Think And Grow By Jason Khant

Think And Grow By Jason Khant Think Smart, Grow Faster
Business and Life Coach💡📈

02/10/2026

ကလေးဘဝကနေ လူငယ်ဘဝ
လူငယ်ဘဝကနေ လူကြီးဘဝကို ကူးပြောင်းလာတဲ့အခါ ကျနော်တို့ဟာ ဒဿနနဲ့ တရားသဘောကြားက အကူးအပြောင်းတစ်ခုကို လူတိုင်းကိုယ်စီမလွှဲမရှောင်သာ ဖြတ်သန်းရလေ့ရှိတယ်

နာမည်ကြီး စိတ်ပညာရှင် Carl Jung က လူတွေမှာ လူမှုရေးမျက်နှာဖုံးတွေ ရှိတယ်လို့ ဆိုတယ်

ဖြတ်သန်းရတဲ့ဘဝချင်းမတူတဲ့လူသားတွေအတွက်
လောကကြီးက ကျနော်တို့ကို သင်ခန်းစာတွေ အကြမ်းပတမ်းပေးတယ်
လူ့လောကမှာ ပွင့်လင်းလွန်းရင် အသုံးချခံရတယ်
ဒေါသထွက်လွန်းရင် ဖယ်ကြဉ်ခံရတယ်
အားနည်းချက်ပြမိရင် နင်းခြေခံရတယ်

ဒီတော့ ကျနော်တို့ဟာ လူတွေကြားထဲမယ်
ရှင်သန်ရေးအရ မျက်နှာဖုံးတွေကို စနစ်တကျ တပ်ဆင်
တတ်လာတယ်လို့ပြောရတယ်

ဝမ်းနည်းနေရင်တောင် "အဆင်ပြေပါတယ်" လို့ ရယ်ပြတတ်လာတယ်
အလုပ်မှာ Professional မျက်နှာဖုံး
အိမ်မှာ အားကိုးရတဲ့သူ မျက်နှာဖုံး
လူမှုရေးမှာ သဘောကောင်းတဲ့သူ မျက်နှာဖုံး... စသဖြင့်ပေါ့

အပြင်ပန်းကြည့်ရင်တော့ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်လာတယ် ရင့်ကျက်လာတယ်လို့ ထင်ရပေမဲ့
တကယ်တမ်းကျတော့ ကိုယ့်ရဲ့ အစစ်အမှန် ခံစားချက် တွေကို လောကကြီးဆီကနေဖုံးကွယ်
တတ်လာတာရုံသက်သက်ပဲ

ဗုဒ္ဓက အခြေအနေတိုင်းမှာ သတိနဲ့ဆင်ခြင်ခိုင်းခဲ့တယ်မလား (လူပိန်းနည်းနဲ့ပဲပြောတာပါ)
ဒါဆို ကျနော်တို့ မျက်နှာဖုံးတပ်တာဟာ မှားသလားလောကဝတ်အရ ကျနော့်ရဲ့ တစ်သီးပုဂလ္လအရ မမှားဘူး

ဒါပေမဲ့ အဓိက ကွာခြားချက်က ကိုယ့်ရင်ထဲမှာ ဘာဖြစ်နေလဲဆိုတာကို ကိုယ်တိုင်သိတဲ့ သတိပါပဲ

တစ်ဖက်လူက စောင်းမြောင်းပြောလိုက်တဲ့အခါ ကိုယ်က ပြုံးပြလိုက်ပေမဲ့လည်း ဒါပေမဲ့ ရင်ထဲမှာ ဒေါသမီးတွေ လောင်ကျွမ်းနေပြီး
အဲ့ဒီခံစားချက်ကို အံကြိတ်ပြီး မျိုသိပ်ထားရုံသက်သက် ဆိုရင်တော့ အဲ့ဒါ "ဖုံးကွယ်ခြင်း” သက်သက်ပဲလို့သိလာတယ်

အခြားတဖက်မှာ ပြုံးပြလိုက်တဲ့ အချိန်မှာပဲ
တစ်ဖက်လူရဲ့ အတ္တကိုလည်း နားလည်လိုက်တယ်
ကိုယ့်ရင်ထဲမှာ ပေါ်လာတဲ့ မခံချင်စိတ်ကိုလည်း
'ဪ..ဒေါသထွက်လာပါလား' ဆိုပြီး ချက်ချင်း သတိကပ် ကြည့်လိုက်နိုင်မိတယ်

ဒီစကားက လေထဲကအသံသက်သက်ပဲ
ဆိုပြီး အသိဉာဏ်နဲ့ လွှတ်ချနိုင်သွားရင်တော့
အဲ့ဒါဟာ ကိုယ့်ကိုယ်ကိုယ် သိလာခြင်း ဖြစ်လာတယ်

အဆိုးဆုံးအခြေအနေက ဒီအရာကို အကြာကြီး ဖုံးကွယ်
ရင်းနဲ့ မျက်နှာဖုံးနဲ့ မျက်နှာ အသားကျသွားတဲ့အခါပဲ

အမြဲတမ်း ဟန်ဆောင်ပြုံးနေရတာ သည်းခံနေရတာ
အများအကြိုက်လုပ်တာတွေများလာတဲ့အခါ
နောက်ဆုံး "ငါ ဘာကို တကယ် လိုချင်တာလဲ၊ ငါ ဘာကို တကယ် ဝမ်းနည်းနေတာလဲ" ဆိုတာကိုတောင် ကိုယ့်ကိုယ်ကိုယ် ပြန်မဖြေနိုင်တော့တဲ့အထိ ကိုယ့်ကိုယ်ကိုယ် လိမ်ညာမိသွားတာမျိုးပါ ဖြစ်လာနိုင်တယ်

ကိုယ့်ကိုယ်ကိုယ် လုံခြုံအောင်ဖုံးကွယ်လိုက်တာဟာနောက်ဆုံးတော့ ကိုယ်တိုင်တောင် ကိုယ့်ကို ပြန်ရှာမတွေ့တော့တဲ့ အကျဉ်းထောင်ကြီး ဖြစ်သွားတတ်ပါတယ်
(Shawshank Redemption ဇာတ်ကားကြည့်ကြည့်ပါ)

ပတ်ဝန်းကျင်မှာတော့ အသက်ကြီးလာတာနဲ့အမျှ အလိုလို ကိုယ့်ကိုယ်ကို ပိုသိလာတဲ့လူထက်
ကိုယ့်ရဲ့စစ်မှန်မှုတွေကို ဖုံးကွယ်တတ်ဖို့ လူမှုရေးမျက်နှာဖုံးကို ပိုပြီး သေသပ်စွာ တပ်တတ်ဖို့ သင်ပေးခံရတဲ့လူတွေက ပိုများလာတယ်

ဆိုတော့ မိတ်ဆွေရော
ကိုယ့်ကိုယ်ကို ပိုသိလာတဲ့လူလား
ကိုယ့်ကိုယ်ကို ပိုပြီးဖုံးကွယ်လာတတ်တဲ့လူလား

Jason Khant (Founder, Personal Coach)




27/09/2026

ကျနော့်ရဲ့ AI Coaching Assistant Prompt လိုချင်ရင်

ကောမန့်က Channel မှာသွားယူပါ 🙏🏻

27/09/2026

ကောက်ရိုးမီးဖြစ်သွားတတ်တဲ့သူတွေအတွက်

အရင်ကတစ်ခုခုလုပ်ဖို့ စိတ်ကူးရပြီဆိုတာနဲ့
Plan ဆွဲ Goal သတ်မှတ်ပြီးတာနဲ့
တစ်ရက်တည်းမှာအများကြီးလုပ်ခဲ့ဖူးတယ်
အစပိုင်းမှာတော့ မိုတီဗေးဂျင်းကြောင့် အလုပ်ဖြစ်တယ်ဆိုရမယ်

ဒါမဲ့ အလုပ်ဖြစ်ရာကနေ နောက်ပိုင်းမှာတော့ အလုပ်မဖြစ်တာကပိုများလာတယ်
ပျင်းတဲ့စိတ်ဝင်လာတဲ့နေ့တွေ
မနက်ဖြန်မှ လုပ်တော့မယ်
Environment Noise တွေက ကိုယ့်ကိုဆွဲဆောင်နေတော့ ဂိမ်းလေးဆော့၊ ဖုန်းလေးခဏသုံးမယ် ဆိုပြီး ဆင်ခြေပေးတယ်
နောက်ဆုံးတော့ ကိုယ်ဆွဲထားတဲ့ Plan က
ကိုယ့်အတွက် ဖိအားဖြစ်လာတယ်

