30/03/2026
အုပ်ရေ ဆယ်ဂဏန်းပဲ ကျန်တော့တဲ့ စာအုပ်။
ဘယ်နှအုပ်ယူယူ 20 % off ပါ။
🩷
ရွှေပြည်စိုးလား၊ ပုစဉ်းရင်ကွဲလား
~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော်က ငယ်စဉ် အလယ်တန်းကျောင်းသားဘဝကတည်းက သိုင်းဝတ္ထုတွေကို နှစ်ခြိုက်စွဲလမ်းခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သိုင်းဝတ္ထုတွေကို ကြိုက်နှစ်သက်သွားရတဲ့ အဓိကအကြောင်းအရင်းမှာ အဖြူအမည်း TV ခေတ်က မြဝတီရုပ်မြင်သံကြား (MWD) က ထုတ်လွှင့်ခဲ့တဲ့ တရုတ်သိုင်းကား ဇာတ်လမ်းတွဲတွေကြောင့် ဖြစ်မယ်။
အဲဒီနောက်ပိုင်း အရွယ်ရောက်လာတော့ သိုင်းဝတ္ထုတွေကို စွန်လွှတ်လိုက်ပေမဲ့ တရုတ်သိုင်းကားတွေကိုတော့ လက်မလွှတ်နိုင်။ ခေတ်အဆက်ဆက် ဗားရှင်းအမျိုးမျိုးနဲ့ ထွက်ခဲ့တဲ့ နဂါးနိုင်ဓား၊ သိုင်းငှက်သူရဲကောင်းတွေကိုလည်း ဗားရှင်းတစ်မျိုးမှ မလွတ်အောင် ကြည့်ခဲ့တယ်။ နောက်ပိုင်း မူရင်း BL သိုင်းဝတ္ထုတွေကို ဆင်ဆာရှောင်ရင်း ရိုက်ကူးလာကြတဲ့ ဖြူဖြူသွယ်သွယ် သိုင်းကားတွေကိုလည်း မလွတ်တမ်း ကြည့်ဖြစ်ခဲ့တယ်။
လက်ရှိနှစ်တွေမှာတော့ အဲဒီလို သိုင်းကားတွေကို ကျွန်တော် မစောင့်ကြည့်ဖြစ်တော့ပါ။ ဒါဆို နှစ်ပေါင်း ၂၀ ကျော်မက အားပေးလာတဲ့ သိုင်းကားတွေကို တကယ်စွန့်လွှတ်လိုက်ပြီလားဆိုရင်တော့ မဟုတ်ပါ။ လူသားတွေ (မင်းသား၊ မင်းသမီးတွေ) သရုပ်ဆောင်တဲ့ သိုင်းကားတွေထက်ပိုပြီး သိုင်းကားချစ်သူတို့ကို လွှမ်းမိုးလာတဲ့ Chinese Anime တွေကို ကျွန်တော်လည်း ပိုစွဲလမ်းလာမိတယ်။
အရင်ကလို ခုန်ပျံကျော်လွှား အတွင်းအားတွေကို ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကြည့်ရှုခဲ့တဲ့ အရွယ်မဟုတ်လေတော့ Anime တွေကိုကြည့်ရင်း မေတ္တာကို သူတို့ ဘယ်လိုပုံဖော်သွားသလဲ၊ ဒီဇာတ်ဝင်ခန်းက ဘာကိုပြချင်တာလဲ၊ ဒီ Anime ဇာတ်လမ်းတွဲရဲ့ အနှစ်ချုပ်က ဘယ်ကို ဦးတည်သွားသလဲ ဆိုတာတွေကို ကျွန်တော့်ရဲ့ ဉာဏ်တစ်ထွာ၊ တစ်မိုက်နဲ့ ခွဲခြမ်းစိတ်ဖြာ ကြည့်မိတယ်။
