Tial Hram Ling

Tial Hram Ling A Revolutionalist.

လေ့လာသင်ယူခြင်း။
15/07/2025

လေ့လာသင်ယူခြင်း။

အလွန်ဝေးလံခေါင်သီပြီး ကုန်တင်တန်ဆာခတောင် ကြက်ဖာပုံးတစ်ပုံးမှာ သိန်းချီပေးရတဲ့နေရာမှာ "အသက် (၆၀) ကျော်များအတွက် ပဲနို့ရည်...
12/07/2025

အလွန်ဝေးလံခေါင်သီပြီး ကုန်တင်တန်ဆာခတောင် ကြက်ဖာပုံးတစ်ပုံးမှာ သိန်းချီပေးရတဲ့နေရာမှာ "အသက် (၆၀) ကျော်များအတွက် ပဲနို့ရည် free" တဲ့။ ဒါချင်းတောင်တနေရာမှာပါ။

စိတ်ဝင်စားဖွယ်ကွင်းစက်များ။
10/07/2025

စိတ်ဝင်စားဖွယ်ကွင်းစက်များ။

ထုတ်‌ပြန်ကြေငြာချက်။ ။ ၁၀၊ ဂျူလိုင်၊ ၂၀၂၅ ခုနှစ်
ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း

CDF Hakha အဖွဲ့အစည်းမှ ၂၀၂၅ခုနှစ်၊ ဂျူလိုင်လ ၈ရက်နေ့တွင် ဖမ်းဆီးခဲ့သော ကျနော်တို့ SSTF ယင်းမာပင်ခရိုင် တပ်ရင်း ၁၄ ၁၅ မှ ရဲဘော်များကို မိမိတို့မိခင်အဖွဲ့အစည်းမှ အပြည့်အ၀ တာဝန်ယူဖြေရှင်း‌ပေးသွားပါမည်။
အထက်ပါဖြစ်စဉ်အရ တပ်ရင်း ၁၅မှ ကျနော် ကိုဖိုးသောင်းလက်မှတ်ဖြင့် ရဲဘော် ၄ယောက်၊ Gun ၂လက်၊ ကား ၂စီးဖြင့် ဖောက်ခွဲရေးယမ်းများ သယ်ယူရန်အတွက် ထောက်ခံစာ‌ ပေးအပ်ခဲ့သည်မှာ မှန်ကန်ခြင်းရှိပါသည်။
သို့သော် မူးယစ်ဆေးဝါးသယ်ဆောင်ခဲ့ကြသည်မှာ ရဲဘော်များ၏ ပုဂ္ဂလိကလုပ်ရပ်သာဖြစ်ပြီး မိမိတို့အဖွဲ့အစည်းနဲ့ စိုးစဉ်းမျှပတ်သက်မှုမရှိပါ။ အထက်ပါဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်များလည်း စတင်ဆောင်ရွက်နေပါသည်။ ထွက်ပြေးလွတ်မြောက်နေသော ‌ရဲဘော် ကိုဇော်လတ် အမည်ရင်း (ဝင်းမော်)၊ကိုပုတီး အမည်ရင်း (ကျော်မင်းဇော်)တို့ကိုလည်း လိုက်လံဖမ်းဆီးကာ ထိရောက်သော ပြစ်ဒဏ်ပေးအပ်မည်ဖြစ်သည်။ MOD ဝန်ကြီးဌာန၏ စစ်ဆေးမှုများကိုလည်း ကျေနပ်စွာခံယူမည်ဖြစ်ပြီး လွတ်မြောက်နေသူ ၂ဦးကိုလည်း လိုက်လံဖမ်းဆီးကာ MODထံသို့ အပ်နှံပေးမည်ဖြစ်ပါသည်။
ယခုကဲ့သို့ အဖွဲ့အစည်းနာမည် အသုံးချကာ ကျူးလွန်သော ဒုစရိုက်မှုများကို မိခင်အဖွဲ့အစည်းအနေနဲ့ လက်မခံကြောင်းနှင့် နောက်နောင် ယခုပုံစံ ဖြစ်ရပ်များ ထပ်မံ ဖြစ်ပွားခြင်းမရှိစေရန် ကြပ်ကြပ်မတ်မတ် လုပ်ဆောင်သွားပါမည်။

