Labour New media

Labour New media Labour Rights activist. share for Labour case.

ရှောင်တခင်ခွင့် မပေးဘဲ ဥပဒေအတိုင်းဆောင်ရွက်နေ ဟု SUNNY Garment ပြော ဇွန် ၃၀ ၊ ၂၀၂၆SUNNY Garment စက်ရုံက ရှောင်တခွင့်မပေး...
30/06/2026

ရှောင်တခင်ခွင့် မပေးဘဲ ဥပဒေအတိုင်းဆောင်ရွက်နေ ဟု SUNNY Garment ပြော

ဇွန် ၃၀ ၊ ၂၀၂၆

SUNNY Garment စက်ရုံက ရှောင်တခွင့်မပေးဘဲ “ငါတိုက ဥပဒေအတိုင်းလုပ်တာ၊ မကျေနပ်ရင် တိုင်ချင်တဲ့ နေရာ သွားတိုင်လို ပြောဆိုတယ်လို အလုပ်သမားတွေက ပြောပါတယ်။ အဲ့လိုခွင့်တွေမပေးတဲ့ အပြင် ရက်ပျက် သတ်မှတ်ပြီး စက်ရုံဘက် လုပ်ခလစာ ဖြတ်တောက်တယ်လို အလုပ်သမားတွေက ပြောပါတယ်။

“ရှောင်တခင်ခွင့်ကိုယူရင် ခွင့်မပေးဘူး၊ တစ်နှစ်ပြည့်သွားလို ခွင့်မယူရင် ပိုက်ဆံပြန်ပေးမလိုလိုနဲ့ မလှိမ့်တစ်ပတ် လုပ်ထားပြီး ၊ နှစ်လည်းကုန်ရော နှစ်ပြည့်လို ဥပဒေအရ ခွင့်ပျက်ပြယ်တယ်ဆိုပြီးပြောတယ်” လို အလုပ်သမားတွေက ပြောပါတယ်။
အလုပ်သမားများက အကျိုးကြောင်းပြောပြတော့ အလုပ်ရှင်ဘက်က “ငါတိုက ဥပဒေအတိုင်းလုပ်တာ မကျေနပ်ရင် ၊ တိုင်ချင်တဲ့ နေရာသွား တိုင်” လို ပြောဆိုတယ်လို သိရပါတယ်။ ခွင့်ရက်တွေကို အလုပ်ရှင် ဘက်က ခံစားခွင့်မပေးဘဲ ဒေးကြေး ရက်မှန်ကြေး ဖြတ်ခံရတယ်လိုလည်း အလုပ်သမားတွေက ပြောပါတယ်။

“နေထိုင်မကောင်းတာပဲ ဖြစ် အရေးပေါ်ကိစ္စဖြစ်ဖြစ် ခွင့်တိုင်းလည်း ခွင့်မပေးဘူး။ တစ်ရက်ပျက်တာနဲ့ ရက်မှန်ကြေး၊ ဒေးကြေး ၄၀,၀၀၀ ကျော်အဖြတ်ခံတယ်” လို ပြောပါတယ်။

စက်ရုံဘက်က အထည်စံချိန်ကို တဘက်သတ်တောင်းခံပြီး စံချိန်မပေးနိုင်ပါက အော်ဟစ်ဆဲဆိုတဲ့ အပြင် ဆန္ဒမပါဘဲ အချိန်ပိုတွေ ဆင်းပေးရတယ်လိုလည်း အလုပ်သမားတွေက ပြောပါတယ်။

“အောစူပါ၊ စူပါတွေက အော်ဟစ်ဆဲဆိုတယ်၊ စံချိန်မပြည့်တော့ အောလင်း၊ အောနိုက် အတင်း ဆင်းခိုင်း ပြန်တယ်။ အခုဆို စနေ့နေတိုင်း အောနိုက် မဆင်းမနေရ အမြဲ ဆင်းခိုင်းတယ်။ မဆင်းချင်းဘူးပြောလဲ မိုးလင်းပေါက် ဆင်းပေးရတယ်။” လို ပြောပါတယ်။

