LIFE SMK

LIFE SMK Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LIFE SMK, Video Creator, Yangon.

ခပ်ငယ်ငယ်က ကိုယ်နေတဲ့ရပ်ကွက်မှာ အိချောပိုလို တောင့်တောင့်ဖြောင့်ဖြောင့် body နဲ့ ဆော်တစ်ယောက်ရှိတယ်။အစကအကောင်း။ ဒီတိုင်း...
28/08/2025

ခပ်ငယ်ငယ်က ကိုယ်နေတဲ့ရပ်ကွက်မှာ အိချောပိုလို တောင့်တောင့်ဖြောင့်ဖြောင့် body နဲ့ ဆော်တစ်ယောက်ရှိတယ်။

အစကအကောင်း။ ဒီတိုင်းပဲငမ်းနေတာ။ ကိုယ့်အရွယ်၀တ်တဲ့ size မှ မဟုတ်ဘဲလေ။

ဖြစ်ချင်တော့ အဲ့ဆော်ကြီးလမ်းလျှောက်သွားတာကို ဆိုက်ကားဂိတ်က ဦးလေးကြီးတွေပြောနေတာကိုကြားလိုက်တာကနေ ဇာတ်လမ်းစတာ ...

"အဲ့စော်ကြီးက ဟိုကလပ်က *ာသည်မ ကွ"

"ဟုတ်လို့လားကွ မင်းကလဲ"

"ဟုတ်တယ်ကွ မသေချာဘဲပြောမလား၊ တစ်ည ၅သောင်းနဲ့ရတယ်။ ငါ့ဆိုက်ကားပေါ်စျေးညှိတာကွာ ငါ့နားနဲ့ ဆတ်ဆတ်ကြားတာ"

ကိုယ်ကတော့ သူတို့ပြောတာနားထောင်ပြီး မျက်လုံးလေး ၀ိုင်းလို့။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ၅သောင်းဆိုတာကလည်း အခုခေတ်ဆို ၁၀သိန်းနီးပါးလောက်ရှိတာဆိုတော့ ...

အဲ့နေ့ကစ ကျတော် မုန့်လည်းမစားတော့ဘူး။ မနက်စာလည်း မစားတော့ဘူး။ ရသမျှ မုန့်ဖိုး အသားကုန်စုတာ။ ဘယ်လောက်ဆိုးလဲဆို အမေ တန်ဆောင်မုန်း ကထိန်သင်္ကန်းကပ်ဖို့စုထားတဲ့ စုဘူးကို တုတ်နဲ့ထိုးချခိုးပြီးစုတာ။ အဲ့လိုနဲ့ ၅သောင်းပြည့်တဲ့အခါကျ လူကအရိုးပဲရှိတော့တယ်။

လူကသာပိန်လိုက်လာတာ မျက်လုံးကတော့ မျှော်လင့်ခြင်းရောင်ခြည်တွေ ဖြာလင်းလို့ 😁

ငါ မမကို ၅သောင်းပေးရင် ကလေးဆိုပြီး မမက တကယ်လိုက်ပါ့မလား။ အို လိုက်မှာပါလေ ငါအလကားခေါ်တာမှ မဟုတ်တာ။ သူလည်းတန်ရာတန်ကြေးရတာပဲ ဆိုပြီး ပိုက်ဆံ ၅သောင်းကို ကျွတ်ကျွတ်အိပ်နဲ့ထုပ်ပြီး အိမ်ကနေ မယောင်မလည်နဲ့ ထွက်လာခဲ့လိုက်တယ်။

ပုံမှန်လာနေကျ အချိန်ကျော်သွားပေမယ့် မမက ရောက်မလာတော့ ကျတော် မရိုးမရွနဲ့ ဘယ်လိုမှ မနေနိုင်တော့ဘူး။ ဆိုက်ကားဂိတ်က ဦးလေးကြီးတွေကို မေးကြည့်မိတယ်။

ဦးလေး ဒီအချိန်ပြန်လာနေကျ ဟိုဟာလုပ်တဲ့ မကြီးရော ဆိုတော့ ဆိုက်ကားသမားဦးလေးကြီးက ခဏစဥ်းစားပြီး

"အော် ... ဟိုဆော်ကြီးကို ပြောတာထင်တယ်။ မရှိတော့ဘူးကွ ပြီးခဲ့တဲ့တစ်ပတ်ကပဲ စီမံချက်နဲ့တိုးလို့ ထောင်ကျသွားတယ်ကြားတယ်" တဲ့။

သွားပြီ မျက်လုံးထဲ ကျတော်ဘာမှမမြင်တော့ဘူး။ ပိုက်ဆံ ၅သောင်း ထည့်ထားတဲ့ကျွတ်ကျွတ်အိတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း လည်ချောင်းထဲတစ်ဆို့ပြီး မျက်ရည်တွေနဲ့လဲကျသွားတာပဲ မှတ်မိတော့တယ်။ အတွေးထဲမှာတော့ မမက ကျတော့်ကို အာဘွားတွေပေးလို့ပေါ့ 🥹

