25/01/2026
အခုတစ်လော Outline VPN key တွေကို IP ကိုမbanပဲ speed တွေချခံရတဲ့ သတင်းတွေကြားလာလို့ VPN အဓိက နှစ်ခုအကြောင်းကို Knowledge Sharing content လေးတစ်ခုလုပ်ပေးသွားပါမယ်။
အဲ့ဒါကတော့ Outline (Shadowsocks Protocol) နဲ့ Project V လို့ခေါ်တဲ့ V2Ray V2Box တို့ရဲ့ VPN နှစ်ခုအကြောင်းကို အဓိကပြောပြပေးသွားပါမယ်။ ဒီVPN နှစ်ခုလုံးက အင်တာနက်ပိတ်ဆို့မှုတွေကို ကျော်လွှားဖို့ အသုံးပြုကြတဲ့ နည်းပညာတွေ ဆိုပေမယ့် သူတို့ရဲ့ အဓိကလုပ်ဆောင်ပုံနဲ့ရည်ရွယ်ချက်တွေက ကွာခြားချက်တွေ ရှိပါတယ်။ အဓိက ကွာခြားချက်တွေကတော့…..
၁။ အသုံးပြုတဲ့ Protocol
Outline Client: Outlineကတော့ Shadowsocks Protocol ကို အခြေခံထားပါတယ်။ Shadowsocks protocol က SOCKS5 proxy ကို encrypt လုပ်ထားတဲ့ ပုံစံဖြစ်ပြီး ပုံမှန် HTTPS traffic နဲ့ တူအောင်လို့ ရုပ်ဖျက်ထားတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် အလွန်တင်းကျပ်တဲ့ Firewall မျိုးတွေ (ဥပမာ - တရုတ်နိုင်ငံရဲ့ Great Firewall) က အလွယ်တကူသိရှိပြီး ပိတ်ပင်နိုင်ပါတယ်။
V2Ray: V2Ray ကတော့ VMess,VLESS,Shadowsocks,Trojan,Socks5,HTTP စတဲ့ protocol မျိုးစုံနဲ့အသုံးပြုနိုင်ပါတယ်။ သူက ပိုပြီး အဆင့်မြင့်ပြီးရုပ်ဖျက်ရမှာ ပိုသေသပ်ပါတယ်။ V2Ray ကို WebSocket + TLS + Cloudflare CDN စတဲ့နည်းပညာတွေနဲ့ တွဲဖက်အသုံးပြုရင် ပုံမှန် Website (ဥပမာ - Google,YouTube,Microsoft) ကို ဝင်နေသလိုမျိုး လုံးဝ ရုပ်ဖျက်ထားနိုင်တဲ့အတွက် ပိတ်ဆို့ဖို့ တော်တော်ခက်ခဲတယ်လို့ပြောလို့ရပါတယ်။
၂။ အသုံးပြုရလွယ်ကူခြင်း
Outline Client: အသုံးပြုရ အလွန်လွယ်ကူ ပါတယ်။ Outline Manager tool ကတဆင့် Server ကို အလွယ်တကူ တည်ဆောက်နိုင်ပါတယ်။ Client ဘက်မှာလည်း Key တစ်ခုထည့်လိုက်ရုံနဲ့ စသုံးလို့ရပါတယ်။
V2Ray: အသုံးပြုရတာ အနည်းငယ်ခက်ခဲနိုင်ပါတယ်။ Server config file (JSON) တွေကို ပြင်ဆင်ရတာ၊ Nginx/Apache လို Web server တွေနဲ့ တွဲဖက် setup လုပ်ရတာတွေ ရှိနိုင်တဲ့အတွက် နည်းပညာ အခြေခံရှိသူတွေအတွက် ပိုသင့်တော်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ V2Ray ကို အလွယ်တကူ run နိုင်တဲ့ Script တွေ ရှိနေပါပြီ။
၃။ စွမ်းဆောင်ရည်နှင့် ပြောင်းလွယ်ပြင်လွယ်ရှိခြင်း
Outline Client : Outline ကတော့ ရိုးရှင်းမှုကို ဦးစားပေးထားတဲ့အတွက် setting တွေ အများကြီး ပြင်လို့မရပါဘူး။ သူ့ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ Connection ရဖို့ပါပဲ။
V2Ray: သူကတောာ့ Routing စနစ်တွေ အများကြီးပါဝင်ပါတယ်။ ဒါက Project V ရဲ့ အားအသာဆုံး အချက်ပါ။ Traffic တွေကို ဉာဏ်ရှိရှိ ခွဲခြားပေးနိုင်တယ်။ ဥပမာ - ပြည်တွင်း website တွေကို VPN မကျော်ဘဲ တိုက်ရိုက်သွားမယ်၊ ပိတ်ထားတဲ့ website တွေကိုမှ Proxy ခံမယ်ဆိုတာမျိုးတွေ အစသဖြင့် ဒီလိုမျိုး ရှုပ်ထွေးတဲ့ Routing Rulesတွေကို က်ုယ့်စိတ်ကြိုက် သတ်မှတ်လို့ရပါတယ်။ ဒီလိုမျိုး ရှုပ်ထွေးတဲ့ Rules တွေကို Project V က လုပ်ဆောင်ပေးနိုင်ပါတယ်။
ကဲ အဲ့ဒီတော့ ဒီလောက်ပါပဲ။ ဒီလကုန်မှာ ကျွန်တော့်ရဲ့ premium VPN service လေးလဲ စရောင်းချပေးဦးမှာဖြစ်ပါကြောင်း အခုထဲက ကြိုတင်ကြော်ငြာဝင်ထားပါရစေဗျ။ အစက လွယ်လွယ်ကူကူ outline ရောင်းမလို့ပဲ။ အခုတော့ ပိုစိတ်ချပြီး အဆင်ပြေနိုင်မယ့် V2Ray, V2Box ကိုပဲ အဓိကထားပြီး service ပေးသွားပါမယ်ဗျ။ telegram channel လေးလဲ လုပ်ထားပြီးဖြစ်လို့ဝင် join ပေးထားကြနော်။
telegram channel link 👇🏼
https://t.me/burmafreemium