Circle to Search ကို အဆင့်မြှင့်တင်ပေးပြီး ပိုမိုသပ်ရပ်ပြီးသိမြင်နိုင်သည့် အတွေ့အကြုံကို ယူဆောင်လာမည်။

သဘာဝကျပြီး မြင်သာသည့်ပုံစံဖြင့် အပြန်အလှန်ချိတ်ဆက်မှုများကို Android 16’s Live Updates ပေါင်းစပ်မှုဖြင့် Origin Island သည် ဖုန်း၏မျက်နှာပြင်ထိပ်တွင် အချိန်နှင့်တပြေးညီမြင်တွေ့ရမည် ဖြစ်ပြီး အက်ပလီကေးရှင်းမှထွက်လျှင်လည်း မြင်ရနေမည်ဖြစ်သည်။ထို့အပြင် ဆက်စပ်အကြောင်း အရာများကို အကြံပြုဖော်ပြပေးပြီး ဖုန်းနံပါတ်ကူးယူပြီး ဖုန်းခေါ်ဆိုခြင်း၊ စာရိုက်ခြင်း (သို့) ဆက်သွယ်မည့်နံပါတ်အသစ်မှတ်ယူခြင်း၊ဆွေးနွေးပွဲအချိန်နှင့် အကြောင်းအရာများကို ပြက္ခဒိန်တစ် ခု အဖြစ် ဖန်တီးနိုင်ခြင်းတို့ကို Copy & Go ဖြင့် လုပ်ဆောင်နိုင်သည်။ ဓာတ်ပုံပြင်ခြင်းကို လည်း Drag &Go မှတစ်ဆင့် ပုံကိုဆွဲယူပြီး Origin Island ကိုပေးပို့ခြင်းဖြင့် ပြောင်းစရာမလိုဘဲ အကြံပြု အက်ပလီကေးရှင်းတွင် ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်သည်။

vivo AI သည် နေ့စဉ်ဘဝအခြေအနေများကို ဖန်တီးနိုင်စွမ်းနှင့် အလုပ်ပြီးမြောက်မှုကို ယူဆောင်လာ သည်။ ဓာတ်ပုံစွမ်းဆောင်ရည်များတွင် AI Erase၊ AI Image Expander နှင့် AI Photo Enhance တို့ပေါင်းစပ်ထားသည့် AI Retouch သည် သက်သောင့်သက်သာဖြင့် တစ်ချက်တည်း ပြင်ဆင်နိုင် မည်။ နေ့စဉ်အလုပ်ပြီးမြောက်မှုတွင် vivo AI သည် ဆက်သွယ်မှု၊စာရွက်စာတမ်းများ၊ကိုယ်ပိုင် ဖန်တီးမှုများနှင့် အချက်အလက်ရှာဖွေမှုများကို အသုံးချနိုင်သည့်လုပ်ဆောင်ချက်များဖြစ်သော Smart Call Assistant၊ DocMaster၊ AI Creation နှင့် AI Search များကိုအသုံးပြု၍ နေ့စဉ်လုပ်ဆောင် မှုများကို ရိုးရှင်းလွယ်ကူစွာ အလုပ်ပြီးမြောက်စေမည်ဖြစ်သည်။

ဖုန်းတစ်ခုကို ချိတ်ဆက်မှုအပြင် vivo AI သည် လုပ်ဆောင်ချက်များကို အချိတ်အဆက်မိမိ ပေါင်းစပ် ထားသည့် Office Kit နှင့် One-Tap Transfer တို့သည် ဖုန်းနှင့်မတူညီသည့် စနစ်လုပ်ဆောင်ချက်များ ကြား အလုပ်နှင့် ဖန်တီးနိုင်မှုကို တစ်ခုမှတစ်ခုသို့ လွယ်ကူစွာပေးပို့နိုင်မည်ဖြစ်သည်။

