Business Next Step

Business Next Step Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Business Next Step, Digital creator, Yangon.

Business Next Step Consultancy provides organizational system development, constitution design, HR development and policy development services for both profit and non-profit organizations.
✨ Stepping up to success together!

01/09/2026

🤔 SOP လိုတာလား၊ HR System ပြင်ရမှာလား၊
Software ထည့်ရမှာလား ဆိုပြီး

လုပ်ငန်းအတွက် ဘဘယ်နေရာက စပြီး
ဘယ်လို စနစ်တွေ ကိုပြောင်းလဲရမလဲ မသိ
ဖြစ်နေပါသလား? 💼❓

သင့်လုပ်ငန်း ပိုမိုတိုးတက်အောင်မြင်ဖို့အတွက်
လိုအပ်တဲ့ စနစ်တွေကို ဘယ်နေရာတွေမှာ ဘယ်လိုပြောင်းလဲရမလဲဆိုတာ

BOS ကနေ တစ်နေရာချင်းစီအလိုက် ပြောပြ
ပေးပါမယ်နော် 💡👇

▪️ အရောင်းနဲ့ စာရင်းအင်းပိုင်းမှာ တိကျချောမွေ့
ချင်တယ်ဆိုရင်တော့
ဝင်ငွေ၊ ထွက်ငွေ၊ အကြွေးစာရင်းနဲ့ Stock စာရင်းတွေကို Dashboard တစ်ခုတည်းကနေ Real-time
တိတိကျကျ ကြည့်ရှုနိုင်မယ့် Custom Accounting & ERP Software System ကို ပြောင်းလဲရပါမယ်

▪️ လုပ်ငန်းစဉ်တွေမှာ အမှားအယွင်းကင်းပြီး
အလိုအလျောက် လည်ပတ်ချင်တယ်ဆိုရင်တော့
ဝန်ထမ်းသစ်ဝင်တိုင်း အစက ပြန်သင်စရာမလိုဘဲ စနစ်အတိုင်း လည်ပတ်စေမယ့် Standard Operating Procedures (SOPs) တွေကို ရေးဆွဲ
ချမှတ်ပေးတဲ့ စနစ်ကို သုံးရပါမယ်

▪️ ဝန်ထမ်းရေးရာမှာ စနစ်ကျပြီး ဝန်ထမ်း
ကောင်းတွေ မြဲချင်တယ်ဆိုရင်
တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ရှင်းလင်းပြီး တန်းတူ
ညီမျှ စွမ်းဆောင်ရည် တိုင်းတာနိုင်မယ့် HR Policy
& KPI Setting System တွေကို တည်ဆောက်
ရပါမယ်

ဒီလိုစနစ်တွေကို တစ်နေရာထဲမှာ အပ်နှံရေးဆွဲ
ချင်တယ်ဆိုရင်တော့ BOS က မိမိလုပ်ငန်း
အမျိုးအစားနဲ့ ကွက်တိကျအောင် တစ်နေရာတည်းမှာ စနစ်တကျ တာဝန်ယူ ဖန်တီးပေးနေတာမို့ ✔️📊

သင့်လုပ်ငန်းကို ဘယ်နေရာက စတင်ရမလဲ
မဝေခွဲနိုင်သေးရင် BOS နဲ့ အမြန်ဆုံး ဆက်သွယ်
ဆွေးနွေးတိုင်ပင်လိုက်ပါနော် 💼✨

📞 Hotline: 09 788 111 250, 09 789 254 456
📧 Email: [email protected]
📍 Address: အမှတ်(၄)၊ မော်လမြိုင်ကမ်းနားလမ်း၊ ဘုရင့်ရုပ်ရှင်ရုံအနီး၊ ရွှေတောင်ရပ်ကွက်၊ မော်လမြိုင်မြို့။

Luck Win Cargo and Express Co.Ltd ၏ လုပ်ငန်းဆိုင်ရာ SOP များနှင့် Public Relation Training တွင် ပူးပေါင်းပါဝင်ကြသည့် ဝန်...
27/08/2026

Luck Win Cargo and Express Co.Ltd ၏ လုပ်ငန်းဆိုင်ရာ SOP များနှင့် Public Relation Training တွင် ပူးပေါင်းပါဝင်ကြသည့် ဝန်ထမ်းများ၊ CEO၊ GM အားလုံးအား အထူးကျေးဇူးတင်ရှိပါသည်။ လုပ်ငန်းအောင်မြင်မှုများ ဒီရေအလားတိုးတက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

