Thiri - Foodie & Fruity

Thiri - Foodie & Fruity 🍀Foodie & Fruity by Thiri🍓
Sharing tasty food, fresh fruits & simple life moments
Eat well • Live fresh • Enjoy daily
Follow for yummy Vibes🥗

12/01/2026

လိမ္မော်သီးချင်းအတူတူကိုမှကွဲပြားနေတဲ့အရသာ

ဝိတ်ချတော့မယ်ဆိုရင် Diet က 70% အရေးပါပါတယ်။ဒါကြောင့် ညဘက် အိပ်ခါနီးတုန်းက အသီးလေးပဲစားပြီး အိပ်လိုက်တာပဲ၊ ဒါပေမဲ့ မနက်ကျ...
12/01/2026

ဝိတ်ချတော့မယ်ဆိုရင် Diet က 70% အရေးပါပါတယ်။ဒါကြောင့် ညဘက် အိပ်ခါနီးတုန်းက အသီးလေးပဲစားပြီး အိပ်လိုက်တာပဲ၊ ဒါပေမဲ့ မနက်ကျတော့ ဝိတ်တက်နေတယ်ဆိုတာမျိုးတွေ ကြုံဖူးကြလား❓
ဒါက အသီးတွေအကြောင်း သေချာမသိသေးလို့ပါ။ ဒီနေ့မှာတော့ ညရောက်ရင် မစားသင့်တဲ့ အသီးတွေအကြောင်းကို ပြောပြပါမယ်။
🥭 အရမ်းချိုတဲ့အသီးတွေ
သရက်သီး၊ စပျစ်သီး၊ နာနတ်သီးတို့က သွေးတွင်းသကြားဓာတ်ကို များစေပြီး ညဘက်အိပ်မရ ဖြစ်စေနိုင်ပါတယ်။ ဝိတ်လည်း တက်နိုင်ပါသေးတယ်။
🍌 ငှက်ပျောသီး
ထမင်းစားပြီးတိုင်း စားနေကျဖြစ်တဲ့ ငှက်ပျောသီးမှာလည်း အဆီနဲ့ သကြားဓာတ်တွေ ပါဝင်တာကြောင့် ဝိတ်တက်နိုင်ပါတယ်။
🍋 လိမ္မော်သီး၊ သံပုရာသီး
ခပ်ချဉ်ချဉ်လေးနဲ့ လူကိုလန်းဆန်းစေတဲ့ အသီးတွေကလည်း အစာအိမ်ကို ထိခိုက်စေတဲ့ အက်စစ် (Acid) တွေ ပါဝင်တာကြောင့် မစားသင့်ပါဘူး။
🥑 ထောပတ်သီး
လူတိုင်းကြိုက်ကြတဲ့ စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းတဲ့ ထောပတ်သီးကတော့ အဆီအများကြီး တက်စေလို့ ညဘက်စားဖို့ လုံးဝ (လုံးဝ) မသင့်တော်ပါဘူးနော်။
ဒါလေးကတော့ ညမအိပ်ခင်မှာ မစားသင့်တဲ့ အသီးတွေဖြစ်ပါတယ်။ အသီးတွေနဲ့ ပတ်သက်ပြီး နောက်ထပ် သိချင်သေးတယ်ဆိုရင်တော့ Page လေးကို Follow လုပ်ခဲ့ကြပါဦးရှင့်။♥️
Fruit For Your Health

08/01/2026

ဒီvideo ကြည့်ပြီးတာနဲ့အသီးရွေးတတ်ပြီ

An apple a day keeps the doctor away တဲ့တစ်နေ့ကို ပန်းသီးတစ်လုံးပဲပုံမှန်စားပေး၊ ဆရာဝန်တွေနဲ့ အပေါင်းအသင်းမလုပ်လို့တောင်...
08/01/2026

An apple a day keeps the doctor away တဲ့

တစ်နေ့ကို ပန်းသီးတစ်လုံးပဲပုံမှန်စားပေး၊ ဆရာဝန်တွေနဲ့ အပေါင်းအသင်းမလုပ်လို့တောင်ရတယ်ဆိုတဲ့ ဆိုရိုးစကားက ဆရာဝန်တွေဆီကပဲ ထွက်လာတာပါနော်။