လုံခြုံရေးနှင့် ခံနိုင်ရည် စွမ်းရည်
OriginOS 6 သည် vivo Security brand နှင့်အတူ လုံခြုံရေးကိုတိုးမြှင့်ထားပြီး ဒေတာလုံခြုံရေးနှင့် လျှို့ဝှက်ချက်ကို စိတ်ချရစေပြီး ဒေတာကိုချုံ့ခြင်း၊ ဖုန်းပေါ်တွင် အသုံးချနိုင်ခြင်း၊ ပွင့်လင်းမြင်သာ မှုနှင့် ထိန်းချုပ်နိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်မည်။

အသုံးပြုနိုင်ခြင်း
OriginOS ကို နိုင်ငံတကာတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ စတင်ရရှိနိုင်မည်ဖြစ်ပြီး နိုင်ငံပေါ်မူတည်ပြီး upgrade ရရှိနိုင်သည့်အချိန်ကွာခြားမည်ဖြစ်သည်။

U9 နှင့် Light of Dawn (LOD) လက်တွဲပူးပေါင်း၍ မြန်မာ့ Esports ကဏ္ဍမြှင့်တင်မှုအား ဆောင်ရွက်ရန်ကုန်- အောက်တိုဘာလ ၁၃ထိပ်တန...
13/10/2025

U9 နှင့် Light of Dawn (LOD) လက်တွဲပူးပေါင်း၍ မြန်မာ့ Esports ကဏ္ဍမြှင့်တင်မှုအား ဆောင်ရွက်
ရန်ကုန်- အောက်တိုဘာလ ၁၃

