18/05/2026
မြန်မာ့နည်းမြန်မာ့ဟန်နဲ့ လည်ပတ်နေတဲ့ လုပ်ငန်းတွေမှာ Branding/ Marketing/ Sales ဒီသုံးခုကို မကွဲဘူး။ အရောင်းမရရင် ငွေမသုံးချင်ဘူး။
ကိုယ့်ရဲ့ ပင်မလုပ်ငန်းကို လူတွေ ပိုသိလာအောင်၊ Good brand, value brand လို့ မြင်လာအောင် လုပ်ဆောင်ဖို့ထက်... ကိုယ်ရောင်းနေတဲ့ Product ကို ပိုပြီး လျှော့ဈေး ပေးချင်ကြတယ်။ လျှော့ဈေးပေးတာ ခဏခဏလုပ်ရင် ကိုယ့် Brand က တန်ဖိုးမရှိတဲ့ ပစ္စည်းဖြစ်သွားမှန်း သူတို့ သတိမထားမိကြဘူး။
မြန်မာနိုင်ငံမှာ Marketing professional တစ်ယောက်အဖြစ် ရပ်တည်ဖို့ အရမ်းခဲယဉ်းပါတယ်။ ဘာလို့ဆို Marketing ဆိုတာ သေချာနားမလည်ကြသလို Long term – brand investment လုပ်ဖို့ထက် short term benefit ကို ပိုလိုချင်ကြတယ်။ အရိုးရှင်းဆုံး ပြောရရင် Sales က ဒီနေ့အတွက် အလုပ်လုပ်တာ၊ Marketing နဲ့ Branding ကတော့ မနက်ဖြန်တွေအတွက် အလုပ်လုပ်တာ ဖြစ်ပါတယ်။
ဘယ်လိုအချိန်မှာ ပြဿနာတက်မလဲဆိုရင် - International brand ကြီးတွေ ဝင်လာတဲ့အချိန်မှာ သိသာသွားတယ်။ သူတို့က ပစ္စည်းသက်သက် လာရောင်းတာ မဟုတ်ဘူး၊ Brand Image နဲ့ စိတ်ချရမှုကို လာရောင်းတာ။ Local တွေက ဘယ်လောက် အားသာချက်ရှိရှိ - ဘယ်လောက်ပဲ Quality ကောင်းကောင်း လူတွေက နာမည်ကြီးတဲ့ Global brand တွေကိုပဲ ရွေးချယ်ကြတာ ဘာလို့လဲ? Brand Trust ကြောင့်ပဲ။
ဒီပစ္စည်းဝယ်ရင် ဈေးကြီးပေမဲ့ ဒီ brand က စိတ်ချရတယ်၊ Quality ကောင်းတယ်လို့ ထင်လို့ပဲ။ အဲ့လိုထင်အောင် အဲ့လိုမြင်အောင် သူတို့က နှစ်ပေါင်းများစွာ branding လုပ်လာခဲ့တာ။
အခုချိန်က Local business တွေအတွက် Branding လုပ်ဖို့ အချိန်ကောင်းပါ၊ နောက်ပိုင်းနှစ်တွေ ခေတ်ကောင်းလို့ international brand တွေ ပြန်ဝင်လာရင် အဆင်သင့်
ဖြစ်အောင် အခုကတည်းက ပြင်ဆင်ထားသင့်တယ်။