စာအုပ်လည်းဖတ်ချင် Gym လည်းဆော့ချင်
ကိုယ့် Career အတွက်လိုအပ်တဲ့လေ့လာမှုတွေလည်း သင်ယူချင် လောဘကြောင့် အတောမသတ်နိုင်တဲ့ လုပ်ချင်တာတွေများတဲ့သူတွေက
စလုပ်တဲ့အခါ မီးတောက်တယ်
ဆက်လုပ်တဲ့အခါ မီးငြိမ်းသွားတယ်

ကျနော်ဘယ်လိုပြန်ပြောင်းခဲ့လဲဆိုတော့
ပိုလုပ်ဖို့ထက် ဆက်လုပ်နိုင်ဖို့ကို ဦးစားပေးကြည့်
တယ်
အဲ့ဒီနည်းကို တစ်လဝန်းကျင်လောက် အချိန်ပေးပြီး ကျင့်သုံးကြည့်တဲ့အခါမှာတော့ ကျနော့်အတွက် အလုပ်ဖြစ်တာကို တွေ့လာရတယ်
(လူတိုင်းအတွက်တော့အလုပ်ဖြစ်ချင်မှ ဖြစ်ပါလိမ့်
မယ်)

>အလွယ်တကူ လုပ်လို့ရမယ်၊ Fail မဖြစ်နိုင်တဲ့အတိုင်းအတာကစ
အရင်က ကျနော် မနက် ၅ နာရီထမယ်လို့ ညမအိပ်ခင်နေ့တိုင်းပြောတယ် ပြောတဲ့အတိုင်း မထဖြစ်တာ ၃ လကျော်ပြီ
အဲ့တော့ ၇ နာရီမှအေးဆေးထမယ်လို့ Alarm ပြန်ပြောင်းတဲ့အခါမှာ စောနက ၅ နာရီက ကိုယ့်အတွက်ဖိအားဖြစ်ရာကနေ အခု ၇ နာရီကအလုပ်ဖြစ်လာတာကိုတွေ့ရပါတယ် အခုဆို ၆-၇ နာရီကြား ထတာအကျင့်တစ်ခုလိုဖြစ်သွားတယ်

>တစ်ပတ်တစ်ခါ ကိုယ့်ကိုယ်ကို ပြန် Track လုပ်ပါ
-ဒီတစ်ပတ် ဘာတွေပြီးသွားလဲ
-ဘယ်နေရာမှာ ပိုတိုးတက်လာလဲ
-ဘယ်အပိုင်းက နားလည်ရခက်နေသေးလဲ
-ဘယ်အရာကို အခု ပိုနားလည်လာပြီလဲ
-ဘာကြောင့် ဒီရက်မှာ မလုပ်ဖြစ်တာလဲ
ဆိုတာတွေကို ဒေတာကောက် ဖြစ်နိုင်ရင် စာအုပ်မှာချရေး စိတ်ထဲမှာတွေးရင်မေ့သွားလိမ့်မယ်
အများစုက Progress ကို မတိုင်းရင်
မတိုးတက်ဘူးလို့ပဲ ထင်နေတာ
တကယ်တော့ ကိုယ်မသိလိုက်ခင်မှာ
ပြီးသွားတာတွေ နားလည်လာတာတွေ အမှားတွေကနေ သိလာတာတွေရှိတယ်
အဲ့ဒါတွေအားလုံးက Data ပဲ
ကိုယ်တိုးတက်လားမတိုးတာလားဆိုတာ Tracking က နေ Data လိုလာပါတယ်

>Timer သုံးပြီးလုပ်ပါ
နည်းပညာနယ်ပယ်ကမဟုတ်တဲ့ကျနော်တို့လိုသူတွေက တစ်ခါတည်း ၃ နာရီ ၄ နာရီ ထိုင်လုပ်မဲ့အစား
မိနစ် ၂၀ ဖြစ်ဖြစ် နာရီဝက်ဖြစ်ဖြစ်
Timer ပေး Alarm မြည်ရင်ရပ်
အခုတော့ အရှိန်တက်နေပြီ၊ ဆက်လုပ်လိုက်ဦးမယ်
ဆိုတဲ့အတွေးပေါ်လာရင် မေ့လိုက်
ဘာလို့လဲပြောရင်ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကိုက
မနက်ဖြန်လည်း ပြန်လုပ်ချင်စိတ်ရှိနေဖို့ပါ
ဒီနေ့မှာ အားကုန်သုံးလိုက်ပြီး
မနက်ဖြန်မှာ လုံးဝမလုပ်နိုင်တော့တာထက်
နေ့တိုင်းနည်းနည်းစီ ဆက်သွားနေတာက ပိုကောင်းတယ်

>ပြီးရင် ကိုယ့်ကိုယ်ကို ဆုချပါ
ဒါက လုပ်ကိုလုပ်ပါ
သီချင်းနားထောင်တာ/ဆိုတာ
Game ဆော့တာ
အပြင်ထွက်ပြီး မုန့်စားတာ
သဘာဝတရားနဲ့ထိတွေ့တာ
ကြိုက်တဲ့အရာတစ်ခုခုနဲ့ ကိုယ့်ကိုယ်ကို ဆုပေးလိုက်
ကိုယ်လုပ်ထားတဲ့ Effort ကို ကိုယ်တိုင် အသိအမှတ်ပြုတတ်တဲ့အကျင့်မွေးတတ်လာတယ်
ဒါပေမဲ့ လုပ်တာကနည်းနည်း ဆုချတာက များများဆိုရင်တော့ စလွဲပြီ

ဒါမဲ့ ဒီနည်းမှာ အားနည်းချက်အချို့ ကျနော်တွေ့ရတယ်
ကိုယ်လိုချင်တဲ့ ရောက်ချင်တဲ့ Target ကတစ်နေ့တစ်လံနဲ့တော့ မြန်မှာမဟုတ်ဘူး
မရပ်ဘဲ ဆက်သွားရင်တော့ရောက်နိုင်ပါတယ်

မီးမငြိမ်းသွားအောင်် ထိန်းထားဖို့ထက်
မီးအကြီးကြီးလင်းအောင်ထွန်းချင်နေကြလို့ ကောက်ရိုးမီးဖြစ်တယ်လို့ မြင်တယ် အရင်ကကိုယ်လဲ ဒီအတိုင်းပါပဲ
ဆိုတော့ဒါက ကျနော်ကိုယ်တိုင် အချိန်တစ်ခုယူပြီး စမ်းသပ်ခဲ့တဲ့ နည်းလမ်းတစ်ခုပါ

လိုရမယ်ရ မေးခွန်းမေးချင်တယ်ဆိုရင်
ပိုလုပ်ဖို့ မစဉ်းစားခင်ပိုကြာကြာ ဆက်လုပ်နိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာ ပြန်မေးကြည့်
အဖြေကို တခြားသူဆီကမရှာဘဲ ကိုယ့်ကိုယ်ကိုပြန်ရှာပါ

Good Luck

Jason Khant (Founder, Personal Coach)



27/09/2026

ရွှေကို လစဉ်တစ်ပဲချင်းစီဝယ်တဲ့သူ နဲ့
ဈေးကျမှ တစ်ခါတည်းအလုံးအရင်းဝယ်မယ်ဆိုတဲ့သူ
ဘယ်သူက ပိုမြတ်မလဲ ကျနော့်ကိုလာမေးလို့

ဥပမာဗျာ တစ်ယောက်က
လတိုင်း ရွှေ ၁ ပဲ ၂ ပဲလောက် ဝယ်ထားမယ်
ဈေးတက်တက်ကျကျစောင့်မနေဘူး
သူ့အတွက်က ဝယ်စုနိုင်ဖို့ပဲ