ရေရှည်ကျန်းမာရေးအတွက်ဆို ခန္ဓာကိုယ်ကို ကောင်းကျိုးတွေချည်းပေးတဲ့ ပန်းသီးမှာ ဒီလို အားသာချက်တွေရှိနေပါတယ်။

(၁) အာဟာရပြည့်တယ်၊ ကျန်းမာတယ်
မိတ်ဆွေစားလိုက်တဲ့ ပန်းသီးတစ်ကိုက်စာထဲမှာတောင် အူလမ်းကြောင်းကို သန့်ရှင်းစေတဲ့ အမျှင်ဓာတ်၊ ကိုယ်ခံအားကို Boost ပေးတဲ့ Vitamin C ၊ ကြွက်သားအားကောင်းဖို့ Potassium နဲ့ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတဲ့ Antioxidants တွေ အများကြီးပါဝင်ပါတယ်။ အဆိုပါ ဓာတ်တွေကို နေ့စဥ်ပုံမှန်စားသုံးပေးနေတဲ့ ကျန်းမာသော ခန္ဓာကိုယ်ကို မြင်ယောင်ကြည့်လိုက်။

(၂) အစာကြေတယ်၊ ရင်ချောင်တယ်
ထမင်းမစားခင် ပန်းသီးတစ်လုံးစားလိုက်ပြီိဆိုပါစို့၊ ပန်းသီးထဲက Pectin အမျှင်ဓာတ်တွေက အူလမ်းကြောင်းကို အစာစုပ်ယူမှုကောင်းအောင် ကူပေးပါတယ်။ ဘာပဲစားစား လန်းလန်းဆန်းဆန်းနဲ့ အလုပ်ကောင်းစွာလုပ်ပေးမယ့် အစာခြေလမ်းကြောင်းတစ်ခုလုံးစာကို ပန်းသီးက တာဝန်ယူလိုက်ပါတယ်။ ရလဒ်အနေနဲ့ အစာကြေပါတယ်၊ ရင်ချောင်ပါတယ်။

(၃) နှလုံးကို ချစ်တယ်
ဟုတ်ပါတယ်။ အသီးတကာ့အသီးတွေထဲမှာ Heart-Friendly အဖြစ်ဆုံးဟာ ပန်းသီးပါ။ တနေ့တစ်လုံး ပုံမှန်စားသုံးနေကြလူတစ်ယောက်ရဲ့နှလုံးဟာ cholesterol နည်းပါးလို့ မစားသူထက် ပိုကျန်းမာပါတယ်။ ပြောရရင် ပန်းသီးနဲ့ နှလုံးဟာ အတော်လေးတည့်တဲ့ Relationship လို့တောင် ပြောလို့ရပါတယ်။

(၄) သကြားဖြတ်စရာမလို
ပုံမှန်အရွယ်အစားရှိတဲ့ ပန်းသီးထဲမှာ သကြား 19 g လောက်ပဲ ပါဝင်ပါတယ်။ နောက်ပြီး အဆိုပါသကြားဆိုတာကလည်း Natural Fructose ဓာတ်ရယ်၊ Polyphenols ရယ်ပဲမို့ သွေးတွင်းသကြားဓာတ်ကို ထိမ်းညှိပေးစေပါတယ်။

ပြောရရင် သန့်ရှင်းလတ်ဆတ်တဲ့ Organic ပန်းသီးကို တနေ့တလုံးပဲ ပုံမှန်စားရင်တောင် ဆရာဝန်မလိုတဲ့ ကျန်းမာတဲ့ Body ကို ရရှိပိုင်ဆိုင်စေမှာ အမှန်ပါ။ ဒါကိုမှ အရည်အသွေးကောင်းတဲ့ Premium ပန်းသီးတွေဆိုရင်တော့ ကောင်းတာထက်တောင် ပိုနေပါတယ်နော်။

ကဲ
မိတ်ဆွေတို့ရော
ဆရာဝန်မလိုတဲ့ Healthy Body လေး မဖန်တီးထားချင်ဘူးလား?