27/08/2026

ရှိနေတဲ့ နေရာမှာတင် ရပ်တန့်မနေဘဲ
လုပ်ငန်းတိုးချဲ့ရေး မဟာဗျူဟာတွေကို
ရေးဆွဲပြီး စီမံခန့်ခွဲမှု အကျပ်အတည်းတွေကို
ဖြေရှင်းဖို့ 📈

အတွေ့အကြုံရင့် စီးပွားရေး အကြံပေးနဲ့
တိုက်ရိုက် ဆွေးနွေးတိုင်ပင်ချင်ပါသလား 💼💡

ဒီအတွက် စီးပွားရေးကုမ္ပဏီကြီးတွေရဲ့
အကြံပေး တစ်ဦး ဖြစ်တဲ့အပြင် bos (Business Outsourcing & Service) ရဲ့ Founder & Lead Consultant ဖြစ်တဲ့

🎓 ဒေါက်တာဗညားအိန် (M.B.A, Ph.D.)
ကိုယ်တိုင် bos Consultation Sessions မှာ
သင့်လုပ်ငန်းအတွက် အနီးကပ် သင်ကြားပို့ချ
ဆွေးနွေးပေးနေပါတယ် ✔️

ဒီ Consultation Session မှာဆိုရင်
ဆရာ ဒေါက်တာဗညားအိန် ရဲ့ နိုင်ငံတကာ Consulting အတွေ့အကြုံ (10) နှစ်ကျော်အပြင်
On Site Experience တွေနဲ့

▪️ လုပ်ငန်း ရေရှည်တိုးချဲ့နိုင်ဖို့ မဟာဗျူဟာမြောက်
စီမံကိန်းတွေကို စနစ်တကျ ရေးဆွဲပေးနေသလို
▪️မိသားစု လုပ်ငန်းစနစ်မှ စနစ်ကျတဲ့ ကော်ပိုရိတ်
ဖွဲ့စည်းပုံတွေနဲ့ မူဝါဒတွေကို အသွင်ပြောင်းလဲ
ပေးနေပြီး
▪️ နေ့စဉ် စီမံခန့်ခွဲမှုနဲ့ အလုပ်လုပ်ပုံ လုပ်ငန်းစဉ်
တွေမှာ ကြုံတွေ့ရတဲ့ အဓိက အဟန့်အတာတွေကို ထိရောက်စွာ ဖြေရှင်းပေးနေတဲ့အပြင်
▪️ လုပ်ငန်းရှင် တစ်ဦးချင်းစီရဲ့ သီးသန့်
အခက်အခဲတွေကို အနီးကပ် တစ်ဦးချင်းသင်ကြား
ပို့ချ အကြံပေးနေတဲ့အတွက်

သင့်လုပ်ငန်းရဲ့ အနာဂတ်လမ်းကြောင်းကို ပိုမို
ခိုင်မာစွာ လျှောက်လှမ်းနိုင်မှာ အသေအချာပါပဲ 📈💯

ဆရာ ဒေါက်တာဗညားအိန်နဲ့ သီးသန့်
Consultation Session ကိုကြိုတင်ရယူလိုပါက bos နဲ့ ဆက်သွယ်ဆွေးနွေးတိုင်ပင်လိုက်ပါနော်

📞 Hotline: 09 788 111 250, 09 789 254 456
📧 Email: [email protected]
📍 Address: အမှတ်(၄)၊ မော်လမြိုင်ကမ်းနားလမ်း၊ ဘုရင့်ရုပ်ရှင်ရုံအနီး၊ ရွှေတောင်ရပ်ကွက်၊ မော်လမြိုင်မြို့။

27/08/2026

“အတူတူ တွန်းလျှင် ရွေ့နိုင်ပါသည်” ဆိုတဲ့ အတိုင်း

လုပ်ငန်းတစ်ခု တိုးတက်အောင်မြင်ဖို့ဆိုတာ Member တစ်ယောက်ချင်းစီကစလို့
Leader အထိ အတူတကွ ကြိုးစားမောင်းနှင်မှသာ
လိုရာပန်းတိုင်ကို မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်မှာ ဖြစ်ပါတယ် 💼📈