နောက်တစ်ယောက်က စျေးထပ်ကျမှဝယ်တာပိုကောင်းတယ် ခုကအမြင့်စျေးရောက်နေတယ်
အဲ့တော့ ကိုယ်က ရွှေဝယ်တော့မယ့်သူဆိုရင်
ဒုတိယလူရဲ့စကားကမှန်တယ်ပေါ့
အတွေးထဲမှာ ဈေးကျမှဝယ်တာက ပိုကောင်းတာပေါ့
ဆိုပြီး

အခေါက်ရွှေရောင်းသူဝယ်သူများ Group ရဲ့ ကောမန့်တွေကို လိုက်ဖတ်ရင်း
ရွှေဈေးတက်နေတဲ့အချိန်မှာ အများစုက မဝယ်ရဲဘူး

“ဒီထက်ထပ်ကျဦးမယ်ထင်တယ်”
ဆိုပြီး တချို့ကစောင့်တယ်

ဈေးနည်းနည်းကျလာတော့
“ဒီလောက်နဲ့ မဝယ်သေးဘူး
နောက်ထပ်ကျဦးမှာ…”
ဆိုပြီးတချို့က ထပ်ရေးတယ်

နောက်နေ့ဈေးပြန်တက်လာတော့ အခုဝယ်ရင် အမြင့်စျေးမှာမိသွားမှာ ဆိုပြီးကြောက်တယ်

ပြီးတော့ ဈေးကနောက်ထပ်တက်သွားရင်

“ဟာအဲဒီတုန်းကဝယ်ထားရမှာ” ဖြစ်သွားပြန်ရော
ဒီအချိန် Fear of Missing Out (မဝယ်လိုက်ရမှာ) နဲ့ Loss Aversion (ဝယ်ဖို့အခွင့်အရေးမရလိုက်မှာ လက်လွှတ်လိုက်ရမှာ)
နှစ်ခုလုံးက စိတ်ထဲဝင်လာရော

အကယ်ရျ် ဈေးတက်သွားပြီးမှ ဝယ်ရင်
ဈေးကြီးပေးလိုက်ရပြီလို့ ခံစားရတယ်
ဈေးကျသွားပြီးနောက်ပိုင်း ဝယ်ရင်လည်း
ဒီထက်ထပ်ကျရင် အမြင့်မှာဝယ်မိတာကြောင့် ဆိုက်ကိုဝင်မယ်

ဒါကြောင့် ကျနော်ကတော့ လစဉ်နည်းနည်းစီဝယ်တဲ့သူမှာ အားသာချက်တစ်ခုရှိတယ်

ဒီနေ့ရွှေစျေးနဲ့ ကိုယ်ဘယ်လောက်သားဝယ်နိုင်မလဲဆိုတာကို ရွေးချယ်ကြတယ်

ဈေးတက်ရင်တော့ နည်းနည်းပိုပေးရမယ်
စျေးကျရင်တော့ သက်သာတယ် ဒါပါပဲ
အဓိကက ဝယ်စုမယ်ဆိုတဲ့အကျင့်ကို ပျက်မှာမဟုတ်ဘူး

သို့ပေမဲ့လည်း ဒါဟာရွှေဈေးအမြတ်အတွက် အမြဲတမ်းပိုကောင်းတဲ့နည်းလို့တော့ တပ်အပ်မပြောနိုင်ပေမဲ့ တစ်ခါတည်းအလုံးအရင်းဝယ်တာထက်စာရင်တော့ ကောင်းပါတယ် ကျနော့်တစ်ဦးတည်းအမြင်ပါ

ကျနော့်သင်တန်းမှာတော့
ရွှေဝယ်တဲ့အခါ ဈေးကိုပဲကြည့်နေတာထက်
ကိုယ့်ရဲ့ ဝင်ငွေ ရည်ရွယ်ချက် ဝယ်နိုင်တဲ့ပမာဏနဲ့
ဘယ်လောက်ကြာကြာဆက်ကိုင်ထားမလဲဆိုတာပါ ကြည့်ဖို့အကြံပေးပါတယ်

ဈေးကျမှဝယ်မယ်ဆိုတာက Strategy တစ်ခုဖြစ်နိုင်တယ်ဆိုပေမဲ့
ဈေးကျမယ့်နေ့ကိုစောင့်ရင်း”နဲ့လက်ထဲရှိတဲ့ပိုက်ဆံကိုဗိုက်ထဲထည့်လိုက်ရင်တော့ ဗိုက်ပူပြီး ဝိတ်တက်လာမှာဖြစ်ပါတယ်😁

(MDN မှ Source အနည်းငယ်လေ့လာယူသုံးပြီးရေးထားပါတယ်)

Jason Khant (Founder, Personal Coach)




ကိုယ့်လူယောကျာ်းလေးတွေဖတ်ဖို့▪️အရာရာတိုင်းက အကြောင်းပြချက်ရှိလို့ ဖြစ်လာတာပါဗုဒ္ဓဘာသာရှုထောင့်ကနေ ကြည့်ရင်တော့လောကဓံဆိုတ...
23/09/2026

ကိုယ့်လူယောကျာ်းလေးတွေဖတ်ဖို့

▪️အရာရာတိုင်းက အကြောင်းပြချက်ရှိလို့ ဖြစ်လာတာပါ
ဗုဒ္ဓဘာသာရှုထောင့်ကနေ ကြည့်ရင်တော့
လောကဓံဆိုတာ အကြောင်းအကျိုးပဲ ကိုယ်အရမ်းယုံကြည်ရတဲ့သူတစ်ယောက်က ကိုယ့်အပေါ်သစ္စာဖောက်သွားတာဟာ နောင်တစ်ချိန်လူတိုင်းကို လွယ်လွယ်မယုံဖို့ သင်ခန်းစာကြိုပေးလိုက်တဲ့သဘောပဲ
ကျနော်တို့အဆိုးတွေထဲက အကောင်းကို မြင်
အောင်ကြည့်တတ်တဲ့စွမ်းရည်ရှိဖို့အတွက်ပေါ့

▪️စိတ်က လောကကိုဦးဆောင်တယ်
ပါချုပ်ဆရာတော်က တရားလာနာတဲ့သူတွေကို ဘာလို့တရားပွဲရောက်လာတာလဲမေးတော့ တရားနာဖို့အတွက်မလား တရားနာဖို့အတွက်ဆိုတဲ့စိတ်ကြောင့် ဒီတရားပွဲကိုရောက်လာတာပဲတဲ့
ကျနော်တို့ မနက်ထပြီး ဘာလုပ်မယ် ဘယ်သွားမယ် ဘာစားမယ် ဒါတွေအားလုံးက စိတ်ရဲ့အလိုကိုလိုက်ပြီး လုပ်ဆောင်နေကြတာဖြစ်ပါတယ်
အကယ်ရျ် စိတ်တိုင်းမကျဘူးဖြစ်နေတယ်ဆိုရင် ကိုယ့်ရဲ့လောဘကြောင့် စိတ်တိုင်းမကျဖြစ်တယ် စိတ်တိုင်းမကျတော့ လောဘကနေဒေါသဖြစ်တယ်

▪️အဖြစ်အပျက်တိုင်းက Expired Date ရှိတယ် ညီကိုတို့
This too shall pass စကားကြားဖူးမှာပါ
ဒါကရှေးခေတ် ပါရှားပုံပြင်ထဲက ပါရှားဘုရင်ကြီးရဲ့ လက်စွပ်မှာ ကမ္ပည်းထိုးထားတဲ့စကားဘယ်လောက်ကြီးမားတဲ့ အောင်မြင်မှုပဲရရဘယ်လောက်ဆိုးရွားတဲ့ အရှုံးနဲ့ပဲရင်ဆိုင်ရရင်ဆိုင်ရ တစ်ချိန်ချိန်မှာ အရာအားလုံးကအတိတ်ဖြစ်သွားမှာတဲ့ဒါကြောင့် အောင်မြင်နေချိန်မှာလည်း မာနမတက်
ဖို့နဲ့ ကျရှုံးချိန်မှာလည်းစိတ်ပျက်ဖို့မလိုသလို ကြိုးစားနေဆဲမှာလည်း အရှုံးပေးဖို့မလိုဘူး

▪️ကိစ္စတိုင်းဟာ အရေးမကြီးဘူး
အလုပ်ထဲမှာ ကိုယ်ကအဆူခံရတာ ဒါမှမဟုတ် သူငယ်ချင်းက စကားပြောတာလေသံမာသွားလို့ ဆိုပြီး Overthinking ဖြစ်မနေနဲ့
လူတွေက သူတို့ဖိအားနဲ့သူတို့မို့လို့ စိတ်တိုနေတာ အရာရာကို Personal မယူတာပိုကောင်းတယ်

