Wai Yan . Digital x Analytics

Wai Yan . Digital x Analytics Transforming data into digital strategy to drive social impact in Myanmar. 🇲🇲 | Data-Driven Digital Marketer

ကျွန်တော်တို့အနေနဲ့ စီးပွားရေးတစ်ခု လုပ်ချင်လို့ဖြစ်ဖြစ်၊ hobby အရ ပေ့ချ်တစ်ခုဖွင့်ပြီးပြီဆို စစချင်း လုပ်ကြတဲ့အရာကတော့ ...
21/08/2026

ကျွန်တော်တို့အနေနဲ့ စီးပွားရေးတစ်ခု လုပ်ချင်လို့ဖြစ်ဖြစ်၊ hobby အရ ပေ့ချ်တစ်ခုဖွင့်ပြီးပြီဆို စစချင်း လုပ်ကြတဲ့အရာကတော့ ပေ့ချ် follower တက်ဖို့ပါပဲ။

ပေ့ချ် follower တက်တော့မှ ကိုယ်တင်တဲ့ content တွေက လူများများဆီ reach ရောက်
မယ်။ လူသိများမယ်။ engagement တက်မယ်။ အနည်းဆုံး follower နံပါတ်လေးကို ကြည့်ပြီး ကျေနပ်ရတယ်ပေါ့ဗျှာ။

အဲ့ဒီအတွက်လည်း အရင်နှစ်တွေကတော့ Facebook ကနေ boosting ဖြစ်ဖြစ်၊ campaign run ရင်
ဖြစ်ဖြစ် ad တစ်ခု run မယ်ဆိုရင် page follower တက်အောင် "page like optimization goal" တစ်ခုအနေနဲ့ ထားပေးခဲ့တယ်။ ပြောချင်တာကတော့ Facebook ကနေ မင်းတို့ ငါ့ကို ပိုက်ဆံပေး၊ မင်းတို့လိုချင်တဲ့ criteria နဲ့အညီ follower တွေရအောင် လုပ်ပေးမယ်။ တစ်ကယ်လည်း အလုပ်ဖြစ်ခဲ့ပါတယ်။ ကိုယ်လိုချင်တဲ့ follower တစ်ယောက်ကို ပျှမ်းမျှ $0.05 (225 ကျပ်) လောက်နဲ့ ပေါပေါများများရခဲ့ပါတယ်။

ဒါပေမယ့် အခုတော့ ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ Facebook ကနေ boosting လုပ်ပြီးဖြစ်ဖြစ် ads manager ကနေ campaign run ပြီးဖြစ်ဖြစ် ကျွန်တော်တို့ လိုချင်တဲ့ follower တွေ page like တွေ တိုက်ရိုက်ရအောင် goal မထားပေးတော့ပါဘူး။

ဘာလို့ မပေးတော့တာလဲ??

အဓိကကတော့ low intent follower တွေများလာတာ တစ်ကြောင့း၊ page like ad ကနေ မတော်တဆ နှိပ်မိသွားရာကနေ follower ဖြစ်လာပြီးမှ ကိုယ် target customer criteria နဲ့ relevant မဖြစ်တော့ပဲ post တွေ engage မလုပ်တော့တာ၊ ပြန် unfollow သွားတာ။

Quantity ထက် Quality follower တွေကို ပိုဦးစားပေးချင်တာ။ ကိုယ်ရဲ့ ပေ့ချ်ကို တစ်ကယ် follow လုပ်နိုင်တဲ့သူတွေကို follow လုပ်ခြင်း မလုပ်ခြင်း ရွေးချယ်ခွင့်ပေးထားတဲ့ step တစ်ခုပိုထားထားခြင်းအားဖြင့် ရေရှည်မှာ page engagement ပိုကောင်းနိုင်တာ။

နောက်ဆုံးကတော့ user experience အရ ဒီပေ့ချ်ကို ငါဘာလို့ follow ထားမိတာလဲ၊ စိတ်မဝင်စားပဲနဲ့ဆိုတဲ့ negative experience တွေကို လျှော့ချပေးချင်တာရယ်။

အဲ့တာတွေ အားလုံးပေါင်းပြီး ဒီလို အပြောင်းအလဲတစ်ခုဖြစ်လာခြင်းဖြစ်ပါတယ်။

အဲ့ဒီအစား ဘာပဲပေးတော့လဲဆိုရင် "Maximize page visit" ကိုပဲ ပေးပါတော့တယ်။ ဆိုတော့ ကိုယ့်ရဲ့ ကြော်ငြာကိုမြင်ပြီး page ကို ဝင်ကြည့် ဖို့အတွက်အထိပဲ goal က လုပ်ပေးပါတော့တယ်။ အရင်ကလို ကြော်ငြာမှာ page like button ထည့်ပြီး like and follow တွေမတက်တော့ပါဘူး။

ဆိုတော့ ဟုတ်ပြီ။ အဲ့တော့ page like and follow တွေ မရနိုင်တော့ဘူးလားဆိုရင် ရနိုင်ပါသေးတယ်။ ဒါပေမယ့် အရင်ကလို ad လေးထိုင်လိုက် post လေး boost လိုက်နဲ့မရတော့ပါဘူး။ ကိုယ့် ပေ့ချ်ရဲ့ identity တွေ aesthetic ရှိဖို့၊ quality content တွေ ပုံမှန်ထွက်နေဖို့ ပိုပြီး အရေးကြီးလာပါတယ်။ ဒါမှပဲ ကိုယ့်ကြော်ငြာကနေ ကိုယ် target ထားတဲ့ audience တစ်ယောက် ပေ့ချ် ထဲရောက်လာရင် ကိုယ့်ပေ့ချ် ရဲ့ Profile တွေ Cover photo တွေ၊ Bio တွေ၊ recently တင်ထားတဲ့ content တွေကို ကြည့်ပြီး ဒီပေ့ချ်ကို ငါ follow လုပ်သင့်လား၊ မလုပ်သင့်လားဆိုတဲ့ ဆုံးဖြတ်ချက်ကို စက္ကန့်ပိုင်း အတွင်းချကြပါတယ်။

အဲ့တော့ ဘာတွေလုပ်သင့်လဲ။

၁။ Page identity ကို အရင်ဆောက်ပါ။

Profile photo တွေ၊ Cover photo တွေ၊ page bio တွေကို သေချာပြန်ပြုပြင်ပါ။

၂။ Quality content တွေကို active ဖြစ်ဖြစ် တင်ပါ။

ကိုယ် pin ထားတဲ့ post၊ ဒါမှမဟုတ် နောက်ဆုံးတင်ထားတဲ့ content က ကိုယ့်ရဲ့ potential customer အတွက် ဒီပေ့ချ်ကို follow သင့်မသင့် decision factor ဖြစ်သွားမှာပါ။ ဆိုတော့ ဒါကိုလည်း သတိထားပါ။

ဒီမှာ ကျွန်တော်နဲ့ စကားပြောဖူးတဲ့ business page owner တွေတော်တော်များများက page like ဝယ်လို့ရတဲ့ service တွေကို လိုက်မေးကြတယ်။ Like 1,000 အတွက် မြန်မာငွေ ၁၀,၀၀၀ - ၁၅,၀၀၀ လောက်နဲ့ရတယ်ပေါ့။ တစ်ယောက်ကို ၁၂ကျပ်ခွဲ လောက်နဲ့ အသာလေးရတယ်ပေါ့။