လုပ်ငန်းခွင်မှာ နေစားအလုပ်သမား၂၀၀ ကျော် လုပ်ကိုင်နေပြီး အဲဒီထဲမှာ ကလေးအလုပ်သမားတွေကလည်း လူကြီးအလုပ်သမားတွေနဲ့ တန်းတူလုပ်ပေးရတယ်။

“ အသက် ၁၄,၁၅,၁၆ အရွယ် အလုပ်သမား ၁၀၀ ကျော်ရှိတယ်။ ဘာထောက်ခံချက်မှ မပါဘူး ဒီတိုင်း ခေါ်ခိုင်းထားတာ။ တခြားအလုပ်သမားတွေလိုပဲ အိုတီလည်းဆင်း အလုပ်ချိန်လည်းအတူပဲ လုပ်ကြတယ်။ နေစားဆိုပြီး ပိတ်ရက်ကြေးကို ထည့်မပေးဘူး” လို ပြောပါတယ်။

အလုပ်သမားတွေအတွက် ထမင်းစားဆောင်မှာ အမိုးမရှိတဲ့အပြင် မိန်းကလေးသုံး သန့်စင်ခန်းတွေက ပျက်စီးနေတယ်လိုလည်း အလုပ်သမားတွေက ပြောပါတယ်။

“ အမိုးမရှိတဲ့ ထမင်းစားဆောင်မှာ နေပူ မိုးရွာလည်း ဒီတိုင်း စားရတယ်။ အလုပ် သမားများအတွက် မိန်းကလေး အိမ်သာ ၆ လုံး ထဲ ၃လုံးကပျက်နေတယ်။ အဲဒါတွေဆို သွားလာရ အရမ်းကို ခက်တာ” လို ပြောပါတယ်။

လုပ်ငန်းခွင် ထမင်းစားဆောင် အမိုးမရှိတာ၊ သန့်စင်ခန်း အခက်အခဲ ဖြစ်တာတွေကို အလုပ်ရှင်ဘက်က မြင်တွေ့ပေမဲ့ ပြုပြင်ပေးတာ မရှိဘူးလို အလုပ်သမားတွေက ပြောထားပါတယ်။

SUNNY Garment Co.,Ltd အမည်နဲ့ Dica Myanmar မှာ ကုမ္ပဏီ မှတ်ပုံတင်ထားတာ မတွေ့ရပါဘူး။ အဲဒီစက်ရုံက ရန်ကုန်မြို၊လှိင်သာယာမြိုနယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ တွင်းသင်းတိုက်ဝန် ဦးထွန်ညို လမ်း မှာ လုပ်ငန်း လုပ်ကိုင်နေပြီး အလုပ်သမား ၉၀၀ ကျော်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား စက်ရုံလို သိထားပါတယ်။

“ပြည်သူ့ဆန္ဒနဲ့ မသမာတဲ့ ရွေးကောက်ပွဲကို ငြင်းပယ်လိုက်ပါ!”ဒီနေ့ မြန်မာနိုင်ငံမှာ ပြည်သူတွေ စောင့်မျှော်နေတဲ့ အရာက စစ်အုပ်...
13/12/2025

“ပြည်သူ့ဆန္ဒနဲ့ မသမာတဲ့ ရွေးကောက်ပွဲကို ငြင်းပယ်လိုက်ပါ!”

ဒီနေ့ မြန်မာနိုင်ငံမှာ ပြည်သူတွေ စောင့်မျှော်နေတဲ့ အရာက စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ မဟုတ်ပါ။ ပြည်သူတွေလိုလားတာက ကိုယ်တိုင်ရွေးချယ်နိုင်ခွင့်၊ မဲဆန္ဒရှင်ရဲ့ ဆန္ဒကို တန်ဖိုးထားတဲ့ အမှန်တကယ် ဒီမိုကရေစီ ဖြစ်စဉ်ပါ။