ပန်းသီးပဲ ပုံမှန်စားကြည့်နော်

နောက်ထပ်လည်း အသီးအနှံနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဆောင်ရန်ရှောင်ရန်နဲ့ ဗဟုသုတတွေကို တင်ပေးနေမှာမို့ Page လေးကို Like & Follow ထားဖို့ အကြံပြုပါရစေနော် 🥰

Fruit For Your Health

06/01/2026

သကြားဖြတ်နေကြပြီလား

မြတ်နိုးရသူတွေကို ချစ်ခြင်းမေတ္တာ ဖော်ပြဖို့အတွက်ဆိုရင် သစ်သီးခြင်းတွေကို လက်ဆောင်အဖြစ် ပေးတတ်ကြတယ်ဟုတ် 😉ဒါဆို... ဘာလို့...
06/01/2026

မြတ်နိုးရသူတွေကို ချစ်ခြင်းမေတ္တာ ဖော်ပြဖို့အတွက်ဆိုရင် သစ်သီးခြင်းတွေကို လက်ဆောင်အဖြစ် ပေးတတ်ကြတယ်ဟုတ် 😉

ဒါဆို... ဘာလို့ သစ်သီးခြင်းတွေကို ပေးတတ်ကြတာလဲဆိုတာကိုရော မေးခွန်းထုတ်ကြည့်ဖူးကြရဲ့လား 🤔

တကယ်တော့ သစ်သီးခြင်းတွေကို လက်ဆောင်ပေးတာက -

🤍 ခံစားချက်လေးတွေ ကောင်းမွန်စေဖို့ပါ
သစ်သီးခြင်းလေးထဲမှာ အရသာစုံ၊ အရောင်စုံ သစ်သီးလေးတွေကို လှလှပပ ထည့်သွင်းပေးခြင်းဖြင့် "ခံစားချက်လေးတွေ ကောင်းမွန်ပါစေ" ဆိုတဲ့ ရည်ရွယ်ချက်လေး ပါဝင်တယ်လို့ Psychology အရ ဆိုကြပါတယ် 🥰

🤍 ကျန်းမာရေးကို ဂရုစိုက်ပေးတယ်လို့ ခံစားရစေဖို့ပါ
စားလို့ကောင်းတဲ့ အစားအစာအချို့က ကျန်းမာရေးကို အနည်းနဲ့အများ ထိခိုက်စေတတ်ပေမဲ့၊ သစ်သီးခြင်းလေးကို လက်ဆောင်ပေးခြင်းကတော့ ကျန်းမာရေးကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Vitamin တွေကို အရသာရှိရှိ စားသုံးစေချင်တယ်လို့ အဓိပ္ပာယ်ရပါတယ် 🥰

🤍 အလေးအနက်ထားကြောင်း ပြဖို့ပါ
သစ်ပင်တစ်ပင်လုံးရဲ့ အရွက်၊ အကိုင်း၊ အခက်တွေကြားက အချိုမြိန်ဆုံး၊ အနူးညံ့ဆုံးနဲ့ အရသာအရှိဆုံး အပိုင်းကို ရွေးချယ်လက်ဆောင်ပေးခြင်းအားဖြင့် လက်ဆောင်ရရှိသူကို ဘယ်လောက်အထိ အလေးအနက်ထားကြောင်း ပြနိုင်ပါတယ် 🥰

ဒါတွေကြောင့် ရှေးခေတ်ဘုရင်တွေ လက်ထက်ကနေ အခုချိန်ထိ သစ်သီးခြင်းတွေက ဂါရဝပြုစရာ လက်ဆောင်တစ်ခု ဖြစ်နေတာပေါ့ 😁

နောက်ထပ်လည်း အသီးအနှံနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဆောင်ရန်ရှောင်ရန်နဲ့ ဗဟုသုတတွေကို တင်ပေးနေမှာမို့ Page လေးကို Like & Follow ထားဖို့ အကြံပြုပါရစေနော် 🥰

Fruit For Your Health

ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးအသီး (၃) မျိုးနာမည်ကို (၃) စက္ကန့်အတွင်းစဥ်းစားပါလို့  တစ်ယောက်ယောက်က မေးလာရင် ချက်ချင်းခေ...
05/01/2026

ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးအသီး (၃) မျိုးနာမည်ကို (၃) စက္ကန့်အတွင်းစဥ်းစားပါလို့ တစ်ယောက်ယောက်က မေးလာရင် ချက်ချင်းခေါင်းထဲပေါ်လာမှာက 🤔🤔🤔

🍎 ပန်းသီး နဲ့ 🍌 ငှက်ပျောသီးပြီးရင် 🍊 လိမ္မော်သီးပါပဲ။

လူကြီးရော လူငယ်ရောကြိုက်တယ်၊ အရသာရှိတယ်၊ အလွယ်တကူဝယ်လို့ရတယ်၊ စျေးအရမ်းမကြီးသလို အရမ်းလည်းမနည်းဘူး။ ဒီအချက်တွေမှာ ပန်းသီးနဲ့ လိမ္မော်သီးက လူကြိုက်အများဆုံးနေရာကို ပူးတွဲသရဖူဆောင်းထားပါတယ်။