ဒီမှာ သတိထားစေချင်တာ အခုလို ရေတိုနည်းက အလုပ်မဖြစ်ပါဘူး။ ဘာလို့လဲ။

အဲ့ဒီ ဝယ်လိုက်လို့ ရမယ့် follower 1,000 က click farm တွေကနေ လာတာမျိုးဖြစ်နိုင်ပါတယ်။ တစ်ချို့ကျ အကောင့်တုတွေဖန်တီးပြီး follow လုပ်ခိုင်းတာမျိုး၊ တစ်ချို့ကျ နောက်ကွယ်ကနေ automated script တွေ run ပြီး bot တွေ ဖန်တီးပြီး follow လုပ်ကြတာမျိုး။

နောက်ဆုံးကတော့ hacked account တွေကနေတစ်ဆင့်ဝင်ပြီး follow ကြတာမျိုး တွေရှိပါတယ်။

ဆိုတော့ သေချာစဉ်းစားကြည့်ပါ။ ဝယ်လို့ ရလာတဲ့ follower တွေထဲမှာ ကိုယ်တစ်ကယ် ဝယ်စေချင်တဲ့၊ engage လုပ်စေချင်တဲ့ audience အစစ်အမှန်တွေ၊ potential customer တွေဘယ်လောက်ပဲပါနိုင်လဲ၊ ဖြစ်နိုင်တာက နောက်ဆုံး တစ်ယောက်မှ မပါတာလည်း ဖြစ်နိုင်ပါတယ်။ အဲ့တော့ ကိုယ်က ရေရှည်အတွက် သွားမယ် စဉ်းစားထားရင် ရေတိုနည်းတွေကို တတ်နိုင်သလောက်ရှောင်ရှားဖို့ အကြုံပြုပေးလိုက်ရပါတယ်။

အားလုံးပဲ အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့ media buyer တော်တော်များများ  campaign တစ်ခုရဲ့ performance ကောင်းနေတာကို မြင်ရင် "ငါတို့ budget တိုးပြီး ...
19/08/2026

ကျွန်တော်တို့ media buyer တော်တော်များများ campaign တစ်ခုရဲ့ performance ကောင်းနေတာကို မြင်ရင် "ငါတို့ budget တိုးပြီး scaling လုပ်လိုက်ကြရအောင်"
ဆိုတဲ့ စိတ်ကူး မကြာခဏ ဖြစ်ဖူးကြတယ် မလား။

ကျွန်တော်ကိုယ်တိုင်လည်း career အစောပိုင်းကာလတွေတုန်းက ဒီလိုပဲ တွေးခဲ့ဖူးပါတယ်။

Performance ကောင်းရင် budget တိုးလိုက် ရုံနဲ့ပြီးမယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် နောက်ပိုင်းကျမှ ကိုယ်တိုင် ခေါင်းတွေရှုပ် တိုင်တွေပတ်တာ ခံစားဖူးတော့မှ သိလာတာက — scaling ဆိုတာ dimension တစ်ခုတည်းမှာ ရှိနေတာမဟုတ်ဘူးဆိုတာပါပဲ။

——

ကျွန်တော်တို့ scaling အကြောင်း အသေးစိတ် မသွားခင် အရင် scaling ဆိုတာဘာလဲဆိုတာ သိဖို့ လိုအပ်ပါတယ်။

အလွယ်ပြောရရင်တော့ scaling ဆိုတာ လက်ရှိ performance ကောင်းနေတဲ့ campaign တစ်ခုမှာ ပိုပြီး reach ရောက်အောင်၊ target ROAS level တစ်ခုမှာ ပိုပြီး growth volume တင်တဲ့ strategy တစ်ခုဖြစ်ပါတယ်။

ဒီမှာ optimization နဲ့မရောစေချင်ပါဘူး။ optimize လုပ်တယ်ဆိုတဲ့နေရာမှာ efficiency ပိုကောင်းအောင်လုပ်တာဖြစ်ပါတယ်။ Cost per acquisition လျော့အောင် လုပ်တာ၊ ROAS ပိုကောင်းအောင်လုပ်တာမျိုးပေါ့။

(ဟင်းတစ်ပွဲက အရသာရှိပြီး လူတွေ ကြိုက်နေပြီ ဆိုပါစို့။ ဒီဟင်းကို လူ ၁၀ ယောက်စာကနေ လူ ၁၀၀ ယောက်စာအထိ recipe အတိုင်းပဲ ပမာဏချဲ့ ချက်ပြုတ်တာက scaling ဖြစ်ပြီး — ဟင်းအရသာကို ပိုကောင်းအောင် ဆားနည်းနည်းထပ်ထည့်တာ၊ ရှာလကာရည် ထပ်ထည့်ညှိတာက optimization ဖြစ်ပါတယ်။)

နောက်မှပဲ scaling နဲ့ optimization အကြောင်းကို ပိုမိုကွဲပြားအောင် ရှင်းပြပေးသွားပါ့မယ်။

——

အခုတော့ scaling strategy ဘက်ပြန်သွားလိုက်ရအောင်။

Scaling လုပ်တဲ့နေရာမှာ ကျွန်တော်တို့ media buyer တွေအနေနဲ့ dimension (၁) ခုထက်ပိုပြီး ကြည့်သင့်၊ လုပ်သင့်ပါတယ်။

ဒီနေရာမှာ ကျွန်တော် ကိုယ်တိုင် လက်တွေ့ scale လုပ်နေကျ dimension သုံးခုကို မျှဝေချင်ပါတယ်။

——

ပထမဆုံးတစ်ခုက Horizontal Scaling ပါ

များများ ချဲ့ထွင်တာပေါ့။ Campaign ပိုများများ run တာ၊ ad set တွေ၊ audience segment ပိုများများ test လုပ်တာမျိုးပါ။

(ဥပမာ campaign ၅ ခု၊ ad set ၃ ခုစီ၊ audience ၃ ခုစီ ထားrun တာမျိုး)

ဒီနေရာမှာ သတိထားရမယ့် အရာရှိပါတယ်။ အပေါ်က scaling လုပ်တဲ့ ဥပမာမှာ စုစုပေါင်း combination ၄၅ ခုဖြစ်သွားပါပြီ။

ကျွန်တော် ကိုယ်တိုင် ဒီလို combination အများကြီး run ခဲ့ဖူးပါတယ်၊ run တဲ့နေရာမှာ ကိုယ် scale လုပ်လိုက်တဲ့ combination တစ်ခုစီကို manual လိုက်စစ်နေရတာက တော်တော်အဆင်မပြေခဲ့ပါဘူး။

ကိုယ်က တစ်ရက်မှာ combination ၁၅ ခုလောက်ပဲ monitor နိုင်တဲ့အနေအထားတစ်ခုမှာ ၃ ရက်လောက်နေမှ ကျန်တဲ့ combination တွေက ထိုးကျနေတာမျိုးကို သတိထားမိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီကနေ သင်ခန်းစာရခဲ့တာကတော့ ကိုယ့်အနေနဲ့ monitor လုပ်နိုင်တာထက် ပိုပြီး horizontal scaling မလုပ်ဖို့ပါပဲ။

ဒုတိယတစ်ခုက Vertical Scaling ပါ

winnning ဖြစ်နေတဲ့ campaign/ad set ကိုပဲ budget ပိုထည့်တာမျိုး။ ဒါက ကျွန်တော်တို့ media buyer အများစု default အနေနဲ့ လုပ်လေ့ရှိတဲ့ ဟာဖြစ်ပါတယ်။