လက်ရှိ ကြည့်နေတဲ့ Anime ကတော့ "Perfect World" ဆိုတဲ့ Chinese Anime ပါ။ ထုတ်လွှင့်ပြသလာလိုက်တာ အခုဆိုရင် အပိုင်း ၂၀၀ ကျော်နေပေမဲ့ ကျွန်တော် ကြည့်တာကတော့ ၁၀၀ ကျော်ရုံလေးပဲ ရှိပါသေးတယ်။ ၁၀၀ အောက်အပိုင်းတွေမှာ သမားရိုးကျ ပုံဖော်မှုတွေပဲ ဆိုပေမဲ့ ၁၀၀ ကျော်လာချိန်မှာတော့ ကြည့်နေရင်း သိုင်းကားနဲ့ မတူတော့ဘဲ မျက်မှောက်ခေတ်ရဲ့ စနစ်တွေကိုပါ ထည့်ပြလာသယောင်။ တရုတ်စာ တစ်လုံးမှ မသိမနားလည်တဲ့ ကျွန်တော်တို့ Chinese Anime ချစ်သူတွေအတွက် ဘာသာပြန်ပေးတဲ့ SoulKingdom က ဘာသာပြန်သူ ညီအစ်ကိုမောင်နှမတွေကိုလည်း ကျေးဇူးတင်ရပါတယ်။
ယမန်နေ့ညက ကြည့်မိတဲ့ အပိုင်းတချို့ကို ပုံဖော်ပြပါဦးမယ်။ နတ်ဘုံက နတ်လို့ အမည်ခံထားတဲ့ အုပ်စုတစ်စု (ကြီးနိုင် ငယ်ညှင်း လုပ်တတ်တဲ့ အုပ်စု) ဟာ လူသားတိုင်းပြည် (ချောင်ပိတ်ခံရတဲ့ အုပ်စု) ကို ဖျက်ဆီးဖို့ ရောက်လာခဲ့တယ်။ လူသားတိုင်းပြည်ရဲ့ မင်းဧကရာဇ် (အမှန်တရား ဘက်တော်သား) ဟာ သူ့တိုင်းပြည်အတွက် ရှေ့ထွက်ပြီး တိုက်ပွဲဝင်ခဲ့တယ်။ မင်းဧကရာဇ်ရဲ့ နောက်ကနေ ပါဝင်ကြတဲ့ ပြည်သူတွေ (အမှန်တရား ဘက်တော်သားတွေ) အမြောက်အမြား ကျဆုံးကုန်ကြတယ်။ လက်နက်အင်အား၊ လူအင်အား ပိုကောင်းတဲ့ နတ်ဘုံအုပ်စုဟာ အချိန်အကြာကြီး အသာစီးက ရနေခဲ့တယ်။ နောက်ဆုံးမှာတော့ မင်းနဲ့ ပြည်သူတို့ရဲ့ အရှုံးမပေး တွန်းလှန်စိတ်ကြောင့် နတ်ဘုံအမည်ခံ နတ်အတုတွေ ပြိုကွဲ ပျက်စီးပြီး လူသားမျိုးနွယ်စုက အနိုင်ရရှိသွားတော့တယ်။
(((ကျွန်တော် မနေ့ညက "Perfect World" ဆိုတဲ့ Chinese Anime ဇာတ်လမ်းတွဲ အပိုင်း ၁၀၁၊ ၁၀၂၊ ၁၀၃ ကို ကြည့်နေခဲ့ပါတယ်။)))
ဒီထဲက မင်းဧကရာဇ်ရဲ့ စကားတစ်ခုကို သဘောကျလို့ မှတ်သားရပါတယ်။
"တိုက်ပွဲဝင်ဖို့ကို ငါ ရွေးချယ်လိုက်တာ မဟုတ်ဘူး။ မင်းတို့က ငါ့ကို ရွေးချယ်စရာ မရှိအောင် လုပ်ခဲ့ကြတာ။ မင်းတို့တစ်တွေက မင်းတို့ကိုယ်မင်းတို့ မြင့်မြတ်လှပြီ၊ ဘာနဲ့မှ မယှဉ်နိုင်အောင် သန်မာကြပြီလို့ သတ်မှတ်ကြတယ်။ ဒါပေမဲ့ နောက်ဆုံးတော့လည်း နတ်အတုပါပဲ။ နောက်ဆုတ်ဖို့ လမ်းမရှိတဲ့ ငါကတော့ တိုက်ပွဲတိုင်းမှာ မနိုင်ဘူးဆိုရင် ေ-သရလိမ့်မယ်။ ဒါကြောင့် ေ-သရမှာကို ကြောက်တဲ့ မင်းတို့ကပဲ ေ-သသွားကြရတာ" တဲ့။
(((ကျွန်တော် မနေ့ညက "Perfect World" ဆိုတဲ့ Chinese Anime ဇာတ်လမ်းတွဲ အပိုင်း ၁၀၁၊ ၁၀၂၊ ၁၀၃ ကို ကြည့်နေခဲ့ပါတယ်။)))
ဒီအပိုင်းတွေကြည့်ရင်း ခေါင်းထဲမှာ ကြားဖူးတဲ့ ပုံပမာ စကားပုံတစ်ခုက ရောက်လာခဲ့တယ်။
