02/07/2026
၇ နှစ်အထိ Software Update ရမယ် ဒါပေမယ့်..
လက်တွေ့မှာရော အဆင်ပြေပါ့မလား?
နှစ်စဉ်နှစ်တိုင်း smartphone brand အမျိုးမျိုးက မော်ဒယ်အသစ်တွေကို ဆက်တိုက် မိတ်ဆက်နေကြတာကို ကျွန်တော်တို့အားလုံး တွေ့မြင်နေရပါတယ်။
ဒါပေမယ့် ဖုန်းအသစ်ထွက်တိုင်း လူတိုင်းက လိုက်လဲကိုင်ကြတာတော့ မဟုတ်ပါဘူး။ တချို့က ၂ နှစ်၊ တချို့က ၃ နှစ်ကနေ ၅ နှစ်အထိ၊ အချို့ဆိုရင် ဒီထက်ပိုကြာအောင်တောင် ဖုန်းတစ်လုံးတည်းကို ဆက်အသုံးပြုကြပါတယ်။
ဒီလို smartphone market မှာ နှစ်စဉ် ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာတဲ့အချိန် Google နဲ့ Samsung တို့လို ထုတ်လုပ်သူတွေက သူတို့ရဲ့ flagship ဖုန်းအချို့ကို ၇ နှစ်အထိ software နဲ့ security update ပေးမယ်လို့ ကြေညာလာကြပါတယ်။ Apple ကလည်း iPhone တွေကို နှစ်ပေါင်းများစွာ update ဆက်ပေးနေတဲ့အတွက် long-term software update တွေဟာ အခုဆိုရင် smartphone industry ရဲ့ trend တစ်ခုလို ဖြစ်လာနေပါပြီ။
Software update ဆိုတာကတော့ Android / iOS version အသစ်တွေ၊ security patch update တွေနဲ့ bug fix တွေကို ဆက်လက်ရရှိတာကို ဆိုလိုတာပါ။
ဒါဆို... ဒီလို နှစ်ရှည် software update တွေက ဖုန်းတစ်လုံးကို နှစ်အတော်ကြာ အသုံးပြုတဲ့သူတွေအတွက် တကယ်ပဲ အကျိုးရှိတဲ့ အပြောင်းအလဲတစ်ခုလား? ဒါမှမဟုတ် marketing တစ်ခုပဲ ဖြစ်နေတာလား?
ဒီမေးခွန်းအတွက် အဖြေက အမျိုးမျိုးဖြစ်နိုင်ပါတယ်။
ဒါပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က long-term software update တွေဟာ ဖုန်းတစ်လုံးအပေါ် အသုံးပြုသူတွေ ထားတဲ့အမြင်ကို ဘယ်လိုပြောင်းလဲစေနိုင်မလဲ၊ ဘယ်လိုပြဿနာတွေရော ရှိလာနိုင်မလဲဆိုတာပါ။
၇နှစ် software update ဆိုတာ ကြားရတာတော့ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဖုန်းမှာပါတဲ့ hardware အစိတ်အပိုင်းတွေကတော့ အချိန်ကြာလာတာနဲ့အမျှ အသစ်အတိုင်းဖြစ်နေမှာ မဟုတ်တော့ပါဘူး။
လူတိုင်းကြုံဖူးကြမယ့် battery ပြဿနာကိုပဲကြည့်ပါ။
Battery တွေက အချိန်ကြာလာတာနဲ့အမျှ စွမ်းဆောင်ရည်က တဖြည်းဖြည်းကျဆင်းလာပါတယ်။ ဒါကြောင့် ဖုန်းကို ၆နှစ် ၇နှစ်လောက် သုံးချင်ရင်တော့ battery ကို မလွဲမသွေ လဲသုံးဖို့လိုလာမှာပါ။
Processor , RAM နဲ့ Storage လို hardware အစိတ်အပိုင်းတွေကလည်း အချိန်ကြာလာတာနဲ့အမျှ ကန့်သတ်ချက်တွေ ရှိလာနိုင်ပါတယ်။
Software update အသစ်တွေ ထွက်လာတာနဲ့အမျှ feature အသစ်တွေ ပိုများလာနိုင်ပြီး App တွေရဲ့ လိုအပ်ချက်တွေလည်း တဖြည်းဖြည်း မြင့်လာနိုင်ပါတယ်။ ဒါကြောင့် ဖုန်းအဟောင်းတွေမှာ စွမ်းဆောင်ရည် ကျလာသလို ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် update ရတိုင်းလည်း feature အသစ်တွေ အကုန်ရမယ်လို့ မဆိုလိုပါဘူး။