ဒီနေရာမှာ စိတ်ရှည်ဖို့တော့လိုအပ်ပါတယ်။

ကောင်းတယ် ဆိုပြီး Budget ကို တစ်ခါတည်း အများကြီး တိုးထည့်လိုက်ရင် ad ရဲ့ delivery က stable မဖြစ်တော့ပဲ learning phase ကို ပြန်ရောက်သွားစေတတ်ပါတယ်။ (ဆိုလိုတာက daily budget တွေအများကြီး သုံးရတော့မယ့် အနေအထားမှာ algorithm က audience ကို ပြန်လေ့လာရတော့မယ်ဆိုတဲ့ အခြေအနေရောက်သွားတာမျိုးပါ။)

ကျွန်တော့်ရဲ့ ကိုယ်ပိုင် rule ကတော့ Budget ကို တစ်ခါတည်း နှစ်ဆ (၁၀၀%) တိုးမယ့်အစား ၁၀-၁၅% လောက် တဖြည်းဖြည်းပဲ တိုးခြင်းဖြစ်ပါတယ်။ တိုးပြီးရင်လည်း Performance အချိန်အနည်းငယ်လောက် stable ဖြစ်မှသာ နောက်တစ်ဆင့် တိုးလေ့ရှိပါတယ်။)

နောက်ဆုံး တတိယတစ်ခုကတော့ Creative Scaling ပါ

ဒါက ကျွန်တော်တို့ အကြိမ်ကြိမ် လျစ်လျူရှုမိတဲ့ dimension ပါ။ Audience targeting ကောင်းကောင်း၊ budget pacing ကောင်းကောင်း ဖြစ်နေပေမယ့် creative fatigue ကြောင့် budget တွေ ယိုပေါက်ဖြစ်နိုင်ပါတယ်။

Creative fatigue ဆိုတာမျိုးကလည်း ချက်ချင်း ကျဆင်းတာမျိုး မဟုတ်ပါဘူး — တဖြည်းဖြည်း လျော့ကျလာတာပါ။ Ad တစ်ခုက performance ကောင်းကောင်းနဲ့ စပေမယ့် audience တစ်ခုတည်းကို အကြိမ်ကြိမ် သွားပြနေရတဲ့အခြေအနေမှာ ရက်အနည်းငယ်အတွင်းမှာပဲ performance က မသိမသာ ကျဆင်းသွားတတ်ပါတယ်။

ဒီနေရာမှာ ကျွန်တော် အရှေ့မှာ ပြောပြဖူးတဲ့ ကိုယ့်ရဲ့ ad တွေ fatigue ဖြစ်မဖြစ်ဘယ်လိုသိနိုင်လဲဆိုတာကို ဒီ လင့်ခ် (https://bit.ly/4bXzsdB) ကနေတစ်ဆင့်သွားရောက်ဖတ်ရှုနိုင်ပါတယ်။

——

နောက်ဆုံးအနေနဲ့ သတိပြုစေချင်တာက — ဒီ dimension သုံးခုဟာ သီးခြားစီ ရှိမနေပါဘူး၊ တစ်ခုနဲ့တစ်ခု အချင်းချင်း ချိတ်ဆက်နေပါတယ်။

Vertical scale လုပ်ထားတဲ့ campaign မှာ creative fatigue ဖြစ်နေရင် budget တွေ မြန်မြန်ခမ်းသွားတာမျိုး။

အဲ့အတိုင်းပဲ Horizontal scaling လုပ်ထားတဲ့ campaign မှာ ad set တစ်ခုစီအတွက် creative အသစ်မရှိရင် fatigue ပြဿနာကိုပဲ ပိုဆိုးရွားသွားစေမှာသာ ဖြစ်ပါတယ်။

ဒီလို dimension တစ်ခုတည်းကိုပဲ ကြည့်ပြီး scale လုပ်တာဟာ တကယ့် scaling မဟုတ်ဘဲ တစ်ကယ့် bottleneck ကို မြင်သာမှု အားနည်းတဲ့နေရာကို ခဏရွှေ့ထားရုံပါပဲ။

ဆိုတော့ နောက်တစ်ခါ scaling လုပ်ဖို့ budget တိုးချင်စိတ် ပေါ်လာရင် တစ်ချက် ခဏလောက်ရပ်ပြီး ကိုယ်ကို မေးကြည့်ပါ — ကိုယ် scale လုပ်ချင်တာဘယ် dimension လဲ၊ ကျန်နှစ်ခုက လိုက်နိုင်စွမ်း ရှိလား။

ဒီလို scaling၊ media buying အကြောင်းအရာတွေ ပိုမိုသိရှိချင်တယ်ဆိုရင် page ကို follow လုပ်သွားပေးပါဦး။

အားလုံးပဲကျေးဇူးတင်ပါတယ်။

ဒီလို Sunday ညနေတွေဆို နောက်လာမယ့် အပတ်အတွက် အလုပ်ကစ္စတွေတွေးတောရင်း လက်ရှိ ကျန်နေတဲ့ holiday အပိုင်းအခြားလေးကိုတော့ မပျ...
16/08/2026

ဒီလို Sunday ညနေတွေဆို နောက်လာမယ့် အပတ်အတွက် အလုပ်ကစ္စတွေတွေးတောရင်း လက်ရှိ ကျန်နေတဲ့ holiday အပိုင်းအခြားလေးကိုတော့ မပျော်နိုင်တော့တာမျိုး ဖြစ်ဖူးကြတယ်မလား။

ဒါက professional အားလုံးမှာ ဖြစ်နေကြဖြစ်တဲ့ Monday anxiety (Sunday scaries) တစ်ခု ပဲဖြစ်ပါတယ်။ နောက်လာမယ့် အပတ် ငါဘာတွေလုပ်ရမလဲ၊ လုပ်ဖို့ရှိတဲ့ project တွေ run ဖို့ ကျန်တဲ့ campaign တွေ သောင်းခြောက် ထောင်ကို တွေးတောပြီး ဗျှာများတဲ့ အချိန်တွေဖြစ်တတ်ကြပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း အရင်က ဒီလိုတွေ ခံစားခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်း သိလိုက်ရတာက ကျွန်တော်တို့တွေ့ဟာ ကိုယ်တိုင် control မရှိတဲ့အရာတွေ၊ အချိန်တွေမှာ ပိုပြီး anxiety ဖြစ်လေ့ရှိကြပါတယ်။

အဲ့တော့ ဒီလိုအခြေအနေတွေမှာ ကျွန်တော်သုံးတဲ့ strategy ကတော့ လာမယ့်အပတ်က ဖြစ်ပျက်မယ့်အရာတွေ ကိုယ့်ကို control လုပ်တာမခံတော့ပဲ ကိုယ်ကနေ လာမယ့် အပတ်မှာ ဖြစ်ပျက်မယ့်အရာတွေကို ကြိုတင်ပြီး တွေးဆ plan တာဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ အရှေ့ကို ကြိုမကြည့်ခင်မှာ အနောက်ဘက်ကို အရင် ပြန်ကြည့်ပါ။ ပြီးခဲ့တဲ့ပပတ်မှာ ဘာတွေပြီးခဲ့လဲ။ ဘာတွေဆက်လုပ်ဖို့ ပြောခဲ့လဲ၊ stakeholder တွေနဲ့ ဘာတွေ agree လုပ်ခဲ့လဲ ဆိုတာကို meeting note တွေကတစ်ဆင့်၊ calendar log တွေကို ပြန်ကြည့်ပြီး reflect လုပ်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် လာမယ့်အပတ်အတွက် လိုအပ်တဲ့ context တစ်ခုကို ပုံဖော်ပြီးသားဖြစ်ပါတယ်။