"နှံကောင်က ပုစဉ်းရင်ကွဲကို ချောင်းနေတုန်း
နောက်က ရွှေပြည်စိုးကို သတိမမူမိ"။
ကျွန်တော်တို့တစ်တွေဟာ လူသားတစ်ယောက်အဖြစ် လူ့ဘဝကြိုးဝိုင်းထဲကို ရောက်ရှိလာချိန်မှာ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ အပေါင်းအသင်း ရှိခြင်း၊ အပေါင်းအသင်း မရှိခြင်း၊ လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ ချီးကျူးခံရခြင်း၊ ကဲ့ရဲ့ခံရခြင်း စတဲ့ ရွှေခါးပတ်ပိုင်ရှင် လောကဓံပြိုင်ဘက် ရှစ်ယောက်နဲ့ သူနိုင်ကိုယ်နိုင် ထိုးသ-တ်နေကြရမှာပါ။ ပဝါမကူ၊ အလံဖြူထောင်ခွင့် မရှိတဲ့ ဒီပွဲမှာ ဒီရှစ်ယောက်ကို တစ်ယောက်လဲ တစ်ယောက်ထ ရပ်နားခွင့် မရှိ ရင်ဆိုင်နေကြရမှာပါ။
လောကဓံကြိုးဝိုင်းမှာ နိုင်တာပဲဖြစ်ဖြစ်၊ ရှုံးတာပဲဖြစ်ဖြစ် အားလုံးကတော့ သူရဲကောင်းဆန်ကြတာပါပဲ။ နိုင်တစ်လှည့်၊ ရှုံးတစ်လှည့်နဲ့ ဒဏ်ရာများလေ ပျော်စရာကောင်းလေပေါ့။ ဘဝဆိုတာ တစ်သက်လုံး တိုက်ပွဲဝင်နေမှ ပျော်စရာကောင်းတာ မဟုတ်လား။
ကျွန်တော်တို့ရဲ့ ဘဝကံကြမ္မာ လှပဖို့ကို ဘယ်နတ်ဘုရားကမှ မပြောင်းလဲပေးနိုင်ပါဘူး။ ကိုယ့်ဘဝလှပဖို့ လောကဓံတွေကို ကိုယ်ကိုယ်တိုင်ကပဲ ထိုးသ-တ်နေရမှာ။ ကိုယ့်ကံကြမ္မာကို ကိုယ်ကပဲ ပြောင်းလဲရမှာပါ။ ဒီလိုပြောင်းလဲကြိုးစားနေချိန်မှာ တစ်ခုတော့ သတိရှိရမယ်။
နှံကောင်ဟာ ပုစဉ်းရင်ကွဲကို ချောင်းနေတုန်းမှာ သူ့နောက်မှာ ရွှေပြည်စိုး ငှက်တစ်ကောင် ရောက်နေတာကို သူ သတိမထားမိခဲ့ဘူး။
လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ရွှေပြည်စိုးလို့ သတ်မှတ်ကြတယ်။ ဒါဆိုရင် ပုစဉ်းရင်ကွဲကို ဘယ်သူလာလုပ်မှာလဲ။
ကျွန်တော် မနေ့ညက "Perfect World" ဆိုတဲ့ Chinese Anime ဇာတ်လမ်းတွဲ အပိုင်း ၁၀၁၊ ၁၀၂၊ ၁၀၃ ကို ကြည့်နေခဲ့ပါတယ်။
အပိုင်းသုံးပိုင်းတည်းနဲ့ အတွေးခေါင်ရင်း မိုးစင်စင်လင်းခဲ့ပြီ။
#မှော်ဝန်းသီဟ
#ထူးချွန်တဲ့လူငယ်
စာအုပ်လေးကို မှာယူချင်ပါက
- Messenger က ဖြစ်စေ၊
- Viber (09796361732) က ဖြစ်စေ၊
- Telegram (+959882507465) က ဖြစ်စေ
ပို့ဆောင်ပေးရမဲ့
- အမည်၊
- လိပ်စာအပြည့်အစုံ၊
- ဖုန်းနံပါတ်
တို့ကို ပေးပို့ပြီး မှာယူနိုင်ပါတယ်။