Whale Creation

Whale Creation Contact us - 09770928370

08/08/2026

မိတ်ဆွေရဲ့ Online စီးပွားရေးက ထင်သလောက်အလုပ်မဖြစ်နေဘူးလား?

အိမ်မှာနေရင်း ငွေရှာမယ်ဆိုတဲ့စိတ်နဲ့ onlineစီးပွားရေးတွေလုပ်နေပေမယ့် အလုပ်မဖြစ်လို့ စိတ်ဓာတ်ကျတာကလွဲရင် အဖတ်မတင်တဲ့သူတွေအတွက် Whale Creation ကဒီလိုစီစဉ်ထားပါတယ်။

ဘယ်လိုလူမျိုးအတွက်မဆိုအဆင်ပြေစေမယ့်
" အလင်းရောင် ပါဆယ်ထုပ်သုံးထုပ် " နဲ့မိတ်‌ဆက်ပေးချင်ပါတယ်။📦✨

📦ဒီပါဆယ်ထုပ်package‌တွေက မိတ်ဆွေရဲ့ စီးပွားရေးကိုဘာ‌တွေကူညီပေးမှာလဲ?

နံပါတ်(၁) Pageအတွက် Social Media Content ကောင်းတွေနဲ့ Brand story ကောင်းကောင်းလိုချင်သူ‌ တွေအတွက်ရည်ရွယ်ပါတယ်။

မိတ်ဆွေBrandရဲ့ Story ကိုမြှင့်တင်ပေးမယ့် Professional Post တွေနဲ့ Video တွေကို တစ်နေရာတည်းမှာ အပြီးလုပ်ပေးမှာပါ။

နံပါတ်(၂)
✅ လူတွေစိတ်၀င်စားမယ့် Quality Contentတွေဖန်တီးပေးမယ်။
✅ Page ပေါ်မှာတစ်လစာContentတွေ စနစ်တကျရှိနေမယ်။
✅ Content Writingရော၊ Graphic design ရော၊ videoပါ Professional ဆန်ဆန် ဖြစ်သွားမယ်။
✅ PageကQuality Content တွေနဲ့visual ဖြစ်လာမယ်။
✅ Platform တိုင်းကိုချဲ့တွင်ပြီး‌လုပ်ကိုင်လာနိုင်မယ်။

📦 Package ကသုံးမျိုးသုံးစားရှိပါတယ်✨

Package တစ်ခုချင်းစီတိုင်းမှာ Content Writing, Graphic design, Video တွေအစုံလိုက်ပါ၀င်သွားမှာဖြစ်ပြီး...။

နှစ်သိန်းမပြည့်တဲ့ ငွေပမာဏကနေစရမှာဖြစ်
ပါတယ်။✨

✅Package မှာပါ၀င်မယ့် creative Content တွေကို‌တော့ Experience (၂)နှစ်လောက်ရှိတဲ့ Content Creatorတွေက ဖန်တီးပေးသွားမှာဖြစ်ပါတယ်။✨

ဘယ်လိုလူမျိုးမဆို ၀ယ်ယူနိုင်တဲ့ ဈေးနှုန်းနဲ့ package လေးတစ်ခုအဖြစ် စီစဉ်ပေးထားပါတယ်။📦

ဒါ့အပြင်ကိုမှ package ကိုပထမဆုံး၀ယ်ယူမယ့် သူ(၅)ဦးအတွက် အထူးလျော့ဈေး အစီအစဥ်‌ လေးလည်းရှိဦးမှာဖြစ်ပါတယ်။🥳🎉

မိတ်ဆွေရဲ့လုပ်ငန်းတိုးတက်ဖို့အတွက်နဲ့ ပထမဆုံး(၅)ယောက်မှာပါ၀င်နိုင်ဖို့ အခုပဲ page massagerကိုလာလိုက်တော့!✨🤩

၀ယ်သူတစ်ယောက်မှမရှိပေမယ့် ဆိုင်တွေကဖွင့်ထားတုန်းပဲ။အသစ်စက်စက်ဖွင့်ထားတဲ့ ဂမုန်းပွင့်တစ်ခုကိုသွားခဲ့တယ်။ ဆိုင်တွေအားလုံးက...
29/07/2026