(Netflix series တွေကြည့်ရင် အပိုင်းသစ်လာတိုင်းမှာ အရှေ့ ၁ မိနစ်လောက်က အရှေ့အပိုင်းကို ပြန် recap လုပ်တဲ့ အတိုင်းပါပဲ၊ This's what happened, and now we are here) ဆိုတဲ့ sense ပေးတဲ့အတိုင်းပေါ့။

ကဲ။ အရှေ့ကိုစကြည့်ရာမှာ ကိုယ့်အနေနဲ့ ရှေ့အပတ်မှာ လုပ်ရမယ့်အရာတွေ၊ ပြီးရမယ့် delivery တွေကို ကြိုတင် plan ချ၊ schedule ဆွဲထားပါ။ plan ချတဲ့ နေရာမှာ လုပ်စရာ task အားလုံးကို တပြေးညီ မထားပါနဲ့။ အရေးကြီးတဲ့ အပေါ်မူတည်ပြီး priority list စီပြီး ချပါ။

(ဒီနေရာမှာ ကျွန်တော့်အလုပ်မှာ အသုံးချလေ့ရှိတဲ့ နည်းလမ်းလေးတစ်ခုရှိတယ်။ Monday morning တိုင်း team-wise meeting မှာ တစ်ယောက်ချင်းစီရဲ့ Weekly theme ကို ပြောကြတယ်။ ဥပမာ ကျွန်တော် ရဲ့ ဒီ အပတ်နဲ့ နောက်အပတ်တွေမှာ အချိန်တော်တော်များများပေးရမှာ Quarterly Report ဆိုရင် ကျွန်တော့်ရဲ့ them မှာ "Q1 Report" စသဖြင့်ထည့်တာမျိုးပေါ့။ ပြီးအဲ့ဒီနောက်မှာ ဒီအပတ်ရဲ့ "Do or Die" task ဆိုရင် Report အတွက် လုပ်နေတဲ့ Data analysis task ကိုထည့်တာမျိုးပေါ့။

ဒီလိုလုပ်ခြင်းအားဖြင့် ဘယ်နေ့ဘယ်ချိန်မှာ ဘယ် delivery ကို ပြီးအောင်လုပ်မှာ၊ အဲ့ဒီအတွက် အချိန်ဘယ်လောက်ယူမှာ စသဖြင့်ကြိုတင်တွက်ဆထားလို့ရသလို၊ ကိုယ့်ရဲ့ stakeholder တွေနဲ့ communicate လုပ်ရမှာလည်း expected timeline နဲ့ delivery ကိုconfidence ရှိရှိပြောနိုင်ဆိုနိုင်မှာဖြစ်ပါတယ်။

ဆိုတော့ ကိုယ့်ရဲ့ တစ်ပတ်တာကို strategy ကျကျ ချတဲ့အခါမှာ နောက်ထပ်အရေးကြီးတာက လုပ်ရမယ့်အရာတွေနဲ့ အတူ meeting တွေကို ပြွတ်သိပ်ပြီး မချမိစေဖို့ပါပဲ။

တက်ရမယ့် meeting တွေများတယ်၊ လုပ်ရမယ့် အလုပ်တွေများရင်တောင် ကိုယ့်ရဲ့ တစ်ပတ်တာ calendar ရဲ့ 70% လောက်ကိုပဲ ကြိုတင် plan ထားပါ။ ဒီလိုထားရာမှာ Focus time တွေကိုပါထည့်သွင်းပါ။ ဘာလို့ Fcous time ရှိဖို့လိုလဲဆိုတော့ အဲ့ဒီအချိန်တွေမှာ ကျွန်တော်တို့အနေနဲ့ ကိုယ်လုပ်ရမယ့် အလုပ်တွေကိုဘယ်လို ပိုကောင်းအာင်လုပ်လို့ရလဲဆိုတာ၊ ဘယ်လို apprpach အသစ်တွေစမ်းသင့်လဲ၊ ကိုယ့်အလုပ်ရဲ့ internal report တွေလိုက်ဖတ်တာ၊ external ကိုပါ လေ့လာတာတွေ လုပ်ခြင်းအားဖြင့် strategist တစ်ယောက်အနေနဲ့ တွေးခခေါ်နိုင်စေမှာဖြစ်ပါတယ်။

ကျန်တဲ့ 30% ကတော့ ad-hoc project တွေ တစ်ခြားအရေးပေါ် meeting တွေအတွက် ဖယ်ထားလို့ရပါတယ်။

ဆိုတော့ ဒီအပတ်ကနေပြီး ကိုယ့်ရဲ့ နေ့ရက်တိုင်းကို strategist ကျကျ ဖြတ်သန်းနိုငိကြပါစေ။

အကယ်လို့ ဒီလို strategy အကြောင်းအရာတွေ၊ digital marketing အကြောင်းအရာတွေ ပိုမိုသိရှိချင်တယ်ဆိုရှင် page ကို follow လုပ်သွားပေးပါဦး။

အားလုံးပဲကျေးဇူးတင်ပါတယ်။

နှစ်ပေါင်းများစွာ ကျွန်တော်တို့ digital marketer တွေဟာ campaign တွေကို straight line တစ်ခုအနေနဲ့ပဲ မြင်ခဲ့ကြပါတယ်။  Awar...
16/08/2026

နှစ်ပေါင်းများစွာ ကျွန်တော်တို့ digital marketer တွေဟာ campaign တွေကို straight line တစ်ခုအနေနဲ့ပဲ မြင်ခဲ့ကြပါတယ်။

Awareness > Consideration > Purchase > Loyalty စသဖြင့်ပေါ့။

Funnel အနေနဲ့ ရိုးရှင်းပြီး အယူအဆအနေနဲ့ ကြည့်ရင်တော့ မမှားပါဘူး။ ဒါပေမဲ့ customer တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ brand နဲ့ တွေ့ဆုံနိုင်တဲ့ touchpoint အနည်းငယ်သာရှိတဲ့ ခေတ်အတွက် ဒီဇိုင်းလုပ်ခဲ့တာပါ။ အဲဒီခေတ်က တော်တော်လေးကျန်ခဲ့ပါပြီ။

Boston Consulting Group (BCG) ရဲ့ သုတေသနအရ ယနေ့ခေတ် ကျွန်တော်တို့ရဲ့ customer journey တွေက straight line အတိုင်း မသွားတော့ဘဲ အပြုအမူ ၄ မျိုးကြားမှာ အဆက်မပြတ် ခုန်ကူး နေကြပါတယ်။ အဲ့ဒီ (၄) မျိုးကတော့

🔄 Stream ကြည့်ခြင်း
📱 Scroll ခြင်း
🔍 Search ရှာဖွေခြင်း
🛒 Shopping ဈေးဝယ်ခြင်း

ဆုံးဖြတ်ချက်ချတဲ့ အဆင့် မည်သည့်အဆင့်မှာမဆို ဒီ ၄ မျိုးထဲက တစ်ခုခုကို ထိတွေ့လေ့ရှိပါတယ်။