အဲ့လိုနဲ့ .... ကျတော် ပြန်သတိရတော့ ဆေးရုံပေါ်မှာ အမေကငိုလို့။ ဆရာ၀န်ကအဖေ့ကို "ကလေးက အာဟာရချို့တဲ့နေတာ ခင်ဗျားတို့ ကလေးကို အာဟာရရှိအောင် မကျွေးဘူးလား" ဘာညာနဲ့ ဆူနေသံကြားလိုက်ရတယ်။

ဆေးရုံကဆင်းတော့ အမေ ကထိန်သင်္ကန်းကပ်မယ့်အထဲကို စုထားတဲ့ ၅သောင်း ရင်နာနာနဲ့ ထည့်လိုက်တော့ -

အဖေနဲ့အမေက ငိုသံကြီးနဲ့ သာဓုခေါ်ရှာတယ်။

"ငါ့သားသူတော်ကောင်းလေး ကထိန်သင်္ကန်းကပ်ချင်ရှာလို့ သူ့ခမျာ ငါတို့ ပေးတဲ့မုန့်ဖိုးတွေတောင် မစားရက်ဘဲ
စုထားရှာတယ်" တဲ့ 😁

ကိုယ်လည်း မသိသလိုဘဲ အဝေးကိုငေးပြီး မမ အကြောင်းပဲ တွေးနေမိတော့တယ်။

🥺🥺🥺🥺🥺🥺🥺

30/04/2025

နှစ်တွေအများကြီးကြာပြီးမှ ပြန်တွေ့ရတဲ့ငယ်ချစ်ဦးကို
မျက်နာမမြင်ရတာတောင်မှ တန်းသိနေတာမျိုး 🩷🖤🩷💙

ချစ်တဲ့သူကို ချစ်ကြောင်းပြောထား။  ခွင့်လွှတ်ဖို့လဲ မမေ့နဲ့ကျေးဇူးတင်ဖို့လဲ မမေ့နဲ့  ။ဒီကမ္ဘာဟာ မနက်ဖြန်တောင် မသေချာဘူး ။...
04/04/2025

ချစ်တဲ့သူကို
ချစ်ကြောင်းပြောထား။
ခွင့်လွှတ်ဖို့လဲ မမေ့နဲ့
ကျေးဇူးတင်ဖို့လဲ မမေ့နဲ့ ။

ဒီကမ္ဘာဟာ မနက်ဖြန်တောင်
မသေချာဘူး ။

- မယ်ညို

31/01/2025

ခေါင်းတွေလဲ ပြုတ်ထွက်ကုန်ပါဦးမယ် 😅😅😅

သူတို့ နှစ်ယောက်သာ ယူလိုက်ကြရင် ဘယ်လောက်တောင် အောင်မြင်မလဲ😁😁
05/01/2025

သူတို့ နှစ်ယောက်သာ ယူလိုက်ကြရင် ဘယ်လောက်တောင် အောင်မြင်မလဲ😁😁

11/12/2024

ဟိုဘက်က မ လာတာ 😅
ဘယ်သူလက်ကမြင်းလိုက်တာလဲ မသိဘူး။

05/12/2024

ခါးပိုက်နှိုက်

05/12/2024

"ညီလေး ဒီမှာဘာညာရလား "? 🤣🥸

28/11/2024
ဘဝမှာမလွဲချော်သင့်တဲ့အရာ နှစ်ခုရှိတယ်--"အိမ်ကိုပြန်တဲ့နောက်ဆုံး ရထားရယ်ကိုယ့်ကိုအမှန်တကယ်အချစ်စစ်နဲ့ ချစ်တဲ့သူရယ်--"
23/11/2024

ဘဝမှာ
မလွဲချော်သင့်တဲ့အရာ နှစ်ခုရှိတယ်--"

အိမ်ကိုပြန်တဲ့နောက်ဆုံး ရထားရယ်
ကိုယ့်ကိုအမှန်တကယ်အချစ်စစ်နဲ့ ချစ်တဲ့သူရယ်--"

22/03/2020

မြစ်ပြင်ထဲက ဗေဒါပင်တွေဟာ
လေကြောင့်ပဲ ပေါင်းဆုံကြသလို
လေကြောင့်ပဲ ကွဲကွာသွားကြပါတယ်

သံသရာမြစ်ပြင်ထဲက
လူသားတွေဟာလည်း
ကံကြောင့်ပဲ ဆုံစည်းခွင့်ရကြသလို
ကံကြောင့်ပဲ ခွဲခွာကြရပြန်ပါတယ်

ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့
လမ်းခွဲမှာ ၀မ်းနည်းစရာမလိုပါဘူးလေ
(အရှင်ဆန္ဒာဓိက)

02/12/2019

နေတိုး◾ ကျော်ကျော်ဗိုလ် ဟာသ 🤣🤣🤣
ခွီးချင်ရင် ၀င်ယောင်သွားလိုက် 😜

Address

Yangon

Alerts

Be the first to know and let us send you an email when LIFE SMK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category