ဒီအတွက် Member တစ်ဦးချင်းစီရဲ့
စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး ရောင်းအား
တိုးစေဖို့ ဘယ်လို Training တွေ ဆက်ပေးရမလဲ
စဉ်းစားနေတယ်ဆိုရင်

BOS မှာ သင့်လုပ်ငန်းနဲ့ ကိုက်ညီမယ့်
▪️ မန်နေဂျာနှင့် ခေါင်းဆောင်ပိုင်းတွေရဲ့
စီမံခန့်ခွဲမှုစွမ်းရည်နှင့် ဆုံးဖြတ်ချက်ချနိုင်မှု
မြှင့်တင်ပေးမယ့် Management & Leadership Training

▪️ ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု၊ မူဝါဒများနှင့်
စည်းကမ်းပိုင်းဆိုင်ရာတွေကို စနစ်ကျစေမယ့်
HR & Talent Management Training

▪️ ခေတ်မီ ရောင်းအားမြှင့်တင်ရေး
နည်းလမ်းတွေနဲ့ Customer မေးမြန်းမှုကို
ရောင်းအားအဖြစ် ပြောင်းလဲပေးနိုင်မယ့် Sales
& Marketing Alignment Training

▪️ ငွေစာရင်း အမှားအယွင်း မရှိစေရန် နေ့စဉ်
ငွေဝင်/ငွေထွက် ထိန်းချုပ်မှုကို စနစ်တကျ
သင်ကြားပေးမယ့် Finance & Basic Cashbook Training

▪️ လုပ်ငန်းခွင်အတွင်း အသင်းအဖွဲ့
စိတ်ဓာတ်နဲ့ ပြောဆိုဆက်ဆံရေး တိုးတက်စေမယ့် Essential Soft Skills & Team Communication Training

စတဲ့ ကဏ္ဍ (5) မျိုး ပါဝင်တဲ့ Corporate
Training Services ရှိနေတဲ့အတွက် သင့်လုပ်ငန်းရဲ့ ရောင်းအားနဲ့ စွမ်းဆောင်ရည်ကို တိုးတက်
ပြောင်းလဲဖို့ဆို BOS နဲ့ ချိတ်ဆက်လိုက်ပါနော် 🤝🙇🏻‍♂️

📞 Hotline: 09 788 111 250, 09 789 254 456
📧 Email: [email protected]
📍 Address: အမှတ်(၄)၊ မော်လမြိုင်ကမ်းနားလမ်း၊ ဘုရင့်ရုပ်ရှင်ရုံအနီး၊ ရွှေတောင်ရပ်ကွက်၊ မော်လမြိုင်မြို့။

27/08/2026
19/08/2026

ဒေသဖွံ့ဖြိုးရေးနဲ့ လူငယ်တွေရဲ့ အနာဂတ်ခရီးလမ်းကို ခိုင်မာတဲ့ ခေါင်းဆောင်မှုအမြင်တွေနဲ့ ဘယ်လို ပုံဖော်ကြမလဲ? 🏛✨

ဒေသတစ်ခု စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပညာရေး၊ စီးပွားရေး စီမံခန့်ခွဲမှုတွေအပြင် လက်တွေ့ကျသော ဒေသန္တရအုပ်ချုပ်မှု အတွေ့အကြုံ (Local Governance & Leadership) တွေဟာ အလွန်အရေးပါလှပါတယ်။

မုဒုံမြို့နယ် Golden Hotel တွင် ကျင်းပပြုလုပ်မည့် "လူငယ်နှင့် စီးပွားရေးဆိုင်ရာ နည်းပညာ အမြင်ဖလှယ်ပွဲ" တွင် ဒေသန္တရအုပ်ချုပ်မှု၊ ပညာရေးနှင့် လူထုဖွံ့ဖြိုးရေးဆိုင်ရာ အတွေ့အကြုံများကို ဝေမျှဆွေးနွေးပေးသွားမည့် ဆရာ မင်းစောနွယ် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်) နှင့် မိတ်ဆက်ပေးပါရစေ။ 🌟