လက်တွေ့မှာ ဘယ်လိုမျိုးလဲဆိုရင် လူတစ်ယောက်ဟာ YouTube ad ကို မြင်တယ်၊ တစ်နာရီကြာတော့ review တစ်ခုကို scroll ဖြတ်တွေ့တယ်၊ နေ့လယ်စာစားချိန်မှာ product ကို google search တယ်၊ ညစာမတိုင်ခင် ဝယ် တယ်။

ဒါတွေက အစီအစဉ်ကျကျ ဖြစ်ခဲ့တာမဟုတ်ဘဲ ဖုန်းကိုင်တဲ့အချိန်တိုင်းမှာ ဖြစ်ပေါ်ခဲ့တာပါ။ တစ်ကယ်လည်း ဒါက ထူးခြားတဲ့ဖြစ်စဉ် မဟုတ်တော့ပါဘူး။ အခုလို digital touchpoint တွေ ပေါ်များတဲ့ ခေတ်မှာ။

ပျမ်းမျှလူတစ်ယောက်ဟာ တစ်နေ့ကို mobile touchpoint ၁၃၀ ကျော် ထိတွေ့နေကြပါတယ်။ ဒီလောက်များပြားတဲ့ noise ကြားထဲမှာ customer journey တွေ တစ်ယောက်နဲ့တစ်ယောက် လည်းမတူညီကြတော့ပါဘူး။

Customer Journey Map တကယ်ပြောင်းလဲလာပုံ

အကောင်းဆုံးပြသနိုင်တဲ့ ဥပမာက ကျွန်တော့် Garmin လက်ပတ် ဝယ်ဖို့ စဉ်းစားမိတဲ့ ကိုယ်ပိုင် အတွေ့အကြုံပါပဲ။

* Facebook ပေါ်က OS organic post ကို မြင်တယ် — ad မဟုတ်ဘဲ organic post တစ်ခုကနေ Garmin CIQRA product အသစ် ထွက်ကြောင်း ပထမဆုံး သိလိုက်ရတယ် (scrolling → awareness, ဒါပေမဲ့ paid မဟုတ်ဘူး)
* Official website မှာ ရှာကြည့်တယ် — စိတ်ဝင်စားလို့ product ရဲ့ specs တွေ function တွေ သွားလေ့လာတယ် (searching, ဒါပေမဲ့ ဝယ်ဖို့ ဆုံးဖြတ်ချက် မချသေးဘူး)
* IG ပေါ်မှာ retargeting ad ပြန်တွေ့တယ် — website ကို ဝင်ကြည့်ပြီးနောက် IG ပေါ်မှာ နောက်ဆုံးဝင်ကြည့်ခဲ့တဲ့ အရောင်နဲ့ Gamin ad တက်လာတယ် (scrolling ထပ်ဖြစ်၊ ဒါပေမဲ့ ဒီတစ်ခါ paid touchpoint ဖြစ်သွားပြီ)
* YouTube မှာ review/feature တွေ ကြည့်တယ် — performance နဲ့ feature အသေးစိတ်ကို YouTube ကနေ အသေးစိတ်ထပ်ကြည့်တယ် (streaming, ဒါပေမဲ့ purchase decision နဲ့ အနီးဆုံးအချိန်ရောက်သွားပြီ)
* Official website ကို ထပ်ဝင်ရှာတယ် — YouTube ကြည့်ပြီး နောက်တစ်ကြိမ် သူ့ရဲ့specs တွေ အရောင်တွေ ဈေးနှုန်း တွေပြန်ကြည့်တယ် (search ဒုတိယအကြိမ်၊ ဒါပေမဲ့ intent ကွဲသွားပြီ၊ ဝယ်တော့မယ်)
* ဝယ်ယူတယ်

ဒီမှာ သတိထားမိလား။ search ၂ ကြိမ် ပေါ်လာတယ် — ပထမတစ်ခါက ရိုးရိုးစိတ်ဝင်စားတာ၊ ဒုတိယတစ်ခါက ဝယ်ဖို့ဆုံးဖြတ်ပြီးသား ဖြစ်သွားပြီ။

scrolling ကလည်း ၂ ကြိမ်ပေါ်ပြီး တစ်ခါက "ရှာတွေ့ခြင်း" တစ်ခါက "ဝယ်ယူဖို့ သတိရခြင်း" ဖြစ်သွားတယ်။

Funnel ဟောင်းအတိုင်း ကြည့်ရင်း marketer တစ်ယောက်က ကျွန်တော့်ကို stage တစ်ခုတည်းမှာပဲ ထားမှာပါ — "IG ad ကို မြင်ခဲ့တယ်၊ ဒါကြောင့် ဝယ်ခဲ့တယ်" ဆိုပြီး တစ်ချက်ထဲနဲ့ ရိုးရှင်းလိုက်မှာပါ။ ဒါပေမဲ့ တကယ့်လမ်းကြောင်းက ဒီထက် ပိုနက်နဲပါတယ်။

ကြားထဲက တကယ့် ဆုံးဖြတ်ချက်ကို လှုံ့ဆော်ပေးခဲ့တဲ့ YouTube review နဲ့ ဒုတိယ search ကို လုံးဝ လွတ်သွားမှာပါ။

ဒါက လက်တွေ့မှာ ဘာကို ရည်ညွှန်းလဲဆိုရင် — "ad ကို မြင်ခဲ့သလား" ဆိုတာကိုသာ တိုင်းတာနေမယ်ဆိုရင် ad ကိုပဲ credit ပေးပြီး ရပ်သွားမှာပါ။

Influence map အတိုင်းကြည့်ရင်တော့ YouTube review နဲ့ ဒုတိယ search ကတကယ် ယုံကြည်စိတ်ချမှု တည်ဆောက်ပေးခဲ့တာကို မြင်နိုင်မှာဖြစ်ပါတယ်။

Streaming၊ Scrolling၊ Searching၊ Shopping ဒီ S လေးလုံးက ဖြစ်ပေါ်ရမယ့် မှန်ကန်တဲ့ order အစဉ်လိုက် မရှိပါဘူး။

Customer တစ်ဦးချင်းစီရဲ့ journey ဟာ ဘယ် funnel အဆင့်မှာ "ရှိသင့်တယ်" ဆိုတာအလိုက် မဟုတ်ဘဲ ဘာက သူတို့ရဲ့ အာရုံစိုက်မှုကို ဦးစွာ ဆွဲဆောင်ခဲ့လဲဆိုတာအလိုက် ပုံဖော်ကြည့်ပါ။ ပြီးရင် ဘယ်အဆင့်တွေမှာ ဘယ် S ကပိုပြီး influence-heavy ပိုဖြစ်လဲဆိုတာကိုပါ လေ့လာပါ။

Influence-map framework ဟာ သီအိုရီသက်သက်မဟုတ်ပဲ ဘတ်ဂျက်ဆုံးဖြတ်ချက်တွေအတွက်ပါ အရေးကြီးပါတယ်။

အနှစ်ချုပ်အနေနဲ့ဆို ဒီ post ကနေ perspective အသစ်တစ်ခုရမယ်လို့ မျှော်လင့်ပါတယ်။

campaign တွေမှာ Reach ကိုသာ မကြည့်ဘဲ Influence level ကိုပါ map ဆွဲကြည့်ပါ။ ယေဘုယျ funnel က ယူဆထားတဲ့အတိုင်းမဟုတ်ဘဲ customer တွေအတွက် တကယ် ဘယ်နေရာ ဘယ် touchpoint တွေမှာ လွှမ်းမိုးနိုင်လဲဆိုတာကိုပါ ရှာဖွေကြည့်ပါ။