▪️စကားနည်းရန်ဆဲပါစေ
ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာကလွဲရင် ရန်ဖြစ်ခြင်းကို တတ်နိုင်သမျှရှောင် ကိုယ့်ကိုရန်စလို့ သည်းခံလိုက်နိုင်ရင်ကိုယ်ကအနိုင်ပဲ အသက်အရွယ်ထက် အသိပညာဖွံဖြိုးတဲ့သူတွေက ရန်ဖြစ်တာကိုရှောင်လွှဲလေ့ရှိတယ်

▪️ဘယ်လောက်ခင်ခင် ပိုက်ဆံလုံးဝမချေးနဲ့
အားနာတတ်တာက ပြောရရင် ရောဂါတစ်ခုလိုပဲ
ပြန်မဆပ်နိုင်မှန်းသိရက်နဲ့ အားနာလို့ ပိုက်ဆံချေးလိုက်ပြီးမှ ကိုယ်တိုင် ဒုက္ခရောက်ရတဲ့ အဖြစ်မျိုးတွေ မိတ်ပျက်သွားတဲ့အဆင့်တွေရှိခဲ့တယ် ဘယ်လောက်ခင်ခင် ပိုက်ဆံမချေးနဲ့ မဟုတ်ရင်ပြန်တောင်းတဲ့အခါ ကိုယ်က ခယနေရလိမ့်မယ်

▪️စွမ်းအင်ဆိုတာ တကယ်ရှိတယ်
စီးပွားရေးမှာဖြစ်ဖြစ်၊ လူမှုရေးမှာဖြစ်ဖြစ် တချို့လူတွေနဲ့ စကားပြောလိုက်ရင် ကိုယ့်မှာ အားအင်တွေ ပြည့်လာသလို တချို့လူတွေနဲ့ တွေ့ပြီးရင်တော့ စိတ်တွေလေးလံသွားတတ်တယ်
အဲ့ဒီ Energy ကို သတိထား
ကိုယ့်ရဲ့ Gut feeling က ဒီလူနဲ့ အလုပ်မလုပ်သင့်ဘူး မပေါင်းသင့်ဘူးလို့ ပြောရင် အဲ့ဒီခံစားချက်ကို ယုံ

▪️ယုံကြည်မှုကို ပျက်အောင်မလုပ်မိဖို့လိုတယ်
ကိုယ်က Deadline မီအောင် အလုပ်မအပ်နိုင်တော့ဘူးဆိုရင် ရှောင်ပြေးနေမဲ့အစား Client ကို ကြိုပြီး ရိုးရိုးသားသား ဝန်ခံတောင်းပန်လိုက်တာက ပိုကောင်းပါတယ် ယုံကြည်မှုဆိုတာ လူ့လောရဲ့အဖိုးတန်ဆုံးငွေကြေးလို့ပြောလို့ရတယ်

▪️အရာအားလုံးကို လိုက်မထိန်းချုပ်နဲ့
ရန်ကုန်မြို့ရဲ့ ကားပိတ်တာ မီးပျက်တာ ကုန်ဈေးနှုန်းတက်တာတွေကို ကျနော်တို့ ပြောင်းလဲလို့မရဘူး ဒါပေမဲ့ ကားပိတ်နေချိန်မှာ Podcast နားထောင်မလား
မီးလာချိန်လေးမှာ အလုပ်ပြတ်အောင်လုပ်မလား ဆိုတာကတော့ ကျနော်တို့ ထိန်းချုပ်လို့ရတဲ့ အရာတွေ ကိုယ်လုပ်နိုင်တာကိုပဲအာရုံစိုက်

▪️ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပါ
ရှင်းရှင်းပြောရရင် ကိုယ့်လုပ်အားခနဲ့ရလာတဲ့ ငွေကိုသုံးရတဲ့ခံစားချက်က ဘယ်လိုလဲဆိုတာ သိချင်တယ်ဆို ကိုယ့်ကို ငွေရှာပေးမဲ့နည်းလမ်းတွေလေ့လာပါ

▪️ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ
ကိုယ်တွေလို လူငယ်အများစုက
ကျန်းမာရေးကို သိပ်ဂရုမစိုက်ကြဘူး
အသင့်စား ခေါက်ဆွဲထုပ်တွေ Fast Food တွေစား ညတွေအိပ်ရေးပျက်ခံပြီး ဂိမ်းဆော့တာ အလုပ်လုပ်တာတွေရှိကြတယ် အိပ်ချိန်မှန်အောင်အိပ် ရေများများသောက် လိုအပ်ရင် Gym ဆော့

▪️Quality Time တွေများများဖန်တီး
အပြင်သွားတိုင်းအားလုံးက ဖုန်းကိုယ်စီ ပွတ်နေကြတာပဲ လူတိုင်းကိုယ်စီဖုန်းရှိနေကြတဲ့ခေတ်မှာ နွေးထွေးပြီးတန်ဖိုးရှိတဲ့စကားဝိုင်းတွေက အရေးပါလာတယ်

▪️The Rule of 5
ပြဿနာတစ်ခုကြုံလာရင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမှာက "ဒီကိစ္စက နောက် (၅) နှစ်နေရင် ငါ့အတွက် အရေးပါဦးမှာလား”
အရေးမပါဆိုရင် အဲ့ဒီကိစ္စအတွက် (၅) မိနစ်ထက်ပိုပြီး စိတ်ညစ်မခံနဲ့

▪️ဘာသာရေးလုပ်ပါ
ဘဝမှာ ပြဿနာတွေ အရမ်းများပြီး စိတ်ရှုပ်ထွေးလာတဲ့အခါ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေက အကောင်းဆုံး ဆေးဝါးပဲ
အရာရာတိုင်းဟာ ဖြစ်ပြီးရင် ပျက်သွားမှာပဲ (အနိစ္စ) ဆိုတဲ့ သဘောတရားကို နားလည်ထားရင် လောကဓံကို ခံနိုင်ရည်ရှိလာလိမ့်မယ်

▪️စွဲလမ်းစေတဲ့အရာတွေက အချိန်တန်ရင် ဒုက္ခပေးတတ်တယ်
ခေတ်ရဲ့ဖိအားတွေကြောင့် ညတိုင်း Bar/KTV သွားပြီးသောက်တာတွေက လူငယ်တွေကြားမှာ ထွက်ပေါက်တစ်ခုလိုဖြစ်နေတယ်
ခဏတာပျော်စရာကောင်းပေမဲ့ ရေရှည်မှာ ငွေရေးကြေးရေးရောကျန်းမာရေးပါ ထိခိုက်လာနိုင်တဲ့ ထောင်ချောက်တစ်ခုဆိုတာ စောစောသိလေ ကောင်းလေပါပဲ အပျော်ကနေ အပျက်မဖြစ်ဖို့ဂရုစိုက်ပါ

▪️တတ်နိုင်သမျှ အတွေ့အကြုံအသစ်တွေရှာ
စျေးရောင်းရမှာရှက်လား ရောင်းလိုက်
ခရီးထွက်ရမှာကြောက်လား ထွက်လိုက်
ကိုယ့်ရပ်ကွက် ကိုယ့်မြို့နယ်လေးထဲမှာပဲ အမြဲမနေနဲ့
မရောက်ဖူးတဲ့ နေရာတွေကိုခရီးထွက်
မစားဖူးတဲ့ အစားအစာတွေစားကြည့်
လူစိမ်းတွေနဲ့ စကားပြောကြည့်
လောကအမြင်ကျယ်လာလေလေ စဉ်းစားတွေးခေါ်
နိုင်စွမ်းကျယ်ပြန့်လာလေလေပဲ