ဒီအထဲကမှ လိမ္မော်သီးကြိုက်တဲ့ Orange Crazy တွေတောင် မသိသေးတဲ့ လိမ္မော်သီးရဲ့ အကြောင်းလေးတွေကို ဒီပို့စ့်လေးမှာ ပြောပြမယ်နော်🥰

1️⃣ တချို့နိုင်ငံတွေမှာ လိမ္မော်သီးက လိမ္မော်ရောင်မဟုတ်ပါ

အံ့သြသွားလား ? ဟုတ်ပါတယ်၊ လိမ္မော်သီးရဲ့ Origin အရောင်က အစိမ်းပါ။ ရာသီဥတုပူတဲ့ အာဖရိကလို ဒေသမျိုးတွေမှာ စိုက်ပျိုးတဲ့အသီးတွေဆိုရင် မှည့်သွားရင်တောင် အစိမ်းရောင်ပါပဲ။ အရှေ့တောင်အာရှလိုမျိုး အပူသက်သာပြီး မျှတတဲ့ဒေသတွေမှာသာ အအေးဓာတ်ကြောင့် လိမ္မော်ရောင်အဖြစ် နည်းနည်းစီပြောင်းလာတာဖြစ်ပါတယ်။

2️⃣ လိမ္မော်သီးဟာ ဘယ်ရီသီးနဲ့ အမျိုးတော်တယ်

ဟင်... ဘာဆိုင်လို့လဲတွေးမိမှာပါ။ တကယ်လည်း Botanically အရ၊ ဘယ်ရီသီးရဲ့မျိုးစု Hesperidium အုပ်စုထဲမှာမို့ ဘယ်ရီသီးတမျိုးပါပဲ။ သင်တွေးထားသလို မဟုတ်ပါဘူး။

3️⃣အဖြူရောင်အပိုင်းလေးတွေက Healthy အဖြစ်ဆုံးပဲ

အထဲကအမွှာလေးတွေနဲ့ အပြင်က အခွံကြားမှာ အဖြူရောင်အသားလေးတွေ၊ အမျှင်လေးတွေ သတိထားမိလား။ အဲ့ဒီအပိုင်းတွေက Fiber , Flavonoids နဲ့ Vitamin C အကြွယ်ဝဆုံးဖြစ်ပါတယ်။ အတော်များများက ဖယ်ပြီးစားကြပေမယ့် တကယ်တမ်းက Nutritious အရမ်းဖြစ်ပါတယ်။

4️⃣ မအိုချင်ရင် လိမ္မော်ခွံစား

အိုမင်းရင့်ရော်မှုကို နှေးကွေးစေတဲ့ Antioxidants တွေက လိမ္မော်သီးအသားထက်၊ အခွံထဲမှာ ပိုများများပါဝင်ပါတယ်။ အခွံတော့ မစားချင်ပါဘူးလို့တွေးမိတယ်ဆိုရင် .. ရေနွေးကြမ်းထဲ လိမ္မော်ခွံထည့်သောက်တာ၊ ရိုးရာဆေးဝါးတွေမှာ အခြောက်ခံပြီးသုံးတာကို သတိရပေးနော်။

5️⃣ မှည့်အောင်ထားလေ ပိုချိုလေထဲမှာ လိမ္မော်သီးမပါဘူး

အပင်ကခူးထားပြီး မှည့်အောင်အုပ်ထားတာတို့၊ ဆိုင်ကဝယ်လာပြီး မစားသေးပဲ မှည့်အောင်စောင့်တာတို့ဆိုတာ .. လိမ္မော်သီးနဲ့ မသက်ဆိုင်သောအရာပါ။ ကြာကြာထားလေ အရသာပျက်ယွင်းလေပါပဲ။ လက်ထဲမှာရှိနေတဲ့အချိန်ဟာ စားလို့အကောင်းဆုံးပါတဲ့။

ကဲ
ဒီလောက်ဆို ကိုယ့်ကိုယ်ကို လိမ္မော်သီး fan ပါလို့ပြောဖို့ရာ တဖန်ပြန်စဥ်းစားရတော့မလိုဖြစ်သွားပြီမလား

