The Picture Design Studio

The Picture Design Studio Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Picture Design Studio, Media/News Company, U Htun Chan Street, Kamayut township, Yangon.

ဒီနှစ်ထဲ လုပ်ပေးဖြစ်တဲ့ Social Media Page တွေအတွက် Social Post Design တချို့ပါ...
05/09/2025

ဒီနှစ်ထဲ လုပ်ပေးဖြစ်တဲ့ Social Media Page တွေအတွက် Social Post Design တချို့ပါ...

စီးပွားရေးကြော်ငြာအတွက်ဖြစ်ဖြစ်၊ NGO အဖွဲ့အစည်းအတွက်ဖြစ်ဖြစ် ကာတွန်းနဲ့ သရုပ်ဖော်ပုံတွေကို  The Picture Design Studio မှ...
12/05/2024

စီးပွားရေးကြော်ငြာအတွက်ဖြစ်ဖြစ်၊ NGO အဖွဲ့အစည်းအတွက်ဖြစ်ဖြစ် ကာတွန်းနဲ့ သရုပ်ဖော်ပုံတွေကို The Picture Design Studio မှာ အပ်နှံရေးဆွဲနိုင်ပါတယ်...

ဒါ့အပြင် ကြော်ငြာ Video Clip အတိုတွေရဲ့ Storyboard တွေကိုလည်း လက်ခံရေးဆွဲပေးပါတယ်...

ကံဇာတာက ဒီဇိုင်းအလုပ်နဲ့ ကြီးပွားဖို့ ကံမစပ်ဘူးထင်ပါတယ်... Logo တစ်ခုလာအပ်ရင် Logo ရေးပြီးတာနဲ့ အလုပ်ကိစ္စက ပြီးသွားတာပါ...
13/05/2023

ကံဇာတာက ဒီဇိုင်းအလုပ်နဲ့ ကြီးပွားဖို့ ကံမစပ်ဘူးထင်ပါတယ်... Logo တစ်ခုလာအပ်ရင် Logo ရေးပြီးတာနဲ့ အလုပ်ကိစ္စက ပြီးသွားတာပါပဲ... သူများတွေလို Logo ပေါ် အခြေခံပြီး packaging design တို့၊ Journal Advertising တို့၊ Billboard/ Banner တို့တွေ နောက်ဆက်တွဲ မလာကြပါဘူး...

ဒီပုံလေးတွေကတော့ ကိုဗစ်ကာလ‌တလျှောက်နဲ့ စစ်အာဏာသိမ်းပြီး လုပ်ကိုင်ရှာဖွေရခက်ခဲ့နေဆဲကာလတလျှောက်မှာ လုပ်ပေးဖြစ်တဲ့ Online Shopping Logo လေးတချို့ ဖြစ်ပါတယ်...

Modern Rock ခပ်ပြင်းပြင်းတွေရော၊ မပျော့မပြင်းလေးတွေပါ ရောမွှေထားတဲ့ မင်းမင်းရဲ့ မျှော်လင့်ခြင်းများ (2016) album ကိုလည်း ...
28/08/2018

Modern Rock ခပ်ပြင်းပြင်းတွေရော၊ မပျော့မပြင်းလေးတွေပါ ရောမွှေထားတဲ့ မင်းမင်းရဲ့ မျှော်လင့်ခြင်းများ (2016) album ကိုလည်း The Picture Media က ဒီဇိုင်းပြုလုပ်ပေးခဲ့ပါတယ်။ မင်းမင်းရဲ့ ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်ပြီး Zero Incident ဆိုတဲ့ ကိုယ်ပိုင် band နဲ့ တီးခတ်ထားပါတယ်။ တေးရေးတွေက မင်းမင်း၊ ဖိုးပြည့်၊ ဖြိုးဖြိုး၊ ပန်သောင်းနဲ့ ထက်ရှိန်နို့ ရေးဖွဲ့ကြပါတယ်။ Mixing ကို မင်းမင်းနဲ့ ကိုကျော်ကြီး၊ Mastering ကို ကိုမြင့်ဇော်က တာဝန်ယူထားပါတယ်။ မူပိုင် မင်းမင်း ဖြစ်ပြီး Bo Bo Entertainment က ဖြန့်ချိပါတယ်။

