Care by Moey

Care by Moey Leave Past.. Focus on now..

02/11/2025

ဘဝက အဆင်မပြေတဲ့အခါ…နှလုံးသွင်းမှန်ဖို့ အရေးကြီးပါတယ်..။ နှလုံးသွင်းမှန်လေ..ပြင်ပလောကဓံရဲ့ ရိုက်ခတ်မှုဟာ..ကိုယ်နဲ့ဘာမှမပတ်သက်သလို..ကိုယ့်ရဲ့စိတ်နှလုံးကို မထိခိုက်နိုင်အောင် ကာကွယ်နိုင်လေပဲ ဖြစ်ပါတယ်…။ ကိုယ်ဖြစ်ချင်တာတွေ..ဖြစ်မလာတဲ့အခါ…ကိုယ်မဖြစ်ချင်တာတွေဖြစ်လာတဲ့အခါ…ငါ့ကျမှ ဖြစ်ရလေခြင်းလို့ မခံယူဘဲ…ဒီအဆိုးလောကဓံဟာလည်း…ခဏပါပဲ…ဖြစ်ပြီးရင် ပျက်သွားဦးမှာပါပဲ..အချိန်တစ်ခုထိတော့..ငါကြံ့ကြံ့ခိုင်အောင် သည်းခံလိုက်ဦးမယ်.. ကိုယ်ဘာမှ မတတ်နိုင်တဲ့အရာတွေအတွက်..ပူပန်သောကများနေလို့လည်း ဘာထူးမှာလည်း..ကိုယ်လုပ်စရာရှိတာလေးတွေပဲ လုပ်ရင်း ဖြတ်သန်းမယ်..ဖြစ်လာသမျှကိုရင်ဆိုင်လိုက်ရုံပဲ…လို့ နှလုံးသွင်းဆင်ခြင်လိုက်တဲ့အခါ…အဆင်မပြေမှုတွေအတွက် သိပ်ပြီး ပူလောင်ခံစားမနေတော့ပါဘူး…။
တကယ်တော့..သောကဆိုတာ..တွယ်တာမှုကြောင့် ဖြစ်ရတာပါ..။ ဒီတွယ်တာမှုကို..ကိုယ်က လွှတ်ချလိုက်နိုင်ရင်..သောက ကင်းရတာပါပဲ…။ ဒါကြောင့်.. ဘာကိုမှ ဆုပ်ကိုင်မထားဖို့ လိုပါတယ်..။ အောင်မြင်မှု..ငွေကြေးချမ်းသာ..ဆိုတဲ့ အနှောင်အဖွဲ့ တွယ်တာမှုတွေကို လက်လွှတ်နိုင်လေလေ…နာကျင်ခံစားရမှု သက်သာလေလေပဲဖြစ်ပါတယ်…။ အဆင်မပြေတိုင်း..ဘဝက..ခဏလေး…အဆင်ပြေတဲ့အချိန် တစ်လှည့်ရောက်လာဦးမှာပဲ..လို့ တွေးကြည့်လိုက်ပါ..။
အဆင်မပြေတာတွေ..လက်လွှတ်ဆုံးရှုံးလိုက်ရတာတွေအပေါ်..ဒေါသစိတ်..နောင်တစိတ်..မလိုမုန်းထားစိတ်တွေနဲ့ မတုံ့ပြန်တော့ဘဲ..ဖြစ်လာသမျှကို အရှိအတိုင်း လက်ခံပေးလိုက်တာဟာ..ဥပေက္ခာစိတ်ဖြစ်ပါတယ်..။ ဘဝမှာ ဖြစ်ပျက်နေသမျှ အဆင်ပြေမှု..အဆင်မပြေမှုတွေအပေါ် …မတုန်လှုပ်တဲ့စိတ်နဲ့ ဥပေက္ခာထားနိုင်တဲ့သူဟာ…အေးငြိမ်းချမ်းသာရသူသာဖြစ်ပါတယ်…။
ဥပေက္ခာစိတ်ထားနိုင်ဖို့ဆိုတာ လွယ်တော့မလွယ်ပါဘူး..။ ကိုယ့်ရဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးသွားတဲ့အခါ..ကိုယ်ချစ်ခင်တန်ဖိုးထားရသူကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အခါ..ဘယ်လို ဥပေက္ခာစိတ်မျိုးနဲ့ ရင်ဆိုင်နိုင်ပါ့မလဲ…။ ပြောတော့သာလွယ်ပေမယ့်..တကယ့်လက်တွေ့ရင်ဆိုင်ကျင့်သုံးဖို့ကျတော တကယ်ခက်ပါလိမ့်မယ်..။ မှန်ကန်စွာ နှလုံးသွင်းတတ်ဖို့ နေ့စဉ်နေ့တိုင်း လေ့ကျင့်နေရမှာဖြစ်ပါတယ်..။
တစ်နေ့တာ အဖြစ်အပျက်လေးတွေအပေါ်မှာ..တုံ့ပြန်မှုတွေ သိပ်မလုပ်ဘဲ..ဥပေက္ခာစိတ်လေးနဲ့ နေတတ်လာအောင် လေ့ကျင့်ယူရမှာဖြစ်ပါတယ်..။ တစ်နည်းအားဖြင့်..ကိုယ့်ကိုယ်ကိုယ် ဥပေက္ခာလက်ဆောင်လေး ပြန်ပေးတတ်ဖို့ လိုပါတယ်..။ ကြိုက်ခြင်း..မကြိုက်ခြင်း..ချစ်ခြင်း..မုန်းခြင်းတွေ မရှိတော့ဘဲ..ဖြစ်လာသမျှ အရာတိုင်းကို သူ့သဘာဝအတိုင်းနားလည်လက်ခံပေးနိုင်လာတဲ့တစ်နေ့မှာ..ပိုအေးချမ်းတဲ့.ကိုယ်..ဖြစ်လာပါလိမ့်မယ်….။

#လွန်းထားထား
#ပိုအေးချမ်းတဲ့ကိုယ်

01/11/2025

တချို့သောသူတွေက အမှန်တရားကိုလိုချင်ကြတာမဟုတ်ဘူး..

သူတို့ကသူတို့မှန်တယ်ဆိုတာကိုပဲလိုချင်ကြတာဖြစ်တဲ့အတွက်
အမြဲတမ်းအမှန်တရားဘက်ကနေပြီးတော့ ထိုင်ငြင်းနေဖို့မကြိုးစားပါနဲ့...

ကိုယ့်ရဲ့စိတ်စွမ်းအင်တွေ ကိုယ့်ရဲ့energy တွေကိုတန်ဖိုးရှိရှိပဲအကုန်ခံပါ..

ဒီလူတွေ ဒီအကြောင်းအရာတွေ ဒီအကြောင်းပြချက်တွေ တစ်ခုချင်းစီက
ကိုယ့်အတွက် လိုက်ပြီးတော့ခံစားနေဖို့တန်လားဆိုတာကို ပြန်ဆန်းစစ်ပါ...

စကားတွေအများကြီးပြောမယ့်အစား ကောင်းသောအတွေးတွေအများကြီးတွေးလိုက်ပါ..

ကောင်းတဲ့အတွေးတွေကနေ ကောင်းတဲ့အရာတွေကိုသယ်ဆောင်လာနိုင်တယ်ဆိုတာကိုယုံကြည်လိုက်ပါ..

Address

No. 1027(Bommar Kyaung St)
Yangon

Website

Alerts

Be the first to know and let us send you an email when Care by Moey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share