စာကြွင်း - Analytics tool တွေမှာတော့ ဒီ influence map concept ကို apply လုပ်ထားပြီးဖြစ်ပါတယ်။ ဥပမာ - GA4 မှာဆို Data-driven attribution model ကိုပါ ထည့်သွင်းထားပြီး (DDA model မှာဆိုရင် အပေါ်ကပြောခဲ့တဲ့ အတိုင်း conversion data ကနေ touchpoint တစ်ခုချင်းစီရဲ့ actual influence ကို machine learning နဲ့တွက်ချက်ပေးထားတာဖြစ်တဲ့အတွက်) တစ်ခြား model တွေထက် ဦးစားပေးသုံးဖို့ Google ကိုယ်တိုင် အကြံပေးထားပါတယ်။

Digital Marketing နဲ့ Data Analytics နဲ့ဆိုင်တဲ့ strategy တွေ အကြောင်းအရာတွေကို စိတ်ဝင်စားတယ်၊ လေ့လာချင်တယ်ဆိုရင် page ကို follow လုပ်ထားပေးပါဦး။

အားလုံးပဲ ကျေးဇူးတင်ပါတယ်။

ဒီ မေးခွန်းက အမြဲလည်းအမေးခံရတယ်၊ ကိုယ့်ကိုကိုယ်လည်း ပြန်ပြီး self reflect ဖြစ်တဲ့ မေးခွန်းတစ်ခုဖြစ်ပြန်နေတယ်။ သတိထားမိကြ...
13/08/2026

ဒီ မေးခွန်းက အမြဲလည်းအမေးခံရတယ်၊ ကိုယ့်ကိုကိုယ်လည်း ပြန်ပြီး self reflect ဖြစ်တဲ့ မေးခွန်းတစ်ခုဖြစ်ပြန်နေတယ်။

သတိထားမိကြလား။ တစ်ခါတစ်လေ campaign တွေ cross analysis လုပ်မယ်ဆိုရင် Xlookup function ဘယ်လိုခေါ်ရမလဲ မသိတော့တာ၊ syntax ကိုရှေ့နောက် မှားထားတာမျိုးတွေ ဖြစ်တတ်ကြတယ်။ စိတ်မပူပါနဲ့။ You are not alone ပါ။ တော်တော်များများဖြစ်ကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း နှစ်ကြာအောင် function တွေနဲ့ လုံးပန်းနေခဲ့တာတောင် တစ်ခါတစ်လေ အသုံးမပြုဖြစ်တာကြာတဲ့ function တစ်ခုကို မရေးတတ်တော့တာမျိုးလေးတွေရှိတယ်။

ဆိုတော့ ဒီလို အခြေအနေတွေမှာ တော်တောများများက စိတ်ပျက်ပြီး analysis လုပ်ဖို့အတွက် skill မလုံလောက်ဘူး။ ဆက်ကြိုးစားသင်လည်း မထူးပါဘူးဆိုပြီး တွေးမိတတ်ကြတယ်။ ကျွန်တော် အရင်က ဖွင့်ခဲ့တဲ့ Analytics course မှာ join ဖူးတဲ့ သူတွေဆိုလည်း စကားစပ်မိတိုင်း သူတို့အနေနဲ့ function တွေဘယ်လိုရေးရမလဲ မသိတော့ဘူးဆိုတာမျိုး ပြန်ကြားရတယ်။

ဒါပေမယ့် ဒီလိုနေရာမှာ function ဘယ်လို ရေးရမလဲဆိုတာထက် ဘာပိုအရေးကြီးလဲဆိုတော့ analysis တစ်ခုကို ဘယ်လို ချဉ်းကပ်ရမလဲဆိုတာ ပိုပြီး အခရာကျပါတယ်။ Analysis case တစ်ခုနဲ့ တစ်ခုက nature မတူကြတာ၊ ကိုယ်ဘာကို analyze လုပ်ချင်တာလဲပေါ်မူတည်ပြီး ဒီ analysis ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ သိဖို့လိုအပ်တယ်။

-----

ဒီနေရာမှာ ကျွန်တော်ကတော့ backward thinking နဲ့ စတယ်။ ကိုယ့်အနေနဲ့ ဒီ analysis တစ်ခုကနေ ဘာ (end goal) ကိုရှာချင်တာလဲ။

အဲ့ဒီအတွက် ဘယ် metric တွေကိုကြည့်ဖို့ (သို့) compare လုပ်ဖို့ လိုအပ်လဲ။

အဲ့ဒီ metric တွေရဖို့အတွက် ဘယ်လို Data point တွေကိုလိုအပ်လဲ။

အဲ့ဒီ Data point တွေကို clean and organize လုပ်ဖို့ ဘာ formula တွေ function တွေသုံးရမလဲဆိုတာမျိုး အဆင့်ဆင့်သွားလေ့ရှိတယ်။

-----

ဒီလို backward ပြန်သွားလိုက်တာက ကိုယ့်အနေနဲ့ မလိုအပ်တဲ့ data တွေကို အစောကတည်းက ဖယ်ထုတ်ပြီးသားဖြစ်သလို ကိုယ့်အတွကိ လိုအပ်တဲ့အရာတွေကိုပဲ focus လုပ်ချင်းအားဖြင့် အချိန်ကုန် သက်သာသလို data analysis လုပ်ရာမှာလည်း ပိုပြီး ရှေ့ရောက်နိုင်တယ်။

ဒီမှာ တစ်ခုသတိထားရမှာက ကိုယ့်အနေနဲ့ မလိုအပ်ဖူးထင်တဲ့ original, raw data point တွေကို ဖျက်တာမျိုးမဟုတ်ပဲ ကိုယ့်အတွက် လိုအပ်မယ့် data တွေကို ယူပြီး database အသစ်ဆောက်တာ၊ ဒါမှမဟုတ် copy ပွားပြီး analysis လုပ်တာ ပိုပြီး ကောင်းတဲ့ အလေ့အထတစ်ခုဖြစ်တယ်။ ဒါမှ တစ်ကယ်လို့ ကိုယ်လုပ်ထားတဲ့ analysis တစ်ခုမှာ နောက်ထပ် context တွေ perspective တွေထပ်ထည့်ချင်ရင် အရင် original database ကိုပြန်သွားကြည့်လို့ရတာမျိုးပေါ့။

ဆိုတော့ ပေးချင်တဲ့ message ကတော့ မစိုးရိမ်ပါနဲ့။ ကိုယ်က function တွေနဲ့ စိမ်းတယ်၊ မရင်းနှီးတော့ဘူးထင်ရင် syntax တွေပြန်ရှာဖတ်ပြီး practice ထပ်လုပ်လို့ရပါတယ်။ အဓိကကတော့ ကိုယ့်အနေနဲ့ bird-eye view အရင်မြင်အောင်ကြည့်တတ်ဖို့ အရေးကြီးပါတယ်။ ပြီးမှ worm-eye view အတွက်လိုအပ်တဲ့ function တွေကိုအသုံးပြုပါ။

စာကြွင်း: ဒီမှာတော့ ကျွန်တော်တို့ Digital marketer တွေတော်တောများများအချိန်ပေးရတဲ့ Diagnostic နဲ့ Prescriptive analysis တွေနဲ့ ဥပမာပေးထားတာဖြစ်ပါတယ်။

Hope this helps!!