သူများပြည်မှာတော့ဖြင့် စကစကျရှုံးမှူတွေ၊ ငှက်ကင်သံတွေနှင့် ဘုံရန်သူကျရှူံးမှုသတင်း​တွေ ကြားသိရသော်လည်း မိမိတို့ချင်းပြည်...
03/07/2025

သူများပြည်မှာတော့ဖြင့် စကစကျရှုံးမှူတွေ၊
ငှက်ကင်သံတွေနှင့် ဘုံရန်သူကျရှူံးမှုသတင်း​တွေ
ကြားသိရသော်လည်း မိမိတို့ချင်းပြည်မှာတော့ အချင်းချင်းကြား ပစ်ခတ်မှုတွေ၊ တင်းမာမှုတွေ၊ ညီကိုရင်းသွေးထွက်သံယိုစေမှု၊ အချင်းချင်းပုတ်ချခြင်း၊ မျိုးနွယ်စုများကြား တင်းမာမှုတွေမြင်တွေ့နေရတော့ အင်မတန်စိတ်ပျက်ဖွယ်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အချင်းချင်းကြား စာပွဲဝိုင်းပေါ်ဖြေရှင်းနိုင်ကြဖို့ မျှော်လင့်မိကြောင်းပါ။

ချင်းတို့ရဲ့နွေဦးလမ်းစပျောက်နေပြီလော။

မဏိပူရမြစ်ကူး ဗားရ်တံတား။
02/07/2025

မဏိပူရမြစ်ကူး ဗားရ်တံတား။

မိုးရာသီနဲ့တောင်ပေါ်လမ်း။
01/07/2025

မိုးရာသီနဲ့တောင်ပေါ်လမ်း။

ဂျိုရှူအာဗန်ရဲ့​နောက်ဆုံးလက်သီးတစ်ချက်လို နွေဦးတော်လှန်​ရေးရဲ့​ နောက်ဆုံးလက်သီးတစ်ချက်က မအလကိုကျဆုံးသွား​စေရပါမည်။ Round...
29/06/2025

ဂျိုရှူအာဗန်ရဲ့​နောက်ဆုံးလက်သီးတစ်ချက်လို နွေဦး
တော်လှန်​ရေးရဲ့​ နောက်ဆုံးလက်သီးတစ်ချက်က မအလကိုကျဆုံးသွား​စေရပါမည်။

Rounds တွေကိုကြည့်ရင် ပထမအချီမှာ ဂျိုရှူအာဗန်ကလက်ရည်အသာနဲ့ ထိုးသတ်နိုင်ခဲ့ပြီး ဒုတိယအချီမှာ ဘရန်ဒန်ရွိင်ဗယ် ပြန်သာခဲ့ပါတယ်။ တတိယအချီမှာ နှစ်ဦးစလုံး အပြန်အလှန်ထိုးသတ်ကြပါတယ်။ အချီပြည့်ခါနီးမှာ ဂျိုရှူအာဗန်ရဲ့ လက်သီးချက်ကြောင့် ဘရန်ဒန် ကြမ်းပြင်ပေါ်ကျသွားပြီး ဂျိုရှူအာဗန်အနိုင်ယူခဲ့ပါတယ်။

Congratulations ပါ လက်သီးပြင်းလှတဲ့ ချင်း​တောသား​လေး။

Happy Sunday- အများလို မိသားစုဝမ်းရေး၊ရှေ့​ရေးအတွက် ရေကြည်ရာမြက်နုရာ​အရပ်ကို နေချင်တာပေါ့။ ၅ နှစ်ဆိုတဲ့အချိန်ကာလတစ်ခုကို...
29/06/2025

Happy Sunday

- အများလို မိသားစုဝမ်းရေး၊ရှေ့​ရေးအတွက် ရေကြည်ရာမြက်နုရာ​အရပ်ကို နေချင်တာပေါ့။ ၅ နှစ်ဆိုတဲ့အချိန်ကာလတစ်ခုကိုလည်း​ ပေးခဲ့ရပြီကိုး။ သို့သော် မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးရှည်၊ စ​တေးခဲ့ပြီး​သော အသက်ပေါင်းများစွာကို မထားရက်ခဲ့ရတာပေါ့။ ဘာပဲဖြစ်ဖြစ် အဆုံးထိဟူသော မျှော်လင့်ခြင်းနှင့်အတူ။

