Tial Hram Ling

Tial Hram Ling A Revolutionist.

ကံကောင်းလို့ ချန်ပီယံဖြစ်ခဲ့တာမဟုတ်ဘူးဆိုတာသက်သေပြနိုင်ခဲ့တယ်။ ဘယ်သူက ချန်ပီယံအစစ်လဲဆိုတာအမှန်တကယ်မြင်ရတာပေါ့။ Congrats ...
10/05/2026

ကံကောင်းလို့ ချန်ပီယံဖြစ်ခဲ့တာမဟုတ်ဘူးဆိုတာသက်သေပြနိုင်ခဲ့တယ်။ ဘယ်သူက ချန်ပီယံအစစ်လဲဆိုတာအမှန်တကယ်မြင်ရတာပေါ့။

Congrats Joshua Van!

ဘာလိုလဲဘာရှာလဲအသက်တွေလား/ဘဝတွေလား လာကြည့်လိုက်လေကြိုက်ကြိုက်မကြိုက်ကြိုက်ကျုပ်တို့လူငယ်တွေက ဈေးပေါတယ်ဒီနိုင်ငံမှာ အပေါဆု...
15/04/2026

ဘာလိုလဲဘာရှာလဲ
အသက်တွေလား/ဘဝတွေလား
လာကြည့်လိုက်လေ
ကြိုက်ကြိုက်မကြိုက်ကြိုက်
ကျုပ်တို့လူငယ်တွေက ဈေးပေါတယ်

ဒီနိုင်ငံမှာ အပေါဆုံးထုတ်ကုန်ဟာ အသက်ဖြစ်၍
အရှားပါးဆုံးဟာ ကိုယ်ချင်းစာတရားဖြစ်သည်
လာပါ လာကြည့်ပါ ဘာလိုချင်လဲ

ဇာတ်ပွဲလား နတ်ပွဲလား

ကျုပ်တို့ဟာ အဖိနှိပ်ခံ ဘဝဆိုတာမေ့၍
ပျော်‌ရွှင်မှုအတုအယောင်ဘဝမှာ ပျော်ချင်ပါ၏

ကိုယ့်မထိသ၍ ကျုပ်တို့ဟာ လက်သီးဆုပ်၍
ကျစ်ကျစ် အသည်းနစ်အောင်နာတတ်ကြ၏

လာပါ တူတူသွားစို့
ဘယ်ခရီးလဲ တူတူလျှောက်မယ်
အော်/မေ့လို့ ခရီးကရှည်တယ်
ငါ့မှာမိသားစုရှိတယ်
ငါ့မှာ အနာဂါတ်ရှိတယ်
ငါ့မှာ အချစ်ရှိတယ်
ငါနေခဲ့ပါရစေ

ဘဝကို အချစ်နဲ့ညီမျှခြင်းချကြည့်တော့
နိုင်ငံကအရေးပါပါတယ်ဆိုတဲ့ လူငယ်တွေ

မိသားစုကို စစ်နဲ့အချိုးချကြည့်တော့
စစ်ဟာ အရေးပါတဲ့ လူငယ်တွေ

ဘာလိုလဲဘာရှာလဲ
ဇာတ်ပွဲလားနတ်ပွဲလား
သက်ြန်ပွဲလား

ရဲဘော်ထူးထူး
13/4/2026

၅ နှစ်မြောက် — ထန်တလန်မြို့နယ်ကောင်စီနှင့် CDF-Thantlang တည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့သည်။ လွန်ခဲ့သ...
08/04/2026

၅ နှစ်မြောက် — ထန်တလန်မြို့နယ်ကောင်စီနှင့် CDF-Thantlang တည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့သည်။ လွန်ခဲ့သော ၅ နှစ်တာကာလကို ပြန်လည်သုံးသပ်ခဲ့ကြသလို၊ အဖွဲ့အစည်း၏ လမ်းစဉ်အတွက်လည်း မျှော်မှန်းချက်များ ထားရှိခဲ့ကြသည်။ ကိုယ်ကျိုးစွန့် အနစ်နာခံကြသည့် ရဲဘော်များကိုလည်း ဂုဏ်ပြုခဲ့ကြသည်။ လွမ်းဆွတ်တသမှုများ ရှိသော်လည်း ခွန်အားသစ်များလည်း ပြန်လည်ရရှိခဲ့သည်။