၀ယ်သူတစ်ယောက်မှမရှိပေမယ့် ဆိုင်တွေကဖွင့်ထားတုန်းပဲ။

အသစ်စက်စက်ဖွင့်ထားတဲ့ ဂမုန်းပွင့်တစ်ခုကိုသွားခဲ့တယ်။

ဆိုင်တွေအားလုံးက အမိုက်စားပြန်လန်နေအောင်ဖွင့်ထားပေမယ့် ကျွန်မ၀ယ်သူတစ်ယောက်မှကိုမတွေ့ခဲ့ဘူး။

ဒါဆို ဒီဆိုင်တွေဘယ်လိုရပ်တည်နေတာလဲ?

အဖြေကတော့ Digital Marketing ပဲဖြစ်ပါတယ်။

၀ယ်သူတွေမတွေ့ခဲ့ပေမယ့် shooting တွေကိုတော့ တွေ့ခဲ့ပါတယ်။

Video ရိုက်နေတယ်။ Liveလွှင့်နေတယ်။ social media အတွက်ပုံတွေရိုက်နေတယ်။ ကြော်ညာနေကြတယ်။

ဒါကပဲ ဒီဆိုင်တွေကို ရပ်တည်နိုင်အောင်ကူညီပေးနေတာဖြစ်ပါတယ်။

Content Marketing နဲ့ပတ်သက်ရင် Whale Creation မှာ promotion packageတွေရှိသလို၊ တစ်ပုဒ်၊ တစ်ပုံ စသဖြင့်အပ်နှံနိုင်ပါပြီ။

Experience ရှိပြီး လက်ယာကောင်းမွန်သေသပ်တဲ့ creators တွေနဲ့ဆောင်ရွက်ပေးနေတာဖြစ်လို့ စိတ်ချယုံကြည်စွာနဲ့ အပ်နှံနိုင်ပါပြီ💖🫍

🌊🫍

27/07/2026
27/07/2026

Branding နဲ့ Marketing မတူတဲ့အချက်
(တစ်မိနစ်ထဲနဲ့ပြောပြမယ်)

Marketing က "ကျွန်တော့်ဆီက ဝယ်ပါ" လို့ ပြောတာဖြစ်ပြီး၊ Branding ကတော့ "ဘာလို့ ကျွန်တော့်ဆီက ဝယ်သင့်တာလဲ" ဆိုတဲ့ ခိုင်လုံတဲ့အကြောင်းပြချက်ကို ပေးတာပါ။

ဒီအချက်တစ်ချက်ကို ထိထိမိမိ နားလည်သွားဖို့ ရိုးရှင်းတဲ့ ဥပမာလေးတစ်ခုနဲ့ ကြည့်ရအောင် -

Marketing: မိတ်ဆွေက ကောင်မလေးတစ်ယောက်ကို သဘောကျလို့ "ကျွန်တော်က လူကောင်းတစ်ယောက်ပါ၊ ကျွန်တော်နဲ့ တွဲရအောင်" လို့ သွားပြောတာနဲ့ တူပါတယ်။ ဒါဟာ ကိုယ့်ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုကို လူတွေသိအောင် တိုက်ရိုက် ကြေညာခြင်း (Promotion) ဖြစ်ပါတယ်။

Branding: မိတ်‌ဆွေဘာမှ သွားပြောစရာမလိုဘဲ မိတ်ဆွေရဲ့ နေထိုင်ပုံ၊ အပြောအဆို၊စိတ်နေသဘောထားတွေကြောင့် အဲဒီကောင်မလေးက မိတ်ဆွေကို "သူက တကယ့်လူကောင်းပဲ" လို့ သူ့ဘာသာ ယုံကြည်လက်ခံသွားတာမျိုးပါ။ ဒါဟာ သုံးစွဲသူတွေရဲ့ ရင်ထဲမှာ အလိုလိုဖြစ်တည်လာတဲ့ ယုံကြည်မှုနဲ့ ခံစားချက် (Identity & Trust) ဖြစ်ပါတယ်။

အနှစ်ချုပ်ရရင်...

