19/11/2025
CVC,CVCe လေ့ကျင့်ခန်းစာအုပ်
တီချယ်စနိုးက သူစီစဉ်ထုတ်ဝေထားတဲ့ ဒီ CVC,CVCe စာအုပ်လေး ပို့ပေးလို့ ဖတ်ကြည့်ဖြစ်ပါတယ်။ ကိုယ်တိုင်ကလဲ အရွတ်အဖတ်သင်ဆရာဖြစ်ေတာ့ ဒါကို ပိုလဲ စိတ်ဝင်စားပါတယ်။
ပထမဆုံးကေတာ့ စာအုပ်စီစဉ်ထားပုံပါ။
CVC အပိုင်းမှာဆိုရင်
သင်မယ့် CVC စကားတလုံးစာအတွက်
Name it မှာ ပုံရုပ် အဆက်အစပ် ပေးပါတယ်။
Tap it နဲ့ Read it မှာေတာ့ ရုပ်-အသံ ဆက်စပ်မှု ၊လက်ချောင်းလေးနဲ့ ထိ ဆိုရတာမျိုးမို့ မှတ်မိစေဖို့ကိုလဲ ပိုပီး အထောက်အကူေပးပါတယ်။
Trace it နဲ့ Trace the sentence အပိုင်းက motor skills ပိုင်း မရေးဘဲ မစွဲဘူး။ မရေးဘဲ မမြဲဘူး။ မရေးဘဲ မမှတ်မိဘူး။
Read it (Read the sentence ပေါ့) ကတော့ Use it ပိုင်းပဲ။ ဦးနှောက်မှာ အေခြခံ စည်းမျဉ်း တခုပဲရှိတယ်။ Use it or Lose it ဒီအတွက် Use it လုပ်ဖို့ လိုတယ်။ လုပ်ကိုလုပ်ရမယ်။
နောက်ပိုင်းမှာ Read and color လုပ်တာေလးလဲ ပါတယ်။ စိတ်ဝင်စားဖို့လဲကောင်း အထောက်ကူလဲ ဖြစ်ပါတယ်။ အရောင်ခြယ်တာ လွယ်သေလးလို့။
နောက် တပိုင်းကတော့ CVC e ။
ဒီအပိုင်းမှာ သဘောကျမိတာက ဘာသာစကားအဆက်အစပ်များများစားစားေပးထားတာ။ တနည်း သင်မယ့် စကားလုံးပါသာ စာကြောင်းေတွများများစားစားပေးထားတာပါ။ ပိုကောင်းတာက ကိုယ်ပိုင် စာကြောင်း(own sentence)ဖန်တီးခိုင်းတာ။
ကျနော့်အေနနဲ့ ထပ်ဖြည့်လို့ရရင်လေ့ကျင့်ဖို့ word lists ထည့်ချင်တယ်။ (တကယ်က မလုပ်နိုင်ပါဘူး၊ လုပ်လဲ မလုပ်တတ်ဘူးရယ်)
Fluency Assessment အတွက် Decodable Passages တချို့ ထည့်ချင်တယ်။ ေနာက်ဆုံး စာအုပ် အဆုံးမျက်နှာ မှာ အလွယ်တကူ စစ်ဆေးပီး Struggling reader လား Developing Reader လား Skilled Reader လား ခွဲတာ တခု ထည့်မယ်။