▪️ကိုယ့်မိဘရှိနေစဉ်မှာ ဂရုစိုက်ပေးပါ
သားသမီးနဲ့မိဘကြားမှာ Conflict တွေရှိတယ်ဆိုပေမဲ့
သူတို့ဟာ တဖြည်းဖြည်း အားနည်းလာတယ်ဆိုတာသတိပြုပါ ဥပမာ သူတို့အသက် ၅၀ ရှိပြီဆိုရင် လူ့လောကမှာနေရဖို့ နောက် ၁၀-၁၅ နှစ်ပဲရှိတော့မယ်
ကျနော်တို့ကိုယ်တိုင် မိဘဖြစ်လာတာကို သူတို့မြင်တွေ့ခွင့်ရချင်မှရမယ် မိဘအများစုက သူတို့သားသမီးကောင်းကောင်းမွန်မွန်နဲ့ နေထိုင်နိုင်တာကိုပဲ မျှော်လင့်ကြတာ ကျန်တာမလိုဘူးဆိုပေမဲ့ ကိုယ်တွေက ပြန်ထောက်ပံ့နိုင်ရင်ပိုကောင်းတာပေါ့ မိဘဆိုတာကလည်း သူတို့နောက်ဆုံးအချိန်ထိ ကျနော်တို့ဘဝမှာ သစ္စာရှိရှိ ရှိခဲ့ပေးတဲ့သူတွေပါပဲ ဂရုစိုက်ဖို့ ချစ်ဖို့မမေ့နဲ့ ညီကိုတို့

Jason Khant (Founder, Personal Coach)



23/09/2026

ကိုယ်လိုချင်တဲ့အရာတစ်ခုခုကို ဝယ်ဖူးကြတယ်မလား
ဒီအရာတွေထဲမှာ ရုပ်ဝတ္ထုပစ္စည်းတွေပါမယ်
ဒီဟာတွေကို ပိုင်ဆိုင်ပြီးတဲ့နောက် အချိန်တစ်ခုရောက်သွားတဲ့အခါမှာ ရိုးအီသွားတာမျိုး ဒါမှမဟုတ်
ခံစားချက်တွေက မလန်းဆန်းတော့တာမျိုးဖြစ်ဖူးတယ်ဟုတ်

မျက်လုံးထဲထင်သာမြင်သာရှိအောင်ပြောရရင်
iPhone အသစ်ထွက်တိုင်းဝယ်ကိုင်တဲ့အခါမှာ စစချင်းတော့ ဖုန်းအသစ်လေးကို မထိရက်မကိုင်ရက် စားပွဲပေါ်တင်ရင်တောင် ပွန်းမှာကြောက်လို့ ဖြည်းဖြည်းချင်းချတာမလား BT percentage တောင် 100 ကနေကျမှာဆိုးလို့ 20% အောက်ထိမသုံးဘဲ အားလျော့တာနဲ့ ပြေးပြေးသွင်းမှာပေါ့

ဒါပေမဲ့ အဲ့ခံစားချက်က ကိုယ့်အတွက်ဘယ်အချိန်လောက်ရောက်ရင် ဖျောက်ခနဲပျောက်သွားတတ်လဲ
အနည်းဆုံး တစ်လလောက်ကြာသွားရင် ထုံးစံအတိုင်း ပစ်ချတာမျိုး အိပ်ယာပေါ်ပစ်လိုက်တာမျိုးတွေ လုပ်လာကြတယ်မလား

နောက်ဥပမာတစ်ခုပေးရရင် မမြဲတဲ့လက်ကိုတင်းနေအောင်ဆွဲထားပေမယ့်လည်း လွှတ်ပေးခဲ့ရတဲ့အခိုက်အတန့်ရှိခဲ့ဖူးမှာပေါ့ အဲ့လိုကျတော့ရော ပြန်ပြီး Healing လုပ်ခဲ့ရတဲ့အချိန်က ဘယ်လောက်ရှိမလဲ
အချိန်အတိုင်းအတာတစ်ခုရောက်သွားရင်တော့ နဂိုလူအတိုင်းပြန်ဖြစ်သွားတယ်မလား

Hedonic Treadmill ဆိုတာ ကျနော်တို့ဘဝမှာ ကြုံလာရတဲ့ အဖြစ်အပျက်တိုင်းဟာ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အချိန်အတိုင်းအတာတစ်ခုရောက်သွားတဲ့အခါ တဖြည်းဖြည်းကျဆင်းလာပြီး
ကျနော်တို့ရဲ့ ခံစားချက် level ဟာ
နဂိုမူလအတိုင်း Baseline ကိုပြန်ရောက်သွားလေ့ရှိတယ်

System တစ်ခုနဲ့တည်ဆောက်ပြရရင်
▪️ကျနော်တို့မြင်တယ်
▪️မြင်တော့ လိုချင်တယ်
▪️လိုချင်တော့ ရအောင်လုပ်တယ်/ဝယ်တယ်
▪️ဒီအရာကိုခံစားတယ်
▪️အချိန်ကြာလာတော့ ဒီအရာနဲ့ နေသားကျသွားတယ်
▪️အသစ်အဆန်းတွေကို ထပ်ရှာ/မြင်တယ်

ဒါဆို ကျနော်တို့က ဘာပဲလုပ်လုပ် ဘာပဲဝယ်ဝယ် အချိန်တစ်ခုရောက်လာတဲ့အခါမှာ မူလနေရာကိုပြန်ရောက်သွားမှာလား?
အဲ့တော့ ဒီ Concept က
Gym တွေမှာ ပြေးတဲ့လမ်းလျှောက်စက်ပေါ်မှာ
ပုံမှန်ပဲပြေးပြေး အမြန်ပဲပြေးပြေး ဒီနေရာကဒီနေရာပဲ

လူငယ်သဘာဝရည်းစားထားတယ်ဆိုရင်တောင် စစချင်းမှာတော့ အရာရာတိုင်းဟာ လန်းဆန်းနေမယ် နူးညံ့နေမယ် အဲ့အချိန်မှာ သူရောကိုယ်ရောရဲ့ Happiness Level က မြင့်နေမယ် ဒါပေမဲ့ တွဲလာတဲ့သက်တမ်း ၃-၄ နှစ်အထက်ရောက်လာတဲ့အခါမှာ
အများစုက သံယောဇဉ်ပဲရှိကြတော့တာ ချစ်တဲ့စိတ်ကနည်းလာတယ်
အဲ့တော့ ခုနက Concept နဲ့ချိန်ဆကြည့်ရင်
လူတစ်ဦးရဲ့ Happiness Level က ပုံမှန်အခြေအနေကို ပြန်ရောက်နေပြီ

အကယ်ရျ်ကိုယ်သာ အဲ့လိုမျိုးဖြစ်နေရင် ဒီ Relationship ကို Baseline ကနေ ပြန်တက်လာအောင် ဘယ်လိုလုပ်မလဲ?

သေချာတာကတော့ အဓိပ္ပာယ်ရှိတဲ့အရာတွေ အမှတ်တရတွေ ဆန်းသစ်တဲ့ပြောင်းလဲမှုတွေနဲ့ ရင်ပြန်ခုန်အောင် ပြန်ပျော်အောင်ဖန်တီးဖို့လိုလာပါတယ်
(အကယ်ရျ် ဟိုဘက်က စိတ်မပါတော့ဘူး မချစ်တော့ဘူးဆိုလည်း လွှတ်ချလိုက်ပါ )

ကိုယ့်ဘဝမှာ ဘယ်လိုပဲ Extraordinary Circumstances တွေပဲကြုံလာကြုံလာ Expired Date ကုန်ရင်တော့ သာမန်ကိစ္စတွေပဲဖြစ်လာကျတာပါ
တခါတလေမှ ပြန်တွေးပြီး ဂုဏ်ယူတာမျိုးလဲရှိနိုင်ပေမဲ့ လူသားတွေက အပြောင်းအလဲ အနိုင်အရှုံး အတက်အကျ အနိမ့်အမြင့်တွေကို မြန်မြန်ဆန်ဆန် ကျင့်ယူအသားကျလွယ်တဲ့သတ္တဝါတွေပဲမဟုတ်လား

Jason Khant (Founder, Personal Coach)