မသမာတဲ့ ရွေးကောက်ပွဲဆိုတာ အာဏာကို ထိန်းသိမ်းဖို့ အလှပြကိရိယာတစ်ခုပဲ ဖြစ်ပါတယ်။ လွတ်လပ်မှုမရှိ၊ တရားမျှတမှုမရှိ၊ တန်းတူညီမျှမှုမရှိတဲ့ အခြေအနေမှာ ပြုလုပ်တဲ့ မဲပေးပွဲက ပြည်သူ့ဆန္ဒကို ကိုယ်စားပြုလို့ မရပါ။ နိုင်ငံရေးပါတီတွေ ဖိနှိပ်ခံနေရ၊ မီဒီယာတွေ တိတ်ဆိတ်ခံနေရ၊ ပြည်သူတွေ ကြောက်ရွံ့နေတဲ့ အချိန်မှာ ရွေးကောက်ပွဲဆိုတာ တရားဝင်မှု မရှိပါ။

ပြည်သူ့ဆန္ဒကို လေးစားတယ်ဆိုရင် ပထမဆုံး လုပ်ရမယ့်အရာက အကြမ်းဖက်မှုတွေ ရပ်တန့်စေဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်စေဖို့၊ လွတ်လပ်စွာ စုဝေးပြောဆိုနိုင်တဲ့ အခွင့်အရေးတွေ ပြန်လည်ပေးအပ်ဖို့ ဖြစ်ပါတယ်။ ဒီအခြေအနေတွေ မရှိသေးခင်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို လှည့်စားတဲ့ လုပ်ရပ်သာ ဖြစ်နေပါလိမ့်မယ်။

အမှန်တကယ် ဒီမိုကရေစီကို လိုလားတဲ့ ပြည်သူတွေ အနေနဲ့ မသမာတဲ့ ရွေးကောက်ပွဲကို မပါဝင်ဖို့၊ မထောက်ခံဖို့၊ မလက်ခံဖို့ လိုအပ်ပါတယ်။ တိတ်ဆိတ်နေရင် အမှားကို ခွင့်ပြုပေးရာ ရောက်သွားပါတယ်။ ပြည်သူ့အသံကို တစ်စုတစ်စည်းတည်း ထုတ်ဖော်ပြောကြားမှသာ အတုအယောင်တွေကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့်
ပြည်သူ့ဆန္ဒနဲ့ မသမာတဲ့ ရွေးကောက်ပွဲကို ငြင်းပယ်လိုက်ပါ!
တရားမျှတမှုရှိတဲ့ အနာဂတ်၊ လွတ်လပ်မှုရှိတဲ့ နိုင်ငံအတွက် ပြည်သူတွေကိုယ်တိုင် ရပ်တည်ကြပါစို့။

#ဖားကန့်မြို့နယ်မှော်လှည့်သပိတ်စစ်ချောင်း

ပန်ဒါ

အမေရိကန်အစိုးရမှ  Scam Center Strike Force Initiative ဖော်ဆောင်ရန် ထုတ်ပြန်မှုအပေါ် ကြိုဆိုကြောင်း ကြေညာချက် ၂၀၂၅ ခုနှစ်...
17/11/2025

အမေရိကန်အစိုးရမှ Scam Center Strike Force Initiative ဖော်ဆောင်ရန် ထုတ်ပြန်မှုအပေါ် ကြိုဆိုကြောင်း ကြေညာချက်
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်

မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု - MLA သည် အမေရိကန်ပြည်ထောင်စုအစိုးရ၏ လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့ကို အဓိကထား၍ Scam Center Strike Force ဖွဲ့စည်းခြင်းကို လှိုက်လှဲစွာ ကြိုဆိုပါသည်။ ဤပစ်မှတ်ထားသော အစီအစဉ်သည် ကမ္ဘာတစ်ဝှမ်းရှိ လူကုန်ကူးမှု၊ အဓမ္မလုပ်အားပေး ခိုင်းစေမှုနှင့် ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများအတွက် တာဝန်ရှိသော နိုင်ငံတကာ ရာဇဝတ်ကွန်ရက်များကို ဖြေရှင်းရာတွင် အရေးကြီးသောခြေလှမ်းတစ်ခုဖြစ်သည်။ အင်အားနည်းသောလူဦးရေကို ကာကွယ်ရန်ဖြစ်ပြီး မည်သည့် နေရာတွင်မဆို အမြတ်ထုတ်သည့် စနစ်များကို ဖျက်သိမ်းရန် ကြိုးစားမှု၏ အရေးတကြီးလိုအပ် ချက်သည် နိုင်ငံတကာက အသိအမှတ်ပြုလာမှုကို ထင်ဟပ်စေသည်။
ဤဆုံးဖြတ်ချက်ချသည့်လုပ်ဆောင်ချက်ကို ကျွန်ုပ်တို့ ချီးကျူးဂုဏ်ပြုပါသည်။ MLA သည် ဤကြိုးပမ်းအားထုတ်မှုကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ ကို မကြာသေးမီက ကိုးကားခြင်းနှင့် ဖြည့်စွက်ခြင်းအဖြစ် ရှုမြင်ပြီး အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် လွတ်လပ်စွာဖွဲ့စည်းခွင့်ကို ဖိနှိပ်ခြင်းအပါအဝင် အလုပ်သမားအခွင့်အရေးများကို ပြင်းထန်စွာချိုးဖောက်မှု များအတွက် မြန်မာစစ်အစိုးရအား တာဝန်ခံစေပါသည်။ ပုဒ်မ ၃၃ သည် ILO ၏ အစွမ်းထက်ဆုံး ပြဋ္ဌာန်းရေး ယန္တရားဖြစ်ပြီး အခြေခံအခွင့်အရေးများကို အဆိုးရွားဆုံး ချိုးဖောက်မှုများအတွက်သာ သီးသန့်ထားရှိသည်။
၂၀၂၅ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံအပေါ် ၎င်း၏ တိုင်ကြားချက်သည် စစ်အစိုးရ၏ ပြင်းထန်သော ချိုးဖောက်မှုများနှင့် တာဝန်ခံမှုအတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုကို အလေးပေး ဖော်ပြသည်။ MLA သည် အစိုးရအားလုံး၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်လှုပ်ရှားသူများအား ၎င်းတို့၏ လုပ်ဆောင်ချက်များကို ပုဒ်မ ၃၃ ၏ မူများဖြစ်သည့် စစ်တပ်နှင့်ဆက်စပ်နေသော လုပ်ငန်းများကို ပစ်မှတ်ထားခြင်း၊ တာဝန်သိစွာနုတ်ထွက်ခြင်းကို ထောက်ခံခြင်းနှင့် အလုပ်သမားများကို ကာကွယ်ခြင်းတို့ကို ညှိနှိုင်းဆောင်ရွက်ရန် တိုက်တွန်းပါသည်။
၁၁၉ ကြိမ်မြောက် ကွန်ဂရက် (၂၀၂၅-၂၀၂၆) သို့ H.R.5490-Dismantle Foreign Scam Syndicates Act တင်သွင်းရာတွင် ပူးတွဲကမကထပြုပေးသည့် လွှတ်တော်အမတ် Shreve၊ လွှတ်တော်အမတ် Mr. Moolenaar နှင့် Mr. Rulli တို့အားလည်း ကျေးဇူးတင်ရှိပါသည်။ ဤဥပဒေကြမ်းကို အတည်ပြုရန် ကျွန်ုပ်တို့ တောင်းဆိုပြီး အကောင်အထည်ဖော်ရာတွင် အတူတကွ လုပ်ဆောင်ရန် မျှော်လင့်ပါသည်။ တရားမျှတမှု၊ တာဝန်ခံမှုနှင့် အလုပ်သမားအခွင့်အရေးများကိုထိန်းသိမ်းရန် အိမ်နီးချင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ကျွန်ုပ်တို့ အသင့်ရှိနေပါသည်။ ဤခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန်နှင့် အလုပ်သမားအားလုံး၏ ဂုဏ်သိက္ခာနှင့် ဘေးကင်းရေးကို ကာကွယ်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ရန် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု - MLA မှ တောင်းဆိုပါသည်။ အတူတကွဖြင့် အားလုံးအတွက် ပိုမိုဘေးကင်းပြီး ပိုမိုတရားမျှတသော အနာဂတ်ကို တည်ဆောက်နိုင်ပါသည်။