👨‍💼 ဆရာ မင်းစောနွယ်၏ ဘဝဖြတ်သန်းမှုနှင့် အတွေ့အကြုံမှတ်တိုင်များ

🎓 ခိုင်မာသော ပညာရေးနောက်ခံ:
၁၉၉၀ ပြည့်နှစ်တွင် အထကတံခွန်တိုင်မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ခြင်း။
၁၉၉၆ ခုနှစ်တွင် မော်လမြိုင်တက္ကသိုလ်မှ သင်္ချာအထူးပြုဖြင့် သိပ္ပံဘွဲ့ (B.Sc - Mathematics) ကို အောင်မြင်စွာ ရရှိခဲ့ခြင်း။

📚 ပညာရေးနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ တာဝန်ယူမှုများ:
မွန်ကျောင်းဆရာအဖြစ် ဒေသခံလူငယ်များ၏ ပညာရေးအလင်းရောင်အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ခြင်း။
မွန်ပြည်သစ်ပါတီတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေသတွင်း လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့ခြင်း။

🏛 ဒေသန္တရ စီမံအုပ်ချုပ်မှုနှင့် နိုင်ငံ့တာဝန် ထမ်းဆောင်မှု:
၂၀၁၇ ခုနှစ် အောက်တိုဘာလမှစ၍ မုဒုံမြို့နယ် နိုင်လှုံလက်တက်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ကို (၈) နှစ်တာ စည်းစနစ်ကျနစွာ ထမ်းဆောင်ခဲ့ခြင်း။

၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၃) မှ မွန်ညီညွတ်ရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပြီး လက်ရှိတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် ဒေသနှင့် ပြည်သူ့အကျိုးကို တာဝန်ယူ ထမ်းဆောင်လျက်ရှိခြင်း။

💡 “ယုံကြည်တည်ဆောက် အကောင်းဆုံးရောက် ပေါက်မြောက်ရည်သန် မာတဗန်”
Martavan Wisdom သည် ဒေသတွင်း လူငယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ခေတ်မီနည်းပညာ၊ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုစွမ်းရည်များကို အကောင်းဆုံး ပံ့ပိုးပေးလျက်ရှိပါသည်။

အမြင်ဖလှယ်ပွဲသို့ တက်ရောက်လာသူများအနေဖြင့် ဆရာ မင်းစောနွယ်နှင့်အတူ ဝါရင့်လုပ်ငန်းရှင်၊ ပညာရှင်ဆရာကြီးများ၏ အသိအမြင်များကို တိုက်ရိုက် ရယူလေ့လာနိုင်မည့်အပြင် —

🎁 50% ပညာသင်ဆု (Scholarship Voucher) များ
🎯 Spin Wheel လှည့်၍ ကျောင်းစရိတ် 25% Cashback ပြန်အမ်းငွေ သက်သာခွင့်များ
🏆 Interactive Game Prizes လက်ဆောင်များ ကိုလည်း ရယူနိုင်မည် ဖြစ်ပါသည်!

📍 ပွဲကျင်းပမည့် အစီအစဉ် အသေးစိတ်

📅 ကျင်းပမည့်ရက်စွဲ: ၂၃.၈.၂၀၂၆ (တနင်္ဂနွေနေ့)
⏰ အချိန်: မနက် 8:30 AM မှ 12:00 PM အထိ
📍 နေရာ: Golden Hotel (မုဒုံမြို့)
📞 ဆက်သွယ်ရန်: 09-970 841 120

Martavan Wisdom Co., Ltd ရုံးချုပ်: အမှတ် (12/B)၊ မြိုရှောင်လမ်း၊ မြေနီကုန်းရပ်ကွက်၊ မော်လမြိုင်မြို့။

19/08/2026

စီးပွားရေးလုပ်ငန်းတွေကို နည်းပညာနဲ့ အောင်မြင်အောင် ဘယ်လို Transform လုပ်မလဲ? 💻🚀

ခေတ်သစ် စီးပွားရေးဝန်းကျင်မှာ လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်နိုင်ဖို့အတွက် Digital Transformation ဟာ ရွေးချယ်စရာမဟုတ်ဘဲ မဖြစ်မနေ လျှောက်လှမ်းရမယ့် လမ်းစဉ်တစ်ခု ဖြစ်လာပါပြီ။