22/09/2026

𝐈𝐧𝐯𝐞𝐬𝐭 𝐢𝐧 𝐘𝐨𝐮𝐫𝐬𝐞𝐥𝐟 လို့ ပြောတိုင်း ပိုက်ဆံရှိမှလုပ်လို့ရတာလား
ကိုယ့်ကိုယ်ကိုယ် Upgrade လုပ်ပါ ဆိုတဲ့ စကားကို ကြားတိုင်း "ငါ့မှာ သိန်းချီတန်တဲ့ သင်တန်းတွေတက်ဖို့ ပိုက်ဆံမှ မရှိတာ" လို့ တွေးမိနေတယ်ဆိုရင် အခုကျနော်လုပ်ခဲ့တဲ့နည်းတွေကို စမ်းသုံးကြည့်
အထူးသဖြင့် အခုလို အခြေအနေမျိုးမှာ လစာက စားဝတ်နေရေးနဲ့တင်ကွက်တိဖြစ်နေတော့
သင်တန်းတက်ဖို့ ငွေဖယ်ထားဖို့ဆိုတာတကယ်ကိုမလွယ်တဲ့ကိစ္စ
အဲ့တော့ သင်တန်းကြေးစုတာနဲ့ ၃ လလောက်ကြာပြီး ကိုယ်တက်ချင်တဲ့အတန်းကို တက်ရဖို့ ထပ်စောင့်ရတာနဲ့ အချိန်ကပိုကြာ
ပိုက်ဆံမရှိလို့ဆိုပြီး ဒီတိုင်းထိုင်နေလိုက်ရင်လည်း ကိုယ့်ဘဝက ဒီထက်ပိုပြီး တိုးတက်လာစရာရှိမှာမဟုတ်ဘူးဆိုပြီး အတွေးလွန်
ဒါဆို ငွေကြေး သုံးစွဲဖို့ ခက်ခဲနေတဲ့အခုလို အခြေအနေမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ရင်းနှီးမြှုပ်နှံကြမလဲဆိုတော့

🔹 ပိုက်ဆံပေးစရာမလိုတဲ့ YouTube
Self Study လုပ်နိုင်တဲ့သူဆိုရင် YouTube ကတော့ တကယ့် ရွှေတွင်းပါပဲ
တကယ်တော့ Video Editing, Graphic Design ကစလို့ Digital Marketing အထိ ကိုယ်လေ့လာချင်တဲ့ အရာတွေကို YouTube မှာ အလွယ်တကူ ရှာလို့ရပါတယ်
ပထမတော့ အတန်းထဲမှာ သင်ရတာမဟုတ်လို့ နည်းနည်း ပျင်းစရာကောင်းမယ် ပျံ့လွင့်လွယ်မယ်
ဒါပေမဲ့ နေ့တိုင်း အချိန်လေးတစ်နာရီလောက် သတ်မှတ်ပြီး ဇွဲခံကြည့်လိုက်ရင်အကျင့်ရသွားပါလိမ့်မယ်

🔹ဆိုရှယ်မီဒီယာ Algorithm ကိုပြန်ထိန်းချုပ်ကြည့်ပါ
လူတိုင်းဖုန်းပွတ်တဲ့အကျင့်ကို ဖြတ်ဖို့ဆိုတာလက်တွေ့မှာ သိပ်မလွယ်ပါဘူ
ဒီတော့ မဖြတ်နိုင်တဲ့အတူတူ ကြည့်ရတဲ့အကြောင်းအရာတွေကို ပြောင်းပစ်လိုက်ရအောင်
ကိုယ်လေ့လာချင်တဲ့ နယ်ပယ်က Page တွေ၊ ပညာရှင်တွေနဲ့ နိုင်ငံတကာကဂုရု တွေကို Follow လုပ်ထားလိုက်
ဒီလိုလုပ်ထားခြင်းအားဖြင့် ကျနော်တို့ အလုပ်ကပြန်လာလို့ ပင်ပန်းပြီး ဖုန်းပွတ်နေတဲ့အချိန်မှာတောင် ကိုယ့်မျက်စိရှေ့ကို အသိပညာတွေ Ideas အသစ်တွေ အလိုလိုရောက်လာမှာပါ မြင်ပါများလာရင် လေ့လာချင်စိတ်ပေါက်လာပါလိမ့်မယ်
ဒါဟာ အလွယ်ကူဆုံး ကိုယ့်ကိုယ်ကိုယ်ရင်းနှီးမြှုပ်နှံခြင်းပါပဲ

🔹ကြားညပ်နေတဲ့ အချိန်လေးတွေကို အသုံးချပါ
ဥပမာ ကိုယ်က “စာလုပ်ဖို့အချိန်မရှိဘူး" လို့ တွေးမိတဲ့အခါ တစ်ရက်ကို ၂ နာရီ ၃ နာရီ အချိန်ပေးရမယ်လို့တွေးထားလို့ပါ
တကယ့်လက်တွေ့မှာ YBS ကားစီးနေရတဲ့အချိန်
အိမ်သာတက်နေတဲ့အချိန် ထမင်းစားနေတဲ့အချိန်
ကိုယ့်ကိုပြန်မကြိုက်တဲ့ လူတစ်ယောက်ဆီကစာကိုစောင့်နေရတဲ့အချိန်လေးတွေက တစ်ရက်ကို ပေါင်းကြည့်ရင် အနည်းဆုံးတစ်နာရီလောက် ရှိပါတယ်
အဲ့ဒီ ကြားညပ်နေတဲ့ မိနစ်လေးတွေ မှာ YouTube ကနေ Podcast လေးတစ်ခုနားထောင်လိုက်တာ
ဒါမှမဟုတ် ဖုန်းထဲမှာလေ့လာထားတဲ့ အကြောင်းအရာလေးကို ကိုယ်ပိုင် Idea လေးနဲ့ မှတ်စုရေးကြည့်တာမျိုး စလုပ်ကြည့်ပါ
အချိန်အများကြီး လိုပါဘူး
နေ့တိုင်း နည်းနည်းချင်းစီစုဆောင်းသွားတဲ့ အသိပညာက ရေရှည်မှာ Compounding ဖြစ်လာတယ်

ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံတယ်ဆိုတာ ငွေသုံးနိုင်မှ မဟုတ်ပါဘူး
ကိုယ့်မှာရှိတဲ့ အချိန်လေးကိုဘယ်လောက်အကျိုးရှိရှိ သုံးနိုင်လဲဆိုတာပဲ
အခြေအနေတွေက ခက်ခဲနေပေမဲ့ ဒီကြားထဲကနေ လွတ်မြောက်ဖို့ တိတ်တဆိတ်ကြိုးစားနေတဲ့
ကိုယ့်ကိုယ်ကိုယ်လည်း မိုတီတက်အောက် အသိအမှတ်ပြုပေးဖို့မမေ့နဲ့အုန်းနော်

Jason Khant (Founder, Personal Coach)




21/09/2026

အသက် ၂၀ ကျော် ၂၅ နှစ်အရွယ်တွေ
ငယ်ငယ်တုန်းက ငါကြီးလာရင် ဘာဖြစ်နေမယ်ဆိုတဲ့ အိပ်မက်ဟာ အခုချိန်မှာ ဘယ်လိုမှ ဆက်စပ်မှုရှိမနေတော့ဘူးဆိုတာကို ရင်ဝယ်ပိုက်ထားကြတဲ့အကြောင်း ဘယ်သူမှ ထုတ်ပြောမယ်မထင်ဘူး

အသက် ၁၆-၁၇ တုန်းကဆိုရင် ကျနော်တို့ကိုယ်စီမှာ အိမ်မက်တွေ အကြီးကြီးရှိခဲ့ကြတယ်
“ငါ အသက် ၂၅-၃၀ ရောက်ရင် ကိုယ်ပိုင်ကားလေးနဲ့လွတ်လွတ်လပ်လပ် ခရီးတွေထွက်
ဝါသနာပါတဲ့ကော်ဖီဆိုင်ဖွင့်ရင်း
အေးအေးဆေးဆေး အလုပ်လုပ်ရင်း အောင်မြင်နေမှာပဲ” လို့ ပုံဖော်ခဲ့ဖူးကြမယ်
တကယ်တမ်းကျ အသက် ၂၅ မပြည့်သေးတဲ့ လူငယ်တွေကအစ မနက် ၆-၇နာရီ ထပြီး အလုပ်သွားဖို့ လူအပြည့်တင်လာတဲ့ YBS ကိုအတင်းတိုးစီးရ
လကုန်ရင် အိမ်လခနဲ့ မီတာခ
စားစရိတ်အတွက် အကြိမ်ကြိမ်တွက်ချက်ရ
မီးပျက် လိုင်းပြတ်တဲ့ကြားထဲကနေ ကိုယ့်အိပ်မက်တွေကို ခဏခေါက်ထားပြီး မိသားစစားဝတ်နေရေးအတွက် မဖြစ်မနေ အလုပ်တွေဖိလုပ်နေရတယ်