Creative တိုင်းမှာ သူ့ရဲ့ သက်တမ်းဆိုတာရှိတယ်။ ကျွန်တော် အရင်နေ့က ရေးခဲ့တဲ့ post မှာပြောခဲ့သလိုပဲ ကျွန်တော်တို့ run နေတဲ့...
12/08/2026

Creative တိုင်းမှာ သူ့ရဲ့ သက်တမ်းဆိုတာရှိတယ်။

ကျွန်တော် အရင်နေ့က ရေးခဲ့တဲ့ post မှာပြောခဲ့သလိုပဲ ကျွန်တော်တို့ run နေတဲ့ campaign တွေမှာ ထည့်သုံးတဲ့ ad တွေ creative တစ်ခုချင်းစီတိုင်းမှာ သက်တမ်းတစ်ခုဆိုတာရှိတယ်။ Creative တစ်ခုက အရင်က ဘယ်လောက်ပဲ performance ကောင်းတယ် ဖြစ်ပစေ အချိန်တစ်ခုရောက်ရင် performance ထိုးကျသွားတာမျိုးတွေရှိတယ်။ တစ်ကယ်တော့ ပြန်စဉ်းစားကြည့်ရင် တစ်ခါလာလည်း ဒီ ကြောငြာ၊ နောက်တစ်ခါလည်း ဒါပဲဆိုတော့ ကိုယ့်ရဲ့ target audience တွေက ပျင်းအီလာတာမျိုး၊ ကျော်သွားတာမျိုးဖြစ်မှာပဲ။ အဲ့ဒီလို အခြေအနေတွေမှာ ကိုယ်တွေဘက်က attention bill ဖြစ်တဲ့ CPM တွေ ထိုးတက်လာတာ၊ CTR တွေကျတာမျိုးဖြစ်လာကြတယ်။

ဆိုတော့ ကိုယ့်ရဲ့ Creative တွေ Ad တွေ fatigue ဖြစ်မဖြစ်ဘယ်လို သိနိုင်မလဲ။

1. Frequency ကြော်ငြာပြတဲ့ အကြိမ်အရေအတွက်တွေ ၃ ကြိမ်နဲ့ အထက်ပြလာရတာ
2. CTR တွေကျလာတာ (အရင်က အများဆုံးရခဲ့တဲ့ CTR ကနေ 20% ကျော်ထိုးကျလာတာ) ဥပမာ- အရင်က CTR က 1% ရရင် အခု 0.79% လောက်ပဲရှိတော့တာ
3. CPM တွေ ဈေးကြီးလာတာ (ခုနကပြောတဲ့ attention နည်းလာလေလေ Meta ကပို charge လေ)
4. ROAS ကျဆင်းလာတာ (သုံးသလောက်ပြန်မရတော့တာ)
5. Video view rate တွေထိုးကျလာတာ

ဒီအချက် (၅) ချက်မှာ ကျွန်တော့်အတွက် အချိန်တော်တော်များများ အမြန် quick check လို့ရတဲ့ metric တွေကတော့ Frequency, CPM နဲ့ CTR ပဲ။

ဆိုတော့ ကိုယ့်ရဲ့ ad တွေ creative တွေ fatigue ဖြစ်မဖြစ်ကို ဘယ်လို track လို့ရနိုင်လဲ?

ကျွန်တော် အမြဲတမ်းသုံးဖြစ်တဲ့ နည်းလမ်းတစ်ခုကတော့ week over week performance comparison လုပ်တာပါပဲ။

ပြီးရင် အပေါ်ကပြောခဲ့တဲ့ key metric တွေကို တိုင်းတာလို့ရအောင် Benchmark တစ်ခုအနေနဲ့ တစ်ပတ်စာ rolling average ကို monitor လုပ်ပါ။

နောက်တစ်ဆင့်ကတော့ ကိုယ်ကိုတိုင် မ track ချင်ဘူး၊ ပျင်းတယ်ဆိုတဲ့ သူတွေအတွက်ကတော့ automated rule ဆောက်ပြီး Meta ကို အလုပ်ပေးပါ။ Metric တစ်ခုချင်းစီမှာ ကိုယ်သတ်မှတ်ထားတဲ့ threshold တစ်ခုရောက်ရင် ကျော်ရင် noti ပေးတာ၊ ဒါမှမဟုတ် auto ad ကို pause တာမျိုး ခိုင်းလို့ရပါတယ်။

နောက်ဆုံးကတော့ ကိုယ့်ရဲ့ creative သက်တမ်း (age) ကိုလဲ track ပါ။ ကိုယ့်ရဲ့ creative က အခုမှ စ run တာ ၃ ရက်ပဲရှိသေးတယ်။ performance မကောင်းဘူးဆိုပြီး ရပ်တာမျိုးတွေမလုပ်မိအောင်ရယ်၊ အကယ်လို့ creative ကကြာပြီ ၃ လကျော်လောက်ရှိပြီ၊ performance ထိုးကျတာတယ်ဆိုတဲ့ အနောက်မှာ အဖြေရှာရအောင်အခြေအနေတွေမှာ ဒီအချက်က အသုံးဝင်ပါတယ်။

Hope this helps!

08/08/2026

Campaign တွေ run ရင် performance ကောင်းဖို့ ads level မှာလည်း သတိထားပေးရမယ့် အကြောင်းတွေရှိတယ်။

media buying လောကမှာ ကြော်ငြာတစ်ခု ပေါက်ရင် အဲ့ဒီ ကြော်ငြာကိုပဲ ငွေပုံပေးပြီး ad run တာမျိုးတွေ ခဏခဏ တွေ့ဖူးတယ်။ organic မှာ viral ဖြစ်နေတယ့် ad တစ်ခုကို ထပ်ပြီး reach ပေးချင်တယ်၊ noise ဖြစ်ချင်လို့ run တာက ကောင်းပါတယ်။ ဒါပေမယ့် ဒီကြောငြာတစ်ခုကိုပဲ နောက်ထပ် campaign တွေမှာထည့်ပြီး run တာ၊ ဒါကိုပဲ တည်ပြီး budget တွေသုံးနေတာကတော့ ကိုယ် run တဲ့ campaign performance အပေါ်သက်ရောက်မှု ရှိနိုင်တယ်။

Media buyer တွေတော်တော်များများကတော့ campaign တစ်ခုစပြီဆို အနည်းဆုံး ad ၂ ခု ၃ ခုလောက် ready ပြင်ပြီး စ run တာမျိုးရှိကြတယ်။ ဒါက ကောင်းတဲ့ practice တစ်ခုပဲ။ ၂ ခု ၃ ခုဆိုတဲ့နေရမှာမှာ ad copy ပြောင်းပြီး variant ထားတာမဟုတ်ပဲ visual ကိုယ်က ကွဲထွက်တာမျိုး၊ visual copy ကစားတာမျိုးက ပိုပြီး ထိရောက်
လိမ့်မယ်။