တော်လှန်ရေးသစ္စာဖြင့်
မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု - MLA
[email protected]

Myanmar  Huasheng  Golden  Fashion အလုပ်သမား ၂၀၀ နီးပါးအား အလုပ်ထုတ် နိုဝင်ဘာ ၁၅၊ ၂၀ဝ၅ Myanmar  Huasheng  Golden  Fashio...
15/11/2025

Myanmar Huasheng Golden Fashion အလုပ်သမား ၂၀၀ နီးပါးအား အလုပ်ထုတ်

နိုဝင်ဘာ ၁၅၊ ၂၀ဝ၅

Myanmar Huasheng Golden Fashion Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက အသက်မပြည့်တာ၊ မှတ်ပုံတင် အတုနဲ့ အလုပ်ဝင်တယ်ဆိုပြီး အလုပ်ခန့်ထားတဲ့ အလုပ်သမား ၂၀၀ နီးပါး အလုပ်ထုတ်တယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။

“အသက်မဘူးဆိုတဲ့ အလုပ်သမားက ၁၀၀ ကျော်၊ မှတ်ပုံတင် အတုနဲ့ အလုပ်ဝင်တယ်ဆိုပြီး အလုပ်သမား၇၀ ကျော်ကို အလုပ်ထုတ်တယ်။ အဲ့လို ပြောတော့ အလုပ်စဝင်ကတည်းက မှတ်ပုံတင် စစ်ဆေးပြီးမှ အလုပ်ခန့်ခဲ့တာ။ ပြိးတော့ အထုတ်ခံရတဲ့ အလုပ်သမားတွေက လုပ်သက် တစ်နှစ်ကျော်နေပြီ” လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်ထုပ်ခံရမည့် အလုပ်သမားအများစုက ရခိုင်နယ်ပြည်အထက်ပိုင်းကဖြစ်လို့ အလုပ်ထုတ်ခံရပါက နေရပ်ကိုပြန်ဖို့က အဆင်မပြေမှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လက်ရှိ စက်ရုံဘက်က အလုပ် မ ထုတ်ဘဲ အခု နိုဝင်ဘာလ ကုန်အထိ လုပ်ကိုင်ပြီးနောက် ဆန္ဒမအလျှောက် အလုပ်ထွက်ဖို့ ဖိအားပေးနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ ၁၀လပိုင်း လဝက်ကတည်းက အချိန်ပို အိုတီ မလုပ်ရတော့ဘဲ အော်ဒ် မရှိတော့လို့ စက်ရုံဘက် အလုပ်သမားတွေကို ဥပဒေမဲ့ အလုပ်ထုတ်တာ။ အလုပ်ဝင်ဖို့ကိုတောင် လေဘာကတ်အတွက် ၅၀၀၀ ပေးခဲ့ရတယ်။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံဘက်က ရှောင်တခင်ခွင့်င်း၊ ဆေးခွင့် တွေနဲ့ ခွင့်ရက်ခံစားခွင့်တွေ မပေးဘဲ ရက်ပျက်ပါ ကျပ် ၃၀၀၀၀ ကျော် အဖြက်ခံတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
Myanmar Huasheng Golden Fashion Co.,Ltd စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်မှာရှိပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။

Myanmar Labour News ရဲ့ အလုပ်သမားရေးရာ ၊ ရွှေ့ပြောင်းအလုပ်သမားအရေး သတင်း၊ ဒေသတွင်း သတင်း နဲ့ သတင်းဆောင်းပါး တွေကို

https://bit.ly/3oNDLga

https://www.myanmarlabournews.com

https://t.me/myanmarlabournews

https://www.tiktok.com/

https://www.instagram.com/myanmarlabournews/

https://www.youtube.com/

တွေမှာလည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

Lita Myanmar  အထည်ချုပ် စနေနေ့အတွက်ဆိုပြီး အချိန်ပိုနာရီမှ ဖြတ်ယူ နိုဝင်ဘာ ၁၄၊ ၂၀၂၅   Lita Myanmar  Co.,Ltd ပိုင် အထည်ချ...
14/11/2025