ညအိပ်ခါနီးတိုင်း "ငါ ဖြစ်ချင်ခဲ့တဲ့သူက ဒီလိုမျိုးမှမဟုတ်တာ ငါ့ဘဝက ဘာလို့ဒီလောက်တောင် ရုန်းကန်နေရတာလဲ ဘာလိုလိုနဲ့ ငါ့မိဘတွေလည်း အသက်ကြီးလာပြီ” ဆိုတဲ့ အတွေးကရင်ဘတ်ထဲမှာ စူးခနဲဝင်လာတတ်တယ်မလား

ငယ်ငယ်က မျှော်မှန်းခဲ့တဲ့ Potential နဲ့ လက်ရှိမှာ မကိုက်ညီတဲ့အခါ ကျနော်တို့ စိတ်ညစ်စိတ်ပျက်တာဟာ မဆန်းဘူး ဒါဟာ ကိုယ်ကအသုံးမကျလို့ ညံ့ဖျင်းလို့ ဖြစ်လာတာမဟုတ်ဘူးဆိုတာကို အရင်ဆုံးလက်ခံပေးပါ ဘာမှမကြိုးစားမလေ့လာဘဲ လောကကြီးကိုအပြစ်ထိုင်တင်နေရင်တော့ ကိုယ်ညံ့လို့ပါပဲ

ကလေးဘဝတုန်းကတော့ ဒီနေ့လို စီးပွါးရေးအကြပ်အတည်းတွေ ခန့်မှန်းရခက်တဲ့ အပြောင်းအလဲတွေနဲ့ လူကြီးဘဝရဲ့ လေးလံတဲ့တာဝန်တွေကို ဘယ်လိုလုပ် ကြိုသိနိုင်မှာလဲ
ဘယ်သူမှ ကြိုမသိခဲ့ပါဘူး
ဒါကြောင့် အရင်ကကိုယ့်ကိုယ်ကိုယ်သတ်မှတ်ခဲ့တဲ့ စံနှုန်းတွေနဲ့ အခုလက်ရှိ ကိုယ့်ကိုကိုယ်လာပြီး ရိုက်
နှက်မိနေတာမျိုးရှိလား တခါတလေ ကျနော်တို့ဟာ ဖြူစင်တဲ့ကလေးဘဝကိုလည်း ပြန်တမ်းတမိတာမျိုးလည်းရှိကြပြန်တယ်
ဒါဆိုရင် ဒီနောင်တတွေသိမ်ငယ်စိတ်တွေကြားထဲကနေ အခုချိန်ကစပြီးဘယ်လိုပြန်စကြမလဲ

▪️ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပေးတာ ပိုကောင်းပါတယ်
အဲ့ဒီတုန်းက စိတ်ကူးယဉ်ခဲ့တာတွေက မှားသွားတာ မဟုတ်ဘူး
အခုချိန်မှာကျရှုံးနေတာလည်းဟုတ်မနေဘူးလေ
လူတိုင်းကိုယ်စီခက်ခဲကျပ်တည်းပြီး ဖိအားတွေများနေတဲ့ခေတ်ကြီးထဲမှာ ကိုယ်က စိတ်မလွတ်သွားဘဲကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရှင်သန်နေနိုင်တာကပဲကံကောင်းတယ်လို့ဆိုရမှာပါ
ကျနော်တို့အိပ်မက်တွေက ပျောက်သွားတာမဟုတ်ဘဲလက်ရှိ အခြေအနေအရ ပုံစံပြောင်းသွားတာပါ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးလိုက်ရတဲ့သဘောပါ

▪️ဦးမြင့်မောင်ကို အင်္ဂါပြောင်းလိုက်ပါ
ဘာဝယ်နိုင်မှ ဘာပိုင်ဆိုင်မှ
အောင်မြင်တာမဟုတ်တော့ဘူး ဒီနေ့ခေတ်မှာ ကိုယ့်ကျန်းမာရေးကိုဂရုစိုက်နိုင်တာ
ကိုယ့်မိသားစုကို တစ်ထောင့်တစ်နေရာကနေ ထောက်ပံ့နိုင်တာ အဆိပ်အတောက်ဖြစ်တဲ့ ဝန်းကျင်ကနေ ရုန်းထွက်နိုင်တာ
ညဘက် ခေါင်းချလိုက်တာနဲ့ စိတ်အေးလက်အေး အိပ်ပျော်သွားတာ
ဒါတွေကလည်း ကိုယ့်အတွက်တစ်ကိုယ်ရည်
အောင်မြင်မှုအစစ်အမှန်တွေပါပဲ

▪️စမှတ် အသစ်ပြန်စပါ
ကျနော်ကိုယ်တိုင် အခုထိ နောင်တရမိနေတဲ့အရာတစ်ခုရှိတယ်
"လွန်ခဲ့တဲ့ ၅ နှစ်က ငါ ဘာမှသေချာမလုပ်ခဲ့ရမပြင်ဆင်ခဲ့ရလေခြင်း" ဆိုပြီး အတိတ်ကို ပြန်ကြည့်ရင်း စိတ်ညစ်နေတုန်းပဲ
မိတ်ဆွေတို့အနေနဲ့လည်း
“အခု ငါ့လက်ထဲမှာဘာရှိလဲ ငါ ဘာဆက်လုပ်နိုင်လဲ"
မေးခွန်းတွေထပ်တလဲလဲမေးကြည့်ပါ
နိုင်ငံခြားထွက်ဖို့ စာပြန်လုပ်မလား
Skill အသစ်တစ်ခုပြန်သင်မလား
အလုပ်သစ်ရှာမလား... အကြီးကြီးတွေ စဉ်းစားမနေဘဲ ကိုယ်လက်လှမ်းမှီနိုင်တဲ့အရာတစ်ခုကို မေးခွန်းတွေမေးရင် အဖြေရှာကြည့်ပါ
တရားထိုင်ရင်းကနေလည်း ကိုယ့်ကိုယ်ကိုမေးခွန်းတွေမေးလို့ရပါတယ် လုပ်ကြည့်ပါ

ခုချိန်မှာတော့ အတော်များများအောင်မြင်ဖို့ကြိုးစားနေတာထက် အခြေခိုင်ဖို့လုံးပမ်းနေရတယ်လို့ ထင်ပါတယ်
တချို့သောသူတွေကျလည်း အတွေ့အကြုံတွေစုဆောင်းနေတဲ့သူတွေ ရှိကောင်းရှိမယ်
ဒီစာလေးဖတ်ရင်းနဲ့ ရင်ထဲမှာ တစ်ခုခု သွားထိမိတယ်ဆိုရင် ကိုယ့်ရဲ့ လက်ရှိ ခံစားချက်ကို Comment မှာ လွတ်လွတ်လပ်လပ်ရင်ဖွင့်သွားလို့ရပါတယ်

Jason Khant (Founder, Personal Coach)



20/09/2026

အလုပ်ခွင်မှာ Burnout မဖြစ်ဖို့ဆိုရင်
အရင်ဆုံး မြန်မာပြည်ရဲ့ မီးပျက် ကားပိတ် စျေးတက်နေတဲ့ အခြေအနေမှာ စာအုပ်ထဲက ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါဆိုတာတွေက လက်တွေ့ကျမနေဘူး အလုပ်တိုင်းက တစ်ခုနဲ့တစ်ခု တူနေမှာမဟုတ်တဲ့အတွက်
လူတိုင်းအတွက် ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်

▪️ရုံးချိန်ပြင်ပဆိုရင် အလုပ်ရဲ့ Viber/Telegram Group တွေကို Mute ထားလိုက်တယ် အရေးကြီးတဲ့အရာလွဲလို့ ကျန်တာတွေဆို ရုံးချိန်ပြင်ပမှာ ချက်ချင်း Reply မပြန်ဘဲထားတာ
လစာနဲ့ အလုပ်လုပ်ခဲ့တုန်းက ဒါမျိုး မရှိခဲ့ပေမဲ့ လစာမရဘဲ လုပ်ခဲ့တဲ့အလုပ်တစ်ခုကကျ ခွေးလိုနွားလိုခိုင်းတာ
အဲ့တော့ ချက်ချင်းစာပြန်လေလေ နောက်လည်းအချိန်မတော်ခိုင်းလေလေပဲ