ထိပ်တန်း ဒစ်ဂျစ်တယ် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူ U9 သည် Esports ကဏ္ဍအတွက် ခြေလှမ်းသစ်တစ်ခုအနေဖြင့် ပရိတ်သတ်များ မျှော်လင့်စောင့်စားနေသည့် Light of Dawn (LOD) Season 3 Esports ပြိုင်ပွဲ၏ တရားဝင် တယ်လီကွန်း မိတ်ဖက်အဖြစ် ပူးပေါင်းပါဝင်ကြောင်း ဂုဏ်ယူစွာ ကြေညာအပ်ပါသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာကို U9 ၏ အမှုဆောင်အရာရှိချုပ် ဒေါ်ကာရိုလိုင်း ယဉ်ယဉ်ဌေး နှင့် LOD ကို စီစဉ်ဆောင်ရွက်သည့် Ultra Solution Technology Company Limited ၏ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးအေး တို့မှအောက်တိုဘာလ(၁၁}ရက်နေ့တွတွင် လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပသည်။
ဤ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမှ U9 သည် ခေတ်မီဆန်းသစ်သော SMS မဲပေးစနစ် Platform ကို ပံ့ပိုးပေးခြင်းဖြင့် ပရိသတ်များ၏ ပါဝင်အားပေးမှုကို တိုးမြှင့်သွားရန် ရည်ရွယ်၍၎င်းစနစ်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ ပရိသတ်များအား ၎င်းတို့ ကြိုက်နှစ်သက်ရာ ကစားသမားများ၊ Streamer များနှင့် အသင်းအဖွဲ့များကို အားပေးနိုင်ရန် ပံ့ပိုးပေးမည်ဖြစ်ပြီး၊ Esports စွမ်းရည်များကို တခဲနက် ဂုဏ်ပြုသည့် လူမှုအသိုက်အဝန်းတစ်ခုကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
Esports နယ်ပယ်၏ ထူးချွန်မှုများကို ဂုဏ်ပြုခြင်း
Esports Award by LOD သည် အသင်းအဖွဲ့နှင့် အဖွဲ့အစည်းများ၊ ကစားသမားများနှင့် နည်းပြများ၊ Streamer/ Influencerများ၊ အကဲဖြတ်သူများ/မှတ်ချက်ပေးသူများ၊ ဖန်တီးမှုဆိုင်ရာ Content ဖန်တီးသူများ နှင့် ဒီဇိုင်းပိုင်းဆိုင်ရာ ပညာရှင်များ စသည့် ကဏ္ဍများ အပါအဝင် Esports နယ်ပယ်၏ ထူးခြားသော အောင်မြင်မှုများကို ဂုဏ်ပြုချီးမြှင့်မည့် အစီအစဉ် ဖြစ်ပါသည်။ U9 ၏ ယုံကြည်စိတ်ချရပြီး အချိန်နှင့်တစ်ပြေးညီ မဲရေတွက်မှု ပါဝင်သော ခေတ်မီဆန်းသစ်သည့် SMS မဲပေးစနစ် (Platform) မှတစ်ဆင့် ပရိသတ်များသည် ဆုအမျိုးအစား ၁၉ ခု အတွက် အားပေးမဲပေးနိုင်မည် ဖြစ်ပါသည်။ SMS မဲပေးခြင်းကို အောက်တိုဘာလ ၂၀ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ပြုလုပ်နိုင်ပါသည်။ နောက်ဆုံးအဆင့် ရွေးချယ်ခံရသူများအား ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် Award Ceremony၌ တိုက်ရိုက်ထုတ်လွှင့်မှုများဖြင့် ခမ်းခမ်းနားနား ကြေညာ၍ ဆုများ ချီးမြှင့်အပ်နှင်းသွားမည် ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များကို Gameverse by U9 နှင့် LOD ၏ ဆိုရှယ်မီဒီယာ ချန်နယ်များတွင် မကြာမီ ဖော်ပြပေးသွားပါမည်ဖြစ်ကြောင်းသိရသည်။
ပွင့်လင်းမြင်သာမှုနှင့် တိကျမှန်ကန်မှုတို့အပေါ် အလေးထားဆောင်ရွက်ခြင်း
U9 ၏ အမှုဆောင်အရာရှိချုပ် ဒေါ်ကာရိုလိုင်း ယဉ်ယဉ်ဌေး က"U9 ဟာ ချိတ်ဆက်သွယ်မှုရဲ့ စွမ်းအားနဲ့ အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးဖို့ ရှေ့ဆက်လှမ်းနေတာပဲဖြစ်ပါတယ်။ ကျွန်မတို့အတွက် Esports ဆိုတာ ဖျော်ဖြေရေးသက်သက် မဟုတ်ဘဲ တီထွင်ဖန်တီးမှု၊ ယှဉ်ပြိုင်မှုနဲ့ ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုတွေအတွက် အရေးပါတဲ့ ကဏ္ဍတစ်ခုကို ဖော်ဆောင်နေတာလို့ ခံယူထားပါတယ်။ ဒါ့ကြောင့် LOD နဲ့ ပူးပေါင်းဆောင်ရွက်တာဟာ Esports လောကက ထူးချွန်သူတွေကို အသိအမှတ်ပြုရာမှာ ပရိသတ်တွေရဲ့ ရင်ထဲကလာတဲ့ ပါဝင်အားပေးမှုကို တန်ဖိုးထားထောက်ခံတဲ့ ကတိကဝတ်ပါပဲ" ဟု ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး "ကျွန်မတို့အနေနဲ့ ပွင့်လင်းမြင်သာပြီး တိကျမှန်ကန်တဲ့ မဲပေးစနစ်ကို ပေးအပ်သွားမှာဖြစ်ပြီး၊ ဒီအစီအစဉ်ကတစ်ဆင့် မြန်မာ့ Esports ဂေဟစနစ်ကို ပံ့ပိုးခွင့်ရတဲ့အပြင် ကျွန်မတို့ရဲ့ Gameverse Platform ကို မြှင့်တင်ပေးနိုင်တာကိုပါ ဂုဏ်ယူမိပါတယ်" ဟု ဖြည့်စွက်ပြောကြားခဲ့ပါသည်။