Lita Myanmar အထည်ချုပ် စနေနေ့အတွက်ဆိုပြီး အချိန်ပိုနာရီမှ ဖြတ်ယူ

နိုဝင်ဘာ ၁၄၊ ၂၀၂၅

Lita Myanmar Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက စနေနေ့ ပိတ်ရက်အတွက်ဆိုပြီး အချိန်ပိုလုပ်ကိုင်ထားတဲ့ အလုပ်ချိန်တွေကို ဖြတ်ယူနေတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်၊

“စနေနေ့တွေ အလုပ်ပိတ်ပေးတယ်ဆိုပြီး ဒေးကြေး မပေးပါဘူး ၊ စနေနေ့ ပိတ်ပေးတဲ့ အစားကို အချိန်ပို အိုတီ ဆင်းထားတဲ့ နာရီတွေထဲက ပြန်နုတ်ပါတယ်” လို့ အမျိုးသမီး အထည်ချုပ် အလုပ်သမားတဦးက ပြောပါတယ်။

သီတင်းကျွတ်ပိတ်ရက်၊ တန်ဆောင်တိုင်ပိတ်ရက်တွေမှာလည်း အချိန်ပို လုပ်ကိုင်ပေးရတယ်လို့ လည်း အလုပ်သမားတွေပါတယ်။ ဝန်ကြီးဌာနက တိုးမြှင့်ပေးဖို့ ညွှန်ကြားထားတဲ့ ကျပ်သုံးသောင်းကို အလုပ်သမားတွေ ခံစားခွင့်မရဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။

“နောက်ဆုံးတိုးပေးတဲ့ သုံးသောင်းတိုးပေးဖို့ ပြောတော့၊ “၇၈၀၀ကျပ် ထက်ပိုပေး ထားတာမို့၊ အရင်ပေးထားတဲ့ ၉၂၀၀ကျပ်ထဲက တိုင်တစ်တိုင် နောက်ဆုတ်လိုက်ရင် ပေးထားသလို့ ဆိုပြီး အလုပ်ရှင်ဘက်က အကြောင်းပြချက်ပေးပါတယ်၊ “ လို့ ပြောပါတယ်။

လက်ရှိ တစ်လလုံး အလုပ်တစ်ရက်မှမပျက်ဘဲ အလုပ်ဆင်းခဲ့ပေမဲ့ ကျပ် ၅သိန်း အပြည့်မရလို့ အလုပ်သမား တွေ အဆင်မပြေဖြစ်နေတယ်လို့လည်း အလုပ်သမားတွေကြပြောပါတယ်။ ခွင့်တိုင်ပေမဲ့ ခွင့်မပေးဘဲ အလုပ်ပျက်လို့ဆိုပြီး မီးပူဌာနက ကြီးကြပ်ရေးမှူးကို အလုပ်က ထုတ်ပယ်ခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

“ဥပဒေမဲ့ အလုပ်က ထုတ်တယ်။ အဲ့တယောက်က လုပ်သက်ဆို၁၀နှစ် ကျော်ရှိတာ နစ်နာကြေးလည်းမပေးဘဲ ထုတ်တယ်။ ခွင့်တိုင်တာကိုလဲ ခွင့်မပေးဘူး။ အခုဆို အချိန်ပိုအဆင်းခင် မုန့်ထွက်စားလို့ရတယ်၊ အခုတော့ အဲလို စားမရတော့ဘူး။ အလုပ်သမားတွေ ဗိုက်အောင့်ဘာအောင့်ဖြစ်ကြတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။

အလုပ်တစ်ရက်ပျက်လို့ ရက်မှန်ကြေး၂၀၀၀၀ကျပ်၊ ဒေးကြေး ၉၂၀၀ ၊ နှစ်ရက်ပျက်ပါက ရက်မှန်ကြေး ၄၀၀၀၀ နဲ့ ဒေးကြေး အဖြတ်ခံရတဲ့ အပြင် အလုပ်နောက်တာ၊ ဂိတ်ပါတ်စ် ယူတာတွေကို ရက်မှန်ကြေး ကျပ် ၁၀၀၀၀ အထိ ဖြတ်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံပိုင်ရှင် အမျိုးသမီး လုပ်ငန်းခွင်အတွင်း ရှိနေပါက အလုပ်သမားတွေ ရေသောက်မရ၊ အပေါ့အပါး သွားမရဘူးဆိုပြီး ကန့်သတ်တဲ့ ထားတယ်လို့ သိရပါတယ်။