ဒါပေမယ့် ဒီလို run သည့်တိုင်အောင် သတိထားရမှာက ကြော်ငြာ ၃ ခု run လို့ တစ်ခုက ပြီးခဲ့တဲ့ campaign မှာ winning ad ဖြစ်ခဲ့တယ်။ အဲ့ဒါကို ဆက်သုံးပြီး နောက် campaign တစ်ခုမှာ ဆက်သုံးကြည့်ရာမှာ winning ad က အဆိုးဆုံးဖြစ်သွားတာမျိုး အခြေအနေတွေရှိတတ်ကြတယ်။ ဒါက winning ad fail သွားတာမျိုး မဟုတ်ပဲ ad ရဲ့ potential conversion rate ကိုက ကျော်သွားတာမျိုးဖြစ်တယ်။ အရှင်းဆုံးပြောရမယ်ဆို product တွေ expire သက်တမ်းကျော်သွားတာမျိုးပေါ့။ အဲ့ဒီလို အခြေအနေတွေမှာဆို တော်တော်များများက ခေါင်းမာပြီး အဲ့ဒီ ad ကိုပဲ ပိုက်ဆံထပ်သုံးပြီး run ကြတယ်။ အဲ့ဒီကနေပဲ ကိုယ့် ကြော်ငြာဖိုးတွေ ဈေးကြီးပြီး နောက်ဆုံး cost per result တွေ တော်တော်ဈေးကြီးတာမျိုးဖြစ်သွားနိုင်တယ်။

ဆိုတော့ ဖြစ်နိုင်ရင် Campaign တစ်ခု run တော့မယ်ဆို Ad variant ၃ ခုလောက် အနည်းဆုံး စပြင်ထားပါ။ Variant ဆိုတဲ့နေရာမှာ Ad visual ဖြစ်နိုင်တယ်၊ Visual copy ဖြစ်နိုင်တယ်၊ ပြီးတော့ ad format ဖြစ်သင့်တယ်။ Meta ကိုယ်တိုင်ကလည်း Video ad နဲ့ Static တွေထည့်ပြီး campaign ပိုပြီး efficient ဖြစ်တယ်ဆိုပြီး recommend ထားတယ်။

ဆိုတော့ မကြောက်ပါနဲ့။ ကိုယ့် campaign တစ်ခုမှာ performance တွေကျနေလို့ ad level မှာ ပြဿနာဖြစ်နေပြီဆို CTR ကနေတဲ့ ဒါမှမဟုတ် Frequency များနေတဲ့ ad တွေကို စပိတ်ပါ၊ အစားထိုးပါ။ နောက်ဆုံး winning ad အတွက်ကိုပါ replace လုပ်ဖို့ ပြင်ဆင်ထားပါ။

နောက်ထပ် sharing တွေမှာ industry အလိုက် ကြော်ငြာတွေ ad တွေရဲ့ သက်တမ်းဘယ်လောက်ပဲထားသင့်တယ်၊ ဘယ်အချိန်ထိပဲ optimize ဖြစ်နိုင်လဲဆိုတာကို share ပေးသွားမှာမို့ page ကို follow လုပ်ပေးထားပါဦး။

ကျေးဇူးပါ။

Digital marketer တွေအနေနဲ့ ဂရုစိုက်ရမယ့် Meta ရဲ့ Ad manager UI/UX changes ⚠️ဒီရက်ပိုင်း Meta ရဲ့ interface UI/UX update...
17/06/2026

Digital marketer တွေအနေနဲ့ ဂရုစိုက်ရမယ့် Meta ရဲ့ Ad manager UI/UX changes ⚠️

ဒီရက်ပိုင်း Meta ရဲ့ interface UI/UX update တွေက user end မှာတင်မကဘဲ advertiser တွေအတွက်ပါ တော်တော်လေး ကသိကအောက်ဖြစ်ဖို့ ကောင်းလာတယ်။

အခုတလော campaign တွေ run တဲ့အချိန်မှာ သတိထားမိတာက... အရင်က campaign တစ်ခု အလားတူ run ဖူးရင် နောက်တစ်ကြိမ်မှာ အဲ့ဒီ setting အတိုင်း မျက်စိမှိတ် run လိုက်ရုံနဲ့ အဆင်ပြေခဲ့တာမျိုး ရှိတယ်။ ဒါပေမဲ့ အခုဆို အရှေ့မှာ ဘယ်လို same setting နဲ့ campaign ဘယ်လောက်ပဲ run ဖူးခဲ့ပါစေ၊ new campaign run ပြီဆိုရင် setup ကို သေချာ A to Z လိုက်စစ်ရမယ့် ပုံစံဖြစ်လာတယ်။

ဒီနေရာမှာ ဒီရက်ပိုင်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခု ပြောပြမယ်။

ကိုယ်တွေအနေနဲ့ Campaign တွေကို မတူညီတဲ့ messaging တွေနဲ့ run ဖို့ Visual တစ်ခုချင်းစီကို မတူညီတဲ့ ad copy နဲ့အတူ content တွေလုပ်ပြီး၊ ad set တစ်ခုအောက်မှာ ad တွေခွဲထည့်ပြီး run မယ်ပေါ့။ အရင်ကတည်းက Parameter setting တွေပြီးရင် ad preview window ကို အမြဲစစ်နေကျဆိုတော့ အဲဒီနေ့ကလည်း ad တစ်ခုအတွက် visual ထည့်လိုက်တာကို preview window မှာ ကိုယ်ထည့်ထားတဲ့ visual အပြင် တခြား campaign က visual တွေပါ တစ်ခါတည်း select လုပ်ထားပါလေရော... ဆရာသမားက။

အဲ့ဒါနဲ့ shock ရသွားပြီး ဘာများ setting မှားထည့်မိလဲဆိုပြီး လိုက်ကြည့်ရတာပေါ့။ သေချာကြည့်တော့မှ ad creative section အောက်ကနေရာမှာ "Related media" ဆိုပြီး pop up တစ်ခုနဲ့ တခြားတူညီတဲ့ ad တွေပါ စုပြီး ရွေးထားတာ ဖြစ်နေတယ်။

အဲ့ဒါနဲ့ အဲ့ဒီ media selection အောက်က delete button ကို နှိပ်ပြီး remove လိုက်မှပဲ ကိုယ်လိုချင်တဲ့ visual နဲ့ copy ကွက်တိ ပြန်ရပါတော့တယ်။

ဒါက အမှုမဲ့အမှတ်မဲ့ ဖြစ်သွားနိုင်တယ်ဆိုပေမယ့် တကယ်တမ်းကျ တော်တော်လေး ပြဿနာရှိနိုင်တယ်။ ထားပါတော့... ဥပမာအနေနဲ့ ကိုယ်က copy ထဲမှာ product A အကြောင်းပြောထားပြီး ad visual မှာကျတော့ တခြား product တွေပါ သွားပြနေမယ်ဆိုရင် user experience အနေနဲ့ရော၊ brand အနေနဲ့ရော တော်တော်ကောင်းမှာ မဟုတ်ဘူး။ ပြီးတော့ daily budget များရင်များသလို ad က reach တွေတက်ပြီး ကိုယ်ကသာ သတိမထားမိလို့ကတော့ သေပေတော့ပဲ။ 💸

ဆိုတော့ ကိုယ့်အနေနဲ့ campaign တွေ run တော့မယ်ဆို ဘယ်လောက်ပဲ ကျွမ်းကျွမ်းကျင်ကျင် run တတ်နေပါစေ၊ အခုနောက်ပိုင်း သေချာလေး ဂရုတစိုက်ကြည့်ပြီးမှ run ကြဖို့ အကြံပေးလိုက်ရပါတယ်။

လတ်တလော Meta ရဲ့ ဘယ်လို update တွေကြောင့် ကသိကအောက် ဖြစ်နေရလဲ? ရှိရင် Comment မှာ ပြောခဲ့ကြဦးဗျ။ 👇

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Wai Yan . Digital x Analytics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share