Marketing ကAction (အရောင်း) ကိုချက်ချင်းဖြစ်စေပါတယ်။ ဒါပေမဲ့ Branding ကတော့ Loyalty (ရေရှည်သစ္စာရှိမှု) ကိုတည်ဆောက်ပေးပါတယ်။ အုတ်မြစ်ဖြစ်တဲ့ Brand Image ခိုင်မာမှသာ Campaign တွေဖန်တီးပြီး Marketing လုပ်တဲ့အခါ ပိုပြီး ခရီးရောက်မှာ ဖြစ်ပါတယ်။

မိတ်ဆွေတို့ရဲ့ လုပ်ငန်းမှာရော လက်ရှိ Marketing ကို ပိုအားစိုက်ဖြစ်နေလား?
Branding ကို ပိုတည်ဆောက်ဖြစ်နေလား?

Whale Creation မှာ content Marketingအတွက် service အပ်လို့ရနေပါပြီ။🥰


Client တစ်ယောက်လာရင် အရင်ဆုံးဘာလုပ်မလဲ?အများစုရဲ့အဖြေက ချိုသာစွာနဲ့ဆက်ဆံတဲ့ customer service ပဲဖြစ်ပါလိမ့်မယ်။ဒါပေမယ့် W...
27/07/2026

Client တစ်ယောက်လာရင် အရင်ဆုံးဘာလုပ်မလဲ?

အများစုရဲ့အဖြေက ချိုသာစွာနဲ့ဆက်ဆံတဲ့ customer service ပဲဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် Whale Creation ကိုလာရင်တော့ အဲ့လိုလုံး၀မဆက်ဆံပါဘူး!

ဘာလို့လဲ?

whale Creation ကclientကိုကြည့်လို့ပါ။
- Clientကဘာလိုချင်လဲ?
- client ရဲ့ပြဿနာကဘာလဲ?
- Whale Creation ကရော ဘာ‌တွေဖြေရှင်းပေးနိုင်မလဲ?

ဒါကိုပဲအဓိကထားပြီး လုပ်ပေးမှာပါ။

ပိုက်ဆံဆိုတာလူတိုင်းမက်ကြတာပဲ။ project လိုက်အပ်မယ့်သူ၊ package လိုက်ယူမယ့်သူကိုပဲမျှော်ကြတာပဲ။

ဒါဆို၊ တစ်ပုဒ်၊ နှစ်ပုဒ်လာအပ်တဲ့သူကို မကြည့်ဝောာ့ဘူးလား မေးရင်တော့ ခေါင်းခါရပါလိမ့်မယ်။

Whale Creation ရဲ့ရည်ရွယ်ချက်က ရေရှည်ရပ်တည်ဖို့ဖြစ်ပြီး business owners တွေကို social media platforms တွေပေါ်မှာ Content marketing နဲ့အောင်မြင်စေချင်တာပဲ ဖြစ်ပါတယ်။💖

ကျေးဇူးတင်ပါတယ်။🌊🫍

Content တင်နေပေမယ့် Customer မဝင်တာ ဘာကြောင့်လဲ? 🤔"နေ့တိုင်း Content တင်နေတာပဲ… ဒါပေမယ့် Customer ကတော့မလာဘူး။"ဒီလိုခံစာ...
24/07/2026

Content တင်နေပေမယ့် Customer မဝင်တာ ဘာကြောင့်လဲ? 🤔

"နေ့တိုင်း Content တင်နေတာပဲ… ဒါပေမယ့် Customer ကတော့မလာဘူး။"

ဒီလိုခံစားဖူးရင် မိတ်ဆွေတစ်ယောက်တည်း မဟုတ်ပါဘူးလို့ပြောချင်ပါတယ်။

အများစုက Content မတင်လို့ Customer မရတာ မဟုတ်ဘဲ တင်တဲ့ Contentပုံစံ မှားနေလို့ Customer မရတာဖြစ်ပါတယ်။

1️⃣ Customer အတွက် မဟုတ်ဘဲကိုယ့်အတွက်ပဲ ရေးနေတယ်။

"ကျွန်တော်တို့က အကောင်းဆုံးပါ။"

"ဝန်ဆောင်မှုက အရမ်းကောင်းပါတယ်။"

ဒီလိုပြောတာထက်...