“တစ်နေကုန် မတ်တပ်ရပ်ပြီး စက်ရုံကို လိုက်ကြည့်တယ်။ အလုပ်သမားတွေ ဘာမှ ထပြီးလုပ်မရတော့ဘူး။ ကားပြောတာတွေ့ရင် စူပါအောစူပါတွေကို ခေါ်ပြီး ဆူခိုင်းပါတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံ လုံခြုံရေးဝန်ထမ်းတွေက လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ပြုလုပ်တဲ့အပြင် အလုပ်သမားတွေကို မှတ်တမ်းဓါတ်ပုံ ရိုက်ကူးတာတွေပါ ပြုလုပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ လုံခြုံရေးတွေက အလုပ်ထဲဝင်တာနဲ့ ထမင်းချိုင့်၊ အိတ်တွေ စစ်တယ်၊ ချိုင့်ထဲကိုပါ ဖွင့်ပြီး စစ်တယ်။ ခန္ဓာကို တစ်ကိုယ် လုံး ကိုင်ပြီးတော့ နေရာအနှံ လိုက် စစ်ဆေးတယ်။ အလုပ်စကတည်းက ထမင်းစားနားချိန်ရော ညနေနားတဲ့အချိန်ထိပါ အလုပ် သမားတွေကို ဓာတ်ပုံရိုက်တာက အိမ်သာတွေအထိ လိုက်ရိုက်နေတာ” လို့ အလုပ်သမားတဦးးက ပြောပါတယ်။

Lita Myanmar Co.,Ltd အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှူဇုန်(၄)၊ စက်ဆရာဦးထွန်းလမ်းမှာ ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံမှာ အလုပ်သမား ၈၀၀ကျော် လုပ်ကိုင်နေပြီး Mandai, Tsdesign, Classico, Servo တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Myanmar Labour News ရဲ့ အလုပ်သမားရေးရာ ၊ ရွှေ့ပြောင်းအလုပ်သမားအရေး သတင်း၊ ဒေသတွင်း သတင်း နဲ့ သတင်းဆောင်းပါး တွေကို

https://bit.ly/3oNDLga

https://www.myanmarlabournews.com

https://t.me/myanmarlabournews

https://www.tiktok.com/

https://www.instagram.com/myanmarlabournews/

https://www.youtube.com/

တွေမှာလည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

Shuangxi Myanmar Garment စက်ရုံ အလုပ်သမားတဦး နှစ်ပွိုင့် ချုပ်ခိုင်းပြီး စံချိန်တောင်း နိုဝင်ဘာ ၁၃၊ ၂၀၂၅Shuangxi Myanmar...
13/11/2025

Shuangxi Myanmar Garment စက်ရုံ အလုပ်သမားတဦး နှစ်ပွိုင့် ချုပ်ခိုင်းပြီး စံချိန်တောင်း

နိုဝင်ဘာ ၁၃၊ ၂၀၂၅

Shuangxi Myanmar Garment Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက အလုပ်သမားများမချုပ် လုပ်နိုင်တဲ့ အထည်စံချိန် ကို ဖိအားပေးတောင်းခံနေတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ်(IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။

“အလုပ်သမား (၂၀) ရှိတဲ့ စက်လိုင်းကို တနာရီကို ၂၅ ထည် လိုင်းပေါက် ချုပ်ခိုင်းတယ်။ အဲ့ဒါကို အလုပ်သမားတစ်ယောက် နှစ်ပွိုင့် ချုပ် ခိုင်းတယ်။ ဒါကိုပဲ စံချိန်မပြည့်လို့ဆိုပြီး အပြစ်မရှိ အပြစ်ရှာ နေရာပြောင်း လုပ်ခိုင်းတယ်။ အထည်စံချိန်ကို မပေးနိုင်ရင်လည်း စူပါ၊စူပါများက အော်ဟစ်ဆဲတော့တာ။” လို့ အလုပ်သမားတွေပြောပါတယ်။