Album Design လို့ဆိုရာမှာ CD ခွေကာဗာဒီဇိုင်းနဲ့ CD sticker ဒီဇိုင်းတွေအပြင် 15" x 20" wallsheet ဒီဇိုင်း၊ တေးသံသွင်းဆိုင်တွေမှာ ထားဖို့ 2' x 5' poster ဒီဇိုင်း၊ လမ်းဆုံလမ်းခွတွေမှာ ထားမယ့် 20' x 9' billboard ဒီဇိုင်းတွေနဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲအတွက် ဖိတ်စာနဲ့ နောက်ခံ vinyl တွေအထိပါ package လိုက် ပါဝင်ပါတယ်။

The Picture Media က တာဝန်ယူဖန်တီးပေးခဲ့တဲ့Company Logo နဲ့ Company Profile Catalouge စာအုပ်ပါ။ကုမ္ပဏီနာမည်က Precious Link...
27/08/2018

The Picture Media က တာဝန်ယူဖန်တီးပေးခဲ့တဲ့
Company Logo နဲ့ Company Profile Catalouge စာအုပ်ပါ။

ကုမ္ပဏီနာမည်က Precious Link ဖြစ်တဲ့အတွက် Logo ကို Link ဆိုတဲ့အဓိပ္ပါယ်ပေါ်လွင်အောင် ဖန်တီးရေးဆွဲထားပါတယ်။

ကုမ္ပဏီအကြောင်း မိတ်ဆက်တဲ့ Profile Catalouge စာအုပ်မှာတော့ ကုမ္ပဏီ စတင်တည်ထောင်တဲ့ ခုနှစ်၊ ကုမ္ပဏီရဲ့ရည်ရွယ်ချက်၊ ကုမ္ပဏီကို ပဲ့ကိုင်တဲ့ မန်နေဂျာတွေ၊ အင်ဂျင်နီယာတွေ၊ အကြံပေးပညာရှင်တွေကို ဖော်ပြထားတဲ့ organization chart ၊ ကုမ္ပဏီလိုင်စင်နဲ့ပတ်သက်တဲ့ အထောက်အထား စာရွက်စာတမ်းတွေနဲ့ ကုမ္ပဏီအနေနဲ့ ဒီနေ့အထိ လုပ်ကိုင်ဖူးခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံတွေကို ဓာတ်ပုံဝေဝေဆာဆာနဲ့ ဖော်ပြထားပါတယ်။

ပြင်ဦးလွင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ 2015 သီတင်းကျွတ် Music Festival အတွက် ရေးဆွဲပေးခဲ့တဲ့ ဒီဇိုင်းတွေပါ။ Cherry Entertain...
24/08/2018

ပြင်ဦးလွင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ 2015 သီတင်းကျွတ် Music Festival အတွက် ရေးဆွဲပေးခဲ့တဲ့ ဒီဇိုင်းတွေပါ။ Cherry Entertainment က စီစဉ်ပြီး ဝေလ၊ ဝန၊ Big Bag ၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော် စတဲ့ နိုင်ငံကျော်အဆိုတော်တွေ ပါဝင်ခဲ့ပါတယ်။

ရန်ကုန်၊ မန္တလေးမြို့ကြီးတွေအတွက် Billboard ဒီဇိုင်း၊ Flyer ဒီဇိုင်းတွေနဲ့ စတိတ်စင်နောက်ခံ backdrop ဒီဇိုင်းနဲ့ ရှိုးပွဲလက်မှတ် ticket ဒီဇိုင်းတွေအထိ package လိုက် ရေးဆွဲပေးခဲ့ပါတယ်။

ကိုရီးယားနိုင်ငံထုတ် KOAS office chair ပရိဘောဂလုပ်ငန်းအတွက် ပြုလုပ်ပေးခဲ့တဲ့ ကက်တလောက်စာအုပ်ဒီဇိုင်းပါ။KOAS Showroom တွေ...
23/08/2018

ကိုရီးယားနိုင်ငံထုတ် KOAS office chair ပရိဘောဂလုပ်ငန်းအတွက် ပြုလုပ်ပေးခဲ့တဲ့ ကက်တလောက်စာအုပ်ဒီဇိုင်းပါ။