မုဒုံမြို့နယ်တွင် ကျင်းပပြုလုပ်မည့် "လူငယ်နှင့် စီးပွားရေးဆိုင်ရာ နည်းပညာ အမြင်ဖလှယ်ပွဲ" တွင် နည်းပညာနှင့် စီးပွားရေးချိတ်ဆက်မှုဆိုင်ရာ အဖိုးတန်အတွေ့အကြုံများကို ဝေမျှပေးမည့် IT ဆရာ မင်းရန်သိုက် (B.C.Sc) နှင့် မိတ်ဆက်ပေးပါရစေ။ 🌟

👨‍💻 ဆရာမင်းရန်သိုက်၏ အတွေ့အကြုံနှင့် အဓိကကျွမ်းကျင်မှုများ

🎓 ခိုင်မာသော ကွန်ပျူတာသိပ္ပံပညာရပ် နောက်ခံ:
ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc) ရရှိထားပြီး ရန်ကုန်မြို့ MICT Park တွင် Web Design နှင့် C # Dot Net Application Development ဘာသာရပ်များကို အောင်မြင်စွာ တက်ရောက်ခဲ့ခြင်း။

💼 လုပ်ငန်းခွင် Digital Transformation ဦးဆောင်မှု:
လက်ရှိ Monsi Group Co., Ltd တွင် Head of IT Department အဖြစ် တာဝန်ယူလျက်ရှိခြင်း။

စီးပွားရေးလုပ်ငန်းတစ်ခု၏ အဓိကမဏ္ဍိုင်များဖြစ်သော Management, Finance, HR နှင့် Marketing ဌာနများအတွက် Digital နည်းပညာသုံး လုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော် တည်ဆောက်ပေးခဲ့ခြင်း။

🌐 ဒေသတွင်း နည်းပညာဖွံ့ဖြိုးရေးနှင့် သင်ကြားရေး ကဏ္ဍ:
၂၀၁၃ ခုနှစ်မှစ၍ မွန်လူမှုအဖွဲ့အစည်းများနှင့် လုပ်ငန်းများအတွက် လိုအပ်သော IT နည်းပညာအကူအညီများ ပံ့ပိုးပေးခြင်း။

အခြေခံသင်တန်းများ၊ ဆရာဖြစ်သင်တန်းများ ပို့ချပေးခဲ့ပြီး သမရိုးကျလုပ်ငန်းများမှ နည်းပညာအခြေပြုလုပ်ငန်းများသို့ ကူးပြောင်းနိုင်ရန် စဉ်ဆက်မပြတ် ကူညီဆောင်ရွက်ပေးခဲ့ခြင်း။

💡 “ယုံကြည်တည်ဆောက် အကောင်းဆုံးရောက် ပေါက်မြောက်ရည်သန် မာတဗန်”

Martavan Wisdom သည် ဒေသတွင်းလူငယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ခေတ်မီနည်းပညာဖြင့် တိုးတက်လာစေရန် အကောင်းဆုံး ပံ့ပိုးကူညီလျက်ရှိပါသည်။

ပွဲသို့ တက်ရောက်လာသူများအနေဖြင့် ဆရာမင်းရန်သိုက် အပါအဝင် ဝါရင့်လုပ်ငန်းရှင်များနှင့် ဆရာကြီးများ၏ စီးပွားရေး၊ နည်းပညာဆိုင်ရာ အတွေ့အကြုံကောင်းများကို တိုက်ရိုက်လေ့လာခွင့်ရမည့်အပြင် —

🎁 50% Scholarship Voucher များ
🎯 ကျောင်းစရိတ် 25% Cashback ပြန်အမ်းငွေ သက်သာခွင့်ရမည့် Spin Wheel ကံစမ်းမဲများ
🏆 Interactive Game Prizes လက်ဆောင်များ ကိုလည်း ရယူနိုင်မည် ဖြစ်ပါသည်!