မဲပေးစနစ်နှင့် ပရိသတ်များ ပါဝင်အားပေးမှု
ပရိသတ်များသည် ဆန်ခါတင်စာရင်းဝင်သူ၏ ကုဒ်နံပါတ်ကို SMS ပေးပို့ခြင်းဖြင့် မဲပေးနိုင်မည် ဖြစ်သည်။ SMS မဲ တစ်ခုစီတိုင်းသည် နောက်ဆုံးရမှတ်၏ ၇၀% တွင် အကျုံးဝင်မည်ဖြစ်သည်။ ကျန်ရှိသော ၃၀% ကိုမူ သက်ဆိုင်ရာ ဆုအမျိုးအစားတစ်ခုစီရှိ ဆန်ခါတင်စာရင်းဝင်များ အချင်းချင်း မဲပေးသည့် peer voting စနစ်မှ ရရှိမည်ဖြစ်သည်။ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ယုံကြည်မှုကို တည်ဆောက်ရန်အတွက်၊ ဆုပေးပွဲကို ရင်ခုန်စိတ်လှုပ်ရှားစေမည့် နောက်ဆုံးအပတ်မှအပ ကျန်ရှိသည့် မဲပေးကာလတစ်လျှောက်လုံးတွင် အပတ်စဉ် မဲရရှိမှု ဦးဆောင်သူစာရင်းများကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။ ဤကြေညာချက်များကို Gameverse by U9နှင့် LOD ၏ ဆိုရှယ်မီဒီယာချန်နယ်များတွင် အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
Esports ကဏ္ဍအတွက် အခွင့်အလမ်းများကို ဖန်တီးပေးခြင်း
"ပြည်တွင်း ပရိသတ်တွေရဲ့ တခဲနက် အားပေးမှုကြောင့် ပြိုင်ပွဲစီးရီးအသစ်ကို ကျင်းပနိုင်ခဲ့တာဖြစ်ပြီး၊ အခုဆိုရင် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး Esports ကဏ္ဍအားလုံးအတွက် ဆုချီးမြှင်သွားမယ့် အစီအစဉ်ပါ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံတစ်ဝန်းက Esports ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်ရုံသာမကဘဲ၊ ဆုရရှိသူတွေရဲ့ အသက်မွေးဝမ်းကြောင်းကို မြှင့်တင်ပေးပြီး Esports အသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်တဲ့အထိပါ တွန်းအားပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပရော်ဖက်ရှင်နယ် ကစားသမားတွေအနေနဲ့လည်း ၄င်းတို့ရဲ့ စွမ်းရည်တွေကို ပြသခွင့်ရမယ့်အပြင် မြန်မာ့ Esports သမိုင်းမှာ စံချိန်တင် အကြီးဆုံး ဆုကြေးငွေ ရရှိမယ့် အခွင့်အရေးကို ရရှိမှာဖြစ်ပါတယ်" ဟု Ultra Solution Technology Company Limited ၏ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးအေးက ပြောကြားခဲ့ပါသည်။
မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေးတွင် လူငယ်များ ပိုမိုပါဝင်လာ‌‌‌ရေးအတွက် U9 ၏ မဟာဗျူဟာမြောက် ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် ဤပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်သည်။ Esports ကဏ္ဍကို ပံ့ပိုးပေးခြင်းအားဖြင့် U9 သည် ပညာရှင်များ၊ တီထွင်ဖန်တီးမှုများနှင့် လူမှုအသိုက်အဝန်းများအတွက် လမ်းသစ်များ ဖော်ဆောင်ရန် ရည်ရွယ်ပြီး ရည်မှန်းချက်ကြီးမားသော Gamer များ၊ Content ဖန်တီးသူများနှင့် အသင်းအဖွဲ့များအနေဖြင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်၊ တစ်နိုင်ငံလုံးရှိ ပရိသတ်များ၏ အားပေးမှု ရရှိရန်နှင့် တိုးတက်လာနေသော ဒစ်ဂျစ်တယ်ကဏ္ဍတွင် အလုပ်အကိုင်အခွင့်အလမ်းများဖြင့် ရပ်တည်နိုင်ရန် မျှော်မှန်းထားကြောင်းသိရသည်။

