13/02/2026
🙏✨❤️ Donation Campaign ❤️✨🙏
၁၂.၂.၂၀၂၆ခုနှစ် (ပြည်ထောင်စုနေ့)
သွေးမေတ္တာပရဟိတအသင်း (ရန်ကုန်))နှင့်
အစိုးရနည်းပညာကောလိပ်တောင်ဒဂုံ ကျောင်းသား/
ကျောင်းသားများ၏ စုပေါင်း သွေးလှူဒါန်းပွဲ အခမ်းအနား
အစီအစဉ်(၆)ခုဖြင့်် ကျင်းပခဲ့ပြီး မိတ်ဖက်ညီနောင်
ပရဟိတအသင်း များတက််ရောက် ချီးမြှင့်ကာ MRTV
ရုပ်သံမှလည်း ရိုက်ကူး တင်ဆက်ခဲ့ပါသည်။
ဤသွေးလှူဒါန်းပွဲ အခမ်းအနား ဖြစ်မြောက်အောင်
ဝိုင်းဝန်း ပံပိုးကူညီပေးကြပါသော ရန်ကုန်ကလေး
ဆေးရုံအုပ်ကြီးနှင့် သွေးလှူဘဏ် ဆရာ/ဆရာမများ
အစိုးရနည်းပညာကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ/
ဆရာမများ ကျောင်းသား/ကျောင်းသူများ အလှူရှင်များ
Volunteer များ ဓမ္မရောင်ခြည်ဓမ္မဒါနဖောင်ဒေးရှင်းမှ
အန်ကယ်ဦးလှမျိုးနှင့်အဖွဲ့ဝင်များ ၊ကိုရဲသွေး
(လောကဟိတ)နှင့် အဖွဲ့ဝင်များ ၊ကိုကြည်နိုင်ဦး
(အလင်းသစ်ပေးသူများပရဟိတ) နှင့်
ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါ
ကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်သည်။