Apple ကိုပဲကြည့်မယ်ဆိုရင် software update တွေ ဆက်ပေးနေပေမယ့်လည်း Apple Intelligence လို AI feature တွေကိုတော့ လုံလောက်တဲ့ hardware ရှိတဲ့ မော်ဒယ်တွေမှာပဲ အသုံးပြုနိုင်တာ တွေ့နိုင်ပါတယ်။
Android ဖက်ကရော အလားတူပါပဲ။Google နဲ့ Samsung တို့က update အသစ်တွေ ပေးနိုင်ပေမယ့် feature တချို့ကတော့ chipset ရဲ့စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ကန့်သတ်ထားတာတွေ ရှိပါတယ်။
ဒါကြောင့် update ရနေတာဟာ security ပိုင်းလိုမျိုးမှာ ကောင်းတဲ့အရာဖြစ်ပေမယ့် feature အသစ်တိုင်းကိုတော့ မျှော်လင့်ထားလို့မရပါဘူး။
ဒါပေမယ့် အသုံးပြုသူတွေအတွက်တော့ ကောင်းတဲ့အချက်တွေရှိလာတာ အမှန်ပါပဲ။
ဖုန်းကို ကြာကြာသုံးချင်တဲ့သူတွေအတွက် ပိုအဆင်ပြေလာနိုင်မယ်။ Software update ရနေသေးတာကြောင့် hardware ပျက်ရင်တောင် ပြင်ဆင်ပြီး ဆက်သုံးလို့ရနိုင်ပါတယ်။
App compatibility ပိုင်းမှာလည်း ပိုအဆင်ပြေလာနိုင်ပြီး banking app တွေ၊ payment app တွေနဲ့ အခြား application တွေကို ပိုကြာကြာအသုံးပြုနိုင်မှာပါ။
ဒါ့အပြင် second hand ဈေးကွက်မှာလည်း update ရနေသေးတဲ့ ဖုန်းတွေက ဈေးကြီးတဲ့ flagship ဖုန်းအသစ်တွေအစား ဈေးသက်သာတဲ့ ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်ပါတယ်။
မိသားစုထဲမှာ ဖုန်းကိုလက်ဆင့်ကမ်းသုံးမယ်ဆိုရင်တောင် ဖုန်းက update ဆက်ရနေသေးတဲ့အတွက် အရမ်းဟောင်းနေသလို ဖြစ်မနေတာ၊ လိုအပ်တဲ့ security ပိုင်းမှာလည်း update တွေကြောင့် စိတ်ချလက်ချ သုံးနိုင်မှာပါ။
တကယ်တော့ long-term software support ဟာ marketing တစ်ခုဆိုရင်လည်း ဟုတ်ပါတယ်။ Brand တိုင်းက ဒီအချက်ကိုပါ အပြိုင်အဆိုင် အသုံးချလာနေကြတာကို ငြင်းလို့မရပါဘူး။
အသုံးပြုသူတွေဖက်က ကြည့်ရင်လည်း ဖုန်းတစ်လုံးဟာ ခဏပဲသုံးပြီး လဲပစ်ရမယ့်ပစ္စည်းတစ်ခုထက် လိုအပ်ရင် ပြုပြင်ပြီး ရေရှည်သုံးလို့ရနိုင်တဲ့ device တစ်ခု ဖြစ်လာစေမှာပါ။
နောက်ဆုံးပြောချင်တာက long-term software support ဆိုတာ ဖုန်းတစ်လုံးကို ၇ နှစ်လုံးလုံး အသစ်အတိုင်း ဖြစ်နေအောင် လုပ်ပေးနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သုံးစွဲသူတွေအတွက် "ဆက်သုံးချင်ရင် ဆက်သုံးလို့ရတယ်" ဆိုတဲ့ ရွေးချယ်ခွင့်ကို ပေးလာတာကတော့ အရင်ကထက် ပိုကောင်းတဲ့ အပြောင်းအလဲတစ်ခုလို့ မြင်မိပါတယ်။
ခင်ဗျားတို့ရော ဖုန်းတစ်လုံးကို ဘယ်လောက်ထိသုံးဖို့ စိတ်ကူးထားလဲ၊ နှစ်တွေအကြာကြီးရော သုံးဖြစ်ကြရဲ့လားဆိုတာ comment မှာ မျှဝေပေးခဲ့ကြပါအုံး။
ဒီလိုမျိုး content တွေကို ဆက်ဖတ်ချင်ရင် Page ကို follow လုပ်ထားဖို့လည်း မမေ့နဲ့နော်