📍 ပွဲကျင်းပမည့် အစီအစဉ် အသေးစိတ်

📅 ကျင်းပမည့်ရက်စွဲ: ၂၃.၈.၂၀၂၆ (တနင်္ဂနွေနေ့)
⏰ အချိန်: မနက် 8:30 AM မှ 12:00 PM အထိ
📍 နေရာ: Golden Hotel (မုဒုံမြို့)
📞 ဆက်သွယ်ရန်: 09-970 841 120
Martavan Wisdom Co., Ltd ရုံးချုပ်: မေတ္တာလမ်း နှင့် တောင်ဝိုင်းလမ်းထောင့်၊ စျေးကြိုရပ်ကွက်၊ မော်လမြိုင်။

19/08/2026

🏛 နိုင်ငံတကာအဆင့်မီ စီမံခန့်ခွဲမှုနှင့် မဟာဗျူဟာမြောက် စီးပွားရေးအမြင်များကို ဖလှယ်ပေးမည့် Martavan Wisdom မှ ဆရာ တစ်ဦးနှင့် မိတ်ဆက်ခြင်း 🎓✨

Martavan Wisdom တွင် ဒေသတွင်းစီးပွားရေးနှင့် ပညာရေးကဏ္ဍ အဆင့်အတန်းမြင့်မားလာစေရန် ဦးဆောင်လမ်းညွှန်ပေးနေသော ဒေါက်တာ မင်းဗညားအိန် (Dr. Banyar Eain) ၏ ထူးချွန်ပြောင်မြောက်လှသော အတွေ့အကြုံများနှင့် မိတ်ဆက်ပေးပါရစေ။ 💼📊

🌟 ဒေါက်တာ မင်းဗညားအိန်၏ ပညာရေးနှင့် အတွေ့အကြုံမှတ်တိုင်များ

🎓 ခိုင်မာသော ပညာရေးနောက်ခံ:
B.Comm.H (Myanmar)
M.B.A. in Management (Thailand)
Ph.D. (Malaysia)

🌐 နိုင်ငံတကာနှင့် ပြည်တွင်း အတိုင်ပင်ခံလုပ်ငန်း အတွေ့အကြုံများ:
GOPA International, MCI, Positive Deviant (UK), Mekong Economics နှင့် Empower Myanmar Consultancy တို့တွင် Senior Consultant အဖြစ် တာဝန်ယူခဲ့ခြင်း

UNOPS, ILO, ACDI/VOCA, ADRA-UK, NRC, World Vision စသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းကြီးများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အကြံပေးဝန်ဆောင်မှုများ ပေးအပ်ခဲ့ခြင်း

📈 စီမံကိန်းနှင့် စီးပွားရေးစီမံခန့်ခွဲမှု ကျွမ်းကျင်မှု (၁၀ နှစ်ကျော်):
ထိုင်းနိုင်ငံနှင့် ASEAN ဒေသတွင်း INGOs, NGOs နှင့် စီးပွားရေးအဖွဲ့အစည်းများတွင် Project Manager, Project Coordinator အဖြစ် ဦးဆောင်ခဲ့ခြင်း

Organizational Development, Business Planning, Value Chain Research နှင့် HR Development ဆိုင်ရာ မဟာဗျူဟာများ ရေးဆွဲချမှတ်ခြင်း

🏛 လက်ရှိ ဦးဆောင်မှု အခန်းကဏ္ဍများ:
Martavan Wisdom Co., Ltd & Mon Business Group Co., Ltd ၏ Director / Chairman
Martavan Wisdom College ၏ ကျောင်းအုပ်ကြီး
စီးပွားရေးကုမ္ပဏီများ၏ Board of Directors (BOD) Member & Shareholder
တက္ကသိုလ်အသီးသီးတွင် Part-time Lecturer နှင့် Freelance Consultant

💡 “ယုံကြည်တည်ဆောက် အကောင်းဆုံးရောက် ပေါက်မြောက်ရည်သန် မာတဗန်”
Martavan Wisdom သည် ဒေသတွင်း လူငယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် နိုင်ငံတကာစံချိန်စံနှုန်းမီ ပညာရေး၊ စီမံခန့်ခွဲမှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေး အထောက်အကူပြု အခွင့်အလမ်းများကို အကောင်းဆုံး ဖော်ဆောင်ပေးလျက်ရှိပါသည်။

မုဒုံမြို့တွင် ကျင်းပပြုလုပ်မည့် "လူငယ်နှင့် စီးပွားရေးဆိုင်ရာ နည်းပညာ အမြင်ဖလှယ်ပွဲ" တွင်လည်း ဆရာ Dr. ဗညားအိန်နှင့်အတူ အခြားသော ဝါရင့်လုပ်ငန်းရှင်များက တန်ဖိုးရှိတဲ့ အသိအမြင်များကို မျှဝေဆွေးနွေးပေးသွားမည် ဖြစ်ပါသည်။ 🚀