နောက်ထပ်တွေမှာလည်း အသီးအနှံနဲ့ပတ်သတ်တဲ့ သိရှိရန်တွေ၊ ဆောင်ရန်ရှောင်ရန်နဲ့ ဗဟုသုတတွေတင်ပေးနေမှာမို့ Page လေးကို Like & Follow ထားဖို့ အကြံပြုပါရစေနော် 🥰

Fruit For Your Health

03/01/2026

ထမင်းမစားခင်စားတာလားထမင်းစားပြီးမှစားတာလား

ဘာအသီးလာလာ အကုန်အခွံခွာပြီး စားနေတုန်းလားNo ပါနော် တချို့အသီးတွေက အခွံခွာပြီးစားသင့်ပေမယ့်၊ တချို့အသီးတွေက အခွံမခွာပဲစား...
03/01/2026

ဘာအသီးလာလာ အကုန်အခွံခွာပြီး စားနေတုန်းလား

No ပါနော်

တချို့အသီးတွေက အခွံခွာပြီးစားသင့်ပေမယ့်၊ တချို့အသီးတွေက အခွံမခွာပဲစားလေ ကျန်းမာရေးအတွက် ပိုသင့်တော်လေပါပဲ။

ဥပမာ။ ။ ပန်းသီး၊ သစ်တော်သီး၊ စပျစ်သီး၊ ပဲသီး၊ ချယ်ရီ နဲ့ ဘယ်ရီသီးတွေမှာပါတဲ့ အခွံက ကျန်းမာရေးအတွက် အထောက်အကူပေးပါတယ်။ Pectin ဓာတ်က အစာခြေတဲ့နေရာမှာ အကူအညီပေးတယ်၊ Quercetin ဓာတ်က အိုမင်းရင့်ရော်မှုကို နှေးစေတဲ့ Antioxidant ပါဝင်တယ်။
စပျစ်သီးရဲ့ အခွံမှာပါတဲ့ Anthocyanins ဓာတ်ပေါင်းက ရောင်ရမ်းမှုကို သက်သာစေတယ်။ ဘယ်ရီသီးကို အခွံပါစားရင် Antioxidants နဲ့ Fiber တွေက ကိုယ်ခံအားကိုပါ တက်စေပါသေးတယ်နော်။
အတွင်းထဲကအသားရော၊ အပြင်က အခွံမှာပါ ကိုယ်ခန္တာအတွက်လိုအပ်တဲ့ Vitamin တွေ၊ Antioxidants နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝတာကြောင့် ဒီလိုအသီးမျိုးတွေက အခွံမခွာပဲ ရေနဲ့သန့်စင်အောင်ဆေးပြီး စားတာ အကောင်းဆုံးပါပဲ။

အခွံထူပြီး၊ စားလို့မကောင်းတဲ့ အခွံပါတဲ့အသီးမျိုးတွေကတော့ အခွံထက် အထဲကအသားက အာဟာရပိုပြည့်တာမို့ အခွံခွာပြီးမှစားတာ ပိုသင့်တော်ပါတယ်။ ဥပမာ . ငှက်ပျောသီး၊ လိမ္မော်သီး၊ သရက်သီးနဲ့ ဖရဲသီးလိုမျိုးတွေမှာတော့ အခွံကိုစားလို့ ဘာကောင်းကျိုးမှမဖြစ်ပါဘူး။

ကဲ
ဘယ်လိုပဲဖြစ်ဖြစ်၊ ဘာအသီးပဲစားစား မစားခင် ရေစင်အောင်ဆေးပြီး သန့်သန့်ရှင်းရှင်းစားသုံးတာ အကောင်းဆုံးပါပဲနော်။

ဒီ Page လေးမှာလည်း အသီးတွေနဲ့ပတ်သတ်တဲ့ သိကောင်းစရာတွေ ရှောင်ရန်၊ ဆောင်ရန်လေးတွေ ဝေမျှသွားဦးမှာမို့ Like & Follow ထားဖို့ အကြံပြုပါရစေ 🥰

Fruit For Your Health

01/01/2026

စပျစ်သီးနဲ့မှားပြီးစားလိုက်တာလား

25/12/2025

အနံ့တွေဆိုရင်ရော မှန်းနိုင်ပါ့မလား

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Thiri - Foodie & Fruity posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share