Customerက
- ဘာအခက်အခဲရှိလဲ?
- ဘာလိုချင်လဲ?
- ဘာဖြေရှင်းပေးနိုင်လဲ?

ဆိုတာကို ပြောပေးတဲ့ Content ကပိုအလုပ်လုပ်ပါတယ်။

---

2️⃣ Value မပေးဘဲရောင်းချင်နေတာမျိုး။

Page ကိုဝင်ကြည့်တိုင်း

"ဝယ်ပါ"

"အပ်လိုက်ပါ"

"Promotion"

ပဲတွေ့နေရင် လူတွေက စိတ်ဝင်စားမှာ မဟုတ်ပါဘူး။

အရင်ဆုံး Knowledge Sharing, Tips, Useful Information တွေကိုပေးပါ။

ယုံကြည်မှုရလာတဲ့အချိန်မှာ Customerက ကိုယ်တိုင်လာဝယ်ပါလိမ့်မယ်။

---

3️⃣ Customer ကိုAction မခေါ်တာမျိုး။

Content ကောင်းပေမယ့်

"ဘာလုပ်ရမလဲ?"

ဆိုတာ မပြောထားရင် လူတွေက ဆက်မလုပ်တော့ပါဘူး။

ဥပမာ...

✔️ Comment ရေးခိုင်းပါ။

✔️ Message ပို့ခိုင်းပါ။

✔️ Follow လုပ်ခိုင်းပါ။

Customer ကို နောက်တစ်ဆင့် ဘာလုပ်ရမလဲဆိုတာ အမြဲပြောပေးပါ။

Content Marketing ဆိုတာ Contentများများတင်တာ မဟုတ်ပါဘူး။

မှန်တဲ့လူကို၊ မှန်တဲ့အကြောင်းအရာနဲ့၊ မှန်တဲ့နည်းလမ်းနဲ့ ပြောနိုင်တာ ကအရေးကြီးဆုံးပါ။

အဲဒီအချိန်မှာပဲ Content ကLike တင်မဟုတ်ဘဲ Customer ကိုပါခေါ်လာနိုင်ပါတယ်။ 🚀

🫍Content Marketing, Copywriting, AI Tools, Marketing Tips နဲ့ Customer ရစေမယ့် အသုံးဝင်တဲ့ Knowledge Sharing တွေကို အမြဲဖတ်ချင်ရင် Whale Creation Page ကို Follow လုပ်ထားပေးပါနော်။ 🤗✨

🌊🫍

YouTube မှာ Gemini  AIကိုတွဲသုံးလို့ရနေပါပြီနော်🔥သုံးစမ်းကြည့်ကြပါ။
17/07/2026

YouTube မှာ Gemini AIကိုတွဲသုံးလို့ရနေပါပြီနော်🔥

သုံးစမ်းကြည့်ကြပါ။

AI သုံးတာမှန်ပေမယ့် Result မထွက်တာဘာကြောင့်လဲ?အခုခေတ်မှာ AI ကိုသုံးပြီး Content ရေးတဲ့သူတွေ၊ Design လုပ်တဲ့သူတွေ၊ Market...
17/07/2026

AI သုံးတာမှန်ပေမယ့် Result မထွက်တာဘာကြောင့်လဲ?

အခုခေတ်မှာ AI ကိုသုံးပြီး Content ရေးတဲ့သူတွေ၊ Design လုပ်တဲ့သူတွေ၊ Marketing လုပ်တဲ့သူတွေ အများကြီးရှိလာပါတယ်။

ဒါပေမယ့် AI သုံးနေတယ်ဆိုပြီး Result က အလိုအလျောက်ထွက်လာတာတော့ မဟုတ်ပါဘူး။
တကယ်တမ်း Result မထွက်ရတဲ့အကြောင်းရင်း ၃ ချက်ရှိပါတယ်။