KOAS Showroom တွေမှာ ထားရှိမယ့် အရောင်းကက်တလောက်စာအုပ်ဖြစ်တဲ့အပြင် ကုမ္ပဏီနဲ့ ကုန်ပစ္စည်းတွေအကြောင်း မိတ်ဆက်ထားတဲ့ စာအုပ်ဆိုလည်း မမှားပါဘူး။

သင့်လုပ်ငန်းနဲ့ ကုန်ပစ္စည်းတွေကို မိတ်ဆက်ဖို့အတွက် ဟောဒီလို ကက်တလောက်စာအုပ်မျိုး ထုတ်ဝေချင်တယ်ဆိုရင်တော့ The Picture Media မှာ စိတ်ချလက်ချ လာရောက်အပ်နှံနိုင်ပါတယ်။

အိပ်မက်ဆုံရာ Season 1 က ပရိသတ်အားပေးမှုရရှိခဲ့တဲ့ အာကာအောင်ခင်ဝင်းရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်ပါတယ်။ 'အသိအမှတ်'လို့ အမည်ေ...
23/08/2018

အိပ်မက်ဆုံရာ Season 1 က ပရိသတ်အားပေးမှုရရှိခဲ့တဲ့ အာကာအောင်ခင်ဝင်းရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်ပါတယ်။ 'အသိအမှတ်'လို့ အမည်ပေးထားတဲ့ ဒီအယ်လ်ဘမ်ဟာ 2015 မှာထွက်ရှိခဲ့တာပါ။ တေးရေးတွေအနေနဲ့ ခိုင်မြဲသာ၊ Cral ၊ စည်သူ၊ ရဲမင်းသူ တို့ပါဝင်ပြီး Memorizers band က တီးခတ်ပေးထားပါတယ်။ Strings နဲ့ Immortal studio တွေမှာ အသံသွင်းယူပြီး Mixing ကို ဒီအယ်လ်ဘမ်ရဲ့ guitarist မျိုးကျော်ကပဲ တာဝန်ယူထားပါတယ်။ မူပိုင် AKAKW ဖြစ်ပြီး Bo Bo Entertainment က ဖြန့်ချိပါတယ်။

Album Design လို့ဆိုရာမှာ CD ခွေကာဗာဒီဇိုင်းနဲ့ CD sticker ဒီဇိုင်းတွေအပြင် 15" x 20" wallsheet ဒီဇိုင်း၊ တေးသံသွင်းဆိုင်တွေမှာ ထားဖို့ 2' x 5' poster ဒီဇိုင်း၊ လမ်းဆုံလမ်းခွတွေမှာ ထားမယ့် 20' x 9' billboard ဒီဇိုင်းတွေနဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲအတွက် ဖိတ်စာနဲ့ နောက်ခံ vinyl တွေအထိပါ package လိုက် ပါဝင်ပါတယ်။

ဥရောပရဲ့ ကမ္ဘာကျော် brand ဖြစ်တဲ့ Herman Miller office chair ပရိဘောဂလုပ်ငန်းအတွက် ပြုလုပ်ပေးခဲ့တဲ့ ကက်တလောက်စာအုပ်ဒီဇိုင်...
22/08/2018

ဥရောပရဲ့ ကမ္ဘာကျော် brand ဖြစ်တဲ့ Herman Miller office chair ပရိဘောဂလုပ်ငန်းအတွက် ပြုလုပ်ပေးခဲ့တဲ့ ကက်တလောက်စာအုပ်ဒီဇိုင်းပါ။

Herman Miller Showroom တွေမှာ ထားရှိမယ့် အရောင်းကက်တလောက်စာအုပ်ဖြစ်တဲ့အပြင် ကုမ္ပဏီနဲ့ ကုန်ပစ္စည်းတွေအကြောင်း မိတ်ဆက်ထားတဲ့ စာအုပ်ဆိုလည်း မမှားပါဘူး။

သင့်လုပ်ငန်းနဲ့ ကုန်ပစ္စည်းတွေကို မိတ်ဆက်ဖို့အတွက် ဟောဒီလို ကက်တလောက်စာအုပ်မျိုးတွေကိုလည်း The Picture Media မှာ စိတ်ချလက်ချ လာရောက်အပ်နှံနိုင်ပါတယ်။

Address

U Htun Chan Street, Kamayut Township
Yangon

Website

Alerts

Be the first to know and let us send you an email when The Picture Design Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share