▪️အလုပ်သွားတဲ့လမ်းမှာ ကားကြပ်တာ
ဖယ်ရီစောင့်ရတာ နေပူရတဲ့အထဲ YBS တိုးစီးရတာတွေက ရုံးမရောက်ခင်ကတည်းက ကိုယ့် Energy တစ်ဝက်ကုန်တယ်
အဲ့လိုမဖြစ်အောင် နားကြပ်တပ်
စိတ်အေးလက်အေးဖြစ်စေမယ့် သီချင်း၊ Podcast တစ်ခုခု နားထောင်ရင်း ဦးနှောက်ကိုအနားပေးဖြစ်တယ်
Relaxed ဖြစ်စေတယ်လို့ခံစားရလို့

▪️နောက်ထပ် ဘာကြုံရလေ့ရှိလဲဆိုတော့ မီးပျက်တာ ဝိုင်ဖိုင် လိုင်းကျနေတာမျိုးဆိုရင် အလုပ်နှောင့်နေးတာမျိုးဆို စိတ်ကရှုပ်လာတယ်
ဒီပြဿနာမျိုးကြုံလာရင် ကိုယ့် Dpt ရဲ့ Senior အကြီးဆီ Report ပေးထားပြီး ကိုယ်တတ်နိုင်တဲ့အပိုင်းကိုပဲ စိတ်အေးအေးထားပြီးလုပ်ဖြစ်တယ် သူတို့ဆီက Update ပြန်လာမှ ကျန်တာဆက်လုပ်ပေါ့

▪️ရုံးထမင်းစားပွဲတွေရဲ့ အဆိပ်အတောက်တွေကို ရှောင်နိုင်ရင် ကောင်းတယ်
လစာဖြစ်ဖြစ် ရုံးကလူတွေမကောင်းကြောင်း ဘယ်သူ့မကောင်းကြောင်း ထိုင်ညည်းနေတဲ့ စကားတွေကို မကြိုက်တဲ့သူဆိုရင် မနောပျက်စေတယ် ပြီးတော့ စကားတွေက ထမင်းဝိုင်းကနေတဆင့် အကြီးတွေဆီပြန်
ရောက်တတ်ပါတယ်

▪️အားနာတတ်တဲ့ စိတ်ကြောင့် ပိုလာတဲ့အလုပ်တွေကို ဖြတ်ထုတ်နိုင်ရင်ကောင်းတယ်
ဒါကတော့ အလုပ်မှာ ကြုံခဲ့ဖူးတယ် အချောင်ခိုတတ်တဲ့လူကို မျက်ကွယ်ပြုပြီး ကိုယ့်ကိုပဲအကုန်ခိုင်းတာ အဲ့တုန်းကတော့ စိတ်ထဲတင်းပေမဲ့ ကိုယ်ရှိနေတုန်း အကောင်းဆုံး
လုပ်ပေးမယ်ဆိုတဲ့စိတ်နဲ့ ပဲ လုပ်ခဲ့တယ်
အားနာရင်ခါးပါတတ်ပါတယ်

▪️Deadline နဲ့လုပ်တာပိုကောင်းတယ်
အလုပ်အကြွေးတင်တိုင်းစိတ်ရှုပ်ရတဲ့သူတွေမြင်ဖူးတယ်
အမြဲညီးညူနေတာ final report တင်ရတော့မယ်ဆိုမှ မီးကုန်ယမ်းကုန်လုပ်တာမျိုးဆို လူပင်ပန်းပါတယ်

▪️TGIF တိုင်း ဘား/ဘီယာဆိုင်သွားပြီး အေးဆေး Chill လို့ရသလို
တစ်ပတ်လုံးပင်ပန်းထားသမျှကို စနေ/တနင်္ဂနွေတစ်
ရက်လောက် ဖုန်းဘေးချ
အခန်းထဲမှာအိပ်ရေးဝဝအိပ်တာ
လက်ဖက်ရည်/ဘီယာဆိုင်မှာထိုင်တာမျိုးပေါ့
သောက်ရင်လည်း လျှော့သောက်ပါ

▪️အလုပ်က အချစ်တော်တွေနဲ့ အမုန်းတရားတွေရှေးရှုပြီးနေ့ချင်းပြန်ခရီးတွေထွက်ပါ :3

Jason Khant (Founder, Personal Coach)




ကိုယ့်ရဲ့ Passion ကို အလွယ်ကူဆုံးသိဖို့▪️ကိစ္စတစ်ခု (ဥပမာ-ဝါသနာပါတဲ့ လုပ်ငန်း၊ အားကစား၊ အနုပညာ၊ ဂီတ) ကို ထပ်တလဲလဲတွေးတာ▪...
19/09/2026

ကိုယ့်ရဲ့ Passion ကို အလွယ်ကူဆုံးသိဖို့

▪️ကိစ္စတစ်ခု (ဥပမာ-ဝါသနာပါတဲ့ လုပ်ငန်း၊ အားကစား၊ အနုပညာ၊ ဂီတ) ကို ထပ်တလဲလဲတွေးတာ

▪️အတွေးနဲ့ပတ်သက်ပြီး Idea အသစ်အဆန်းတွေထုတ်နိုင်တာ

▪️ငွေရဖို့အတွက်မဟုတ်ရင်တောင်မှ ကိုယ့်အားလပ်ချိန်မှာ အချိန်ပေးပြီး နှစ်မြှုပ်ထားတာ

▪️ အရှုံးပေးဖို့ထက်ယုံကြည်မှုရှိရှိနဲ့ ရင်ဘတ်ထဲကနေ
ဘာကြောင့်ဒီဟာကို လုပ်တာလဲဆိုတာ သိတယ်

▪️ဒီဟာကို လုပ်နေရရင် အချိန်ကုန်လို့ ကုန်မှန်းမသိဖြစ်တာ

▪️ကိုယ့်ဘဝရဲ့ အချိန်တဝက်ကို ဒီဝါသနာမှာပဲ ပုံအပ်ထားတာ

▪️နေ့တိုင်း 1% ပိုတိုးတက်ကောင်းမွန်အောင် ကြိုးစားတာ

▪️Volunteer လုပ်ဖို့တက်ကြွတာ

▪️ကိုယ့်ရဲ့ Passion နဲ့ပတ်သက်ပြီး Blog Content တွေစလုပ်လာတာ

ကိုယ်စိတ်ဝင်စားတဲ့ကိစ္စတစ်ခုခုကို လုပ်တယ်ဆိုရင်
-Know Your Why ကိုသိရမယ်
-ဒါကို လုပ်နေရရင် ပြီးပြည့်စုံတယ် လို့ခံစားရတယ်
-ဒီအရာနဲ့ပတ်သက်ပြီး အကောင်းဆုံးလုပ်ချင်တဲ့ဆန္ဒက အထွတ်အထိပ်ရောက်နေတယ်
-ရေရှည်ရည်မှန်းချက်တွေလဲရှိတယ် ဆိုရင် ဒါက ကိုယ့်ရဲ့ Passion ဖြစ်ပါတယ်

တချို့ကျ ဘာကို ဝါသနာပါလို့ပါမှန်းမသိဘဲနဲ့
တစ်ခုခုကိုလုပ်နေရင်းနဲ့ပဲ repetitive များလာတဲ့အခါမှသာ
Passion ကိုစတွေ့ကြတာမျိုးလည်းရှိပါတယ်
Passion တိုင်းက Career ဖြစ်လာဖို့သက်သက်ထက် ကိုယ့်ဘဝကို အဓိပ္ပာယ်ရှိတဲ့အရာသဲလွန်စတစ်ခုခုသယ်ဆောင်လာတာလည်းရှိတတ်ပါတယ်

မိတ်ဆွေတို့ကော ကိုယ် ဘာကို Passionate ဖြစ်လဲဆိုတာသိပြီလား

Jason Khant (Founder, Personal Coach)




Address

Yangon

Website

Alerts

Be the first to know and let us send you an email when Think And Grow By Jason Khant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share