MT - Game Contents

MT - Game Contents IDV အကြောင်း သိလိုရာမေး

ဟိုတနေ့က Live မှာ ကြေငြာသွားတဲ့ အသစ်ထွက်မယ့် skin တွေနဲ့ upcoming event တွေပါ ။အကုန်လုံးရှယ်တွေကြီးဘဲ 🔥ကိုယ်မျှော်လင့်ထာ...
09/06/2026

ဟိုတနေ့က Live မှာ ကြေငြာသွားတဲ့ အသစ်ထွက်မယ့် skin တွေနဲ့ upcoming event တွေပါ ။
အကုန်လုံးရှယ်တွေကြီးဘဲ 🔥
ကိုယ်မျှော်လင့်ထားတဲ့ ‌သူပါလား
admin တော့ အကုန်ကြိုက်လို့ မရွေး‌တတ်တော့ဘူး 🤧
Crd to original owner

IVY (background story)Ivy နဲ့ Edith ဆိုတဲ့ အမြွှာညီအစ်မ ၂ ယောက်ဟာ မွေးကတည်းက ခန္ဓာကိုယ်ချိတ်ဆက်နေတဲ့ ကိုယ်ချင်းဆက်အမွှာ ...
23/05/2026

IVY (background story)

Ivy နဲ့ Edith ဆိုတဲ့ အမြွှာညီအစ်မ ၂ ယောက်ဟာ မွေးကတည်းက ခန္ဓာကိုယ်ချိတ်ဆက်နေတဲ့ ကိုယ်ချင်းဆက်အမွှာ တွေဖြစ်ပြီး မြို့ကလူတွေက “back-to-back sisters” လို့ခေါ်ကြတယ်။ လူတွေက သူတို့နှစ်ယောက် အသက်မရှည်ဘူးလို့ ထင်ခဲ့ပေမယ့် မိဘတွေက မစွန့်ပစ်ဘဲ စောင့်ရှောက်ခဲ့တယ်။ ကလေးဘဝမှာ Ivy က လူတွေရဲ့ မလိုသလိုအကြည့်ဆိုးတွေ၊ အနိုင်ကျင့်တာတွေ လှောင်ပြောင်တာတွေကို အမြဲလို ခံရပြီး ဒီဘဝကနေ လွတ်ချင်လာတယ်။ နောက်ဆုံးမှာ Ivy နဲ့ Edith ကို ခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်ကြပြီး operation အဆုံးသတ်မှာ Edith က infection ကြောင့် သေသွားတယ်။ Ivy ကတော့ အသက်အန္တရာယ်ရှိတဲ့ disability တစ်ခုနဲ့ အသက်ရှင်ကျန်ခဲ့တယ်။ Edith သေသွားတဲ့အချိန်
ကစပြီး Ivy က “ကိုယ်တိုင်ပါ သေသွားသလို” ခံစားရတယ်။
ဒီဖြစ်ရပ်ကြောင့် Ivy က “soul” နဲ့ “mind” အကြောင်းကို စွဲလမ်းသလို စိတ်ဝင်စားလာတယ်။ သူက နိုင်ငံခြားကျောင်းတစ်ခုမှာ ပညာသင်ရင်း soul science, spirituality နဲ့ human consciousness ကို လေ့လာတယ်။ သူ့အမွှာ Edith ကို ပြန်တွေ့ချင်တဲ့စိတ်၊ သေခြင်းကို နားလည်ချင်တဲ့စိတ်က သူ့ ရဲ့ obsession လို ဖြစ်လာခဲ့တယ်။
နောက်ပိုင်းမှာ Ivy က “Yithian” ဆိုတဲ့ alien-like ancient entity နဲ့ ဆက်သွယ်မိသွားတယ်။ Yithian က သူ့ကို “gift” ပေးပြီး soul နဲ့ body ကို ခွဲနိုင်တဲ့ power တွေ ရလာတယ်။ ဒါပေမယ့် အဲ့ဒီအချိန်ကစပြီး Ivy ဟာ တဖြည်းဖြည်း လူမဟုတ်တော့ဘဲ “The Shadow” ဆိုတဲ့ အန္တရာယ်ရှိတဲ့ entity တစ်ခုလို ပြောင်းလဲသွားတယ်။

ဒါကတော့ Ivy ရဲ့ Manor ကိုရောက်မလာခင် background story လေးဘဲဖြစ်ပါတယ် ။ Map control အားကောင်းတဲ့ hunter ဖြစ်ပြီး early ပိုင်းအနဲငယ် weak ပေမယ့် mid game to late game strong တဲ့ hunter တစ်ယောက်ဖြစ်ပါတယ် ။

အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ပါစေ သိလိုတာရှိရင် cmမှာမေးခဲ့နိုင်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when MT - Game Contents posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category