အဆုံးထိ​တော်လှန် ထန်တလန် ထန်တလန်ဟာဆိုရင် နွေဦး​တော်လှန်​ရေးမှာ မေ့မရတဲ့မြို့တစ်မြို့လို့ဆိုရပါမည်။ ဒီက​နေ့အထိလည်း ချင်းပ...
26/06/2025

အဆုံးထိ​တော်လှန် ထန်တလန်

ထန်တလန်ဟာဆိုရင် နွေဦး​တော်လှန်​ရေးမှာ မေ့မရတဲ့မြို့တစ်မြို့လို့ဆိုရပါမည်။ ဒီက​နေ့အထိလည်း ချင်းပြည်နယ်ထဲမှာ လွတ်​မြောက်ဖို့ရန်ကျန်ရှိ​နေ​ သေးတဲ့ မြို့ (၃) မြို့ထဲကတစ်မြို့ပါပဲ။ ဘယ်လိုဘဲ ပေးဆပ်​နေရ၊ ဘယ်​လောက်ပဲ ပျက်စီး​နေရ၊ ထန်တလန်ဟာ အဆုံးထိတိုက်ပွဲဝင်ဖို့ သန္နိဌာန်ချထားသောမြို့တစ်မြို့ပါ။

နွေဦးအတွက် ရပ်တည်ချက်ခိုင်မာ​သော၊ အလုံးစုံ​ပေးစပ်ထား​သော၊ မြို့သိမ်းတိုက်ပွဲ အတွက်စိတ်အားထက်သန်​နေဆဲ​သော ထန်တလန်အတွက် ဇူလိုင်လ (၁၂) ရက်နေ့မှာ ဖွင့်လှစ်မည့် CDF-Thantlang ကံစမ်းမဲမှာ ပါဝင်ဖို့ဖိတ်​ခေါ်ပါတယ်။

ကံစမ်းမဲမှာ Iphone 16 promax ပါဝင်ပါမည်။ ကံစမ်း​မဲကို ကျွန်ပ်ဆီက​နေလည်းတိုက်ရိုက်အား​ပေးနိုင်သလို၊ CDF-Thantlang Official page က​နေလည်း တိုက်ရိုက်အား​ပေးနိုင်ပါတယ်ခင်ဗျာ။

More info:

10,000 MMK/ 1 ticket
250 INR/ 1 ticket
$5/ 1 ticket

Contact no.
+91 93626 28878
+91 93626 38779
Page messenger

Zelle-USA
Salai Cung
3478284648

အရေးတော်ပုံအောင်ရမည်။

မြေပြန့်တစ်နေရာသို့။
24/06/2025

မြေပြန့်တစ်နေရာသို့။

အနောက်ဘက်ပြင်သစ် Brittany ဒေသ Finistère တွင် တည်ရှိသော ဒုတိယကမ္ဘာစစ်တုန်းက ဂျာမန်တို့ရဲ့ခံစစ်စခန်းက သံဘန်ကာတစ်ခုကို မြင်...
27/05/2025

အနောက်ဘက်ပြင်သစ် Brittany ဒေသ Finistère တွင် တည်ရှိသော ဒုတိယကမ္ဘာစစ်တုန်းက ဂျာမန်တို့ရဲ့ခံစစ်စခန်းက သံဘန်ကာတစ်ခုကို မြင်တွေ့ရပုံ။

20/05/2025

Awng dang သတင်းကောင်း။ ။ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူလာသော ရဟတ်ယာဉ် ၃ စီးကို KIA ပူးပေါင်းအဖွဲ့က ယနေ့ ပစ်ခတ်ခဲ့ရာ ၂ စီး ထိမှန်ပျက်ကျသွားခဲ့ပြီး ယင်းရဟတ်ယာဉ်တွင် စစ်တပ်မှ ဗျူဟာမှူးနှင့်အဖွဲ့ပါဝင်ပြီး အားလုံး သေဆုံးကြောင်း သိရှိရသည်။

Address

Yangon

Alerts

Be the first to know and let us send you an email when Tial Hram Ling posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tial Hram Ling:

Share