1. AI ကို “Tool” မဟုတ်ဘဲ “Answer” လို့ထင်နေတာ။

AI ကအကြံပေးနိုင်တယ်။ စာရေးပေးနိုင်တယ်။ Idea ထုတ်ပေးနိုင်တယ်။

ဒါပေမယ့် ဘယ်သူ့အတွက်ရေးမလဲ၊ ဘာရည်ရွယ်ချက်နဲ့ရေးမလဲ ဆိုတာကိုတော့ ကိုယ်တိုင်ဆုံးဖြတ်ရပါလိမ့်မယ်။
ဥပမာ - “Content တစ်ပုဒ်ရေးပေး” လို့ပဲပြောလိုက်ရင် AI ကစာတစ်ပုဒ်ပေးမှာပါ။

ဒါပေမယ့် “SME owner တွေကို Content Calendar ရဲ့အကျိုးကျေးဇူးကို နားလည်အောင် Human Tone နဲ့ရေးပေး” လို့ပြောရင်တော့ မတူညီတဲ့resultထွက်မှာပါ။

2. Audience ကိုမသိဘဲAI ကိုပဲ အားကိုးနေတာ။

AI ကစာရေးပေးနိုင်ပေမယ့် မိတ်ဆွေတို့ရဲ့ Audience ဘယ်လိုခံစားနေရလဲ ဆိုတာမသိပါဘူး။

-သူတို့ဘာပြဿနာရှိလဲ?
-ဘာကိုကြောက်နေလဲ?
-ဘာလိုချင်နေလဲ?
-ဘယ်လိုစကားလုံးတွေသုံးရင် နားထောင်မလဲ?
ဒီအချက်တွေကို သိထားတဲ့သူက AI ကိုသုံးရင် Result ပိုမြန်ပါတယ်။

3. Consistency မရှိတာ။

တစ်နေ့တင်၊ သုံးရက်နား၊ နောက်တစ်ပတ်မှပြန်တင်…
ဒီလိုလုပ်ရင် AI ကောင်းကောင်းသုံးထားရင်တောင် Result ထွက်ဖို့ခက်ပါတယ်။

✅Marketing မှာအရေးကြီးတာက
Consistency + Strategy + Right Messageပဲဖြစ်တယ်။

AI ကအဲ့ဒီ Process ကို မြန်အောင်ကူညီတာပဲဖြစ်ပါတယ်။

အတိုချုံးပြောရရင်...AI မသုံးတဲ့ Creatorကသိပ်အလုပ်မဖြစ်‌‌တော့ဘူး။
AI သုံးပြီးBrain မသုံးတဲ့Creatorကစာတွေအများကြီးထွက်ပေမယ့် Impact မရှိဘူး။
AI ကိုToolအဖြစ်အသုံးချတဲ့ Creatorက Audience ကိုနားလည်ပြီး Strategy နဲ့သုံးတယ် ဆိုတော့... Resultထွက်တယ်။

ဒါ့ကြောင့် Toolsအနေနဲ့ Assistants အဖြစ်ခန့်အပ်ပြီး ကိုယ့်ရဲ့အလုပ်တွေကို စနစ်တကျလုပ်ခိုင်းပါ။✨

Whale Creation ရဲ့ All in One Package🔥

✅ Content Writing
✅ Graphic design
✅ Video Editing

စတာတွေကို Package အလိုက်ဈေးနှုန်းချိုသာစွာနဲ့ လုပ်ပေးနေပါတယ်။ ကျွမ်းကျင် creator Team နဲ့အတူလုပ်ဆောင်ပေးသွားမှာဖြစ်လို့ Results ကိုလုံး၀အာမခံချက်အပြည့်နဲ့လုပ်ပေးနေပါတယ်။

Content Marketing ကိုသူများထက်နောက်မကျစတန်းလုပ်ဖို့ အခုပဲ package ကိုလာယူလိုက်‌တော့🤩

လာတဲ့ client တိုင်းကို Consultation and meeting လုပ်ပြီး ဆွေးနွေးပေးနေပါတယ်နော်🥰✨

Address

Mingalar Taung Nyunt
Yangon

Alerts

Be the first to know and let us send you an email when Whale Creation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share