11/10/2025

ရန်ကုန်မြို့၊အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရပ်ကွက်ရှိ
မြင့်မိုရ်တည်းခိုခန်းမီးလောင်မှုဖြစ်ပွားရုပ်သံ

CrdVD

မသင့်မလျော်အယောင်ဆောင်အလှူခံများအားရှောင်တခင်စစ်ဆေးအရေးယူသွားမည်ရန်ကုန်- အောက်တိုဘာ ၁၁တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွ...
11/10/2025

မသင့်မလျော်အယောင်ဆောင်အလှူခံ
များအားရှောင်တခင်စစ်ဆေးအရေးယူ
သွားမည်

ရန်ကုန်- အောက်တိုဘာ ၁၁

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး
တွင်အလှူခံအဖွဲ့များနှင့်လည်းကောင်း
အလှူခံမဏ္ဍပ်ဖွင့်လှစ်၍လည်းကောင်း
အကြောင်းအမျိုးမျိုးဖြင့်အလှူခံလျက်
ရှိကြောင်းထေရ်ဝါကြီးဆရာတော်များ
၏အကြောင်းကြားသြဝါဒပြုလာခဲ့
သည့်အပေါ်သာသနာရေးနှင့်ယဥ်ကျေး
မှုဝန်ကြီးဌာန(သာသနာရေး)မှအများ
ပြည်သူသိရှိနိုင်ရေးအတွက်အသိပေး
ဖော်ပြခဲ့ကြောင်းသိရသည်။

အသိပေးဖော်ပြချက်တွင်တိုင်းဒေသ
ကြီးပြည်နယ်အသီးသီးတွင်အလှူခံ
အဖွဲ့များဖြင့်လည်းကောင်းအလှူခံ
မဏ္ဍပ်ဖွင့်လှစ်၍အကြောင်းအမျိုးမျိုး
ပြအလှူခံလျက်ရှိကြောင်းအဆိုပါ
အလှူခံများအနက်အချို့အလှူခံများ
သည်မြို့နယ်သံဃာ့နာယကအဖွဲ့၏
ထောက်ခံချက်ဖြင့်အလှူခံလျက်ရှိ
သော်လည်းအချို့အလှူခံများမှာ
ထောက်ခံချက်မိတ္တူများဖြင့်အလှူခံ
ခြင်း ကော်မရှင်ခရယူဆောင်ရွက်
ခြင်း အစရှိသည့်မသင့်မလျော်သော
အယောင်ဆောင်အလှူခံလျက်ရှိသည်
ကိုစီစစ်တွေ့ရှိရကြောင်း ထိုသို့မသင့်
မလျော်အယောင်ဆောင်အလှူခံမှု
များကြောင့်ဗုဒ္ဓဘာသာဓလေ့ထုံးစံ
နှင့်ပုံရိပ်ကိုထိခိုက်စေကြောင်းသိရှိ
ရသဖြင့်အဆိုပါမသင့်မလျော်အလှူ
ခံမှုများအားသက်ဆိုင်ရာမြို့နယ်
သံဃာ့နာယကအဖွဲ့ကြီးကြပ်မှုဖြင့်
ဒေသခံအုပ်ချုပ်ရေးအဖွဲ့အစည်းများ
နှင့်ပူးပေါင်းပြီးရှောင်တခင်စစ်ဆေး
အရေးယူသွားမည်ဖြစ်ကြောင်း
အများပြည်သူသိရှိနိုင်စေရန်အသိ
ပေးဖော်ပြထားသည်။

Address

Yangon
TOPNEWS

Website

Alerts

Be the first to know and let us send you an email when ရန်ကုန်လွင်ပြင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရန်ကုန်လွင်ပြင်:

Share