စံချိန်ပြည့်ဖို့ ဖိအားတွေနဲ့ ချုပ်နေရပြီး ပဲအထည်ကျပါလည်း အလုပ်သမားရဲ့ လည်ဆွဲကတ်ကို ရုံးခန်းမှာ သိမ်းဆည်းတဲ့ အပြင် ပယ်ထည်ကျပါက လစာ ဖြတ်မယ်ဆိုပြီး စက်ရုံတာဝန်ရှိသူတွေက ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

လုပ်ငန်းခွင်အတွင်း က အလုပ်သမားတွေကိုလည်း လူမှုဖူလုံရေး ဆေးခွင့်၊ ရှောင်တခင်ခွင့် စတဲ့ ခွင့်ရက်နဲ့ ခွင့်ခံစားတွေမပေးဘဲ လစာဖြတ်မယ်ဆိုပြီး အလုပ်ရှင်ဘက်က ပြောဆိုထားတယ်လို့ သိရပါတယ်။

“ပိုက်ဆံဖြတ်တော့ တစ်ရက်ကို ၃၀၀၀၀ ကျော် အဖြတ်ခံတယ်။” လို့ ပြောပါတယ်။

ဖိအားပေး ခြိမ်းခြောက်ခိုင်းစေမှုတွေများပြားလို့ စက်ရုံအလုပ်သမားတွေ ဆန္ဒဖော်ထုတ်ကြိုးစားပေမဲ့ စစ်ကောင်စီကို တိုင်ကြားမယ်ဆိုပြီး စက်ရုံဘက်က ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ အလုပ်သမားတွေကို ဆန္ဒပြခွင့်မရှိဘူးပြောတယ်။စက်ရုံ WCCနဲ့ စာချုပ်ချုပ် ထားတာ တနှစ်မပြည့်လို့ ဆန္ဒပြလိုမရဘူး ပြောတယ်။ ဒါဆို ညီမတို့က တနှစ်ပြည့်အောင် ဖိနှိပ်ခံရမှ, လား။ ဆန္ဒပြရင် စကစကိုတိုင်ပြီး ဆန္ဒပြတဲ့အလုပ်သမားကို တရားစွဲမယ်လို့လည်း အလုပ်ရှင်က ခြိမ်းခြောက်တယ်” လို့ ပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အသက် ၁၄/ ၁၅,အရွယ်သာ ရှိတဲ့ အလုပ်သမား ၄၀ကျော် ကို ကျန်းမာရေးအထောက်အထားမပါဘဲ စက်ရုံဘက်က ခိုင်းစေထားတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

ဒါ့အပြင် အလုပ်ပြန်ချိန်မှာ ထွက်ပေါက် အနည်းငယ်ပဲ ဖွင့်ထားပေးလို့ အလုပ်သမားတချို့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ အလုပ်ပြန်ချိန်ဆိုလဲ လူထွက်ပေါက်က တစ်ယောက်စာ ထွက်ပေါက် နှစ်ပေါက်ထဲဖွင့်ထားပေးတယ်။ ထွက်ဖို့ခက်တာပေါ့၊ အချိန်လည်းကြာတယ်၊ ကိုယ်ဝန်ဆောင်တွေအတွက် ပိုပြီး အဆင်မပြေ ဖြစ်နေရတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။

Shuangxi Myanmar Garment Co.,Ltd စက်ရုံမှာ အလုပ်သမား ၆၀၀ ကျော် လုပ်ကိုင်နေပြီး ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန်၊ မက္ခရာမင်းသားကြီးမောင်ပျိုလမ်းမှာ ရှိပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး Splendid တံဆိပ်အထည်တွေ ချုပ်နေတယ်လို့ သိထားပါတယ်။

Address

No . 635. Tak Thailand
Yangon
6110

Website

Alerts

Be the first to know and let us send you an email when Labour New media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share