၅ နှစ်တာကာလအတွင်း ကျွန်ုပ်တို့၏ ရဲဘော် (၆၈) ဦး အသက်ပေးလှူခဲ့ကြပြီး၊ (၂၅) ဦးထက်မနည်း ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ကြရသည်။ ထန်တလန်မြို့သည်လည်း ပျက်စီးခဲ့ရပြီ။ ပြည်သူများထဲမှလည်း အကြမ်းဖက်စစ်ကောင်စီလက်ချက်ဖြင့် (၂၀) ကျော် သေဆုံးခဲ့ရသည်။ ဤမျှလောက်သော ပေးဆပ်မှုများကို ကြည့်ခြင်းအားဖြင့် လုံးဝလက်လျှော့၍မရဟု စိတ်ဓာတ်ကို ခိုင်ခိုင်မာမာ ချမှတ်ထားသည်။

နောက်ဆုံးည စကားဝိုင်းမှာ "ထန်တလန်မြို့သစ်" အကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ထန်တလန်ကို ကျွန်ုပ်တို့ စွန့်ခွာခြင်းမပြုမီ အခြေအနေက သမိုင်းအဖြစ်သာ ကျန်ရစ်တော့မည် ဖြစ်သည်။ သို့သော်လည်း ဝေဟင်မှ သော်လည်းကောင်း၊ မြေပြင်မှသော်လည်းကောင်း၊ မည်သည့်ဘက်ကမျှ ရန်သူက နှောင့်ယှက်ဖျက်ဆီးခြင်း မပြုနိုင်တော့မည့် "ထန်တလန်မြို့သစ်" သည် မကြာမီ ရောက်ရှိလာတော့မည် ဖြစ်သည်။ ထိုမြို့သစ်ကိုမူ ကျွန်ုပ်တို့ကိုယ်တိုင် ဖန်တီးရပါမည်။ ထန်တလန်မြို့နယ်သားများ၏ စည်းလုံးမှုနှင့် ခိုင်မာမှုတို့က ထန်တလန်မြို့သစ်၏ ပုံရိပ်ကို ဖော်ဆောင်ပေးပါလိမ့်မည်။ နောက် ၃ နှစ်တွင် ထန်တလန်သို့ ပြန်လည်ဝင်ရောက်နိုင်ရန်နှင့် ၅ နှစ်အတွင်း ထန်တလန်မြို့သစ်ကို မြင်တွေ့နိုင်ရန် ပြောဖြစ်ကြသည်။

ဓာတ်ပုံ — နောက်ဆုံးပိတ် ဆုတောင်းခြင်း

အားလပ်ရက်များ။
21/03/2026

အားလပ်ရက်များ။

သွေးစွန်းနေသော ရွေးကောက်ပွဲ။
27/12/2025

သွေးစွန်းနေသော ရွေးကောက်ပွဲ။

ချယ်ရီပန်းများဖူးပွင့်နေပြီ။
24/12/2025

ချယ်ရီပန်းများဖူးပွင့်နေပြီ။

ချင်းတောင်မှာ ဒီ​ေ-နတ်နဲ့တက်လာရဲတာ ဒီခေတ်မှာငါတို့ကိုတော်တော် အထင်သေးသွားပုံပဲလို့။  #အရေးတော်ပုံ အောင်ရမည်
18/11/2025

ချင်းတောင်မှာ ဒီ​ေ-နတ်နဲ့တက်လာရဲတာ ဒီခေတ်မှာငါတို့ကိုတော်တော် အထင်သေးသွားပုံပဲလို့။

#အရေးတော်ပုံ အောင်ရမည်

လမ်းမကြီးပေါ်က ပြည်သူ့ကြွေးကြော်သံများမှ တို့ကိုမွေးဖွားလာခဲ့တယ်။ ငါတို့ဆက်ပြီးကြွေးကြော်ရမည် အရေးတော်ပုံ အောင်မှရမည်။
18/11/2025

လမ်းမကြီးပေါ်က
ပြည်သူ့ကြွေးကြော်သံများမှ
တို့ကိုမွေးဖွားလာခဲ့တယ်။

ငါတို့ဆက်ပြီးကြွေးကြော်ရမည်
အရေးတော်ပုံ အောင်မှရမည်။

ထန်တလန်ဟာ ပြာပုံထဲမှနိုးထလာလိမ့်မည်။
20/09/2025

ထန်တလန်ဟာ ပြာပုံထဲမှနိုးထလာလိမ့်မည်။

It’s more than a uniform, it’s a commitment.
01/08/2025

It’s more than a uniform, it’s a commitment.

Address

Yangon

Alerts

Be the first to know and let us send you an email when Tial Hram Ling posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tial Hram Ling:

Share