📍 ရုံးချုပ်လိပ်စာ: မေတ္တာလမ်း နှင့် တောင်ဝိုင်းလမ်းထောင့်၊ စျေးကြိုရပ်ကွက်၊ မော်လမြိုင်။
📞 ဆက်သွယ်ရန် ဖုန်းနံပါတ်: 09-970 841 120
🌐 Page Messenger မှတစ်ဆင့်လည်း အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။

စိတ်ဝင်စားသည့် မည်သူမဆို တက်ရောက်နိုင်ပါသည်။
19/08/2026

စိတ်ဝင်စားသည့် မည်သူမဆို တက်ရောက်နိုင်ပါသည်။

Martavan Wisdom က ဦးစီးကျင်းပမည့် “လူငယ်နှင့် စီးပွားရေးဆိုင်ရာ နည်းပညာ အမြင်ဖလှယ်ပွဲ” မှာ မုဒုံမြို့နယ်ရှိ Grade 12ဖြေဆိုပြီးသား လူငယ်နှင့် မိဘများအတွက် အခမဲ့တက်ရောက်နိုင်ပါပြီး

ဒေသတွင်း စီးပွားရေး၊ နည်းပညာနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံကောင်းတွေကို အောက်ပါ ဆရာကြီး (၄) ဦးက တိုက်ရိုက် မျှဝေဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်

🎙 ဒေါက်တာဗညားအိန် (Dr. Banyar Eain)
🎙 မင်းရန်သိုက် (Min Yan Thike)
🎙 နိုင်ခင်မောင်ထွေး (Naing Khin Maung Htwe)
🎙 ဦးစိုးထက် (U Soe Htet)

🎀ဒီပွဲကို တက်ရောက်ရင် ပညာရပ်အမြင်တွေအပြင် September လမှာ ဖွင့်လှစ်မည့် Martavan Wisdomသင်တန်းကျောင်းမှ ပေးအပ်မည့် ပညာသင်ဆုများကိုလည်း ပွဲမှာgameကစားရင်း ရရှိဦးမှာပါနော်

🎁ပွဲမှပေးအပ်သွားမည့် ပညာသင်ဆုနှင့် cash back အခွင့်အရေးများ

⭐️ 50% ပညာသင်ဆု (Scholarship Voucher) များ (၁၀) ဆု
⭐️ Spin Wheel Activity လှည့်ပြီး ကျောင်းစရိတ် 25% Cashback ပြန်အမ်းငွေ သက်သာခွင့်များ (၁၀) ခု
⭐️ Interactive Game Prizes ပျော်ရွှင်စရာ ဂိမ်းများ ကစားရင်း ရယူနိုင်မည့် အမှတ်တရ လက်ဆောင်များ

🎗️ဘယ်သူတွေတက်ရောက်သင့်လဲ
🎈Grade 12 ဖြေပြီးသောလူငယ်များ (မှတ်ချက် အောင်သည်ဖြစ်စေ မအောင်သည်ဖြစ်စေ တက်ရောက်နိုင်ပါတယ်နော်)
🎈ကျောင်းသားမိများနှင့် ဒေသတွင်းရှိလူကြီးများ


“ယုံကြည်တည်ဆောက် အကောင်းဆုံးရောက် ပေါက်မြောက်ရည်သန် မာတဗန်”

📅 ကျင်းပမည့်ရက်စွဲ: ၂၃.၈.၂၀၂၆ (တနင်္ဂနွေနေ့)
⏰ အချိန်: နံနက် 8:30 AM မှ 12:00 PM အထိ
📍 နေရာ: Golden Hotel Hall Room (မုဒုံမြို့)
📞 Hotline: 09 970 841 120

📝 စာရင်းပေးသွင်းရန်: Comment က Link ထဲမှာ ဝင်ရောက်စာရင်းပေးသွင်းနိုင်သလို Page Messenger မှတစ်ဆင့်လည်း စာရင်းပေးသွင်းနိုင်ပါတယ်ရှင့်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Business Next Step posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share